Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jenny Slate
7.6
Gifted (2017)
ဒီကားလေးကို ရုပ်ရှင်ရုံထဲမှာ ထရေလာ မြင်မိကတည်းက စိတ်ဝင်စားနေတာပါ။ မင်းသားက ခရစ်စ် အီဗန်။ ဒါရိုက်တာကလည်း 500 days of summer ထဲက မာ့ခ် ဝဘ် ဆိုတော့ အတော်တော့ကောင်းလိမ့်မယ် တွက်ထားပါတယ်။ အခုထွက်လာတော့ ကြည့်လိုက်တော့လည်း ကျေနပ်စရာပါပဲ။ ကျွန်တော်အရမ်းကြိုက်လို့ ဘာသာပြန်ပြီး တင်ပေးထားပါတယ်။ rating ကတော့ IMDb မှာ 7.6 ပါ။ဇာတ်လမ်းအကျဉ်းလေး နည်းနည်းပြောပြပါမယ်။ မထင်ထားတာလေးတွေ ပါလို့ spoiler မဖြစ်အောင် လျှော့ပြောပါရစေ။ နယ်မြို့လေးတစ်ခုမှ ဖရန့် နဲ့ မေရီဆိုတဲ့ သားအဖ ၂ ယောက်တည်း အတူနေကြတယ်ဗျာ။ သမီးလေး ၇ နှစ်ပြည့်ချိန်မှာ ကျောင်းကိုလွှတ်တာကနေ စပါတယ်။ သူတို့ ၂ ယောက်ကို သံယောဇဉ်ဖြစ်နေတဲ့ အိမ်နီးချင်းမိန်းမကြီးကတော့ တားပါတယ် ကလေးကို ကျောင်းကိုမလွှတ်ပါနဲ့ပေါ့။ ဘာလို့ပါလိမ့်။ ကျောင်းမှာအဖြေပေါ်လာတာပါပဲ ကလေးက ပါရမီရှင် master brain ဖြစ်နေလို့ပါ။ ကလေးအကြောင်းသိသွားရင် သူတို့ ၂ ယောက်ကို ခွဲမယ့်သူတွေ ပေါ်လာမှာ ...
movie
Gifted (2017)
2017
6.8
The Secret Life of Pets (2016)
၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့ပြီး လူကြီးလူငယ်မရွေး သဘောကျနှစ်သက်ခဲ့ကြတဲ့The Secret Life Of Pets ကာတွန်းကားလေးကိုပိုမိုကောင်းမွန်တဲ့ Quality နဲ့ ထပ်မံ တင်ဆက်ပေးချင်ပါတယ်။ကိုယ်အိမ်မှာမရှိတုန်း တိလေးတွေ ဘာလုပ်နေမလဲလို့ တွေးကြည့်ဖူးလားဗျ။ကျွန်တော် ငယ်ငယ်ကတော့ အပြင်သွားချင်ယောင်ဆောင်ပြီးအိမ်က ခွေးလေးတွေ ဘယ်လိုနေထိုင်ကြလဲ စောင့်ကြည့်ဖူးပါတယ်။ ဒီကာတွန်းကားလေးဟာလည်း သခင်တွေအိမ်မှာမရှိတုန်းအပီအပြင်သောင်းကျန်းကြတဲ့ တိလေးတွေရဲ့ လျှို့ဝှက်ဘဝကိုဟာသနှော တင်ဆက်သွားတာပါ။ IMDb 6.8 နဲ့ Box Office မှာ 760$ Millions ထိအောင်မြင်နေတဲ့ ဒီကားလေးရဲ့ ဇာတ်လမ်းအကျဉ်းကတော့.....အဓိကဇာတ်လိုက်ကတော့ Max ဆိုတဲ့ တယ်ရီယာခွေးပုလေးပေါ့ဗျာ။ သခင်ဖြစ်သူ Katie နဲ့ နယူးယောက်မြို့တော်ကြီးမှာ အပူအပင်ကင်းကင်း ဘဝကိုဖြတ်သန်းနေတဲ့ကောင်လေးပေါ့။သူ ကြုံရတဲ့ အခက်အခဲဆိုလို့ Katie မနက် ရုံးသွားတိုင်းအတင်းလိုက်ဆွဲရတဲ့ ဒုက္ခပဲရှိပါတယ်။ ဒါပေမဲ့လည်း Katie ပြန်ရောက်တဲ့အထိတစ်နေကုန် တံခါးရှေ့ထိုင်စောင့်တာပါပဲ။ဘာပဲပြောပြော ချစ်ရတဲ့သခင်နဲ့ နှစ်ကိုယ်တည်း အေးချမ်းနေတဲ့သူ့ဘဝလေးဟာ တစ်နေ့မှာတော့ Katie အသစ်မွေးစားလာတဲ့Duke ဆိုတဲ့ တခြားခွေးတစ်ကောင်ကြောင့် ဗြောင်းဆန်ကုန်ပါတယ်။နဂိုရရှိထားတဲ့ အခွင့်အရေးတွေကိုပါ လက်လွှတ်ဆုံးရှုံးလာရတာမို့Duke ကို အိမ်ပေါ်က ...
movie
The Secret Life of Pets (2016)
2016
4K HEVCHDR
6.5
The Secret Life of Pets 2 (2019)
Secret Life Of Pets (2016) ရဲ့ Sequel အနေနဲ့ထွက်ရှိထားတဲ့ဒုတိယမြောက်ဇာတ်ကားလေးပါ။ပထမကားထက် Character ပိုစုံလာသလို ဇာတ်လမ်းဇာတ်ကွက်ကလည်းမြိုင်မြိုင်ဆိုင်ဆိုင်ရှိတဲ့အတွက် ပရိသတ်ကြီးတို့ သဘောကျကြဦးမှာပါ။ကျွန်တော်တို့ ဇာတ်လိုက်လေး Max ဟာ အခုတော့ Duke နဲ့အတော်လေး အပေးအယူမျှသွားကြပါပြီ။ဆိုတော့ အရင်ကလို သခင်နဲ့အတူအပူအပင်ကင်းကင်းနေတော့မယ်ဆိုတဲ့အချိန်မှKatie ဟာ ရုတ်တရက် အိမ်ထောင်ကျသွားပါတယ်။ ဒီလိုနဲ့ Liam ဆိုတဲ့ ကလေးလေး မွေးဖွားလာခဲ့ပါတယ်။အာရုံနောက်တာ မကြိုက်တဲ့ Max တစ်ယောက် တိုင်ပတ်တာပေါ့ဗျာ။မြင်မြင်ရာ အလွတ်မပေးတတ်တဲ့ Liam နဲ့ ထိပ်တိုက်မတွေ့အောင်ရှောင်ရင်းတိမ်းရင်းပဲ အချိန်တွေကုန်လာခဲ့ပါတယ်။ဒီလိုနဲ့ Liam လေး အရွယ်ရောက်လာတဲ့အခါမှာ Max နဲ့သံယောဇဉ်တွယ်လာခဲ့သလို Max ဟာလည်းမျက်စိရှေ့က အပျောက်မခံနိုင်လောက်အောင်ကို အဖြစ်သည်းလာခဲ့ပါတယ်။Liam ကို ခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်ကာကွယ်ရင်း ဗျာများနေရတဲ့ Max အဖြစ်ကို မြင်ရမှာဖြစ်သလိုတစ်ဖက်မှာလည်း ယုန်လေး Snowball ဟာအရင်ကလို ယုန်ကြမ်းကြီး မဟုတ်တော့ဘဲတိအကျိုးကို သယ်ပိုးထမ်းရွက်မဲ့ ဟီးရိုးတစ်ယောက်ဖြစ်လို့နေပါပြီ။ တိဥပဒေ စိုးမိုးရေးကို အကောင်အထည်ဖော်နိုင်ဖို့ ကြံဆနေတုန်းသူ့ကို အကူအညီလာတောင်းတဲ့ ...
movie
The Secret Life of Pets 2 (2019)
2019
4K HEVCHDR
8.1
Marcel the Shell with Shoes On (2021)
Marcel the Shell with Shoes On (2021)~ IMDb - 8.1/10, RT- 99%, Meta - 81% ~A24 ရဲ့ Mockumentary ကားလေးပါ။ မနှစ်ကရုံတင်တာဆိုပေမဲ့ ဒီနှစ်မှပဲ ဒစ်ဂျစ်တယ်ကော်ပီထွက်လာပါတယ်။ A24 vibe အပြည့်နဲ့ကားပါပဲ။ ပိုစတာပဲကြည့်လေ... ခရုခွံက အပေါက်နေရာမှာ မျက်လုံးတစ်လုံးတပ် ဖိနပ်ကြီးစီးထားတာပါ။ ဒီကောင့်နာမည်က မာဆယ်ပါ။ ဒီပုံစံလောက်နဲ့တော့ ရုတ်တရက်ဆို ချစ်ဖို့ကောင်းချင်မှ ကောင်းမှာပေမဲ့ ကားထဲက သူ့အပြုအမူတွေ စကားတွေနဲ့ ပေါင်းလိုက်ရင်တော့ တော်တော်ချစ်ဖို့ကောင်းပါတယ်။ Mockumentary ကား ပီပီသသ ရယ်လည်းရယ်ရသလို သရော်တာတွေက ဂွလည်းကျပါတယ်။ IMDb - 8.1/10, Rotten Tomatoes - 99% ရထားတဲ့ကားဆိုတော့ မကောင်းမှာ ပူစရာမရှိသလို ချစ်စရာကောင်းတဲ့ ခရုခွံလေးရဲ့တီတီတာတာ စကားတွေကြောင့် ...
movie
Marcel the Shell with Shoes On (2021)
2021
7.0
Venom (2018)
DatShin Review: Venom (2018) … PlotEddie Brock ဆိုတဲ့ သတင်းထောက်တစ်ယောက်ဟာ လူတွေကို တရားမဝင်စမ်းသပ်မှုတွေလုပ်နေတဲ့ကုမ္ပဏီကြီးတစ်ခုကို ဝင်ထောက်လှမ်းရင်း ပြင်ပကမ္ဘာသက်ရှိတစ်ကောင်ဖြစ်တဲ့ Venom နဲ့ ထိတွေ့ ကူးစက်ခံခဲ့ရတယ်။ အဲအချိန်မှာပဲ ကုမ္ပဏီကြီးကသူ့အမြင် သူ့ရည်မှန်းချက်အတွက် တစ်ကမ္ဘာလုံးကို ဒုက္ခရောက်ဖို့ ကြိုးပမ်းလာတဲ့အခါမှာတော့ Eddie ဟာသူ့အပေါ်မှာ ကပ်မှီပြီး နေနေတဲ့ Venom နဲ့ အတူ ပူးါပေါင်းတားဆီးဖို့ ကြိုးပမ်းရပါတော့တယ်။Review . Venom ရုပ်ရှင်ဟာ လတ်တလော controversial အဖြစ်ဆုံး ကားလို့ ပြောရမှာပါ။Critic အများစု မကြိုက်သလောက် Fan အများစု ကြိုက်ကြတယ်။ကျွန်တော့အနေနဲ့ကတော့ Venom character နဲ့ ပတ်သက်ပြီး အများကြီး မသိပါဘူး။Spider-Man video game တွေထဲမှာလောက်ပဲ တွေ့ဖူးတာ များတယ်။ဆိုတော့ ကျွန်တော့ အမြင်က နည်းနည်းကွဲရင် ကွဲနိုင်သပ။အရင်ဆုံး မကောင်းဘူး ထင်တာတွေ ပြောပါမယ်။မင်းသား Tom ...
movie
Venom (2018)
2018
4K HEVC
6.3
Despicable Me 3 (2017)
movie
Despicable Me 3 (2017)
2017
HEVC 1080p 5.1
6.0
The Sunlit Night(2019)
The Sunlit Night(2019)မိသားစုတစ်စုထဲမှာ လမ်းခွဲခြင်း၊ ကွာရှင်းခြင်း၊ လက်ထပ်ခြင်း သုံးမျိုးစလုံး တပြိုင်နက်ဖြစ်သွားတဲ့အချိန်မှာစိတ်ထွက်ပေါက်က ဘယ်ဟာဖြစ်လာမယ်ထင်မိပါသလဲ။ဝါသနာနဲ့ အသက်မွေးမှုအလုပ် ထပ်တူမကျခဲ့တဲ့ လူတစ်ယောက်ကရော ပျော်ရွှင်နိုင်ပါ့မလား။အဲဒီလို အိမ်တွင်းရေးပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့တိုင်ပတ်နေတဲ့ နယူးယောက်ကပန်းချီဝါသနာရှင်မလေး Frances၊ တရက်မှာတော့ အိမ်နဲ့ဝေးတဲ့နေရာဖြစ်ရင် ပြီးရောဆိုပြီး အာတိတ်ဒေသက အလုပ်တစ်ခုကို လက်ခံလိုက်ပါတယ်။ အဲဒီလို ကမ္ဘာ့အစွန်းဖျားဒေသတစ်ခုမှာ နောက်ထပ် အထီးကျန်သူတစ်ယောက်နဲ့ ဖူးစာဆုံရလိမ့်မယ်ဆိုတာ ဘယ်သူများကြိုသိခဲ့မှာလဲ။ဆုံးရှုံးခြင်းပန်းချီကားထဲက သူတို့ရဲ့ဘဝတွေက လိုက်လို့ပြေးနေတာလား ပြေးလို့လိုက်နေတာလား။...အစရှိတဲ့ အချိုးအကွေ့တွေနဲ့ ဘဝပန်းချီကားသစ်တစ်ချပ်ကို ဘယ်လိုတွေ ခြယ်မှုန်းကျမလဲဆိုတာချစ်ရာကောင်းအောင် ပုံဖော်ရိုက်ကူးထားတာဖြစ်လို့ ဆက်လက်ရှူစားကြည့်ကြပါဦး..ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thit Htoo Zaw ပဲဖြစ်ပါတယ်...File Size : (800 MB) and (304 MB) Quality : WEB-DL 720p Format…mp4 Duration…01:46:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
The Sunlit Night(2019)
8.0
Zootopia (2016)
Zootopia (2016) IMDb - 8.0/10_____Rotten - 98% Won 1 Oscar. Another 46 wins & 71 nominations. Zootopia (2016) ကို ရုံတင်တုန်းက သွားကြည့်ရတဲ့ ဖီလင်က ယခင် ကားသစ်တွေ ရုံမှာသွားကြည့်ရတဲ့ ခံစားချက်တွေနဲ့ ဘာမှမဆိုင်ဘူး ပိုက်ဆံပေးကြည့်ရတာထက် ပိုတန်တယ်... ပြီးတော့ ယုန်မလေး ရဲ့ မျက်နှာဟာ ယုန်တစ်ကောင်နဲ့ မတူပဲ ချစ်စဖွယ်ကောင်မလေး မျက်နှာလိုပဲ ဘယ်လိုကြည့်ကြည့် ချစ်ဖို့ကောင်းတယ် ဒါ့အပြင် မြေခွေး ဆိုလဲ သူ့ရဲ့ ပုံစံနဲ့ လိုက်ဖက်စွာ အကျင့်ယုတ်တာတွေ လိမ်တာတွေ နောက်ပြောင်တာတွေက မျက်နှာထား အပြင် ဝတ်စားပုံနဲ့ပါ လိုက်ဖက်နေတယ် ဥပမာ ကျနော်တို့ ပျိုတိုင်းကြိုက်တဲ့ လူစီဖာမောနင်းစတား ရဲ့ မျက်ခွက်နက် ချွတ်စွတ်သွားတူနေတာမျိုး ပိုသဘောကျမိတာက ဒီကာတွန်းကားတွက် ဇတ်ကောင်တွေ အများကြီး သုံးထားတာကိုပေါ့... မြေခွေး နဲ့ ယုန်မလေး ဆီမှာပဲ အာရုံစိုက်နေလို့ မရပြန်ဘူး ကျန်တဲ့ သတ္တဝါလေးတွေက တစ်ယောက်တစ်မျိုး ချစ်ဖို့ကောင်း စိတ်ဝင်စားဖို့ ကောင်းနေပြန်ပါတယ်... ပိုလန်းတာက လူတွေ ရူးသွပ်နေတဲ့ ...
movie
Zootopia (2016)
2016
6.4
The Lorax (2012)
The Lorax (2012) IMDb - 6.4/10_____Rotten Tomatoes - 53% ဒီကားလေးက အပင်လေးတွေကိုချစ်တတ်တဲ့သူတွေ အထူးကြည့်သင့်တဲ့ကားကောင်းလေးပါ ဆုကြီးလေးဆုနဲ့အခြားဆုပေါင်းများစွာရရှိထားပြီး အတွေးသစ်အမြင်သစ်အချို့ကိုပေးစွမ်းနိုင်ပါလိမ့်မယ် အသက်၁၂နှစ်ပဲရှိတဲ့ တက်ဒ်လေးက တနီးဗေးလ်ဆိုတဲ့ မြို့မှာနေပါတယ် မြို့ဟာသဘာဝတရားလုံးဝပျောက်နေပြီး လေကအစသစ်ပင်အဆုံး man-madeတွေဖြစ်နေပါပြီ အသက်ရှင်ဖို့မဖြစ်မနေလိုအပ်တဲ့လေကိုတော့ အရင်းရှင်ငပုကောင်အိုဟဲကနေကြိုးကိုင်ထားပြီး ဈေးကိုသူလိုသလိုကစားကာတစ်မြို့လုံးကိုဂုတ်သွေးစုပ်နေပါတော့တယ် ကျွန်တော်တို့အားလုံးနီးပါးမုန်းလို့မရတဲ့မမဆိုတဲ့လူတန်းစားဟာ ဒီကားရဲ့အသက်ပါပဲ တဒ်ဟာသူ့ရဲ့မမကိုပိုးပန်းဖို့သစ်ပင်အစစ်ကို မဖြစ်မနေရှာရမယ့်အခြေအနေထဲရောက်သွားပြီး လုံးဝမမျှော်လင့်ထားတဲ့သစ်ပင်တွေမျိုးတုံးသွားစေတဲ့နောက်ကွယ်က အကြောင်းတရားအချိုု့ကိုရှာတွေ့သွားတဲ့အခါမှာတော့ အသံနောက်ခံတွေကတော့ တက်ဒ်နေရာမှာ မင်းသားချော Zac Efron နဲ့ မင်းသမီးနေရာမှာတော့ ပုရိသတို့ အသဲစွဲ Taylor Swift လေးပါ Translated by Dolly Encoded by sithu
movie
The Lorax (2012)
2012
6.3
Hotel Artemis (2018)
သောက်ရေရှားပါးမှုကြောင့် ရေသန့်ကိုထိန်းချုပ်ထားတဲ့ သူတွေကို ဆန္ဒပြနေတဲ့ပြည်သူတွေနဲ့ မီးခိုးတလူလူဖြစ်နေတဲ့ Los Angeles မြို့မှာ တရားဥပဒေနဲ့မလွတ်ကင်းသူတွေရဲ့ ဆေးရုံလို့ခေါ်လို့ရတဲ့ ပုံပြင်ဆန်ဆန် တည်ရှိနေတဲ့ Hotel Artimis မှာ ဖြစ်ပျက်ခဲ့တဲ့တစ်ညတာအကြောင်းပါ။၂၂ နှစ်လုံး Hotel ထဲကမထွက်တဲ့ Nurse ဖြစ်သူ Genie Thomas က Hotel ကိုဦးစီးနေပါတယ်။သူ့ရဲ့ Hotel ရဲ့တည်းခိုသူတွေကတော့ လက်နက်ကုန်သည်တစ်ယောက်ဖြစ်တဲ့ Acapulco ၊Honolulu လို့ခေါ်တဲ့ အလုပ်လုပ်ရာမှာ ကျွမ်းကျင်တဲ့ဓားပြတစ်ဦးပေမယ့် ညီဖြစ်သူကြောင့် ဒုက္ခအမြဲရောက်ရတတ်တဲ့ Sharman ၊လှသလောက်အဆိပ်ပြင်းတဲ့ Nice ခေါ် Niragra ဆိုတဲ့ ကြေးစားလူသတ်သမားမလေး၊LA မြို့တစ်ဝက်လောက်ကို ပိုင်ဆိုင်ထားတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင် ဝံပုလွေဘုရင် နဲ့ တခြား မမျှော်လင့်ထားခဲ့တဲ့တည်းခိုသူ ရဲမေတစ်ယောက်ဖြစ်ပါတယ်။သူတို့တွေ လူထုအုံကြွမှုအဆိုးဆုံးဖြစ်နေတဲ့ ညတစ်ညထဲမှာ အတူတူလာစုံစည်းကြပြီးဘာတွေဖြစ်ကြမလဲဆိုတာတော့IMDB Rating 6.1 ရရှိထားတဲ့ Hotel Artemis(2018) ဇာတ်ကားထဲမှာကြည့်လိုက်ကြပါတော့ဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ) File ...
movie
Hotel Artemis (2018)
2018
5.8
The Polka King (2018)
ဟောလိဝုဒ်နာမည်ကျော် သရုပ်ဆောင် Jack Black ပါဝင်သရုပ်ဆောင်ထားပြီး IMDb rating 5.9 ရရှိထားသော The Polka King ရုပ်ရှင်သည်Pennsylvania ပြည်နယ်မှ Polka ဂီတဖျော်ဖြေသူအနုပညရှင်တစ်ဦးဖြစ်တဲ့ ဂျန်လီဝင်ရဲ့ အခက်အခဲများကြားမှ ကြိုးကြိုးစားစားဖြင့်ခက်ခဲစွာအောင်မြင်ကျော်ကြားသူတစ်ဦးဖြစ်လာခဲ့ပုံသူ၏ပေါင်းသင်းဆက်ဆံမှုစွမ်းရည် ပါးနပ်မှု ရည်မှန်းချက်ကြီးစွာကြိုးစားခဲ့သဖြင့်အောင်မြင်ခဲ့ပုံကျူ းလွန်ခဲ့သောအမှားများကြောင့်ကျရှုံးခဲ့ပုံ၊ဘဝ၏အတက်အကျ မိသားစု၏အရေးပါပုံ၊ကြိုးစားအားထုတ်မှု၏တန်ဖိုးတို့ကိုရသပေါင်းစုံအဖြစ်ခံစားကြည့်ရှုရမဲ့ Biography / Documentary ဆန်ဆန်ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ်။File Size : (800 MB) and (300 MB) Quality : WEBRip 720p Running Time : 1hr 35min Format : Mp4 Genre :Biography, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source : iNTERNAL.1080p.WEB.x264-STRiFE Translated by Htet Myet Encoded by Thanhtike Zaw
movie
The Polka King (2018)
2018
6.6
Brain on Fire (2016)
A look at a young woman's rapid descent into insanity. ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ။ ပရိသတ်တွေကော ဒါမျိုးလေးဖြစ်ဖူးလား “ပိတ်လှောင်ခံခဲ့ရဖူးလား…….ကိုယ့်ခန္ဓာကိုယ်ထဲမှာကိုယ်လမ်းပျောက်နေဖူးလား……………… ကိုယ့်စိတ်ထဲမှာကိုယ် ပျောက်ဆုံးနေဖူးလား……..အချိန်တွေထဲမှာပျောက်ဆုံးဖူးလား………………… ထွက်မြောက်ခွင့်လေးရဖို့ လွတ်မြောက်ဖို့ကို…..အရမ်းကို ရုန်းကန်ကြိုးစားနေရတယ်……………….. လွတ်လမ်းမမြင်တော့အခြေအနေ……ကိုယ်ကိုတိုင် ဘာမှမတတ်နိုင်တော့အခြေအနေမျိုး…….” ဆူဇန်နာကေ့ခ်ျလန်ဆိုတာ မိန်းမချောလေး နယူးယောက်ပို့စ် သတင်းစာတိုက်က ဂျာနယ်နစ်လေးတစ်ယောက် ကိုယ့်ဘ၀ကို စိတ်ကြိုက်တည်ဆောက်နေရင်း တက်သစ်စ အညွန့်တလူလူနဲ့ ပျော်ရွင်နေတဲ့မိန်းမပျိုလေးတစ်ယောက်ပါ။ ဒီလိုနဲ့ မမျှော်လင့်ဘဲ သူ့ဘ၀မှာ ခုနကပြောထားတဲ့အခြေအနေမျိုးနဲ့ ကြုံတွေ့လာရတဲ့အခါမှာတော့ -အများ ပတ်ဝန်းကျင်ကလည်း စိတ်ဝေဒနာရှင်လို့ မြင်လာတယ် -ဆရာဝန်အများစုကလည်း စိတ်ရောဂါအမျိုးမျိုးကို တစ်ယောက်တစ်မျိုးစီ ရောဂါနာမည်တပ်ပြီးတော့ စိတ္တဇဆေးရုံသာပို့စေချင်ပေမယ့် တကယ်တော့ သူကစိတ်ဝေဒနာရှင်တစ်ယောက် မဟုတ်ခဲ့ဘူး။ ဒီလိုအခြေအနေကို ဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတာကို ကြည့်ကြည့်လိုက်ကြပါ။ PS..ဒါက တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းလေးမှာ။ “ဆှူဇန်နာ့ကေ့ခ်ျလန်” ဆိုတဲ့ ဂျာနယ်လစ်စာရေးဆရာမလေးဟာ နယူးယောက်ပို့စ်မှာ အမှန်တကယ် အလုပ်လုပ်နေရင်း ကြုံတွေ့လာရတဲ့ အဖြစ်အပျက်ပါ။ သူ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကို ကိုယ်ကိုတိုင် Personal information အပြည့်အစုံနဲ့ကို Brain on Fire ...
movie
Brain on Fire (2016)
2016