Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jiang Luxia
5.9
Curbing Violence ( 2024 )
ကိုယ့်ရဲ့အစ်မလိုချစ်ခင်ရတဲ့သူငယ်ချင်းတစ်ယောက်ဟာ မထင်မှတ်ပဲကိုယ့်ကိုယ်ကိုယ်သတ်သေသွားတယ်လို့ သိလိုက်ရတဲ့အခါ အရွယ်အိုအဖေကြီးနဲ့ သားတစ်ယောက်အတွက် ကြိုးစားရှင်သန်နေတဲ့သူငယ်ချင်းဟာဒီလိုသတ်သေသွားဖို့ လုံးဝမဖြစ်နိုင်ဘူးဆိုပြီး ချိုးယိကျောင်းဟာလက်မခံနိုင်ဖြစ်နေခဲ့တယ်။မှုခင်းရဲမေတစ်ယောက်ဖြစ်တဲ့ ချိုးယိကျောင်းဟာ အသေးစိတ်လိုက်စုံစမ်းတဲ့အခါ သူငယ်ချင်းဖြစ်သူဟာ ဘိုးတော်ဆရာကြီး တစ်ယောက်ရဲ့ဟောချက်ကြောင့် အဓိပ္ပါယ်မဲ့မတရားသေသွားရကြောင်းသိလိုက်ရတယ်။တရားခံက အင်အားကြီးတဲ့သူဌေးတစ်ယောက်ဖြစ်တဲ့အတွက် အတားအဆီးအပိတ်အပင်တွေကြားကနေပြီးတော့ ရအောင်သက်သေယူပြီး ဥပဒေနဲ့စီရင်လိုက်တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ခပ်ကြမ်းကြမ်း Female Lead ဇာတ်လမ်းမျိုးတွေ ကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Curbing Violence ( 2024 )
6.1
The Wild Blade of Strangers ( 2024 )
ဒီဇာတ်ကားလေးက နန်းတွင်းအရှုပ်တော်ပုံတွေနဲ့ သိုင်းကားကောင်းကောင်းလေးကြည့်ချင်တဲ့သူတွေအတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ထိုက်ရှင်းခေတ် ၇နှစ်မြောက်နှစ်မှာ အရင်မင်းကြီးနတ်ရွာစံသွားခဲ့ပါတယ် ။ သူကသူ့ရဲ့သားတော် အိမ်ရှေ့စံမင်းသား ယန်ထန်ကိုထီးနန်းလွှဲအပ်ခဲ့ပါတယ် ။ ဒါပေမဲ့ ထီးနန်းကိုလိုချင်နေတဲ့ မင်းကြီးရဲ့ညီတော် မင်းသားချီက တော်ဝင်ထီးနန်းလွှဲအမိန့်စာကို အတုလုပ်ပြီး ထီးနန်းကို မင်းသားယန်သုန်းကို ပေးအပ်မယ်ဆိုပြီး ကြေညာခဲ့ပါတယ် ။အဲဒီသတင်းကြောင့် အိမ်ရှေ့စံမင်းသား ယန်ထန်ဟာ သူရဲ့စစ်တပ်နဲ့အတူ မင်းသားချီရှိတဲ့ လျန်မြို့ကိုဝန်းရံပြီး တိုက်ခိုက်ခဲပါတယ် ။ ဒါပေမဲ့ တိုက်ခိုက်မှုကျရှုံးပြီး အိမ်ရှေ့စံမင်းသားအပါအဝင် အရှေ့နန်းဆောင်တစ်ခုလုံး မင်းသားချီရဲ့လက်ချက်နဲ့ သုတ်သင်ခံလိုက်ရပါတော့တယ် ။မင်းသားယန်ထန်က သူမသေခင်မှာ သူ့မှာဆက်ခံသူကျန်သေးတယ်လို့ပြောသွားတဲ့အတွက် မင်းသားချီကသူ့ရဲ့ရုပ်သေးဘုရင် မင်းသားယန်သုန်း ပိုင်ဆိုင်ထားတဲ့ ထီးနန်းကိုကာကွယ်ဖို့အတွက် အိမ်ရှေ့စံမင်းသားရဲ့ မျိုးဆက်ဖြစ်တဲ့ ကချေသည်အမျိုးသမီးနဲ့ကလေး သားအမိကို လိုက်လံရှာဖွေသတ်ဖြတ်ခိုင်းပါတော့တယ် ။အဲဒီလိုလိုက်လံသတ်ဖြတ်မှုခံရတဲ့ သားအမိကလည်း ပုန်းရင်းရှောင်ရင်းပြေးရင်းနဲ့ ကယ်တင်ရှင်တစ်ဦးနဲ့ကြုံပြီး သူတို့ကိုမြို့ပြင်ထွက်ခွင့်ရအောင် ကူညီပေးဖို့ အကူအညီတောင်းခဲ့ပါတော့တယ် ။အဲဒီကယ်တင်ရှင်ကဘယ်သူဖြစ်မလဲ ? ဇာတ်လမ်းထဲမှာရောဘယ်လိုအရှုပ်အထွေးဆက်ဖြစ်မလဲ ? မင်းသားချီရဲ့ဆန္ဒအတိုင်း ဆက်ခံသူကိုသတ်နိုင်မလား ? အိမ်ရှေ့စံရဲ့တစ်ဦးတည်းသောသွေးသားကရော မြို့ပြင်ကိုရောက်အောင်သွားနိုင်ပြီး ဘေးကင်းမလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားဖွယ် လိုက်ပါကြည့်ရှု့ဖို့ တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , ...
movie
The Wild Blade of Strangers ( 2024 )
6.7
Once Upon a Time in Shanghai (2014)
၂၀၁၄ခုနှစ်က ထွက်ရှိခဲ့တဲ့ အမှန်တကယ်ကြုံးတဲ့ တရုတ်အက်ရှင်ကားဟောင်း ကားကောင်းတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဂျပန်ခေတ် တရုတ်နိုင်ငံရှန်ဟိုင်းမြို့ကို နောက်ခံထားပြီး ဂိုဏ်းတွေ ဂိုဏ်းခေါင်းဆောင်တွေရဲ့ ပိုင်နက်အရှုပ်တော်ပုံတွေကြားက ကွန်ဖူးပညာပြခန်းတွေကို တစ်ဝကြီးကြည့်ရှုရမှာပါ။ ဖက်တီးမင်းသားလို့ ကျွန်တော်တို့ခေါ်ကြတဲ့ Sammo Hungလည်း ပါဝင်ထားပါတယ်။ IMDbကတော့ 6.7ပါ။၁၉၃၀ပြည့် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ဟာ လူတိုင်းအတွက် နိဗ္ဗာန်ဘုံ တစ်ခုဆိုသလိုပဲ ကြီးပွားချမ်းသာချင်သူတွေ လာကြတဲ့မြို့ကြီးပါ။ ဒါပေမဲ့ အလွှာပေါင်းစုံ၊ လူပေါင်းစုံရှိနေတဲ့ မြို့ကြီး ဖြစ်နေတာရယ် ခေတ်မီတိုးတက်သလောက် ဒုစရိုက်မှု၊ ခေါင်းပုံဖြတ်မှုတွေ အတော် များတာရယ်ကြောင့် ကောင်းစားသွားသူထက် လက်လျော့သွားသူ၊ အသက်ပေးလိုက်ရသူတွေက ပိုများနေတာပါ။မာဝေကျင်းဆိုတဲ့ ကောင်လေးတစ်ယောက်ကလည်း ရှန်ဟိုင်းမြို့ကို ကြီးပွားချင်တဲ့စိတ်နဲ့ ရောက်လာခဲ့သူပါ။ ရှန်ဟိုင်းမြို့ကြီးမှာ ကြုံရာ အလုပ်တွေ ဝင်လုပ်ရင်း ရှန်ဟိုင်းရဲ့ ဒိတ်ဒိတ်ကြဲ ဂိုဏ်းခေါင်းဆောင် လောင်ကျဲနဲ့ သွားဆုံမိပါတယ်။ ဂိုဏ်းပေါင်းစုံရဲ့ ဘုံရန်သူ ဖြစ်နေတဲ့ လောင်ကျဲကလည်း ကွန်ဖူးထူးချွန်တဲ့ မာဝေကျင်းကို တပည့်အဖြစ် မွေးလိုက်ပါတယ်။ ဒီလိုနဲ့ပဲ မာဝေကျင်းနဲ့ ...
movie
Once Upon a Time in Shanghai (2014)