Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jayam Ravi
7.2
Siren (2024)
Siren (2024) အချက်ပေးသံ IMDb 7.3/10ဒီတစ်ခါစီအမ်ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်တာကတော့ လျှို့ဝှက်သည်းဖိုအက်ရှင်ကားလေးပါ.ဇာတ်လမ်းအကျဥ်းချုပ်ကတော့ သီလာဂါက မိန်းမနဲ့သူငယ်ချင်းကို သတ်မှုနဲ့ စွပ်စွဲခံရပြီး ထောင်ကျနေခဲ့တာပါ. လူသတ်ခဲ့ပေမယ့်လည်း တခြားအပြစ်သားတွေလိုမဟုတ်ဘဲ သူလုပ်ခဲ့တာကိုနောင်တရပြီး ထောင်ထဲကတောင်အပြင်တစ်ခါမှမထွက်ဘဲနေခဲ့တာပါ.အမေ့ကိုသတ်ခဲ့လို့အပြင် လူသတ်သမားသမီးလို့ အခေါ်ခံရလို့လည်း မုန်းတီးနေတဲ့သမီးကို ရင်မဆိုင်ရဲလို့လည်းပါပါတယ် . ဒီလိုနဲ့ တစ်နေ့မှာအဖေနေမကောင်းလို့ အမေကခံဝန်နဲ့အသနားခံစာတင်ရာကနေ သီလာဂါတစ်ယောက် အိမ်ပြန်ရဖို့အကြောင်းဖန်လာပါတော့တယ်. အိမ်ပြန်ရောက်တော့လည်း သမီးဖြစ်သူကအတွေ့မခံဘဲ ရှောင်ပုန်းနေခဲ့ပါတယ်.ထိုင်နေတော့အကောင်းထသွားမှကျိုးမှန်းသိဆိုတဲ့အတိုင်း သီလာဂါတစ်ယောက်ထောင်ထဲမှာ၁၄နှစ်နေခဲ့တုန်းက အကောင်း. အိမ်ကို၁၄ရက်ပြန်ကာမှ နောက်ထပ်လူသတ်မှုတစ်ခုမှာမျက်မြင်သက်သေနဲ့တကွ စွပ်စွဲခံရပြီး အရင်အမှုရော အခုအမှုကိုပါ ကိုယ်ကိုတိုင်ဖြေရှင်းရဖို့ဖြစ်လာပါတော့တယ်. တစ်ဖက်မှာလည်းသမီးဖြစ်သူနဲ့ဆက်ဆံရေးက ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ ဒီကားလေးမှာဆက်စောင့်ကြည့်ပေးကြပါဦး(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size…2.83GB / 1.28GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Siren (2024)
2024
5.0
Iraivan (2023)
Iraivan 2023 (သို့) အပြုံးလူသတ်သမားIMDb 5.1/10 ဘတ်ဂျက် သန်း ၂၈၀ သုံးထားပြီး သတ်ခန်းဖြတ်ခန်းတွေကို ဆင်ဆာဖြတ်ထားခြင်းမရှိဘဲ သွေးသံရဲရဲနဲ့ ကျောချမ်းစရာမြင်ကွင်းတွေကို ကွင်းကွင်းကွက်ကွက်ပြသထားတဲ့ ရုံကားတစ်ကားပဲဖြစ်ပါတယ် အပြုံးလူသတ်သမား ..ဒီနာမည်ဖြစ်တည်လာပုံကတော့ စိတ္တဇလူသတ်သမားကသူသတ်တဲ့လူကို အပြုံးလှလှလေးတစ်ခုဖန်တီးပေးလိုက်လို့ပါပဲ ဘယ်လိုမျိုးလဲဆိုရင် သေရင်တောင်မှ ပီပြင်တဲ့အပြုံးတစ်ခုပေါ်လွင်လာဖို့ ပါးနှစ်ဖက်စလုံးမှာ ပါးစပ်ကိုဓားနဲ့ထိုးခွဲပြီးဖန်တီးပေးလိုက်တာပါ ဒါတင်မက မျက်လုံးတွေကိုပါဖောက်ထုတ်ပြီး တစ်ကိုယ်လုံးကိုဓားနဲ့မွှန်းပြီး လူမြင်ကွင်းမှာ သွားသွားပစ်ထားတတ်တာက သူ့အကျင့်လေးတစ်ခုပေါ့ဒါပေမဲ့သူ့သင်္ကေတကတော့မိန်းကလေးတွေကိုပဲသတ်တာပါ ကျားဆိုယောင်လို့တောင်လှည့်မကြည့်တတ်တဲ့ ဒီအပြုံးလူသတ်သမားကြောင့်ချန်နိုင်းရဲမင်းကြီးက ဒီအမှုကို မင်းသား၂လက်ဖြစ်တဲ့ အန်ဒရူးနဲ့ အာဂျွန့်ဆီတာဝန်ပေးအပ်လိုက်ပါတယ် သိုပေတည်း ၆လကြာတဲ့အထိ အသတ်ခံရတဲ့မိန်းကလေး ၁၂ယောက်တောင်ဖြစ်လာခဲ့ပြီး လူသတ်သမားအကြောင်း တစ်စွန်းတစ်စတောင်မသိရလေတော့ ပြည်သူတွေအုံကြွပြီး ဆန္ဒတွေပြကြနဲ့ အဘက်ဘက်ကဖိအားတွေနဲ့ သူတို့၂ယောက်.. ဥာဏ်ပြေးလွန်းတဲ့ စိတ္တဇလူသတ်သမားနဲ့ ရဲတွေကြား ပညာပြိုင်ကြပုံကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်(အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni ~ BpL ~V ~ Zwe ~ Alex ~ ToMo ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ ...
movie
Iraivan (2023)
2023
4.4
Agilan (2023)
Aglian 2023 Action/Drama/Thrillerကွန်တိန်နာနံပါတ်ကြည့်ရုံနဲ့ အာဂီလန်ပိုင်မှန်းသိရင် အဲ့ဒီကွန်တိန်နာကို ထိကို မထိရဲလောက်တဲ့ထိ ဖိန့်ဖိန့်တုန်အောင် ဩဇာအာဏာကြီးလှတဲ့ ဆိပ်ကမ်းဘုရင်လူမိုက်ကြီး အာဂီလန်.... ဒီလူမိုက်ကြီးအာဂီလန့်နေရာကို သရုပ်ဆောင်ထားတာကလဲ အက်ရှင်ဇာတ်ကြမ်းတွေနဲ့ နာမည်ကြီးလာတဲ့ မင်းသား Jayam Raviဆိုတော့ ဒီအက်ရှင်ကားက သွေးသံတရဲရဲနဲ့ အစဆုံးကြည့်ချင်နေမှာအသေချာပါပဲ...အိန္ဒိယသမုဒ္ဒရာရဲ့ဘုရင်လို့တောင် တင်စားရတဲ့အာဂီလန်ဟာ ဆိပ်ကမ်းက ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေအားလုံးကို ထိန်းချုပ်ထားတဲ့ဆိပ်ကမ်းလူမိုက်ကြီးတစ်ဦးပဲဖြစ်ပါတယ်။ ဒုစရိုက်လောကမှာ နာမည်ကျော်တဲ့ ကပူးရ်ကတော့ ငွေကြေးအတုလုပ်ငန်းကို ကုန်စည်ပို့ဆောင်ရေးနဲ့ တွဲဖက်လုပ်ကိုင်နေတာဖြစ်ပြီး မူးယစ်ရာဇာ ပါရန်ဒါမန်ကတော့ ကပူးရ်အတွက် အလုပ်လုပ်ပေးနေတဲ့ ဒုစရိုက်လောကသားပဲဖြစ်ပါတယ်။သူတို့တွေရဲ့ တရားမဝင်လုပ်ဆောင်မှုတွေကို အာဂီလန်က ထိန်းချုပ်ပေးနေတာပါ။ ဒီလိုမျိုး အာဂီလန်ကချုပ်ကိုင်ထားတဲ့အတွက် ဘယ်အရာကမှ ဝင်စွက်ဖက်လို့မရပါဘူး။ ဒါပေမဲ့ "မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ"ဆိုတဲ့အတိုင်း လိမ်လည်လှည့်ဖြားမှုတွေ တစ်စတစ်စပေါ်လာတဲ့အခါမှာတော့...အာဂီလန်ဘယ်လိုတွေဆက်လုပ်မလဲ။ ဘယ်လိုမျိုးစိတ်ဝင်စားစရာဇာတ်ကြောင်းတွေ ထွက်ပေါ်လာဦးမလဲဆိုတာကို အက်ရှင်အကြမ်းစားတွေနဲ့ စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…2.23GB / 1.14 GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Agilan (2023)
2023
Ponniyin Selvan: Part II (2023)
Ponniyin Selvan: Part II (2023)IMDb 8.1/10၂၀၂၂ တုန်းက အားလုံးစောင့်မျှော်နေခဲ့ကြတဲ့ Ponniyin Selvan part II ထွက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာ ဗစ်ကရမ်..ဂျယန်းရဗီ..ကာသီ..စတဲ့နာမည်ကြီးမင်းသားတွေအပြင် မင်းသမီးကြီးတွေဖြစ်ကြတဲ့ အရ်ှဝါရီယားရိုင်းနဲ့ ထရီရှားတို့က အဓိကပါဝင်သရုပ်ဆောင်ထားသလို နောက်ထပ်လည်း သရုပ်ဆောင်ပေါင်းများစွာက ပါဝင်အားဖြည့်ထားပါတယ်... ရုံတင်ငွေ ကုဋေ သန်း ၃၂၅ ထိရထားတာမို့ ထပ်ပြီးစဥ်းစားစရာလိုမနေတော့ဘူးနော်။ဇာတ်လမ်းလေးကိုတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အရင်က ချိုလာမင်းဆက်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားပါတယ်...တန်ဂျာဗူးပြည်ကို မင်းလုပ်စိုးစံတဲ့ ချိုလာမင်းကြီးမှာ သားတော်နှစ်ပါးနဲ့ သမီးတော်တစ်ပါးဖွားမြင်ခဲ့တယ်သားတော်နှစ်ပါးကလည်း စစ်ရေးစစ်အရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်သလို သမီးတော်လေး ကွန်ဒဗေးကလည်း လိမ်မာပါးနပ်ဉာဏ်ရှိသူပါ...သားတော်အကြီး အိမ်ရှေ့စံမင်းသား အာဒိတဟာ ခြေလျှင်ရဲမက်တွေနဲ့အတူ တိုင်းပြည်နယ်နိမိတ်ကို ချဲ့ထွင်ဖို့ စွန့်စားတိုက်ခိုက်နေတဲ့အချိန်...သားတော်အငယ် အရွန်းမိုဇီဟာလည်း ရေတပ်သင်္ဘောကြီးတွေနဲ့ တခြားတိုင်းပြည်တွေကို နယ်ချဲ့နေခဲ့ပါတယ်...ဒီတောအတွင်း ချိုလာဧကရာဇ်မင်းကြီး ဆွန်ဒရချိုဇာဟာ အိပ်ရာထဲလဲပြီး နာမကျန်းဖြစ်နေခဲ့တယ်...ဒီလိုမိသားစုတကွဲတပြားဖြစ်နေတဲ့အချိန် နွားကွဲရင် ကျားဆွဲဆိုသလို လုပ်ကြံမယ့် သူလျှိုတွေဟာ တန်ဂျာဗူးတိုင်းပြည်ထဲကို အလျှိုလျှိုဝင်လာခဲ့ပါပြီ...ဒါကို ရိပ်စားမိတဲ့ ဘုရင်ဟာ သားတော်တွေကို ပြန်ခေါ်လာနိုင်ခဲ့ပါ့မလား...။သူတို့ရဲ့အသက်တွေ ပေးဆပ်လိုက်ရမှာလား...။ချိုလာမင်းဆက်ကြီး ဘာတွေဆက်ဖြစ်လာမလဲပေါ့။Part II မှာတော့ အရွန်းမိုဇီဟာ ...
movie
Ponniyin Selvan: Part II (2023)
4K HEVC
8.3
Ponniyin Selvan: Part I (2022)
Ponniyin Selvan: Part I (2022) ====================ကဲ အားလုံးစောင့်မျှော်နေခဲ့ရတဲ့ အိန္ဒိယသမိုင်းကားကောင်းကြီးထွက်လို့လာခဲ့ပါပြီ မင်းသား မင်းသမီးတွေ အများကြီးနဲ့ ကြည့်လို့ကောင်းမယ့် ကားလေးပါပဲဒီဇာတ်ကားထဲမှာ ဗစ်ကရမ်..ဂျယန်းရဗီ..ကာသီ..စတဲ့နာမည်ကြီးမင်းသားတွေအပြင် မင်းသမီးကြီးတွေဖြစ်ကြတဲ့ အရ်ှဝါရီယားရိုင်းနဲ့ ထရီရှားတို့က အဓိကပါဝင်သရုပ်ဆောင်ထားသလို နောက်ထပ်လည်း သရုပ်ဆောင်ပေါင်းများစွာက ပါဝင်အားဖြည့်ထားပါတယ်...ဇာတ်လမ်းလေးကိုတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အရင်က ချိုလာမင်းဆက်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားပါတယ်...တန်ဂျာဗူးပြည်ကို မင်းလုပ်စိုးစံတဲ့ ချိုလာမင်းကြီးမှာ သားတော်နှစ်ပါးနဲ့ သမီးတော်တစ်ပါးဖွားမြင်ခဲ့တယ်သားတော်နှစ်ပါးကလည်း စစ်ရေးစစ်အရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်သလို သမီးတော်လေး ကွန်ဒဗေးကလည်း လိမ်မာပါးနပ်ဉာဏ်ရှိသူပါ...သားတော်အကြီး အိမ်ရှေ့စံမင်းသား အာဒိတဟာ ခြေလျှင်ရဲမက်တွေနဲ့အတူ တိုင်းပြည်နယ်နိမိတ်ကို ချဲ့ထွင်ဖို့ စွန့်စားတိုက်ခိုက်နေတဲ့အချိန်...သားတော်အငယ် အရွန်းမိုဇီဟာလည်း ရေတပ်သဘောင်္ကြီးတွေနဲ့ တခြားတိုင်းပြည်တွေကို နယ်ချဲ့နေခဲ့ပါတယ်...ဒီတောအတွင်း ချိုလာဧကရာဇ်မင်းကြီး ဆွန်ဒရချိုဇာဟာ အိပ်ရာထဲလဲပြီး နာမကျန်းဖြစ်နေခဲ့တယ်...ဒီလိုမိသားစုတကွဲတပြားဖြစ်နေတဲ့အချိန် နွားကွဲရင် ကျားဆွဲဆိုသလို လုပ်ကြံမယ့် သူလျှိုတွေဟာ တန်ဂျာဗူးတိုင်းပြည်ထဲကို အလျှိုလျှိုဝင်လာခဲ့ပါပြီ...ဒါကို ရိပ်စားမိတဲ့ ဘုရင်ဟာ သားတော်တွေကို ပြန်ခေါ်လာနိုင်ခဲ့ပါ့မလား...။သူတို့ရဲ့အသက်တွေ ပေးဆပ်လိုက်ရမှာလား...။ချိုလာမင်းဆက်ကြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်...။တိုက်ရေးခိုက်ရေးတွေအပြင် အပြင်အဆင်အလှအပတွေကိုပါ မြင်တွေ့ရမှာဖြစ်လို့ ကြည့်ရတန်တဲ့ ကားလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်... File size…3.8GB /1.86GB Quality…4K HEVC WEB DL ...
movie
Ponniyin Selvan: Part I (2022)
2022
4K HEVC
8.6
Thani Oruvan(2015)
ဒီတစ်ခါတော့IDM8.6အထိရရှိထားတဲ့ဘောလိဝုဒ်ကားတစ်ကားနဲ့မိတ်ဆတ်ပေးချင်ပါတယ်။ဇာတ်ကားလေးက၂၀၁၅မှာထွက်ရှိထားတဲ့THANI ORUVAN ကားလေးပါ။ ဇာတ်ကားလေးကအက်ရှင်ကားတစ်ကားဖြစ်ပြီးရဲတစ်ယောက်ရဲ့လှုပ်ရှားပုံတွေကိုဖော်ညွန်းထားလို့လို့စုံထောက်ကားတွေကြိုက်တဲ့သူတွေအတွတ်ကြည့်သင့်တဲ့ကားလေးပါ။မီးလ်သရမ်ဆိုတဲ့IPS အရာရှိရဲတစ်ယောက်ဟာရာဇဝတ်မှုတွေကိုသူ့ရဲ့သူငယ်ချင်းရဲအရာရှိတွေနဲ့အတူတူလျို့ဝှက်ဖော်ထုတ်ပေးနေတာပါ။တစ်ရက်မှာအမှုတစ်ခုကိုလိုက်ရင်းနဲ့မထင်မှတ်ဘဲသူလျို့ဝှက်စုံစမ်းထားတဲ့ အမှုတွေနဲ့ဆက်စပ်တဲ့ရာဇဝတ်ဂိုဏ်းတစ်ဂိုဏ်းကိုသိရှိသွားပါတယ်။အဲ့ဂိုဏ်းကိုချူပ်ကိုင်နေတဲ့သူတွေဟာလည်းနှယ်နှယ်ရရလူတွေမဟုတ်ဘဲစီးပွားရေးလုပ်ငန်းရှင်တွေအစိုးရဌာနအကြီးအကဲတွေကိုယ်တိုင်ဖြစ်နေပါတယ်။ အဲ့ဂိုဏ်းရဲ့ခေါင်းဆောင်လို့ယူဆရတဲ့ဆီဒါက်ရှ်ဆိုတဲ့သိပွံပညာရှင်တစ်ယောက်ဟာဆေးဝါးတစ်ခုကိုဖော်ထုတ်နိုင်ခဲ့တဲ့သူ့လက်အောက်ငယ်သားကိုရှင်းပစ်ခဲ့ပြီးအဲ့ဆေးဝါးကိုလက်ဝါးကြီးအုပ်ဖို့ကြံစည်ခဲ့ပါတယ်။ဆီဒါက်ရှ်ဟာအဲ့ဆေးဝါးကိုခလေးငယ်တွေနဲ့စမ်းသပ်ခဲ့ပြီးခလေးငယ်တွေသေဆုံးမှုတွေလည်းဖြစ်လာပါတယ်။မီးလ်သရမ်ကလည်းနောက်ဆုံးသူလိုက်ခဲ့တဲ့အမှုနဲ့ဆက်စပ်ပြီးအဲ့ခလေးငယ်တွေသေဆုံးမှုရဲ့နောက်ကွယ်မှာရှိနေတဲ့ဆီဒါက်ရှ်ကိုဖမ်းဆီးဖို့ကြိုးစားလာပါတယ်။ဆီဒါက်ရှ်ရဲ့နောက်မှာလည်းဝန်ကြီးတွေပါတီခေါင်းဆောင်တွေရှိနေတဲ့အတွတ်သူ့အနေနဲ့ဘယ်လိုဖမ်းဆီးနိုင်မှာလဲ။ဒါမှမဟုတ်ဆီဒါက်ရှ်ကဘဲ မီးလ်သရမ်ဆိုတဲ့IPSအရာရှိကိုဒုက္ခရောက်အောင်ပေးနိုင်မလားဆိုတာဇာတ်လမ်းပြီးတဲ့အထိရင်ခုန်စွာစောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက ကို Crystal Light ပါFile Size…(849MB) Quality…HD-Rip 720p Format…mp4 Duration…02:41:00 Subtitle…Myanmar Subtitle(Hardsub) Encoder...Phyo Pyae Translated by Crystal Light
movie
Thani Oruvan(2015)
2015