Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jimmy Shergill
6.1
Phir Aayi Hasseen Dillruba (2024)
Phir Aayi Hasseen Dillruba (2024) "ချစ်ရပါသော" IMDb - 6.3/10စောင့်မျှော်နေကြတဲ့ Haseen Dillruba(2021)ရုပ်ရှင်ရဲ့ နောက်ဆက်တွဲဇာတ်လမ်းကို Netflixကနေ ထုတ်လွှင့်ခဲ့ပြီဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်။ အရင်ဇာတ်ကောင်တွေပဲဖြစ်တဲ့ ၁၂တန်းကျမင်းသား ဗီခရန့်၊ ကျွန်တော့်အတွက်တော့ ဘယ်မင်းသမီးမှ တုပြိုင်ကာယှဉ်လို့မနှိုင်းနိုင်တဲ့ မင်းသမီးချောလေး တာ့ပ်ဆီးတို့ပါပဲ။မင်းသား မင်းသမီးရဲ့အချစ်ဇာတ်လမ်းကို မသိသေးဘဲ ဒီကားကြည့်ရင်တော့ တစ်ခုခုလိုအပ်နေသလို ခံစားရမှာဖြစ်လို့ မကြည့်ဖူးသူတွေက Haseen Dillruba(2021)ကို အရင်ကြည့်လိုက်ကြပါဦး။ချစ်သူအတွက် လက်တစ်ဖက်ကို စတေးခဲ့တဲ့ အချစ်သူရဲကောင်းကြီး ရီရှူ။ အရင်ကားဇာတ်သိမ်းမှာပြီးသွားတဲ့အတိုင်း ရီရှူတစ်ယောက် အချစ်အတွက် အရာရာစတေးပြီး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။တရားဥပဒေကိုတော့ အချစ်နဲ့သက်သေပြလို့မရတဲ့အတွက် တိမ်းရှောင်နေရင်း အချစ်က မြစ်တစ်စင်းဆို ကမ်းတစ်ဖက်စီဖြစ်လို့နေတဲ့ ချစ်သူနှစ်ယောက် အချစ်မြစ်ကြီးကိုဖြတ်သန်းဖို့ကြိုးစားကြရာမှာ မထင်မှတ်ထားတဲ့ ဇာတ်အလှည့်အပြောင်းတွေနဲ့ ကံကြမ္မာတစ်ပတ်လည်ပြန်လေသလားဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 1.78GB / 817MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Phir Aayi Hasseen Dillruba (2024)
2024
6
Aazam (2023)
Aazam 2023 နေရာလုပွဲImdb 6/10 ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ crime/thriller ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်မွမ်ဘိုင်းမြို့ပေါ်မှာ အာဏာရှိတဲ့လူတစ်ယောက်ရှိတယ် အာဏာကဘယ်လောက်ထိရှိလဲဆို အဲဒီလူကသေခါနီးဖြစ်လို့ အိပ်ရာထဲလဲနေတာတောင် သူ့နေရာကိုမလုရဲကြဘူးတဲ့လေ အကြောင်းကတော့ လူကသာမထနိုင်ပေမဲ့ မွန်ဘိုင်းတစ်မြို့လုံးကိုမြေလှန်ဖျက်ဆီးပစ်နိုင်လို့ပါပဲသူကွယ်လွန်ပြီးရင်သူ့နေရာကိုဆက်ခံဖို့တွေးထားကြတာကတော့ သူ့ရဲ့သားဖြစ်တဲ့ကာဒါပါ အဖေလိုတစ်မျိုး အမေလိုတစ်ဖုံနဲ့ကာဒါ့ကိုအလိုလိုက်ပြီးတော့ပျိုးထောင်ခဲ့သူတစ်ယောက်ပါ ဒါပေမဲ့လည်းဂိုဏ်းတွေကြားထဲ မကျေနပ်သဘောထားကွဲလွဲမှုတွေရှိတော့ ကာဒါ့ကိုတချို့ကခေါင်းဆောင်မတင်ချင်ကြဘူးပေါ့နာဝဘ်သေတာနဲ့ကာဒါ့ကိုပါသတ်ပြီးတော့ တခြားလူကိုနေရာချထားဖို့စီစဉ်နေကြသူတွေနဲ့ ကာဒါ့ကိုပဲ နန်းတင်ချင်တဲ့လူတွေကြားက ဖြစ်ရပ်မှန်ကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ Zwe Yan ~ ToMo ~ V ~ KKKZ တို့ပဲဖြစ်ပါတယ် ) File size…1.4GB / 636MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ Alex ~ Zwe Yan ~ ToMo ~ V ~ KKKZ
movie
Aazam (2023)
2023
7
P Se Pyaar F Se Faraar (2019)
P Se Pyaar F Se Faraar (2019) "ချစ်သူခေါ်ရာ..."IMDb 7.0 ရထားတဲ့ ဟင်ဒီ ရိုမန့်ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ်ဂျန်ဗီဆင်းဂ်က အထက်တန်းလွှာက သူဌေးသမီးလေးတစ်ယောက် ... သူ့အဖေက နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး စိတ်ပါရင်ပါသလို ဥပဒေဘောင်ပြင်ပကနေ လုပ်နိုင်တဲ့အထိ အာဏာရှိသူပါအမျိုးဇာတ်/ဘာသာရေး ခွဲခြားတာတွေ ပေါ်ပေါ်ထင်ထင်လုပ်ပြီး ကိုယ်နဲ့မတူရင် လူသတ်ရဲတဲ့အထိ အစွဲကြီးလွန်းတဲ့ မိသားစုကနေ ပေါက်ဖွားလာသူမိန်းကလေးနဲ့ ...သာမန်လူတန်းစား ကျောင်းသားလေး ဆူရာ့ဂျ်တို့ လူမှုအသိုင်းအဝိုင်းကို မျက်ကွယ်ပြုပြီး အချစ်ကို မျက်စိစုံမှိတ်ယုံလို့ နှစ်ယောက်သား စွန့်စားထွက်လာကြပေမယ့်လည်း ...ငယ်ရွယ်သူ အချစ်ငှက်လေးတို့ မလွန်ဆန်နိုင်မယ့် မုန်တိုင်းရဲ့ အန္တရာယ်က စောင့်ကာနေလေတော့ ...အမျိုးဇာတ်/ ဘာသာရေး/ လူတန်းစားခွဲခြားမှုတို့ကို ကွက်ကွက်ကွင်းကွင်း တင်ပြထားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 2.6GB / 1.6GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 11m Subtitle….Myanmar ...
movie
P Se Pyaar F Se Faraar (2019)
2019
4.4
Saheb, Biwi Aur Gangster 3 (2018)
Saheb Biwi Aur Gangster 3 (2018) (သခင့်မိန်းမနှင့် လူမိုက်ကြီး ၃)ဒီဇာတ်ကားလေးကတော့ တော်ဝင်မိသားစုနဲ့ နိုင်ငံရေးအကြား အရှုပ်တော်ပုံကိုရိုက်ကူးတင်ဆက်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။မင်းသားကြီးဆန်ဂျေးဒသ်နဲ့ ဂျင်မီရေှရဂီလ်တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အာဒိသယားပရတာဗ်ဆင်းဆိုတဲ့ တော်ဝင်မင်းသားလေးဟာ စွဲချက်တွေများစွာကြောင့် ထောင်နန်းစံနေရတဲ့အချိန် သူ့မိန်းမဟာလည်း သူ့ကို မလိုတမာနည်းနဲ့ ထောင်သက်ရှည်အောင် ကြိုးစားကြံစည်နေတယ်။တစ်ဖက်မှာလည်းချစ်ရသူနဲ့ဝေးကွာနေရတဲ့ မင်းသား အူဒေးပရတာဗ်ဆင်းဟာလည်း ကမ်းကုန်အောင် မိုက်နေခဲ့တယ်။အာဒိသယားထောင်ကလွတ်လာတဲ့အခါမှာမိန်းမဖြစ်သူဟာ အာဏာရမ္မက်ကြောင့် ယောက်ျားဖြစ်သူကို သတ်ဖို့ကြိုးစားလာတဲ့အခါမှာတော့...။တော်ဝင်မျိုးရိုးတွေရဲ့အရှုပ်တော်ပုံ အာဏာလုဇာတ်တော်ကြီးကို ကြည့်လို့ရပါပြီနော်။ File size…1.8GB / 1GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 20mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Saheb, Biwi Aur Gangster 3 (2018)
2018
6.7
Saheb Biwi Aur Gangster Returns (2013)
Saheb Biwi Aur Gangster Returns (2013) IMDb - 6.7 /10ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ မင်းသားကြီးအီဖန်ခန်းဦးဆောင်သရုပ်ဆောင်ထားတဲ့ ဘယ်သူဗီလိန် ဘယ်သူဇာတ်လိုက်မှန်းမသိနိုင်တဲ့ ရှူပ်ထွေးလှတဲ့လောကကြီးရဲ့ အကြောင်းကို ဇာတ်ခုံပေါ်တင်ဆက်ထားတဲ့အတိုင်း မြင်နိုင်စေမယ့်Drama Romanceကားကောင်းလေး တစ်ကားဖြစ်ပါတယ်မျိုးဆက်နဲ့ချီရှိခဲ့ကြတဲ့ အင်ဒီရာနဲ့ဆာဟစ်ဘ်တို့ရဲ့တိုက်ပွဲတစ်ခုဟာ အင်ဒီရာရဲ့ချစ်သူကိုဆာဟစ်ဘ်က ချစ်မိသွားတဲ့အချိန်မှ ပြန်စတင်လာခဲ့ပါတယ် ဆာဟစ်ဘ်ကိုချေမှုန်းနိုင်ဖို့ရာ ချစ်သူနှစ်ယောက်ကြိုးစားကြပေမဲ့ ကြားမှာဝင်မွှေလာတဲ့လူတွေကြောင့် သူတို့ရည်မှန်းချက်က အောင်မြင်လာပါ့မလားဘုရင်မျိုးဆက်သမိုင်းနဲ့ အချစ်ကြားကတိုက်ပွဲမှာ အလှည့်အပြောင်းတွေ ပူးပေါင်းကြံစည်မှုတွေ သစ္စာတရားတွေနဲ့ သေးမွှားတဲ့နားလည်မှုလွဲတာလေးက အစချီပြီး ဖြစ်ပျက်လာတဲ့ကိစ္စတွေကို လှည့်ကွက်ပေါင်းစုံနဲ့ တင်ဆက်ထားတဲ့ဒီကားက အခန်းတိုင်းမှာသင့်ကိုမမျှော်လင့်ထားတဲ့ ဇာတ်ကွက်တွေကိုယုတ္တိရှိစွာ ကြည့်ရှူ့စေမှာပါဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်သူကတော့ Khin Khinဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.5GB / 941MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin Khin
movie
Saheb Biwi Aur Gangster Returns (2013)
2013
Ajab Gajab Dhamal (2024)
Ajab Gajab Dhamal (2024) (ကိုပေါတို့အရေးတော်ပုံ)အခုတစ်ခါမှာတော့ အချစ်ဟာသကာလေးကို တင်ဆက်ပေးပါတော့မယ်။ ဒီကားထဲက ဇာတ်လိုက်ကတော့ Mohabbatein ထဲက ရှာရွခ်ခန်းနဲ့အတူ တွဲဘက်သရုပ်ဆောင်သွားတဲ့ ကျောင်းသားလေးယောက်ထဲက တစ်ယောက်ပဲဖြစ်ပါတယ်။အချစ်စစ်တို့မည်သည်ဖြောင့်ဖြူးသည်ဟူ၍မရှိဆိုသည့်အတိုင်း ဒီဇာတ်ကားလေးမှာလည်း အချစ် အလွမ်း ဟာသ စတဲ့ရသပေါင်းစုံကို ခံစားရမှာဖြစ်ပါတယ်။ဇာတ်ညွှန်းကိုပြောရမယ်ဆိုရင် တစ်ခါတုန်းကပေါ့ကွာ ဒို့ရွာမှာ ဂျနယ်လ်ဆိုတဲ့ နို့ပို့သမားကောင်လေးတစ်ယောက်ရှိတယ်။ သူစုထားတဲ့ငွေလေးနဲ့ အာမန်းဆိုတဲ့ ကောင်မလေးတစ်ယောက်ကို တင့်တောင့်တင့်တယ်ထားပြီး ထိမ်းမြားလက်ထပ်ချင်နေသတဲ့...။သူရည်ရွယ်တဲ့အမျိုးသမီးဟာ သူ့ကို မချစ်မနှစ်သက်လို့ ငြင်းဆိုသတဲ့...။ဒီအချိန်မှာရသမျှအလုပ်ကို နေရာမချန်လုပ်ရင်းနဲ့ ရည်ရွယ်သူက ခေါင်းငြိမ့်လာခဲ့ပါတယ်။ သို့ပေမယ့် ကံခွေသူအလား ကံကြမ္မာက ကျီစားလာတဲ့အခါမှာတော့ ဘယ်လိုတွေအလွဲလွဲဖြစ်လာမလဲဆိုတာကိုတော့ ရယ်တစ်လှည့် ဆွေးတစ်လှည့်နဲ့ ခံစားကြည့်ရှုပေးပါဦးနော်...။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Ajab Gajab Dhamal (2024)
2024
4.7
Fugly (2014)
Fugly (2014) အမှန်တရားဘက်တော်သား IMDb 4.7/10 Thriller/ Comedyဒီတစ်ခါမှာတော့ CMပရိသတ်ကြီးအတွက် မင်းသမီးချောလေး ကီယာရာရဲ့ ပွဲဦးထွက်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ပွဲဦးထွက်ဆိုပေမယ့်လည်း ကီယာရာရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာပါ ကီယာရာဆိုတာနဲ့ ကြည့်ကြမယ်ဆိုတာကို သိပေမယ့် ဝတ္တရားအရ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြပေးပါရစေ။ဒေ့ဗ် ၊ ဒေဗီ ၊ ဂူရာ့ဗ်နဲ့ အာဒီတို့ဟာ ငယ်ငယ်ကတည်းက ပခုံးဖက်ပြီးပေါင်းလာကြတဲ့ သူငယ်ချင်းတွေပေါ့ သူတို့လေးယောက်ထဲမှာ ဂူရာ့ဗ်ကတော့ ဝန်ကြီးရဲ့သားတစ်ယောက်ဖြစ်ပြီး ကျန်တဲ့သုံးယောက်ကတော့ သာမန်လူတန်းစားတွေပါ ဂူရာ့ဗ်က အမြဲတမ်းပြဿနာရှာလေ့ရှိပေမယ့် အဖေဖြစ်သူရဲ့အရှိန်အဝါကြောင့် ဘယ်သူမှမထိရဲကြတဲ့လူတစ်ယောက် ..သူငယ်ချင်းလေးယောက်က အမြဲတမ်းတပူးပူးတတွဲတွဲနေတတ်ကြပြီး တစ်ယောက်ကို ထိပါးလာပြီဆိုရင် ကျန်တဲ့သူတွေကလည်း ငြိမ်ခံမနေကြဘူးပေါ့ ဒီလိုနဲ့တစ်ရက်မှာတော့ သူတို့ရဲ့သူငယ်ချင်းမလေးဒေဗီကို ကုန်စုံဆိုင်ပိုင်ရှင်တစ်ယောက်က ထိကပါးရိကပါးလုပ်လာတဲ့အတွက် ပညာပေးဖို့ဆုံးဖြတ်လိုက်ပါတယ် ဆိုင်ပိုင်ရှင်ကို ကားနောက်ဖုံးထဲပိတ်ထားလိုက်ပြီး ကားပတ်မောင်းနေတုန်းမှာပဲ ကင်းလှည့်နေတဲ့ရဲနဲ့ပက်ပင်းတိုးပါလေရော ဂူရာ့ဗ်က ခါတိုင်းလိုပဲ အဖေဖြစ်သူရဲ့အရှိန်အဝါနဲ့ ရှောင်ထွက်ဖို့ကြိုးစားပေမဲ့ ဒီရဲကိုတော့ ခါတိုင်းလို ခြိမ်းခြောက်လို့မရခဲ့ပါဘူး နောက်ပြီးရဲအရာရှိဖြစ်တဲ့သူက ကားနောက်ဖုံးထဲမှာပါလာတဲ့လူကို လက်လွန်ကြက်သွန်တွေဖြစ်ပြီး သတ်လိုက်မိတဲ့အခါမှာတော့ ဒီအရှုပ်တော်ပုံကြီး သူတို့ခေါင်းပေါ်ရောက်ဖို့ဖြစ်လာပါတော့တယ် သူတို့တွေ ဘယ်လိုပြဿနာတွေကြုံရမလဲ ဘယ်လိုတွေ ဖြေရှင်းကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါရှင်(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood ...
movie
Fugly (2014)
2014
5.5
Bang Bang! (2014)
မင်းသား Hrithik Roshan နဲ့ မင်းသမီး Katrina Kaif တို့အဓိကပါဝင်ထားတဲ့ ဒီ Bollywood ဇာတ်ကားက Hollywood ရဲ့နာမည်ကြီးရုပ်ရှင်ဇာတ်ကားတစ်ကားကို မှီငြမ်းထားတာဖြစ်ပါတယ်...။နိုင်ငံတော်တော်များများကို လှည့်ပတ်ပြီး ခမ်းနားစွာရိုက်ကူးထားတာကြောင့် ရှုခင်းတွေ အရမ်းလှပါတယ်။ ဒါ့အပြင် ဘောလိဝုဒ်ရဲ့အနှစ်လို့ဆိုရမယ့် အကအလှပိုင်းမှာလဲ ဒီဇာတ်ကားက လုံးဝပြည့်စုံတယ်ဆိုရအောင် မိုက်ပါတယ်... မိုက်ဆို မင်းသားရော မင်းသမီးရောက လုံးဝအလန်းတွေလေ။ဇာတ်လမ်းကတော့ အက်ရှင်ကြမ်းကြမ်း အချစ်ကြမ်းကြမ်း စွန်းစားခန်းကြမ်းကြမ်းတွေနဲ့ ဟာသလေးတွေလဲ ဖြည့်စွက်ထားပါသေးတယ်။ ကြည့်ပျော်တဲ့ဇာတ်ကားဖြစ်ပြီးတော့ အချိန် ၂ နာရီခွဲလောက်ကြာတာကိုပါ မေ့သွားပါမယ်။ File size…(7.1 GB)/ (1.9 GB) Quality….BluRay 1080p /720p Format…mp4 Duration….02:33:49 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Thaik San
movie
Bang Bang! (2014)
6.3
Operation Mayfair (2023)
Operation Mayfair ( 2023 ) ========================= IMDb 7.3/10 အသစ်ထွက်ထားတဲ့ အိန္ဒိယ မှုခင်း၊ သည်းထိတ်ရင်ဖိုရုပ်ရှင်မိုက်မိုက်လေးတစ်ခုကို ချန်နယ်မြန်မာကနေ တင်ဆက်ပေးချင်ပါတယ်။မေဖဲရ်လူသတ်ကောင်ဆိုတဲ့ လူသတ်သမားဟာ ချောပေ့၊ လှပေ့ဆိုတဲ့ အရွယ်ကောင်း မိန်းကလေးတွေကိုမှ ရွေးပြီးသတ်တတ်ပါတယ်။ သူက လူသတ်ရင် ပစ်မှတ်မိန်းကလေးကို မျက်လုံးအောက်မှာ မျက်ရည်ပုံစံ အနက်ရောင်ဆေးရည်တွေသုတ်တယ်၊ နောက်ကျောကိုကြာပွတ်နဲ့ရိုက်ပြီး သေသွားရင်လည်း အလောင်းကနေ လက်ညှိုးကို ဖြတ်ယူသေးတယ်။ အဲဒီ မေဖဲရ်လူသတ်သမားဟာ ခြေရာဖျောက်သွားခဲ့ပြီး သုံးနှစ်နေမှ ပစ်မှတ်အသစ်နဲ့အတူ ပြန်ပေါ်လာခဲ့ပါတယ်။စုံထောက် အာမာဆင်းဂ်ကတော့ အဲဒီလူသတ်သမားကို ဖမ်းဖို့ကြိုးစားခဲ့ပေမဲ့ မမိခဲ့တာကြောင့် စိတ်ဖိအားတွေနဲ့ စုံထောက်ဘဝကနေ အနားယူပြီး အောက်စ်ဖို့ဒ်တက္ကသိုလ်မှာ ပါမောက္ခလုပ်နေတဲ့သူပါ။ လူသတ်သမား ပြန်ပေါ်လာတဲ့နောက်မှာတော့ ပါမောက္ခအအမရ်ဆင်းဂ်လည်း မပြီးပြတ်သေးတဲ့အမှုအတွက် စုံထောက်အဖွဲ့ထဲကို ပြန်ဝင်ပြီး လူသတ်သမားကို မိအောင် ကြိုးစားဖမ်းဖို့ဖြစ်လာပါတော့တယ်။ဒီ Operation Mayfair ဆိုတဲ့ရုပ်ရှင်ဟာဆိုရင် မြင်နေကျအတိုင်း ပရိသတ်ဘက်က လူသတ်သမားဘယ်သူဆိုတာကို သိဖို့ကြိုးစားရတာမျိုးမဟုတ်ဘဲ လူသတ်သမားကို သိသိကြီးနဲ့ စုံထောက်တွေ ဖမ်းဖို့ကြိုးစားနေတာကို အသည်းတယားယား ကြည့်ရှုရမှာပါ။ ရုပ်ရှင်က ဇာတ်လမ်းအစကတည်းက Thriller vibe အပြည့်နဲ့ ဆွဲခေါ်သွားမှာဖြစ်လို့ မှုခင်းကားကြိုက်တဲ့ ပရိသတ်တွေအတွက် ...
movie
Operation Mayfair (2023)
2023
8.0
Special 26 (2013)
အားလပ်ချိန်မှာ ပေါ့ပေါ့ပါးပါးလေးနဲ့ Bollywood ဇာတ်ကားကောင်းကို ကြည့်ရှုခံစားချင်ရင်တော့ IMDB 8/10 အထိရရှိထားတဲ့ ဒီဇာတ်ကားလေးကို မိတ်ဆက်ပေးပါရစေ။ဒီဇာတ်ကားမှာတော့ အဂျေး နဲ့ အပေါင်းအပါတွေရဲ့ လိမ်လည်မှုပညာ တွေကို အဓိက တင်ဆက်ထားပြီး လူလိမ်နဲ့ ရဲကြား အားပြိုင်မှုကို ဖော်ပြထားပါတယ်။ဒီနေရာမှာ အဂျေးနဲ့ အပေါင်းအပါတွေဟာ ခေသူတွေမဟုတ်ပါဘူး။ဝန်ကြီးချုပ်ကိုတောင် လိမ်လည်နိုင်စွမ်းရှိခဲ့သူတွေပါ။သူတို့တွေ ဘယ်သူတွေကို ဘယ်လို လိမ်ခဲ့ကြမှာလဲ။ရဲတွေလက်ကနေ ဘယ်လောက် ဖောက်ထွက်နိုင်မလဲ / အလွန်တော်တဲ့ စုံထောက်တွေကရော ဖမ်းဆီးနိုင်မလား ဆိုတာ ရင်ခုန်ခံစားရမှာပါ။အဂျေး အဖြစ် မင်းသားကြီး အရှေးကူးမားက ပါဝင်သရုပ်ဆောင်ထားပြီး Bollywood ဇာတ်ကားကောင်းတို့၏ ထုံးစံအတိုင်း ပဥ္စလက်ဆန်ဆန် လှည့်ကွက်တွေနဲ့ ဆွဲဆောင်သွားစေမှာ ဖြစ်လို့ ကြည့်ရှုအားပေး ခံစားကြည့်ကြစို့လားခင်ဗျာ။File Size : 1 GB Quality : Blu ray 720P Running Time : 2hr ...
movie
Special 26 (2013)
2013
8.1
A Wednesday! (2008)
A Wednesday! (2008) IMDb- 8.1/10_____Rotten - 89% "လူသားစစ်မှန်ခဲ့ရင် ဇီဝန်ခြွေတဲ့ အလုပ်ကို သာယာနေမှာမဟုတ်ဘူး " ဒါမှမဟုတ် အဲ့ဒီစကားပြောခဲ့တဲ့ဗုဒ္ဓဟူးနေ့လေးတစ်နေ့°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°နိုင်ငံတစ်နိုင်ငံ၏ တရားရေးကို သဘောမကျရင် ကိုယ်တိုင်စီရင်ပစ်ရမည်ဟု ဒီဇာတ်ကားလေးနဲ့ ပြောခဲ့ချင်ပုံရသည်။ထို့သို့အတိုင်းပင် အိန္ဒိယ၏ ဇာတ်ကားတော်တော်များများသည် တည့်မတ်စေလိုသော သဘောတရားအရင်းခံရင်း တရားရေးမဏ္ဍိုင်ကို ကြုံရင်ကြုံသလိုသရော်လိုက်ကြသည်။ ဤကားသည် ထို့သို့အတိုင်းပင်။ ဤဇာတ်ကား၏ အရှိန်သည် အစ၌ပင် စ၍ အဆုံးပြီးမှ ဆုံးလိုက်သည့် ရစ်သမ်ညီသည့်ဇာတ်မျိုးဖြစ်သည်။ IMDB - 8.1 အထိ ရရှိထားပြီး ဝေဖန်ရေး အရလည်း တော်တော်အောင်မြင်ခဲ့သည့် ကားမျိုးဖြစ်သည်။ဇာတ်လမ်း အကျဉ်းအားဖြင့် ဆိုသော် တစ်နေ့သော ဗုဒ္ဓဟူး နေ့လေးတွင်သာ ဖြစ်ပျက်ခဲ့၏။ ထိုနေ့လေးတွင် ရဲကော်မရှင်နာရာဟိုးလ် ထံသို့ အမည်မသိ ဖုန်း တစ်ခု ဝင်လာသည်။ အမည် ကို A ဟု သတ်မှတ်ပါစို့။ A ...
movie
A Wednesday! (2008)
2008
8.1
Lage Raho Munna Bhai(2006)
Lage Raho Munna Bhai (2006) °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° " Hello ; Good Morning ; Mumbai " ဆိုတဲ့ နှုတ်ဆက်စကားလေးဟာ ရေဒီယို လေးကနေ ပျံ့လွင့်လို့လာခဲ့တယ်။ သာယာတဲ့ အသံပိုင်ရှင်ဟာလည်း ချောမောလှတဲ့ ကောင်မလေးတစ်ယောက်ပါပဲ။ အသံလွှင့် သူလေးက "ဂျန်ဗီ" ။ဒီအသံလေး ကို ရင်ဘတ်နဲ့ စွဲငြိနေခဲ့မိသူကတော့ လူကြမ်းကြီး မူနာပါပဲ။ တစ်နေ့မှာတော့ "ဂျန်ဗီ "ဟာ ရေဒီယို ကဏ္ဍ လေးတစ်ခုကို ကြေငြာလိုက်ပါတယ်။ ဒီ ကဏ္ဍ လေးမှာတော့ အိန္နိယနိုင်ငံရဲ့ နှလုံးလှဖခင်ကြီး ဂန္ဒီ အကြောင်း ကို ဖြေဆိုရင်း သူမနှင့် တွေ့ဆုံနိုငိမယ့် အခွင့်အရေးလေးပါပဲ။ ဒီ ကဏ္ဍ အတွက် မူနာ ဟာ အစွမ်းအကုန် အားထုတ်နေခဲ့မိပါတယ်။ မရတာ မရှိ မဖြစ်နိုင်တာ မရှိလေတဲ့ လူကြမ်း မူနာအတွက်တော့ ...
movie
2006
8.2
Munna Bhai M.B.B.S. (2003)
ဒီကားကို 3 idiot ဒါရိုက်တာ Rajkuma Hirani ရိုက်ကူးခဲ့ပြီး နာမည်ကြီးမင်းသား (Sanjay Dutt)မင်းသမီးချော Gracy Singh နဲ့ 3 idiot ထဲက ဗိုင်းရပ်ကြီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ (Roman Irani)တို့ က အဓိကပါဝင်ခဲ့ပါတယ်. Sanjay ဟာ လူမိုက်ခေါင်းဆောင်တစ်ယောက်ပါ ပြန်ပေးဆွဲတယ် လိုချင်တာကို မရ ရတဲ့နည်းနဲ့ ယူတယ် တပည့်လူမိုက်တွေလည်း အများကြီး ....သို့ပေမဲ့ သူ့မိဘတွေသိထားတဲ့အဖြစ်က Sanjay ဟာသိပ်ကိုထူးချွန်တဲ့ ဆရာဝန်တစ်ယောက် ဒီလိုဖြစ်အောင်လည်း Sanjay က လိမ်ထားနိုင်တယ် မိဘတွေသူ့ဆီအလည်လာရင် သူတို့နေတဲ့ အဆောက်အဦးဟာ ဆေးရုံဖြစ်သွားပြီး တပည့်တွေက လူနာတွေဟန်ဆောင်ကြတယ် မိဘတွေက တစ်နေ့တော့ ဆရာဝန်မတစ်ယောက်နဲ့ စေ့စပ်ပေးကြတယ်...စေ့စပ်ပွဲမှာ သူဆရာဝန်အဖြစ် လိမ်ထားမှန်းအားလုံးက သိသွားကြတဲ့အပြင် တန်ဘိုးတစ်စက်မှမရှိတဲ့လူအဖြစ် ဆက်ဆံခံလိုက်ရတော့ Sanjay ဟာ မခံချင်စိတ်နဲ့ရည်မှန်းချက်ကြီးတစ်ခုထားလိုက်တယ်...အဲ့ဒါက သူတကယ့်ဆရာဝန်အစစ်အမှန် ဖြစ်ရမယ် သူတကယ်ကြိုးစားမယ်ဆိုတာပဲ.....သူဘယ်လိုတွေကြိုးစားလဲ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရလဲ ဆိုတာကိုတော့ ဒီကားက အတော်လေးရယ်ရတယ် ဟာသလေးတွေနှောပြီး message လေးတွေပေးသွားတယ် ဒီကားထဲက လူကြမ်းကြီးက ကျွန်တော်တို့လျစ်လျူရှုထားတဲ့ ...
movie
Munna Bhai M.B.B.S. (2003)
2003
7.7
Tanu Weds Manu Returns (2015)
The film is a sequel to Tanu Weds Manu (2011), in which stars Kangana Ranaut (Tanu) and R. Madhavan (Manu) reprise their roles from the original. Tanu and Manu's marriage collapses. What happens when Manu meets Tanu's lookalike Kusum - and when Tanu returns? Kangana Ranaut also portrays the additional role of a Haryanvi athlete Kusum in the film.Tanuနဲ့ Manu ...
movie
Tanu Weds Manu Returns (2015)
2015
6.8
Traffic (2016) မြန်မာစာတန်းထိုး
ဒီနှစ်မှထွက်တဲ့ ဘောလိဝုဒ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ဒီကားထဲမှာတော့ ပရိတ်သတ်တွေသိလောက်တဲ့ တော်တော်ကြီးကို ရင်နှီးနေမယ့် မင်းသား မင်းသမီးတွေပါဝင်ထားပါတယ် ဒီကားက တကယ်တော့ ချင်းနိုင်မှာဖြစ်ပျက်ခဲ့တဲ့ အိန္ဒိယတစ်နိုင်ငံလုံးကို တုန်လှုပ်ခြောက်ချားသွားစေခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို မှီငြမ်းရိုက်ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ပါ ဇာတ်လမ်းအကျဉ်းကတော့ ရှင်းပါတယ် နာမည်ကြီးစူပါစတားတစ်ယောက်ရဲ့ သမီးလေး နှလုံးရောဂါဖြစ်လို့ ခွဲစိတ်ကုသရတော့မယ့် အချိန် နှလုံးအစားထိုးဖို့ရှာနေတဲ့အချိန် သူနဲ့ကိုက်တဲ့နှလုံးရလာတော့ အချိန်ကလည်းကပ်နေပြ ဘယ်လိုမှပို့ပေးလို့မရတဲ့အချိန်မှာ တစ်နာရီကို ၁၂၀ကီလိုနှုန်းနဲ့ ကမ္ဘာပေါ်မှာ အရှုပ်ဆုံးလမ်းတွေထဲတစ်ခုဖြစ်တဲ့ မွန်ဘိုင်းလမ်းတွေပေါ်မှာ မောင်းရဖို့ ကြုံလာတော့အခါ... ဇာတ်လမ်းကတော့ ဒီလောက်ပါပဲ ဒါပေမယ့် ဒီကားကပေးသွားတဲ့ အတွေးလှိုင်းဂယက်တွေကိုတော့ ချုပ်ထိန်းလို့မရစေရဘူးလို့ အာမခံနိုင်ပါတယ် တွေးစရာတွေ plot တွေ အများကြီးချန်သွားခဲ့တဲ့ ကားကောင်းတစ်ကားပါလို့... (ဇာတ်လမ်းအညွန်းကိုတော့ ရဲခန်.မင်းမှ ရေးပေးထားတာဖြစ်ပါတယ်)File size…(800MB) Quality…BR-Rip 720p Format…mp4 Duration….01:44:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Thanhtike Zaw
movie
Traffic (2016) မြန်မာစာတန်းထိုး
2016