Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jordi Poonjar
7.1
Cheena Trophy (2023)
Cheena Trophy (2023)"ချစ်လက်ဆောင်"ဖခင်လက်ထက်က စတင်လုပ်ကိုင်ခဲ့တဲ့ မုန့်တိုက်လေးကို ဆက်လက်အမွေခံရင်း ရုန်းကန်နေရတဲ့ ရာဂျက်ရှ်ဆိုတဲ့ အမျိုးသားတစ်ယောက်ရှိပါတယ်။စားသုံးသူတချို့ သူ့မုန့်စားမိလို့ ဝမ်းပျက်ဝမ်းလျှောဖြစ်လို့ ဖြေရှင်းရတာတင်မက လုပ်ငန်းလိုင်စင်ယာယီပိတ်သိမ်းခံရပြီး မုန့်ကို စစ်ဆေးကြည့်လို့ မုန့်မှာ ဘာပြဿနာမှမရှိတဲ့တိုင်အောင် နစ်နာသူက စွဲချက်တင်လို့ လုပ်ငန်းလိုင်စင်ပြန်ရအောင် ကြိုးစားလို့မှမဆုံးသေးခင် ဘဏ်ကနေလည်း ချေးငွေပြန်မဆပ်နိုင်ရင် ပိုင်ဆိုင်သမျှ သိမ်းတော့မယ့်အဖြစ်ကို ကြုံနေရပါတယ်။ဒါပေမဲ့ တစ်နေ့မှာ ချန်ချောင်ဆိုတဲ့ တရုတ်မလေးတစ်ယောက် ရောက်လာပြီး ရွာလေးကို တမျိုးတဖုံပြောင်းလဲစေခဲ့ပါတော့တယ်။ ဒုက္ခပင်လယ်ဝေနေတဲ့ ရာဂျက်ရှ် တစ်ယောက်အတွက်ရော ဘယ်လိုပြောင်းလဲလာမလဲ ဒီတရုတ်မလေးရဲ့ နောက်ခံဇာတ်ကြောင်းကရော ဘယ်လိုလာဦးမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်ခင်ဗျ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျာ။) File size… 2.17GB / 1.1GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Cheena Trophy (2023)
7.9
Janaki Jaane (2023)
Janaki Jaane ( 2023 ) ================== IMDb 8.5/10အသစ်ထွက်လာတဲ့ မာလေယာလမ်စကားပြော ရိုမန်းတစ်အချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျာနာကီဆိုတာ နယ်မြို့လေးကကောင်မလေးတစ်ယောက်။ငယ်ငယ်ကကြုံခဲ့ရတဲ့အဖြစ်အပျက်တခုကြောင့် ထရော်မာဝင်ပြီး တစ်ယောက်ထဲမနေရဲတာ အမှောင်ကြောက်တတ်တာမျိုးကို အလွန်အကျွံခံစားနေရရှာသူလေး။ သစ်ကိုင်းခြောက်ကလေး ပြုတ်ကျတာတောင်သတိလစ်သွားတဲ့အထိအသဲငယ်ရှာသူလေး။အဲဒီလို အသည်းငယ်တာကြောင့် အိမ်ထောင်ဖက်တွေ့တိုင်း အဆင်မပြေဘဲ အပျိုကြီးဖြစ်နေရတယ်။အဲဒီလိုအသည်းငယ်တဲ့သူ့ကို ဟိုစပ်စပ်ဒီစပ်စပ်ပါတတ်တဲ့ ပါလေရာငပိဇာတ်လိုက်ကျော်က မြင်မြင်ချင်းကြွေသွားပြီး လူကြီးတွေကနေတဆင့်နားဖောက်ဖို့ကြိုးစားပါတော့တယ်။တောင်ပိုင်းအချစ်ကားတွေ ကောင်းပြီဆိုရင် တော်ရုံကားလိုက်မမီတာကြောင့် ဒီဂျာနာကီရဲ့ အချစ်ဇာတ်လမ်းကရော ပရိသတ်တွေကို ဘယ်လိုဆွဲခေါ်သွားမလဲဆိုတာ ရှုမြင်ခံစားလိုက်ရအောင်လား။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ဆိုသူတွေကတော့ V, BpL, Moon, Cherry နဲ့ Zwe တို့ပဲဖြစ်ကြပါတယ်။ ) File size…2.03GB / 853MB Quality…1080p WEB DL /720p Format…mp4 Duration…. 2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~ BpL~ Moon~ Cherry ~ Zwe
movie
Janaki Jaane (2023)
7.9
Rorschach (2022)
Rorschach (2022) Action, Mystery, Thriller IMDb 7.9/10 (2.2K)လူတစ်ယောက် ရဲစခန်းကိုရောက်လာတယ်....သူ့မိန်းမပျောက်နေလို့လာတိုင်တာပါတဲ့ သူတို့လင်မယားနှစ်ယောက်ဟာ ကားနဲ့ခရီးထွက်လာနေတုန်း တောလမ်းတစ်နေရာမှာ မတော်တဆမှုနဲ့ကြုံတွေ့ခဲ့ရပါတယ် နောက်တော့ သူလည်းသတိလစ်မေ့မျောသွားပြီး သူ့မိန်းမဟာလည်း သူသတိပြန်ရလာတော့ ကားပေါ်မှာမတွေ့တော့ဘူးတဲ့....။မိန်းမဖြစ်သူဟာ ကိုယ်ဝန်ကြီးနဲ့ဆိုတော့ ရဲတွေနဲ့ရွာသားတွေ ပေါင်းပြီး လိုက်ရှာပေးခဲ့ပေမယ့် လ တွေ သာ ကြာညောင်းသွားတယ် မ တွေ့လာခဲ့ပါဘူး ပျောက်သွားတဲ့နေရာကလည်း သားရဲတိရိစ္စာန်တွေ ပေါတဲ့နေရာဆိုတော့ ရဲတွေဟာ သေပြီလို့ကောက်ချက် ချခဲ့ပါတယ်....။သို့ပေမယ့် သူဟာ ဇွဲမ လျှော့ခဲ့ဘဲ ဆက်လက်ရှာဖွေနေခဲ့ပါတယ်။| နောက်ပိုင်းအဲ့ဒီရွာထဲမှာ လူတွေ တစ်ယောက်ပြီးတစ်ယောက်သေဆုံးနေပြီး ညညဆိုလည်း အသံတွေ ကြားကြားနေရတတ်ပါတယ်...။ကဲ သူရဲ့မိန်းမဟာ တကယ်ပဲ ပျောက်ဆုံးသွားတာလား...။ ရွာထဲမှာ လူတွေက ဘာလို့ သေဆုံးနေရတာလဲ...။ ညညဆိုကြားကြားနေရတဲ့အသံတွေက ဘာတွေလဲ...။ သူကရော ဒီရွာကို အကြောင်းတစ်ခုခုရှိနေလို့ လာခဲ့တာလားဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ ဇာတ်ကားလေးကို စိတ်ဝင်တစား ကြည့်ရှုလို့ရပါပြီနော်...။မာလယာလန် နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ မမ်မွတ်တီးအဓိကပါဝင်ထားတဲ့ mystery ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်... File size…2.5GB / 1GB Quality…1080p True WEB DL /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Rorschach (2022)
2022