Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jennifer Lawrence
6.6
The Hunger Games: Mockingjay – Part 2 (2015)
The Hunger Games: Mockingjay - Part 2 (2015)IMDb Rating (6.5) / Rotten Tomatoes (70%)ကတ်နစ်တို့တော်လှန်ရေးကိုနယ်မြေတိုင်းပါဝင်ဆောင်ရွက်ဖို့လိုအပ်တာကြောင့် နယ်မြေ၂ကို ကတ်နစ်တို့အနေနဲ့ စည်းရုံးသိမ်းသွင်းဖို့လိုအပ်လာပါတယ်။ ကတ်နစ်ရဲ့ဘေးနားမှာအမြဲရှိနေပေးခဲ့တဲ့ဂေးလ်မှာ အရင်နဲ့မတူညီတဲ့စိတ်တွေကိုလဲ ကတ်နစ်တစ်ယောက်မြင်လာပါတော့တယ်။ ကတ်ပီတယ်ရဲ့မြှပ်ကွယ်တဲ့ထားတဲ့ဗုံးတွေ လက်နက်တွေကို ရှာဖွေတဲ့ရှေ့တန်းကိုကတ်နစ်ရောက်လာပြီးတော့ တခြားသောတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ စနိုးကိုဖြုတ်ချဖို့အတွက်ကြိုးစားကြပါတော့တယ်။ဒါပေမယ့် အချိန်တွေကြာလာလေလေ ကတ်ပီတယ်ရဲ့လက်နက်တွေကြားမှာပါဝင်တဲ့တပ်ဖွဲ့ဝင်တွေရဲ့ အသက်တွေပေးလိုက်ရလေလေနဲ့ပဲ နောက်ဆုံးအချိန်ထိ ကတ်နစ်တို့တောင့်ခံပြီးတော့ စနိုးကိုရင်ဆိုင်သွားနိုင်ပါ့မလား။တကယ်လို့ သူတို့အနေနဲ့ စနိုးတို့တည်ရှိနေတဲ့ ကတ်ပီတယ်ကိုရင်ဆိုင်တိုက်ခိုက်ပြီးသွားတဲ့အချိန်မှာ အောင်နိုင်သူတွေဖြစ်ကြတဲ့ ကတ်နစ်အဲဗာဒင်းနဲ့ ပီတာမယ်လော့ခ် ၊ဂေးလ်တို့ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကရော နောက်ဆုံးဘယ်လို့အဆုံးသတ်သွားနိုင်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။အိမ်မက်ဆိုးတွေဟာလူတိုင်းမှာရှိကြပါတယ်။ ဒီအိမ်မက်ဆိုးတွေဟာ ဘယ်တော့မှထွက်ခွာသွားကြမှာ မဟုတ်ဘူးဆိုတာကိုလဲ သိကြမှာပါ ဒီတော့ ဒါကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုပဲ.......။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=the+hunger+games ကြည့်ပါ။File size…(3 GB)/(1.2 GB)/(900 MB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:16:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Myo Nyunt
movie
The Hunger Games: Mockingjay – Part 2 (2015)
2015
4K HEVC
6.6
The Hunger Games: Mockingjay – Part 1 (2014)
The Hunger Games: Mockingjay - Part 1 (2014)IMDb Rating (6.6) / Rotten Tomatoes (70%)ပြိုင်ပွဲကြီးပြီးဆုံးသွားခဲ့ပါပြီ ။ ကတ်နစ်တစ်ယောက်ပစ်လွှတ်လိုက်တဲ့မြှားတစ်စင်းက တကယ့်ကိုပဲပြိုင်ပွဲကိုအဆုံးသတ်စေခဲ့ရပါတယ်။ အရာအားလုံးကိုပြန်ပြီးတော့ သတိရနိုးထလာတဲ့အချိန်မှာ သူ့အနားမှာပီတာမရှိတော့ပါဘူး။ သူကိုယ်တိုင်လဲ နယ်မြေ၁၃ရဲ့အရိပ်အောက်မှာခိုလှုံနေရပါပြီ။ ပီတာနဲ့ ဂျိုဟန်နာတို့ကိုကတ်ပီတယ်ကနေခေါ်ဆောင်သွားခြင်းခံရတယ်ဆိုတာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးဆိုတာကို ကတ်နစ်တစ်ယောက်ယူကြုံးမရဖြစ်ခဲ့ရပါတယ်။တော်လှန်ရေးစတင်ဖို့အတွက်ပုံရိပ်တစ်ခုဖြစ်တဲ့မော့ကင်းဂျေနေရာမှာ ကတ်နစ်ကိုပါဝင်အားဖြည့်စေဖို့အတွက်တိုက်တွန်းမှုတွေများစွာလုပ်ခဲ့ရပါတယ်။ နယ်မြေ ၁၂ကိုပြန်လည်သွားရောက်ကြည့်ရှုလိုက်တဲ့အချိန်မှာတော့ ကတ်နစ်ဟာတော်လှန်ရေးထဲကိုပါဝင်တော့မယ်ဆိုပြီး ဖြစ်လာပါတယ်။ ဒါပေမယ့် ပီတာနဲ့တခြားသောအောင်နိုင်သူတွေကိုကယ်တင်ဖို့ကလဲရှိပါသေးတယ်။ဒီအပိုင်း မှာတော့တိုက်ခိုက်မှုနည်းနည်းနဲ့ အခြေအနေကိုသုံးသပ်ပြီးတော့ရိုက်ကူးထားတဲ့အကြောင်းကိုကြည့်ရှုရမှာပါ။ ကတ်နစ်အဲဗားဒင်းနဲ့ ကတ်ပီတယ်ကနေကယ်ထုတ်လာရတဲ့ ပီတာမယ်လာ့ခ်တို့ရဲ့ပြန်လည်တွေ့ဆုံတဲ့အခြေအနေကတော့ တကယ့်ကို စိတ်မကောင်းစရာလို့ပဲဆိုရမှာပါ။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=the+hunger+games ကြည့်ပါ။File size…(3 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC Format…mkv/mp4 Duration….02:02:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Aye Chan Su
movie
The Hunger Games: Mockingjay – Part 1 (2014)
2014
4K HEVC
7.5
The Hunger Games: Catching Fire (2013)
The Hunger Games: Catching Fire (2013)IMDb Rating (7.5) / Rotten Tomatoes (90%)ကတ်နစ်အဲဗားဒင်းနဲ့ ပီတာမယ်လော့ခ်တို့ ၇၄ကြိမ်မြေက်ကစားပွဲမှာ အနိုင်ရခဲ့ပြီးနောက် သူတို့မွေးရပ်မြေကိုပြန်လည်လို့ရောက်ရှိလာပါတယ်။ ဒါပေမယ့် သူတို့ရဲ့တာဝန်တွေကတော့အဆုံးသတ်မသွားပါဘူး။ အနိုင်ရသူတွေအနေနဲ့ နယ်မြေတိုင်းကိုသွားရောက်ပြီးတော့ မိန့်ခွန်းပြော၊ကျန်ရစ်သူမိသားစုတွေနဲ့ စကားပြောပေးရမဲ့အပြင် နောက်ဆုံးခရီးစဉ်အဆုံးသတ်မှာ ကတ်ပီတယ်ကိုပြန်ပြီးတော့ ဥက္ကဌကြီးကျင်းပပေးတဲ့ပါတီပွဲကိုဆင်နွဲရမှာပါ။ ကတ်နစ်ရဲ့ဘဝကလွယ်လွယ်ကူကူနဲ့ ပေါ့ပေါ့ပါးပါးဖြစ်သွားခဲ့တယ်ရယ်လို့တော့ မဟုတ်လှပါဘူး။ တကယ်တမ်းတော့ ကတ်နစ်တို့လို အောင်နိုင်သူတွေဟာ ခရီးစဉ်ရဲ့ရထားပေါ်မှာပဲအချိန်ကုန်ပြီးတော့ဘဝတစ်လျှောက်လုံးကို ဖြတ်သန်းသွားကြရတော့မှာဖြစ်ပါတယ်။ဒီမှာဥက္ကဌစနိုးအရမ်းကိုစိုးရိမ်နေတဲ့ ကိစ္စတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ တော်လှန်ရေးပါပဲ။ နယ်မြေအသီးသီးကမကျေနပ်ချက်တွေစုပြုံလာတဲ့အချိန်မှာ သူတို့အနေနဲ့ ဒီလိုအနေအထားမျိုးကိုလက်သင့်ခံ မပေးနိုင်တာကြောင့် ကတ်နစ်ကို စနိုးကိုယ်တိုင်သွားရောက်ပြီးတော့နှစ်ဦးသဘောတူပြောကြားခဲ့တာတွေရှိလာပါတယ်။ ဒါပေမယ့် စနိုးရဲ့အကြံကဒီလောက်နဲ့ အဆုံးသတ်လို့မသွားပါဘူး။ ဆိုးရွားတဲ့လုပ်ရပ်ကိုလုပ်ဖို့ဝန်မလေးတဲ့စနိုးတစ်ယောက် ကစားပွဲတစ်ခုကိုစတင်လိုက်ပါတယ်။ဒီတစ်ခေါက်မှာတော့ အရင်ပွဲတွေလိုမျိုးနယ်မြေအသီးသီးကယှဉ်ပြိုင်သူအသစ်တွေကို ရွေးချယ်တော့မှာ မဟုတ်ပဲ အောင်နိုင်သူတွေထဲကနေပြီးတော့ပဲ ထပ်မံရွေးချယ်မဲ့အကြောင်းကိုကြေညာလိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ကတ်နစ်အဲဗာဒင်းတစ်ယောက် ကစားပွဲထဲကိုထပ်မံဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာတော့ ဘယ်လိုတွေရင်ဆိုင်ပြီးတော့ ဘယ်လိုလက်လွတ်ဆုံးရှုံးမှုမျိုးတွေကိုကြုံတွေရမယ်ဆိုတာကိုကြည့်ရှုလိုက်ရအောင်ပါ။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=the+hunger+games ကြည့်ပါ။ File size…(6.1 GB)/(1.8 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:26:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Wai Zin Wayne
movie
The Hunger Games: Catching Fire (2013)
2013
4K HEVC
7.2
The Hunger Games (2012)
The Hunger Games (2012)IMDb Rating (7.2) / Rotten Tomatoes (84%) The Hunger Games (2012) Review *** Spoiler Alert *** နာမည်ကျော်သရုပ်ဆောင် Jennifer Lawrence သရုပ်ဆောင်ထားတဲ့ Adventure , Drama , Sci-Fi ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ပရိသတ်တွေနဲ့စိမ်းမယ်မထင်ပါဘူး။ ဇာတ်လမ်းအကျဉ်း : The Hunger Games ရဲ့ဇာတ်လမ်းကတော့ Districts တစ်ခုချင်းစီကနေ တစ်နှစ်ကို အသက် 12-18 ကြား ယောက်ကျားလေး တစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ကိုရွေးချယ်ပါတယ်။ အရွေးချယ်ခံရတဲ့ လူတွေကို Tributes လို့ ခေါ်ပါတယ်။ အဲ့ဒီလိုရွေးချယ်ပြီး Capitol လို့ခေါ်တဲ့ အစိုးရမြို့မှာ နှစ်စဉ်ကျင်းပတဲ့ Hunger Game မှာသွားရောက်ယှဉ်ပြိုင်စေပါတယ်။ Hunger Game မှာပါတဲ့ Tributes တွေအနေနဲ့ ...
movie
The Hunger Games (2012)
2012
4K HEVC
6.6
Red Sparrow (2018)
Red Sparrow (2018) ဒီရုပ်ရှင်ကားကမြန်မာပြည်မှာ ရုံတင်ခဲ့တုန်းက ဆင်ဆာဖြတ်တဲ့အခန်းတွေများလို့ နာမည်ကြီးခဲ့တဲ့ ရုံတင်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ခေါင်းဆောင်မင်းသမီးဖြစ်သူ Jennifer Lawrence ဟာ အရင်တုန်းက Nude Scenes တွေပါတဲ့ကားတွေဆို လုံးဝလက်မခံခဲ့ပဲ ဒီကားကိုတော့ သူကိုယ်တိုင် ဇာတ်ညွန်းကိုကြိုက်နှစ်သက်လို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ဒီရုပ်ရှင်ကို Nudity အသားပေးရုပ်ရှင်ကားတစ်ကားလို့ မမြင်စေချင်ပါဘူး။ ဒီရုပ်ရှင်ရဲ့ နောက်ကွယ်မှာ အဲ့လိုမျိုး ကိုယ်ခန္ဓာကိုရင်းပြီး သူလျှိုလုပ်နေရတဲ့သူတွေ တကယ်ရှိတယ်ဆိုတာ သိလာအောင် ရိုက်ပြထားတဲ့ကားတစ်ကားဖြစ်တာကို သိစေချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဒိုမီနီကာဆိုတဲ့ ကောင်မလေးဟာ ရုရှားကျက်သရေဆောင် ဘဲလေးကချေသည်တစ်ယောက်ဖြစ်ပြီး သူ့မိခင်နဲ့အတူ ကဇာတ်ရုံက ထောက်ပံံ့ပေးထားတဲ့တိုက်ခန်းမှာ အတူနေထိုင်ကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဖျော်ဖြေပွဲမှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ဒိုမီနီကာရဲ့ ကချေသည်ဘ၀ ပျက်စီးသွားခဲ့ပါတယ်။ မိခင်ကြီးကလဲ နာမကျန်းဖြစ်လာသလို ကဇာတ်ရုံကလဲ ကချေသည်နောက်တစ်ယောက် လူစားထိုးလိုက်တဲ့အခါ ဒိုမီနီကာတစ်ယောက် ရွေးချယ်စရာမရှိတော့ပဲ သူ့ဦးလေး အကြံပေးတဲ့အတိုင်း သူလျှိုတစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်ဖို့ ...
movie
Red Sparrow (2018)
2018
4K HEVC
6.7
[18+] No Hard Feelings (2023)
No Hard Feelings (2023)~ IMDb - 6.7/10, Rotten Tomatoes - 70% ~ဂျနီဖာလောရန့်ရဲ့ ရုပ်ရှင်အသစ် တင်ပေးထားပါပြီ။ သရုပ်ဆောင်သစ် Andrew Barth Feldman နဲ့အတူ သရုပ်ဆောင်ထားတဲ့ ဟာသ အချစ်ကားလေးပါ။ ဒီရုပ်ရှင်မှာပါဝင်ဖို့အတွက် မင်းသား Andrew Barth Feldman ဟားဗက်တက္ကသိုလ်တက်ဖို့ကို နောက်ရွှေ့ခဲ့တာ နာမည်ကြီးပါပဲ။ ဒါပေမဲ့ J Law နဲ့ အတူတွဲရကတည်းက တန်နေပါပြီ။ အထူးသဖြင့် J Law ရဲ့ တုံးလုံးခန်းပါနေတာကြောင့်ပါ။ တုံးလုံးခန်းတွေ အသုံးအနှုန်းကြမ်းတွေကြောင့် R rated ဟာသကားဖြစ်ကြောင်း သတိပေးချင်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~မက်ဒီဆိုတဲ့ အူဘာတက္ကစီမောင်းတဲ့ အစ်မကြီးဟာ အိမ်အခွန်မဆောင်နိုင်လို့ ကားသိမ်းခံလိုက်ရပါတယ်။ မကြာခင် အိမ်လည်းအသိမ်းခံရနိုင်ပါတယ်။ ဒီအိမ်လေးကို သူ့အမေက အမွေပေးခဲ့တာကြောင့် မဆုံးရှုံးချင်တဲ့ မက်ဒီဟာ ...
movie
[18+] No Hard Feelings (2023)
2023
4K HEVC
7.0
Passengers (2016)
Passengers (2016)Avalon အာကာသယာဉ်ကြီးဟာ ခရီးသည် ၅ထောင်ကျော်နဲ့ အတူ ယာဉ်ဝန်ထမ်း ၂၅၈ ယောက်ကို သယ်ဆောင်ပီး ဂြိုလ်အသစ် Homestead II ဆီသို့ပျံသန်းလာခဲ့ပါတယ်။ ကမ္ဘာမြေကနေ Homestead II ဆီသို့ ပျံသန်းချိန်ဟာ နှစ်ပေါင်း ၁၂၀ ကြာမြင့်မှာဖြစ်ပါတယ်။ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ သူအားလုံးဟာ Hibernation Pod လို့ခေါ်တဲ့ အသက်အရွယ် အိုမင်းခြင်းမရှိဘဲ အိပ်စက်နေရတဲ့ ဖန်ပေါင်းချောင် တွေထဲမှာအိပ်စက်ရင်းလိုက်ပါနေကြတာဖြစ်ပါတယ် ( Hibernation Pod တွေကို Avator ဇာတ်ကားထဲမှာလည်းတွေ့ဖူးကြမှာပါ) ဒီလိုလိုက်ပါလာရင်း နှစ်ပေါင်း ၃၀ အကြာမှာတော့ Jim Preston ဆိုတဲ့ mechanical engineer တစ်ယောက် ဟာ Hibernation Pod ထဲကနေ စက်ချို့ယွင်းပီး နိုးလာပါတယ်။ ယာဉ်တစ်ခုလုံးမှာ သူတယောက်ထဲသာ နိုးလာခြင်းဖြစ်ပီး Homestead II ...
movie
Passengers (2016)
2016
4K HEVC
7.2
Winter’s Bone(2010)
Winter's Bone (2010) IMDB 7.2 Rotten Tomatoes 94%(အော်စကာ ၄ဆု ဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆု ၆၃ဆုတောင်ဆွတ်ခူးရရှိခဲ့တယ်...)အကိုကြီး အဖရာ အမကြီး အမိရာဆိုသလို မိသားစု တစ်စုမှာ အကြီးဆုံးဖြစ်ရတာ မလွယ်လှပါဘူး။အမေကလည်း ကျန်းမာရေးမကောင်း ၊ မူလတန်းကျောင်းနေအရွယ် မောင်လေးနဲ့ ညီမလေး ၊ အဖေဖြစ်သူကလည်း မူးယစ်ဆေးရောင်းဝယ်မှု့နဲ့ တရားရင်ဆိုင်နေရတာကြောင့် တစ်အိမ်လုံးရဲ့စားဝတ်နေရေးကရီခ်ဒီုလီဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ပုခုံးပေါ်ကို ကျရောက်လာခဲ့ပါတယ်။ ကလေးတွေရဲ့ ကျောင်းစရိတ် ၊ အမေဖြစ်သူရဲ့ဆေးဖိုးတွေနဲ့ ကျပ်တည်းနေတုန်းမှာပဲကံဆီုးခြင်းမုန်တိုင်းတွေဟာ ပိုမိုပြင်းထန်လာခဲ့သလို တစ်ပူပေါ်တစ်ပူဆင့်လို့ ဆိုရမှာပါပဲ။ ဖခင်ဖြစ်သူ ရုံးချိန်းအမှီပြန်ပေါ်မလာခဲ့ရင် လုပ်ထုံးလုပ်နည်းအရရိခ်တို့ရဲ့ နေအိမ်ကို သိမ်းယူမယ်ဆိုတဲ့ ရဲမှူးကြီးရဲ့ စကားသံက သူမရဲ့ ခေါင်းပေါ်ကို သံရည်ပူတွေ လောင်းချလိုက်သလိုပါပဲ။ ဒီမိသားစုလေး မကွဲပြားဖို့ဆိုရင်ရိခ်တစ်ယောက် အဖေဖြစ်သူ မဖြစ်မနေရှာဖွေရတော့မှာပါ။ သို့ပေမယ့် အဖေဖြစ်သူရဲ့ ပျောက်ဆုံးမှု့က ထင်သလောက် မရိုးရှင်းမှန်း ရိခ်တစ်ယောက် သိလာတဲ့အခါမှာတော့.......။ ဒီကားလေးကို (၃)(၄) ခါလောက်ပြန်ကြည့်မိပါတယ်။ ထပ်ခါထပ်ခါ ကြည့်လေလေရိခ်အဖြစ်သရုပ်ဆောင်တဲ့ Jennifer ...
movie
Winter’s Bone(2010)
6.0
Dark Phoenix (2019)
Xmen တွေရဲ့ နောက်ဆုံးထွက် ဇာတ်ကားပါ။ဇာတ်လမ်းအကျဉ်း ချားစ်ရဲ့ အိတ်စ်မန်းတွေ ဖြစ်တဲ့ဟန့်ခ် ကာ့ထ် ရေဗင် စကော့ ဂျင်းဂရေးတို့ဟာ အာကာသယာဉ်မှူးတွေကိုကယ်တင်ဖို အာကာသထဲကို သွားရင် အပူလှိုင်းကြီးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။အဲဒီ အပူစွမ်းအင်တွေကို တားဖို့ကြိုးစားရင်းနဲ့ဂျင်းဂရေးကိုယ်ထဲကို စွမ်းအင်တွေ အကုန် ဝင်သွားခဲ့တယ်။သူတို့ ကမ္ဘာပေါ်ကို ပြန်ရောက်ချိန်မှာ ဂျင်းဂရေးဟာ စိတ်ဖောက်ပြန်ပြီးထိန်းမရဖြစ်လာပါတော့တယ်။လူသားတွေနဲ့ ငြိမ်းချမ်းရေး မပျက်စီးအောင် ဂျင်းဂရေးကိုလည်းပြန်ကောင်းလာအောင်ကြိုးစားဖို့ အိတ်စ်မန်းတွေဟာဒီစွမ်းအင်တွေနောက်ကိုလိုက်လာတဲ့ ရန်သူတွေက်ုရောဂျင်းကိုရော ပြန်ရင်ဆိုင်ရပါတော့တယ်။ ထွက်ရှိခဲ့တဲ့ X-Men Moives Collection များကိုအောက်ပါလင့်မှာ ၀င်ရောက်ကြည့်ရှု့နိုင်ပါတယ်..https://channelmyanmar.to/category/x-men/ File Size : (2 GB , 1 GB) & ( 390 MB)Quality : BluRay ...
movie
Dark Phoenix (2019)
2019
7.0
X-Men: Apocalypse (2016)
After the re-emergence of the world's first mutant, world-destroyer Apocalypse, the X-Men must unite to defeat his extinction level plan. File size… (1.4 GB in Openload and Stream) Quality..1080p Format…mp4 Duration….02:24:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Moe Myint Lwin
movie
X-Men: Apocalypse (2016)
2016
8.0
X-Men: Days of Future Past (2014)
The ultimate X-Men ensemble fights a war for the survival of the species across two time periods as they join forces with their younger selves in an epic battle that must change the past – to save our future Quality…The Rogue Cut Version 720p Format…mp4 Duration….02:28:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Aye Mon Kyaw
movie
X-Men: Days of Future Past (2014)
2014
7.7
X-Men: First Class (2011)
Before Charles Xavier and Erik Lensherr took the names Professor X and Magneto, they were two young men discovering their powers for the first time. Before they were arch-enemies, they were closest of friends, working together with other mutants (some familiar, some new), to stop the greatest threat the world has ever known. Xmen Universe ကို Extended Version 1080p BluRay 5.1 ...
movie
X-Men: First Class (2011)
2011
6.7
Like Crazy (2011)
Like Crazy (2011) IMDb - 6.7/10_____Rotten - 71% ဒီတစ်ခါမှာတော့ ၂၀၁၁ ခုနှစ်ထွက် Drama, Romance ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ IMDb rating 6.7 နဲ့Rotten tomatoes မှာ 72% ရရှိတဲ့ အချစ်ဇာတ်ကားကောင်းလေးကို ဒါရိုက်တာ Drake Doremus ရိုက်ကူးပြီးတော့ မင်းသားချော Anton Yelchin နဲ့ Theory of everything, Star War: Rouge One တို့ရဲ့ခေါင်းဆောင်မင်းသမီးဖြစ်တဲ့ Felicity Jones က Anna အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ အင်္ဂလန်ကောလိပ်ကျောင်းသူတစ်ဦးဖြစ်တဲ့ Anna က အမေရိကန်ကိုခေတ္တအလာလည်ရာမှာ အမေရိကန်ကျောင်းသားတစ်ဦးဖြစ်တဲ့ Jacob နဲ့ရည်ငံမိပါတယ်။ သို့ပေမယ့် Anna ဟာ ဗီဇာသက်တမ်းကုန်ဆုံးတဲ့အထိနေထိုင်ခဲ့တဲ့အတွက် အမေရိကန်မှထွက်ခွာဖို့အကြောင်းဖန်လာတဲ့အခါမှာတော့......။ စိတ်ဝင်စားစရာကောင်းပြီး ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းတဲ့အချစ်ကားလေးကိုတော့ ကိုယ်တိုင်ပဲဆက်လက်ရှုစားလိုက်ကြပါခင်ဗျာ။ File Size : (702 MB) Quality : Blu-Ray 720p Running Time : 1hr 26min Format : Mp4 Genre ...
movie
Like Crazy (2011)
2011
7.0
Mother! (2017)
"Public Health Warning:This movie is insane" ပါ… ကဲ Motherပါတဲ့… Motherဆိုလို့လည်း မာတာမိခင် ကျေးဇူးရှင်အကြောင်းကို ချစ်ခင်နှစ်သက်ဖွယ်…ကြည်နူးအောက်မေ့ဖွယ် အလွမ်းအဆွေးလေးနဲ့ (Burmese filmsတွေပုံစံ)ဖွဲ့နွဲ့ထားတယ်ထင်ရင်… မှားမှာပါ… အဲ့ဒီလို့မှားတဲ့အပြင်ကို လူကြီးမင်းတို့မှာ စိတ်သိပ်မခိုင်တဲ့ ခံစားချက်ပြင်းပြင်းမခံစားသင့်တဲ့ရောဂါ မျိုး ကင်းလွတ်မှသာ ဒီ Motherကို ကြည့်သင့်တာပါ… ဘာကြောင့်ဆို ဒီMotherဟာ ပရိသတ်တွေအပေါ် ဆယ်စုနှစ်တစ်ခုလုံးမှာ Mindblowing အလုပ်နိုင်ဆုံး ဇာတ်ကားအဖြစ် ဝေဖန်မှုများစွာလက်ခံရရှိခဲ့တာကြောင့်ဖြစ်ပါတယ်…… ဇာတ်လမ်းအကျဉ်းချုပ်ပြောရင်တော့… နာမည်ကြီးစာရေးဆရာ တစ်ယောက်နဲ့ သူရဲ့ဇနီးချောလေးတို့ဟာ မြို့နဲ့ဝေးကွာပြီး လူသူ တိတ်ဆိတ်လှတဲ့အရပ်မှာ ထီးထီးကြီး ခန့်ထည်နေတဲ့အိမ်ကြီးတစ်အိမ်မှာ အတူနေထိုင်ကြတာပါ… စာရေးဆရာဟာ လတ်တလောမယ် စာရေးဖို့ကုန်ကြမ်းတွေးမရတဲ့ ပြဿနာမျိုးကြုံနေရတဲ့ အချိန်…… အိမ်ကို ဖိတ်ခေါ်မထားတဲ့ ဧည့်သည်တွေ ရောက်ရှိလာခဲ့ပါတယ်…… အဲ့ဒီအချိန်ကစလို့ သူတို့ဇနီးမောင်နှံရဲ့ဘဝ ဗြောင်းဆန်ခဲ့ရတော့တာပါပဲ…… ဒီဇာတ်လမ်းကြည့်နေစဉ်မှာ မထင်မှတ်တဲ့ဇာတ်လမ်း အကွေ့အချိုး တွေများလွန်းတဲ့အတွက် ပရိသတ်တွေခမျာ ကြည့်နေရင်းနဲ့ကို ရင်မောနေရပြီး စိတ်ဝင်တစားကို တောက်လျှောက်ကြည့်ဖြစ်ကြမှာ မြင်ယောင်မိပါတယ်…… Ratingကလည်း 7.1/10 ဆိုတော့ သိပ်ညွှန်းမနေတော့ပါဘူးနော် အဲ ...
movie
Mother! (2017)
2017
7.7
Silver Linings Playbook (2012)
"အချစ်ဆိုတဲ့အရာကို ကမ္ဘာဦးထဲက လူတွေအမျိုးမျိုး အဓိပ္ပာယ်ဖွင့်လာခဲ့ကြတယ်။ ဒါပေမယ့် တခါတရံမှာ အချစ် ဟာ ကျွန်တော်တို့ထင်မှတ်မထားတဲ့နေရာမျိုးကနေ ဘွားခနဲ ရုတ်တရက် ပေါ်လာတတ်တာမျိုးဗျ ..."ခုဒီ Silver Linings Playbook ဆိုတဲ့ကားကတော့ ဒါရိုက်တာ David O. Russell ရဲ့လက်ရာဖြစ်ပြီး မင်းသား Bradley Cooper နဲ့ မင်းသမီးချော Jennifer Lawrence တို့ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီကားဟာ အော်စကာ စကာတင်စာရင်းမှာ ၈ဆုတိတိ လျာထားခံခဲ့ရပြီး Jennifer Lawrence က Best Actress ဆုရရှိခဲ့ပါတယ်။ Hunger Games ဇာတ်လမ်းတွေနဲ့ ပိုပြီးထင်ရှားလာတဲ့ Jennifer Lawrence ကို ခုလို တကယ့် Hollywood Superstar တယောက်ဖြစ်စေခဲ့တဲ့ ကားလို့ပြောရင် လွန်မယ်မထင်ပါဘူး။ကဲပါ … ရှည်ရှည်ဝေးဝေးမပြောပဲ ဇာတ်လမ်းအကျဉ်းလေးကို မိတ်ဆက်ပေးရအောင်ပါ ...
movie
Silver Linings Playbook (2012)