Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jeana Ho
5.9
The Grey Man ( 2024 )
ဒီဇာတ်ကားလေးကတော့ ဟောင်ကောင်က ဘိန်းရာဇာဂိုဏ်းတစ်ခုကိုဖယ်ရှားကြမဲ့ ရဲတွေနဲ့ ဘိန်းရာဇာဂိုဏ်းကြားထဲက ထောင်ချောက်တွေ အလှည့်အပြောင်းတွေကို ရင်ခုန်စွာနဲ့ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် ။ Crime နဲ့ Action , Drugs စတဲ့ဇာတ်လမ်းအမျိုးအစားတွေကြိုက်တတ်တဲ့ ပရိတ်သတ်ကြီးအတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်မှာ အသေအချာပဲလို့ အာမခံပါတယ် ။ဇာတ်လမ်းအကျဉ်းလေးကတော့ - ဘိန်းရာဇာဂိုဏ်းရဲ့ စီမံသူတစ်ဦးဖြစ်တဲ့ အစ်ကိုပေါက်ဆိုသူက လိုင်ခါးမှ ာဘိန်းအရောင်းအဝယ်လုပ်ရင်း ရဲတွေဆီမှာမိမလိုဖြစ်သွားခဲ့ပါတယ် ။ ဒါပေမဲ့ သူကလည်းအဆက်အသွယ်တွေရှိတော့ သူ့အစား သူ့ရဲ့ညာလက်ရုံး အားထျန်းခေါင်းပေါ်ကိုအကုန်ပုံချလိုက်ပါတော့တယ် ။ငွေလည်းသုံးထားတာမို့ အားထျန်းကလည်း ထောင်အကြာကြီးတော့မကျဘဲ လိုင်ခါးမှာပဲ ထောင် ၃နှစ်ကျသွားပါတော့တယ် ။ ဒါပေမဲ့ ရဲတွေမိသွားတဲ့နေရာမှ ာတိုက်ရင်းခိုကိရင်းက ဘယ်လက်ရုံးခုန်ချွဲ့ရဲ့ညီလေးကလည်း သေဆုံးသွားခဲ့ပါတယ် ။ ခုန်ချွဲ့ကတော့ သူ့ညီလေးကို အားထျန်းသတ်ပါတယ်ဆိုပြီးယုံကြည်နေပြီး အမုန်းကြီးမုန်းနေပါတော့တယ် ။အဲဒီလိုနဲ့ သုံးနှစ်အကြာ အားထျန်းတစ်ယောက် ထောင်ကထွက်ပြီး ဟောင်ကောင်ကိုပြန်ရောက်လာတဲ့အချိန် အဖွဲ့အစည်းကရောဘယ်လိုပုံစံဖြစ်နေမလဲ ? အစ်ကိုပေါက်ကရော သူ့ကတိအတိုင်း စီမံသူရာထူးကိုပေးပါ့မလား ? ရဲတွေကရော သူတို့ဂိုဏ်းကိုလိုက်ရင်းဘာတွေကြုံရမလဲ ? နောက်ဆုံး ဘယ်သူတွေနဲ့တွေ့ဆုံပြီးဘာတွေကြုံတွေ့ရမလဲဆိုတာကို ရင်တထိတ်ထိတ် စိတ်ဝင်စားဖို့ကောင်းစွာနဲ့ကြည်ရှုရမှာဖြစ်လို့ လက်မလွှတ်သင့်တဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format ...
movie
The Grey Man ( 2024 )
[18+] Lan Kwai Fong (2011)
Lan Kwai Fong (2011)Lan Kwai Fong ဆိုတာ ဟောင်ကောင်ရဲ့ ကလပ်တွေ၊ ဘားတွေ၊ စားသောက်ဆိုင်တွေစသဖြင့် နာမည်အကြီးဆုံး nightlife hot spots တစ်ခုဖြစ်ပါတယ်။ အဲ့ဒီဝန်းကျင်တစ်လျှောက်မှာ ကျင်လည်ကျက်စားနေကြတဲ့သူတွေကလည်း လူပေါင်းစုံ အလွှာပေါင်းစုံ ဘဝပေါင်းစုံပါပဲ။ ဘီလျံနာသူဌေးကြီးတွေကနေ ညငှက်မလေးတွေအထိ နိစ္စဒူ၀ ဖြတ်သန်းနေတဲ့နေရာတစ်ခုမှာ ဇာတ်လမ်းတွေပေါင်းစုံရှိကြမှာလည်းအမှန်ပါပဲ။Lan Kwai Fone Triology ဟာ အဲ့ဒီဘဝတွေအပေါ်မှာပဲအခြေခံပါတယ်။ ဇာတ်လမ်းနဲ့ထပ်တူကျအောင် တကယ့်ကိုငယ်ရွယ်တဲ့ သရုပ်ဆောင်တွေကိုပဲ ရွေးချယ်ထားတာဖြစ်တဲ့အတွက် ဟောင်ကောင်ရဲ့နာမည်ကြီး nightlife ဒေသတစ်ခုအကြောင်းကိုဘေးက ထိုင်ကြည့်နေသလို ကွက်ကွက်ကွင်းကွင်းမြင်ရမယ့်၊ ဘဝစုံ အလွှာစုံရဲ့ဇာတ်လမ်းအဖုံဖုံကိုလည်း မြည်းစမ်းထိတွေ့ရမယ့် ဇာတ်ကားဖြစ်ပါတယ်။Lan Kwai Fong ဇာတ်ကား ၃ ကားရှိပြီး အားလုံးကို ဒီမှာ https://channelmyanmar.to/?s=lan+kwai+fong ကြည့်ပါ။ File size…(5.6 GB)/(1.7 GB) Quality….BluRay Remux 1080p /720p Format…mp4 Duration….01:36:43 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB
movie
[18+] Lan Kwai Fong (2011)
2011
6.3
Detective vs. Sleuths ( 2022 )
CM ကနေ ဒီတစ်ခါမှာတော့ စိတ္တဆန်ဆန် လူသတ်မှုတွေကို ဖော်ထုတ်မယ့် Detective vs. Sleuths ဆိုတဲ့ စုံထောက်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဟောင်ကောင်မှာ စိတ္တဇဆန်ဆန် လူသတ်မှုတွေ ဖြစ်ပွားခဲ့ပြီး တစ်ချိုအမှုတွေဆို နှစ်နဲ့ချီပြီး မဖော်ထုတ်နိုင်ဘဲ ရှိနေဆဲအချိန်မှာ အဲ့လိုအမှုတွေကို တစ်ကိုယ်တော် ဖော်ထုတ်နေတဲ့ အံ့ဖွယ်စုံထောက် လီကျွင့်ကတော့ ရဲတပ်ဖွဲအတွက် မျက်စိနောက်စရာဖြစ်လိုနေပါတယ်ဘာလိုလဲဆိုတော့ သူတံတားအောက်မှာ ရေးလိုက်တဲ့ စာလုံးအတိုင်း အမှုတွေ ဖြစ်ဖြစ်လာနေလိုပဲ ဖြစ်ပါတယ် စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့် တာဝန်ကနေ ရပ်နားခံလိုက်ရတဲ့သူ့ကို လူတွေက ရူးနေပြီလို သတ်မှတ်ကြပေမယ့် သူကတော့ သူ့ကိုယ်သူအံ့ဖွယ်စုံထောက် ဆိုတာကို သက်သပြဖို အမြဲကြိုးစားခဲ့ပါတယ် လုယက်လူသတ်မှု အလောင်းပျံအမှု ကွင်းဆက်လူသတ်မှု သားသတ်သမားအမှု အစရှိတဲ့အမှုတွေမှာလူသတ်တရားခံရဲ့လှည့်ကွက်တွေကို အံ့ဖွယ်စုံထောက်ကြီး လီကျွင့်က ဘယ်လိုဖြေရှင်းသွားမှာလဲဒီလိုစိတ္တဇလူသတ်မှုတွေ အစတည်ရာကရော ဘယ်ကနေ လာတာလဲ ဟောင်ကောင်ကားပရိသတ်တွေအတွက်တော့ ရင်းနှီးလောက်တဲ့ သရုပ်ဆောင်တွေကပဲ ပါဝင်ထားတာဖြစ်ပြီး ဇာတ်လမ်းဇာတ်ကွက်တွေကလည်း အရမ်းမိုက်တာမိုလို စုံထောက်ကားကြိုက်တဲ့သူတွေ အနေနဲ့တော့ သဘောကျမိမှာအမှန်ပဲဖြစ်လို ဒီကားလေးကို ကြည့်ကြည့်ဖို ညွှန်းပေးချင်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Crime ...
movie
Detective vs. Sleuths ( 2022 )
7.2
Raging Fire ( 2021 )
Donnie Yen နဲ့Nicholas Tse တို့လို မင်းသားကြီးနှစ်ယောက်ဦးဆောင်ထားတဲ့Raging Fire ဟာ China Box Office $100M နီးပါးရထားတဲ့အတွက်ထူးထွေပြီးညွှန်းစရာမလိုတဲ့ အက်ရှင်ကားကောင်းတစ်ကားဆိုတာသေချာပါတယ်မင်းသားကြီး Donnie Yen ဟာ ကျန်းချုံးပန်းဆိုတဲ့ ဖြောင့်မတ်တဲ့မှုခင်းရဲအရာရှိတစ်ယောက်နေနဲ့သရုပ်ဆောင်ထားပြီး ရဲဝန်ထမ်းတွေကြားမှာတင်အကောင်းအဆိုးကိုရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်Donnie Yen နဲ့Nicholas Tse တို့ဟာရင်းနှီးတဲ့လက်ဖော်ကိုင်ဖက်တွေဖြစ်ခဲ့ဖူးကြတယ်မူးယစ်ဆေးဝါးရောင်းဝယ်မှုကိုလိုက်နေချိန်မှာ လူမိုက်ကိုလူမိုက်ပြန်သတ်မှုတွေဖြစ်လာတယ်သူတို့နဲ့ဒါတွေကဘယ်လိုပတ်သတ်နေလဲ ဘယ်အရာကသူတို့ရဲ့လမ်းကြောင်းတွေကိုကွဲသွားစေလဲအညိုးအတေးတွေကိုဘယ်လိုဖြေရှင်းကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် Quality : BluRay HEVC / WEB-DL 1080p , 720p , 480pFormat : mp4During : 2h 6minGenres : Action Subtitle : Myanmar Subtitle ( Hardsub )Translated By CCFEncoded By LK,Nyeinsaeya Aung
movie
Raging Fire ( 2021 )
6.3
The Attorney ( 2021 )
ရှေ့နေလေယိုဟွေဟာ အမှန်တရားထက် အမှုသည်အတွက်အကျိုးရှိမဲ့ လျှောက်ထားချက်မျိုးကိုတရားခွင်မှာ တင်ပြပြီး အရှုံးမရှိဘဲအမြဲတမ်း အမှုနိုင်တဲ့ ရှေ့နေတစ်ယောက်ပါရှေ့နေဟယ်ကတော့ ဥပဒေရှေ့မှောက်မှာ အပြစ်ရှိတယ်လို့ မဆုံးဖြတ်ရသေးသရွေ့အဲ့ဒီလူကို ကြိုအကဲဖြတ်တာမျိုးမလုပ်ဘဲ အမှုသည်ဖက်ကနေ အလုံးစုံရပ်တည်ပေးပြီးလိုက်တဲ့အမှုတိုင်းရှုံးတဲ့ အမှန်တရားရဲ့ဘက်တော်သားရှေ့နေတစ်ယောက်ပါဒီလိုမျိုးဆန့်ကျင်ဖက်လူနှစ်ယောက် တစ်ရက်မှာ အမှုတစ်ခုကို တရားခံဖက်ကနေ အပြစ်မရှိကြောင်းအမှုလိုက်ပေးဖို့ဖြစ်လာခဲ့ပါတယ် ဒါ့အပြင် အဲ့ဒီအမှုဟာ အထက်အာဏာရှိသူတွေ ချမ်းသာတဲ့သူဌေးအသိုင်းအဝိုင်းတွေနဲ့ ပက်သတ်ဆက်နွယ်နေတဲ့အခါမှာတော့... နောက်ကွယ်ကအမှန်တရားတွေကိုတဖြည်းဖြည်းချင်းဖော်ထုတ်ပြီး သူတို့အမှုအနိုင်ရအောင်ဘယ်လိုတိုက်ခိုက်သွားမှာလဲဆိုတာ စိတ်ဝင်စားဖွယ်ဆက်လက်ကြည့်ရှုကြရမှာပါ Quality : WEB-DL 1080pFormat : mp4Genres : DramaDuring : 1h 43minSubtitle : Myanmar Subtitle ( Hardsub )Translated By Yamin EiEncoded By LK
movie
The Attorney ( 2021 )
4.5
The Gigolo (2015)
ဇာတ်လမ်းလေးကတော့ ဖန်ဟာ ဆင်းရဲတဲ့မိသားစုကနေပေါက်ဖွားလာတဲ့ သူတယောက်ဖြစ်ပြီးတော့ အိမ်ကအနိုင်နိုင် ကျောင်းထားပေးနေရတယ်တနေ့မှာ ကျောင်းမှာရန်ဖြစ်ပြီး ကျောင်းထုတ်ခံလိုက်ရတဲ့အခါမှာ နေမကောင်းတဲ့ အမေလည်းရှိနေတဲ့အတွက် မဖြစ်မနေ ပိုက်စံရှာရမယ့်အနေအထားဖြစ်လာတယ် အဲ့ဒီအချိန်မှာပဲ ကလပ်ပိုင်ရှင်ဖြစ်တဲ့ သူ့အန်တီနဲ့ချိတ်ဆက်မိပြီးတော့ ယောက်ျားပျော်တော်ဆက်(ပြည့်တဆာ)ဘ၀ကို ရောက်သွားခဲ့ရတယ် (သနားစရာယောက်ျားတို့ဘ၀ကို အဲ့ဒီမှာ မြင်တွေ့ကြမှာပါ..:P) ပိုက်စံရှိပြီးတော့ အိမ်ထောင်ရေးအဆင်မပြေတဲ့ မိရှဲက ဖန်ရဲ့ဆက်ဆံမှုတွေအပေါ်မှာ စွဲလန်းသွားခဲ့တယ်.... ဖန်ကလည်း အဲ့ဒီလို ကိစ္စတွေဘက်မှာအတော်ကိုကျွမ်းကျင်အောင် အချိန်ယူပြီးလေ့ကျင့်ခဲ့တာပါ ဖန်ဟာ ပျော်တော်ဆက်ဘ၀မှာအတော်အောင်မြင်လာခဲ့ပြီးတဲ့နောက်မှာ ဒါရိုက်တာကလိုဝီက ဖန်ကိုအင်တာဗျူးတစ်ခုမှာ အကြိုက်တွေ့သွားပြီးမင်းသားလုပ်ဖို့ ကမ်းလှမ်းလာခဲ့တယ်.... ဖန်ဟာ ကလိုဝီဆိုတဲ့ ချပ်ချောချော(စွန်းချစ်ဖို့ကောင်းတယ် :P) တကယ့်အချစ်စစ်နဲ့ချစ်သွားခဲ့တယ်.... ဖန်ကလည်းယောက်ျားပြည့်တဆာလောကထွက်နိုင်ဖို့ ကြိုးစားခဲ့တယ်.. .နာက်ပိုင်းမှာ မိရှဲဟာကလိုဝီရဲ့ မိထွေးမှန်းသိသွားတဲ့အခါမှာတော့ မိထွေးနဲ့ သမီးကြားဖန်တယောက်ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဇာတ်ကားမှာဆက်လက်ကြည့်ရှုကြပါ (18+) အသားပေးမဟုတ်တဲ့ အတွက် အရမ်းကြည့်လို့ကောင်းပါတဲ့ကားတစ်ကားဖြစ်ပါတယ်
movie
The Gigolo (2015)
2015