Channel Myanmar

Jeong Eun-gyeong

Between the Seasons (2018) 7.1
Between the Seasons (2018)  ဒီတစ်ခေါက်မှာတော့ LGBTQ+ တွေထဲက လူတစ်ချို့ရဲ့ဘဝနဲ့ ပတ်ဝန်းကျင်လူတစ်ချို့ရဲ့ သူတို့အပေါ်ထင်မြင်ချက်တွေ သူတို့ရဲ့ အချစ်ရေးမှာ တွေ့ကြုံရတတ်တဲ့ ပြဿနာအခက်အခဲတွေကို ရိုက်ကူးပြသထားပါတယ် "အများနဲ့ မတူညီတာ ဘာမှားလို့လဲ မတူညီတဲ့လူတွေလည်း ကိုယ့်ကိုယ်ကိုယ် လက်ခံဖို့ ခက်ခဲပင်ပန်းခဲ့ကြမှာပါ" တဲ့ဇာတ်လမ်းအကျဉ်းစေ့စပ်ပွဲ ဖျက်သိမ်းခဲ့ရလို့ ဟန်ဟဲဆူတစ်ယောက် အသည်းကွဲနေခဲ့တယ်သူမဟာ ဆိုးလ်ကနေ အခြားမြို့လေးကို ပြောင်းရွှေ့လာပြီးတော့ ကော်ဖီဆိုင်လေး တစ်ဆိုင်ဖွင့်ထားတာပေါ့တစ်ရက်မှာတော့ သူမရဲ့ကော်ဖီဆိုင်ကို ကော်ဖီလာဝယ်တဲ့ ဆောယယ်ဂျီဆိုတဲ့ ဂျစ်ကန်ကန်ကျောင်းသူကောင်မလေးနဲ့ တွေ့ခဲ့တယ်ကော်ဖီကိုခါးခါးသောက်တတ်တဲ့ကောင်မလေးကို ထူးဆန်းစွာနဲ့ သူမမှတ်မိနေခဲ့တယ်ခဏခဏအမှတ်မထင်တွေ့ဆုံမှုတွေကနေ ရင်းနှီးသွားပြီးနောက်ပိုင်းမှာ ယယ်ဂျင်က ကော်ဖီဆိုင်မှာ အချိန်ပိုင်းဝင်လုပ်ပါတော့တယ်မိတ်ဆွေလို ညီအစ်မလို ခင်မင်ရာကနေ ယယ်ဂျင်ရဲ့ ခံစားချက်တွေ အဆင့်တက်လာတဲ့အခါ... ဘာတွေဆက်ဖြစ်မှာလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုပါရှင့် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Thar Oo ပါ ) File Size__(1GB) Quality__720p IMDb Rating__7.1/10 Format__mp4 Duration__01:39:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Hay Thar Oo Encoded by ...
movie

Between the Seasons (2018)

The Hill of Wind (2019) 7.8
The Hill of Wind (2019) ဒီကားကတော့ ဇာတ်လမ်းကနည်းနည်းအေးပေမယ့် အနှစ်သာရရှိတဲ့ မိဘမေတ္တာဘွဲ့ကားလို့ပြောလို့ရပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင် ယောင်းဘွန်းဆိုတဲ့ အဒေါ်ကြီးကငယ်စဉ်ကကွဲကွာသွားတဲ့သမီးကိုရှာတာကနေစပါတယ်။ သူသမီးကိုရှာဖို့အလုပ်လုပ်လက်စ နေရာကနေစွန့်ခွာလာပြီး သူဇာတိမြေကိုပြန်လာခဲ့ပါတယ်။ ဇာတိမြေရောက်တဲ့အခါမှာ သူသမီးကိုမတွေ့သေးပဲ မထင်မှတ်ပဲ သူစုံစမ်းရထားတဲ့ နေရာက အားကစားစင်တာတစ်ခုဖြစ်နေပါတယ်။ အဒေါ်ကြီးလည်းပေါက်တဲ့နဖူး မထူးတော့ဖူးဆိုပြီး ရောက်လာလက်စနဲ့ အဲ့အားကစားခန်းမကိုညဖက်ကြီး ဝင်ကြည့်ရင်း အဲ့သင်တန်းကဆရာမလေးတစ်ယောက်နဲ့ခင်မင်ရင်းနှီးလာခဲ့ပါတယ်။ သင်တန်းဆရာမကသဘောကောင်းပေမယ့် ပြောရရင်သူဖွင့်ထားတဲ့အားကစားခန်းမက သိပ်ပြီးအဆင်မပြေရှာပါဖူး။ ဒါကိုခင်မင်ရင်းစွဲလည်းရှိ သားသမီးချင်း ကိုယ်ချင်းစာနာမိတဲ့ အဒေါ်ကြီးက ကူညီဖို့ဖြစ်လာပါတယ်။ ကျန်တာဘယ်လိုဆက်ဖြစ်မယ်။ သမီးပျောက်ရှာနေတဲ့ အဒေါ်ကြီးကောသူသမီးနဲ့ဆုံတွေ့နိုင်ပါမလား။ သူသမီးကကော ရှိသေးရဲ့လားဆိုတာကို ဇာတ်လမ်းကိုပဲ ကိုယ်တိုင်ကြည့်ပြီးခံစားပေးပါ။ အမေနဲ့သမီးကြားက ၅၂၈ မေတ္တာဘွဲ့ကို လှလှပပဖော်ကျူးထားတာခံစားကြရမှာပဲဖြစ်ပါတယ်။    File Size - 1.1 GB Quality - Web-Dl 1080P Subtitle - Burmese (Hardsub) Translator - Moe Pwint Encoder - Thit San Khant
movie

The Hill of Wind (2019)

2019