Channel Myanmar

Jordan Young

A Scottish Love Scheme (2024)
A Scottish Love Scheme (2024) A Scottish Love Scheme (2024)စိတ်အပန်းပြေဖို့ ကြည့်သင့်တဲ့ ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စကော့တလန်ရဲ့ ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းတွေ ပန်းရောင်စုံ‌လေးတွေနဲ့ ဓလေ့ထုံးစံတွေကို မြင်တွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ကလေးဘဝတည်းက အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့တဲ့ အမေနှစ်ယောက်က သူတို့သားနဲ့သမီးကို အဆင်ပြေစေဖို့ အောင်သွယ်ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။လီလီက ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းလိုက်ပြီး သူမ အမြဲအိပ်မက်မက်ခဲ့တဲ့ ဓာတ်ပုံပညာသင်ဖို့ စပိန်ကိုသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီကိုမသွားခင် သူ့အမေနဲ့အတူ သားအမိနှစ်ယောက် စကော့တလန်ကို ခရီးထွက်ခဲ့ပါတယ်။ လီလီအမေသူငယ်ချင်းရဲ့သား လိုဂန်က လီလီ့အတွက်လည်း ငယ်သူငယ်ချင်းဖြစ်ပြီး လက်ရှိမှာ ဇနီးဆုံးသွားတည်းက သားလေးနဲ့ မိသားစုလုပ်ငန်းကို ညီအစ်ကိုသုံးယောက်ဦးစီးနေပါတယ်။ လိုဂန်တို့က စကော့တလန်မှာ မျိုးရိုးစဉ်ဆက် အရက်ချက်စက်ရုံထောင်ထားပြီး လက်ဆင့်ကမ်းဦးစီးခဲ့တာပါ။လီလီတို့ရောက်တဲ့အချိန်မှာ လိုဂန်တို့ ဝီစကီအသစ်ထုတ်တာက ပြိုင်ဘက်စက်ရုံနဲ့ ဆင်တူနေတဲ့အခါ လေဘယ်ပြန်ဒီဇိုင်းဆွဲဖို့ ဖြစ်လာပြီး လီလီကို အမေတွေက ကူညီပေးခိုင်းခဲ့ပါတယ်။ လီလီလည်း ကူညီပေးရင်း လိုဂန်ရဲ့သားလေး ဖင်နဲ့ပါ သံယောဇဉ်တွယ်လာပါတယ်။ အစက ...
movie

A Scottish Love Scheme (2024)