Channel Myanmar

Johnny Galecki

In Time (2011) 6.7
In Time (2011)  အဆိုတော်မင်းသားချော Justin Timberlake နဲ့ မင်းသမီး Amanda Seyfried တို့ပါဝင်ထားတဲ့ Action/Sci-fi/Thriller အမျိုးအစားဇာတ်ကားတစ်ကားပါ ။နှစ်ပေါင်းများစွာကြာပြီးနောက် ၂၁၆၉ခုနှစ်မှာ လူသားတွေရဲ့ မျိုးရိုးဗီဇကို ပြောင်းပြီး အသက်၂၅ နှစ်ပဲ ရှင်သန်ခွင့်ရအောင် စမ်းသပ်တီထွင်ခဲ့ကြတယ်မွေးဖွားလာကတည်းက လက်မောင်းမှာ နာရီပါလာပြီး အသက်၂၅နှစ်ကျော်တာနဲ့ တစ်ရက်စာအချိန်တိုင်းအတွက် အသက်နာရီတွေကို ရှာဖွေကြရပါတော့တယ်အချိန်ချမ်းသာတဲ့လူတွေကတော့ ထာ၀ရ အသက်ရှင်နိုင်ကြပြီး ဆင်းရဲတဲ့သူတွေကတော့ နာရီတိုင်းမှာ အချိန်ရပ်တန့်ကာ သေဆုံးနေကြရတာပေါ့...တစ်နေ့မှာ နာရီနှစ်ပေါင်း သန်းချီချမ်းသာတဲ့ သူတစ်ယောက်က အရက်ဘားတစ်ခုမှာ စိတ်ပျက်လက်ပျက်နဲ့ နေရင်း လူဆိုးတွေနဲ့တွေ့ချိန် မင်းသား Justin Timberlake က ၀င်ကယ်ရင်း သူ့ဆီက နာရီအချိန်တွေအကုန်လုံး အလကားပေးသွားတာခံလိုက်တဲ့အခါ...တစ်ရက်စာအတွက် ဘ၀ကို ရုံးကန်နေရာကနေ နာရီနှစ်သန််းပေါင်းများစွာ ရလိုက်တဲ့သူတစ်ယောက် Dayton နှင့် New Greenwich ဆိုတဲ့ အချိန်ဇုံ၂ခုကြား...ဘာတွေ ဆက်လုပ်မလဲဆိုတာကို သည်းထိပ်ရင်ဖို ခပ်ကြမ်းကြမ်း Action ...
movie

In Time (2011)

The Cleanse (2016) 5.9
The Cleanse (2016) CM ပရိတ်သတ်တွေထဲမှာ အသည်းကွဲတဲ့သူတွေရှိလားမသိဘူး။ဒီကားက အသည်းကွဲတဲ့ ကျွန်တော့်ဘော်ဒါတွေအတွက်ပါ။IMDB Rating 5.3 ရရှိထားပြီး Comedy,Drama,Fantasy လို့ရေးထားပေမယ့် မရယ်ရပါဘူးလို့ပြောချင်ပါတယ်။မရယ်ရပါဘူး။တကယ်ကို အေးအေးဆေးဆေးကြည့်ပြီးတော့ လေးလေးနက်နက် တွေးရမယ့်ဇာတ်ကားပါ။ခက်ခက်ခဲခဲ တခြားအကြောင်းအရာတွေမဟုတ်ပဲ ကိုယ်ကိုယ်တိုင်ရဲ့ အကြောင်းတွေကိုပြန်စဉ်းစားဖို့သင့်ပါပြီ။ဝမ်းနည်းမှုတွေ၊ နာကျင်မှုတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ။အဓိက ဇာတ်ကောင်ဖြစ်တဲ့ Paul တစ်ယောက်သူ့ရဲ့အသည်းကွဲဝေဒနာကို ရင်ဆိုင်ဖို့ သန့်စင်ခြင်းဆိုတဲ့ ကုစားခြင်းသင်တန်းတစ်ခုကို သွားပြီးတော့ ကုစားတာကိုကြည့်ရင်းနဲ့ ကျွန်တော်တို့ရဲ့ဝမ်းနည်းမှုတွေ နာကျင်မှုတွေကို ကုစားနိုင်မလားဆိုတာကြည့်ရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ)File Size : (655 MB) and (300 MB) Quality : WEB-DL 720p Running Time : 1hr 21min Format : Mp4 Genre : Comedy, Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Source : 720p WEB-DL DD5.1 H264-CMRG Translated by d3mon Encoded by ...
movie

The Cleanse (2016)

2016
Rings (2017) 4.5
Rings (2017) Rings (2017)_____IMDb - 4.5/10ငယ်ငယ်က တီဗီထဲက ထွက်လာတဲ့ သရဲမကား၊ ဒါမှမဟုတ် ရေတွင်းထဲက ထွက်လာတဲ့ သရဲမကားကို ရုပ်ရှင်ချစ်သူတွေ သိကြမယ်ထင်ပါတယ်။ ဒီသရဲကားကို စတင်သိခဲ့ရတာကတော့ ၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ "The Ring" ဆိုတဲ့ အမေရိကန်ဇာတ်ကားဖြစ်ပေမဲ့ သူ့ရဲ့မူလအခြေခံကတော့ Ring ဆိုတဲ့ ဂျပန်စာအုပ်နဲ့ Ring ဆိုတဲ့ အမည်နဲ့ပဲ ထွက်တဲ့ ဂျပန်သရဲကားတို့ပဲ ဖြစ်ပါတယ်။ ဂျပန်ကဇာတ်ကားကို မကြည့်ဖူးပေမဲ့ အမေရိကန်က ပြန်ရိုက်တဲ့ The Ring ကတော့ သရဲကားတွေထဲမှာ နာမည်ကြီးအောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ အဲဒီကားရဲ့အဆက် ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Ring Two ကလည်း ပထမဆုံးကားရဲ့စံချိန်ကို မမီပေမဲ့ ကြည့်လို့ကောင်းဆဲပါပဲ။ ဒီလိုမျိုး သရဲကားကောင်းကောင်းမျိုးဆို ကြည့်ချင်ကြတဲ့ ရုပ်ရှင်ပရိသတ်တွေအတွက် ဟောလိဝုဒ်က တတိယမြောက် Rings ကားကို ဆယ်နှစ်ကျော် အကြာမှာ ရိုက်ကူးပြီး တီဗီထဲကသရဲမကို ပရိသတ်တွေနဲ့ ထပ်မံတွေ့ဆုံစေလိုက်ပါတယ်။ ဒီဇာတ်ကားတွေမှာ အဓိကကျတဲ့အရာတစ်ခုကို ပြောရမယ်ဆို ကျိန်စာသင့်နေတဲ့ ...
movie

Rings (2017)

2017
Bean (1997) 6.3
Bean (1997) ကဲ ဒီတစ်ခါတော့ ပရိသတ်ကြီးအတော်များများ သဘောကျ ချစ်ခင်ကြတဲ့ မင်းသားကြီး ရိုဝင် အက်ကင်ဆန် ရဲ့ အထိမ်းအမှတ်ဇာတ်ကောင် Mr.Bean ရဲ့ ပေါက်ကားတစ်ကားကို တင်ပေးလိုက်ပါတယ်။ ၁၉၉၇ မှာထွက်ခဲ့တဲ့ ဒီကားကို အတော်များများ ကြည့်ဖူးကြမှာ မှန်ပေမယ့် ရုပ်သံအရည်အသွေးကောင်းကောင်း မြန်မာစာတန်းထိုးနဲ့ မရှိသေးတဲ့ အတွက် တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်။ဘဝမှာ မမျှော်လင့်ပဲ ဘယ်လိုအခက်အခဲတွေ ကြုံတတ်တယ်...မိသားစုဆိုတာ လူတစ်ယောက်အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာရယ်...တာဝန်ယူတတ်တဲ့စိတ်ဟာ လုပ်ငန်းခွင်မှာ ဘယ်လောက်အဓိက ကျတယ်ဆိုတာတွေကို ဟာသတွေအများကြီးနဲ့ ချပြထားတာဖြစ်ပါတယ်ပန်းချီပြခန်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ Mr.Bean တစ်ယောက် မထင်မှတ်ပဲ အမေရိကန်နိုင်ငံသို့ လုပ်ငန်းကိစ္စဖြင့် စေလွှတ်ခံရပြီး သူ့ရဲ့ထုံးစံအတိုင်း အလွဲတွေ ပေါက်ကရတွေ လုပ်မိပုံကို ရိုက်ကူးပြသထားပါတယ်။ ဒေါ်လာသန်းချီ တန်တဲ့ ပန်းချီကားကို ဘယ်သို့ဘယ်ပုံ ဖျက်ဆီးမိလဲဆိုတာ ရယ် Mr.Beanအနေနဲ့ သူ့အမှားတွေကို ပြန်လည်ချေဖျက်ပြပြီး မထင်မှတ်တာတွေ လုပ်ပြနိုင်မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းလှ သလို လူတစ်ယောက်မှာ မိသားစုနဲ့ တာဝန်ယူစိတ်ဟာ ဘယ်လောက်အရေးပါတယ်ဆိုတဲ့ သင်ခန်းစာကိုပါ ကောင်းကောင်းကြီးပေးစွမ်းနိုင်ခဲ့တဲ့ ...
movie

Bean (1997)

1997