Channel Myanmar

Johnny Wang Lung-Wei

The Millionaires’ Express ( 1986 ) 6.9
The Millionaires’ Express ( 1986 ) ဒီဇာတ်ကားလေးကတော့ အက်ရှင်ဇာတ်ကားကောင်းတွေကို ကြိုက်နှစ်သက်တတ်တဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ old but gold ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ -တရုတ်ပြည်သူ့သမ္ပတနိုင်ငံအစောပိုင်းကာလအချိန်မှာဇာတ်လမ်းလေးကို အစပြုထားပါတယ် ။Ching Fong Tin က ရုရှားစစ်သားတွေဆီကနေ ကုန်ပစ္စည်းတွေခိုးယူဖို့ကြိုးစားပြီးတော့ ပစ္စည်းတွေရတော့ ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ရုရှားစစ်သားတွေဆီမှာဖမ်းမိသွားပြီး ပြက်ရယ်အပြုခံခဲ့ရပါတယ် ။‌Ching Fong Tin ကအဲဒီလိုအဖမ်းပြန်ခံရပြီး ခက်ခက်ခဲခဲနဲ့ရုရှားစစ်သားတွေလက်ထဲကနေ ပြန်လွတ်ခဲ့ပြီး ထပ်ထွက်ပြေးခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ထပ်ပြီး Fook loi ‌ဆီမှာ အဖမ်းခံခဲ့ရပါတယ် ။နောက်ဆုံးသူခက်ခက်ခဲခဲကြိုးစားပြီးတော့မှမွေးရပ်မြေကိုပြန်ရောက်ရှိလာပါတော့တယ် ။ ဒါပေမဲ့ အလွဲလေးတွေဖြစ်လာပြီး Fong Tin တစ်ယောက် အေးအေးချမ်းချမ်းမနေရဘဲ သူ့နောက်လိုက်လာတဲ့ Fook Loi နဲ့ပြန်တွေ့ပြီး ထပ်ပြေးရပြန်‌ပါတော့တယ် ။အဲဒီအချိန် မြို့ထဲကိုလည်း ဓားပြအုပ်စုတစ်စုရောက်လာပြီး မြို့ထဲကပြည်သူတွေကို ဓားစာခံအဖြစ်ခေါ်ပြီး ခရီးသည်တွေကိုပါ ဖမ်းစီးထားပြီးပြဿနာတွေရှာတော့ Fong Tin တစ်ယောက် ကိုယ်လွတ်ရုန်းလို့ရပါရဲ့နဲ့မရုန်းနိုင်ဘဲ မြို့ကပြည်သူတွေကိုကယ်ဖို့ ကြိုးစားပုံလေးတွေကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားတာဖြစ်လို့ အဆုံးထိကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ Quality : Bluray 1080p , 720p  ( HEVC ) Format : mp4 Genres ...
movie

The Millionaires’ Express ( 1986 )

The New Legend of Shaolin ( 1994 ) 6.3
The New Legend of Shaolin ( 1994 ) ရှောင်လင်သိုင်းကားတွေကို ကြိုက်တဲ့ပရိသတ်ကြီးအတွက် 1994 ခုနှစ်က ထွက်ခဲ့တဲ့ မင်းသားကြီး ဂျက်လီပါဝင်သရုပ်ဆောင်ထားတဲ့ New Hero Of Shaolin ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ချင်မင်းဆက် ခန်းရှီးခေတ်မှာ ရှောင်လင်တပည့်ဖြစ်သူ ဟုန်ရှီးကွမ်းဟာ အစိုးရရဲ့လိုက်လံဖမ်းဆီးခြင်းကို ခံနေရပါတယ်။ ဂိုဏ်းတူညီလေး မာနင်အာက သစ္စာဖောက်သွားတဲ့အတွက် ဟုန်ရှီးကွမ်းတို့ တစ်မိသားစုလုံး အသတ်ခံလိုက်ရပြီး သားငယ်လေး ဝိန်တင့်တစ်ယောက်သာ ကျန်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကစ ဟုန်ရှီးကွမ်းဟာ သားငယ်လေးနဲ့ အတူ ခြေဦးတည့်ရာ လေလွင့်နေခဲ့ပါတော့တယ်။၈ နှစ်ကြာသောအခါ ရှောင်လင်ကျောင်းမှ ဆရာဦးလေးကျစ်ရှန့်ဟာ ရတနာမြေပုံတစ်ခုကို ရရှိခဲ့ပါတယ်။ အဲဒီရတနာမြေပုံကို ချင်မင်းဆက်အစိုးရအဖွဲ့ရဲ့ လုယူခြင်းရန်က ကင်းအောင် မာရှောက်ရှင်း၊ ဟူသယ်တိ၊ ချိုင့်သယ်ကျုံး၊ လီရှစ်ခိုင်းနဲ့ ဖန်းတာ့ဟုန် စတဲ့ တပည့်လေး ၅ ယောက်ရဲ့ ကျောပေါ်မှာ ခွဲပြီး ရေးဆွဲထားခဲ့ပါတယ်။ ပြီးတော့ ဟုန်ရှီးကွမ်းကို ကလေး ၅ ယောက်ကို ထျန်းတိဂိုဏ်း ဂိုဏ်းချုပ်ကြီးချန်ကျင့်နန်ထံပို့ဖို့ လျှို့ဝှက်အကြောင်းကြားခဲ့ပါတယ်။ကျူးရှောင်ချန့်နဲ့ ဟုန်တို့ သားအမိဟာ နာမည်ကြီးနေတဲ့ လူလိမ်သားအမိနှစ်ယောက်ပဲ ဖြစ်ပါတယ်။ တစ်နေ့မှာ မာရှောက်ရှင်းနဲ့ အဖေဖြစ်သူမာတာ့ရှန့်နဲ့ တွေ့ခဲ့ပြီး ဟုန်တို့က အမေ့ကို ...
movie

The New Legend of Shaolin ( 1994 )

The New Shaolin Boxers (1976) 6.3
The New Shaolin Boxers (1976) ကဲကဲ လာပါပြီ မိတ်ကပ်တွေလိမ်းပြီးလေပေါ်ပျံပြနေတဲ့ ခုခေတ်ရှောင်ကောကောတွေကိုငြီးငွေ့နေသူများအတွက် 1976တုန်းကရှောင်လင်သိုင်းကားတကားတင်ဆက်ပေးလိုက်ပါတယ် (တကယ်လိုက်ကျင့်လို့ရတယ်နော် လေပေါ်လုံးဝမပျံပြထားဘူး) ဇာတ်လမ်းအကျဥ်း - ကျုံးကျန်းဟာ မဟုတ်မခံအမှန်တရားကိုမြတ်နိုးပြီး သူ့ရှေ့မှာမတရားမှုတွေ့လာတိုင်းဆိုင်ဆိုင်မဆိုင်ဆိုင် ကိုယ့်ထမင်းကိုယ်စားပြီး ဝင်ရောက်ကူညီတတ်တဲ့သူငယ်ပါ။ ဒါပေမယ့် ခေတ်ရေစီးကြောင်းအရအဲ့ခေတ်ကလူတွေဟာ အေးအေးဆေးဆေးနားအေးပါးအေးနေရတာကို အတော်သဘောကျသူများဖြစ်ပါတယ်။ ဒါနဲ့ပဲသူနေထိုင်ရာနယ်မြို့လေးကလူတွေအကုန်လုံးက သူ့ကိုမုန်းတီးရွံရှာနေခဲ့ပါတယ် ။ အကြောင်းကတော့ သူကငြိမ်ငြိမ်မနေပဲ မတရားတာမြင်တိုင်းဝင်ပါနေလို့ပါတဲ့ ။ ဒီလိုနဲ့ မြို့ခံစီးပွားရေးသမားတွေကလည်းမုန်း လူမိုက်ဂိုဏ်းကလည်းမျက်စိစပါးမွှေးစူးလာတဲ့အတွက် သူသင်နေတဲ့သိုင်းသင်တန်းကျောင်းကပါ အထုတ်ခံခဲ့ရပါတယ်။ ဒါပေမယ့်သနားဂရုဏာ​သက်မိတဲ့ဆရာက တောတွင်းကိုသွားရောက်တိမ်းရှောင်နေပြီးအဲ့တော့ထဲမှ ာသီတင်းသုံးနေတဲ့ဆရာတော်ကြီးဆီကရှောင်လင်သိုင်းရဲ့ အနှစ်ချုပ်ဖြစ်တဲ့ ချိုက်လိဖော်သိုင်းကိုသင်ယူဖို့လမ်းညွှန်ပြပေးခဲ့ပါတယ်။ တောထဲမှာ နေနေရင်းက အိမ်ပြန်လာတဲ့အခါ သူ့ဆရာကိုသတ်သွားတဲ့သတင်းကြားလိုက်ရတဲ့အတွက် လက်စားချေဖို့သူဆုံးဖြတ်ခဲ့ပါတယ်။ အဲ့အချိန်မှာပဲ သူညီမလေးလိုချစ်ရတဲ့ ကောင်မလေးကိုသူ့ရည်းစားကလူမိုက်တွေနဲ့ပေါင်းပြီး ဘဝကိုဖျက်ဆီးဖို့ကြံလာတဲ့အခါ ကျုံးကျန်းဟာ သူ့ရဲ့ဗီဇအတိုင်းဘယ်လိုတွေဝင်ရောက်လှုပ်ရှားမယ်ဆိုတာ ကြည့်လို့ကောင်းကောင်းနဲ့ကြည့်ရမှာဖြစ်ပါတယ်။ File Size -  1 gb Quality - bluray 1080p Subtitle -  burmese Translator - Nay Chii Encoder - Thit San Khant
movie

The New Shaolin Boxers (1976)

1976
The New Legend of Shaolin (1994)
The New Legend of Shaolin (1994) ဒီတစ်ခါဂျက်လီရဲ့1994ကထွက်ရှိခဲ့တဲ့ရှောင်လင်ကွန်ဖူးအက်ရှင်လေးပဲဖြစ်ပါတယ်…IMDB rating 6.4…Rotten Tomataes95အထိရထားပါတယ်ဇာတ်လမ်းကဟောင်းနေပေမယ့်အခုထက်အက်ရှင်ကွက်နေတဲ့ကောင်းဆဲပါဂျက်လီရဲ့My Father Is Heroကားထဲမှာဂျက်လီသားအဖြစ်သရုပ်ဆောင်ခဲ့တဲ့ကလေးသရုပ်ဆောင်Tes Miuဟာဒီကားမှာလည်းဂျက်လီရဲ့သားအဖြစ်ပါဝင်ထားပါတယ်ဒီကားမှာဂျက်လီဟာတော်လှန်ရေးသမားဟုန်ရှီကွမ်အဖြစ်သရုပ်ဆောင်းထားပြီဂျက်လီရဲ့ကွန်ဖူးကားတွေမှာပါဝင်နေကြတုတ်သိုင်း..ဓားသိုင်း…လက်သီးသိုင်းမျိုးမဟုတ်ပဲဒီကားထဲမှာဂျက်လီဟာလှံလက်နက်ကိုအသုံးပြုထားပြီးရိုက်ထားသလိုအရင်ခေတ်တွေကဒီနေ့ခေတ်တွေမာလိုကွန်ပျူတာဖန်းတီးချက်တွေလုံးဝမပါဝင်ပါဘူး ဒီဇာတ်ကားမှာဂျက်လီဟာThe Legend of Fong Sai Yukကားထဲကလိုမင်းသားတစ်ယောက်သာမကထုတ်လုပ်ရေးအပိုင်းမှာပါ ပါဝင်ထားတာလည်းဖြစ်ပါတယ်ဇာတ်လမ်းကတော့တော်လှန်ရေးသမားဟုန်ရှီကွမ်မိသားစုဟာအစိုးရရဲ့သတ်ဖြတ်မှုကိုခံခဲ့ရပြီးသားဖြစ်သူမန်းတင်ဟာအသတ်မခံရဘဲအသက်ရှင်ခဲ့ပါတယ် ဒါပေမဲ့အတွင်းလူသစ္စာဖောက်တာကြောက်စရာကောင်းတယ်ဆိုတဲ့စကားအတိုင်းအဖွဲ့ထဲကလူဖြစ်တဲ့မာလင်းရည်ဟာဟုန်ရှီကွမ်းအပေါ်အမျိုးမျိုးသစ္စာဖောက်ပြီးလုပ်ကြံသတ်ဖြတ်ပါတယ် ဒါပမဲ့ဟုန်ရှီကွမ်းရဲ့လှံတံကြောင်သေဆုံးခဲ့ရပါတယ်ဟုန်ရှီကွမ်းသတ်ခဲ့တဲ့သစ္စဖောက်မာလင်းရည်ဟာမသေပဲအဆိပ်ဘီလူးအသွင်ပြောင်းပြီရှောင်လင်ကျောင်းတော်မှာရှိတဲ့မင့်ရတနာမြေပုံကိုရယူကြိုးစားပါတော့တယ်ဒါပေမဲ့ဟုန်ရှီကွမ်းနဲ့တွေ့ပြီးမင့်မင်းဆက်ရတနာမြေပုံကိုသစ္စဖောက်မာလင်းရည်လက်ထဲရပါ့မလားဆိုတာရှုစားကြပါဦးဒီကားထဲမှာကွန်ဖူးသာမကထိုက်ချိကိုလည်းအသုံးပြုထားတာတွေ့ရပြီးဂျက်လီရဲ့အက်ရှင်ကားလေးကိုရှုစားကြပါအုံးခေတ်ကာလများကြာခဲ့ပြီဖြစ်လို့ရသမျှအကောင်းဆုံးအကြည်ကိုသာတင်ဆက်ပေးထားပါတယ်  Translated And Review By - Thein Zaw
movie


1994