Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jennifer Love Hewitt
5.0
Garfield: A Tail of Two Kitties (2006)
ဒီကားလေးကတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Gerfield 1 ရဲ့အဆက်ဖြစ်တဲ့ Gerfield 2 ပဲဖြစ်ပါတယ်... Gerfield ဆိုတဲ့နာမည်ကိုကြားလိုက်ရင် အရမ်းကိုလည်ပြီးကြောင်ပါးဝတတ်တဲ့ လိမ္မော်ရောင်ကြောင်ဖက်တီးကို ပြေးမြင်ကြမှာပဲဖြစ်ပါတယ်...သူ့ရဲ့စကားပြောဟန်တွေနဲ့ ဝနေတဲ့ သူ့ကိုယ်လုံးကြီးက ပရိတ်သတ်တွေကြားမှာ လွန်စွာကိုချစ်စရာကောင်းနေခဲ့ပါတယ်... Gerfield 1 မှာတုန်းက သူဟာသူ့ရဲ့သူငယ်ချင်းအသစ်ဖြစ်တဲ့ ခွေးလေးအိုဒီနဲ့ တွေ့ဆုံခဲ့ပြီးတော့ သူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်...အဲ့နောက်မှာခွေးလေးအိုဒီကို မကောင်းတဲ့လူတွေလက်ကနေပြန်လည်ကယ်တင်ရင်းကနေ သူ့ရဲ့စွန့်စားခန်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်... အခုတင်ဆက်ပေးမယ့် အပိုင်းသစ် Gerfield 2 မှာတော့ ခွေးလေးအိုဒီအပြင် သူ့နဲ့ရုပ်ချင်းလုံးဝတူနေတဲ့ ကြောင်ဘုရင် Gerfield Prince နဲ့ထပ်မံတွေ့ဆုံရမှာပဲဖြစ်ပါတယ်... သူတို့နှစ်ယောက်ဘယ်လိုတွေ့ဆုံပြီးတော့ ဘယ်လိုတွေစွန့်စားမှု့တွေလုပ်ကြမလဲ... ဘယ်လိုဟာသတွေထည့်သွင်းရိုက်ကူးထားလဲဆိုတာကတော့ အားလုံးစိတ်ဝင်တစားနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်...အားလုံးကြည့်ပြီးကြတဲ့ကားဟောင်းလေးပေမယ့် ''Old but Gold''ဆိုတဲ့စကားအတိုင်း ပြန်လည်သိမ်းဆည်းထားချင်သူများနဲ့ မကြည့်ရသေးတဲ့ပရိတ်သတ်များ ကြည့်ရှု့နိုင်ရန်အတွက်သာဖြစ်ပါတယ်... Gerfield ကတော့ ကျွန်တော့အကြိုက်ဆုံးဇာတ်ကောင်ဖြစ်လို့ Gerfield 1 ကို ကိုယ်တိုင်ဘာသာပြန်ခဲ့ပြီး အခု ညီငယ် Pyae Phyo Hein ရဲ့ ဘာသာပြန်မှု့နဲ့ Gerfield 2 ကိုအားလုံးကြည့်ရှု့နိုင်ရန် တင်ဆက်ပေးလိုက်ပါတယ်.... File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre... Animation, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie
Garfield: A Tail of Two Kitties (2006)
2006
5.0
Garfield (2004)
ကဲ Garfield တဲ့ . ဒီနာမည်လေးကြားတာနဲ့ကို မကြိုက်ဘဲနေနိုင်ဦးမလားခင်ဗျ။ 2004 ခုနှစ်ကထွက်ရှိခဲ့ပြီး ကြည့်ဖူးသည့််သူတိုင်း ကလေးအစ လူကြီးအဆုံး အရမ်းကိုကြိုက်နှစ်သက်ခဲ့တဲ့ Animation နဲ့လူပေါင်းစပ်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းတစ်လျှောက်လုံး ရယ်မောဖွယ်ရာဟာသတွေနဲ့ Garfield လို့ခေါ်တဲ့ အသိဉာဏ်အရမ်းကြွယ်ဝတဲ့ ကြောင်လေးတစ်ကောင်ရဲ့ သရုပ်ဆောင်မှုတွေဟာ အရမ်းကိုပြည့်စုံလွန်းတယ်ထင်ရပါတယ်။ သူ့သခင်နဲ့ သူ့ရဲ့စကားပြောဆိုဆက်ဆံမှုဟာ ကြောင်နဲ့မတူဘဲ လူတစ်ယောက်ရဲ့အသိဉာဏ်မျိုးနဲ့ပြောဆိုမှုတွေဟာ ဒီဇာတ်ကားနာမည်ကြီးတဲ့ အဓိကအကြောင်းရင်းထဲက တစ်ချက်ပါပဲ။ ကဲ . ကြည့်ပြီးသားလူတွေလည်း Channel Myanmar ရဲ့ ဘာသာပြန်တင်ဆက်မှုနဲ့နောက်တစ်ခေါက်ပြန်ကြည့်ကြပါ။ ကိုယ့်မှာကလေးတွေ တူ.တူမတွေရှိလည်း ဒီကားလေးကိုပြန်ပြကြပါ။ File size…(1.6 GB)/(930 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre... Animation, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie
Garfield (2004)
5.4
The Tuxedo (2002)
ဒီတစ်ခါတော့ CM ပရိတ်သတ် ကြီးကို အားလုံးကြည့်ရှု့သဘောကျ နှစ်သက်ခဲ့တဲ့ မင်းသားကြီး ဂျက်ကီချန်းရဲ့ The Tuxedo ဆိုတဲ့ကားကောင်းလေး ပြန်တင်ဆက် ပေးလိုက်ရပါတယ်ခင်ဗျာ။ တော်တော် များများ ကြည့်ဖူးကြမှာဖြစ်ပါတယ်။အထူး ညွန်းဆိုနေစရာ မလိုလောက်ပါဘူး။အနည်းငယ် ပြန်မိတ်ဆက်ပေးရရင်တော့ ဂျက်ကီချန်းက ဂျင်မီတွန်ဆိုတဲ့ တက္ကစီသမားတစ်ယောက်ပါ။ သူကကားကို မြန်နှုန်းပိုမောင်းတာတွေကြောင့် မကြာခဏ လိုင်စင်အသိမ်းခံရသူပါ။ တစ်ရက်မှာတော့ အမျိုးသမီးတစ်ယောက် သူ့ကားကို ငှားစီးရာကနေ သူ့ဘဝတစ်ဆစ်ချိုးသွားခဲ့ပါတယ်။ သူ ဖရန့် ဒဗ္ဗလင်ဆိုတဲ့ သူဋ္ဌေးတစ်ယောက်ဆီမှာ ယာဉ်မောင်း အလုပ်ကို ရခဲ့ပါတယ်။ ဒါပေမဲ့ သူမသိတာက မစ္စတာ ဒဗ္ဗလင်က လျှို့ဝှက် စပိုင် တစ်ယောက်ပါ။ တရက်တော့ ဒဗ္ဗလင်လုပ်ကြံခံရပြီး ကိုမာ ဝင်သွားပါတယ်။အဲ့အချိန်မှာပဲ ဂျင်မီ တစ်ယောက် သူ့ဆရာရဲ့ ထူးဆန်းတဲ့ အင်္ကျီကို ယူဝတ်မိသွားပါတော့တယ်။ ဒီဝတ်စုံက လူ့ ဒီအန်အေတွေနဲ့ ချိတ်ဆက်ထားပြီး နာရီမှ တစ်ဆင့်လိုသလို ပြောင်းလဲတဲ့အခါ သာမန်လူတစ်ယောက်က သိုင်းမတက်ပေမဲ့ ဝတ်စုံကြောင့် သိုင်းတက်လာတယ် ကိုယ်ပျောက်နိုင်တယ် နံရံတွယ်တက်နိုင်တယ် အစရှိသဖြင့်ပေါ့။ ...
movie
The Tuxedo (2002)