Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jason Schwartzman
7.2
The Darjeeling Limited (2007)
The Darjeeling Limited (2007)~ IMDb - 7.2/10, RT - 69%, Meta - 67% ~The Darjeeling Limited ဟာ နာမည်ကျော်အမေရိကန်သရုပ်ဆောင်တွေချည်းသုံးထားပေမဲ့ အိန္ဒိယမှာပဲ တစ်ကားလုံးနီးပါးပြီးသွားတဲ့ ရုပ်ရှင်ပါပဲ။ Wes Anderson ဟာ သူ့ထုံးစံအတိုင်း ဒီကားမှာလည်း နာမည်ကြီးစတားတွေ မြိုင်မြိုင်ဆိုင်ဆိုင်သုံးပြီး အိန္ဒိယခရီးစဉ်တစ်ခုကို ရိုက်ပြထားခဲ့တယ်။ အန်ဒါဆန်စကားအရတော့ "အိန္ဒိယဟာ သူမတူအောင် အရောင်အသွေးစုံလင်တဲ့ နိုင်ငံပေါ့။ အိန္ဒိယဟာ သိပ်မြူးကြွနေတဲ့ နိုင်ငံဆိုလည်း ဟုတ်တယ်။ အိန္ဒိယမှာ တစ်ယောက်တည်း အေးဆေးနေချင်လို့တောင် နေမရဘူး"တဲ့။ အိန္ဒိယဟာ ဒီဇာတ်ကားရဲ့ ဇာတ်အိမ်တည်ရာဖြစ်နေရုံတင်မဟုတ်ဘဲ အိန္ဒိယကိုယ်တိုင်ကိုက ဒီဇာတ်ရဲ့အကြောင်းအရာဖြစ်နေတယ်လို့လည်း ဆိုတယ်။ အန်ဒါဆန်ဟာ The Darjeeling Limited ကို ရိုက်တဲ့နေရာမှာ အိန္ဒိယကို သူ့ပုံစံအတိုင်းပဲထားပြီး ရိုက်ကူးခဲ့တယ်။ သူတို့ရိုက်ကွင်းမှာ ရှိနေတဲ့အရာတွေ ...
movie
The Darjeeling Limited (2007)
2007
7.5
Scott Pilgrim vs. the World (2010)
Scott Pilgrim vs. the World (2010)~ IMDb - 7.5/10, Rotten Tomatoes - 82% ~ခင်ဗျားတို့အတွက် စီနီမာ (ရုပ်ရှင်) ဆိုတာ ဘာများလဲ။ မက်ဆေ့တစ်သီတစ်သန်းနဲ့ကားတွေလား။ ကြီးကျယ်ခမ်းနားလှတဲ့ ဆက်တင်ကြီးတွေ သိပ်ကောင်းတဲ့ စီဂျီအိုင်တွေ တပြုံတမကြီးသုံးထားတဲ့ ခမ်းကြီးနားကြီးကားတွေလား။ ကျွန်တော့်အတွက်တော့ စီနီမာဟာ အရသာရှိနေခြင်းပဲ။ ခမ်းနားချင်မှလည်း ခမ်းနားမယ်၊ ဘာတစ်ခုမှမပါဘဲ ပြကွက်တစ်ကွက်တည်းကိုပဲ အကြာကြီးပြချင်လည်းပြမယ်၊ သောက်တလွဲတွေချည်း ပြောချင်လည်းပြောမယ်၊ ဂလည်အူကြောင်ပြကွက်တွေ ပြချင်လည်းပြမယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ကို ကြည့်လိုက်လို့ အရသာတော်တော်ကြီးရှိနေပြီဆိုရင် အဲဒီရုပ်ရှင်ဟာ ရုပ်ရှင်စစ်တယ်။ စီနီမာဖြစ်တယ်လို့ပဲ ပုဂ္ဂလိကအရ သတ်မှတ်လိုက်တာပဲ။Scott Pilgrim vs. the World ဟာ အဲဒီစီနီမာအရသာ အပြည့်ရှိနေတဲ့ကားပေါ့။ မသိတဲ့လူဆို ဘာမှမဟုတ်ဘူးထင်ရင်း ကြည့်နေရင်း ကြည့်နေရင်း အရသာက တဖြည်းဖြည်းတက်လာမယ့် ရုပ်ရှင်မျိုးပဲ။ ...
movie
Scott Pilgrim vs. the World (2010)
2010
4K HEVC
7.8
Moonrise Kingdom (2012)
ဒီတစ်ခေါက်တော့ တစ်ခါထက်မကကြည့်ချင်ရလောက်တဲ့ Moonrise Kingdom လို့ခေါ်တဲ့ Comedy, Drama, Family ဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၆၀ခုနှစ်တွေကိုနောက်ခံထားထားတဲ့ ၁၂နှစ်အရွယ်လူငယ်စုံတွဲရဲ့ အချစ်ဇာတ်လမ်းဖြစ်ပါတယ်။ အပယ်ခံမိဘမဲ့ကင်းထောက်ကောင်လေးက ဆူဇီဆိုတဲ့ကောင်မလေးနဲ့ ရင်ဘတ်ချင်းတူလို့ စာတွေအပြန်အလှန်ရေးရင်း တစ်နေ့ သူတို့အတူ ထွက်ပြေးခဲ့ကြပြီး ကျွန်းရဲ့ယခင်မူလနေထိုင်ခဲ့တဲ့လူတွေအတိုင်း ခြေရာခံရယလျှောက်သွားခဲ့ကြတဲ့ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းတွေနဲ့ စွန့်စားခန်းတွေကို တွေ့ရမှာပါ။ ဒီဇာတ်လမ်းကိုကြည့်ရင်း လူငယ်ဘဝရဲ့ တဇွတ်ထိုးအကျင့်တွေနဲ့ နောက်ဆံမတင်းပဲ သတ္တိရှိရှိ ဆုံးဖြတ်ချက်ချခဲ့တာတွေဟာ ချစ်စရာကောင်းနေခဲ့ပြီး အနှစ်သာရပြည့်ဝတဲ့အမှားတွေဟာလည်း နောက်ထပ်အခွင့်အရေးရဖို့ ထိုက်တန်နေခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင်တော့ IMDb မှာ 7.8/10 ထိရထားပြီး Rotten Tomatoes 93% ထိရထားတာပါ။ ဒါ့အပြင် ဒီဇာတ်ကားဟာဆိုရင် ဒါရိုက်တာ Wes Anderson ရဲ့ လက်ရာကောင်းတွေထဲက တစ်ကားဖြစ်ပြီး Gotham Independent Film Award for Best Feature ဆုရရှိကာ အဓိကလူငယ်သရုပ်ဆောင်တွေဟာလည်း ...
movie
Moonrise Kingdom (2012)
2012
7.6
Rushmore (1998)
Rushmore (1998)~ IMDb - 7.6/10, Rotten Tomatoes - 90% ~ဒီဇာတ်ကားဟာ Moonrise Kingdom, The Grand Budapest Hotel, Fantastic Mr. Fox တို့နဲ့နာမည်ကြီးတဲ့ဒါရိုက်တာ Wes Anderson ရိုက်ကူးခဲ့တဲ့ ဒုတိယမြောက်ကားဖြစ်ပါတယ်။ Wes Anderson ရဲ့ဇာတ်ကားတွေက ခေါက်ချိုးညီရိုက်ချက်တွေ၊ လှပတဲ့အရောင်တွေအလှတွေထည့်သွင်းအသုံးပြုတာတွေ၊ ဇာတ်လမ်းဇာတ်ညွှန်းထူးဆန်းမှုတွေနဲ့ နာမည်ကြီးပါတယ်။ ဒီဇာတ်ကားက ၁၉၉၀ ကျော်ကကားလို့မထင်ရအောင်ကိုခေတ်မှီပြီး ပုံစံကလုံးဝကို Unique ဖြစ်ပါတယ်။ ဟာသကားလို့ Genre တပ်ထားပေမဲ့လို့ လုံးလုံးဟာသကားမျိုးဖြစ်နေတာမဟုတ်ဘဲ Deep တဲ့သဘောသဘာဝတွေကိုနှစ်မြှုပ်ထားပါသေးတယ်။ဒီဇာတ်ကားရဲ့ကျောရိုးကို ဇာတ်ဆောင်သုံးဦးနဲ့ဖွဲ့စည်းထားပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့မက်စ်က အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသားဖြစ်ပြီး ရက်ရှ်မိုးလို့ခေါ်တဲ့ ကိုယ်ပိုင်ကျောင်းမှာ စကောလားရှစ်နဲ့တက်ရောက်နေသူဖြစ်ပါတယ်။ စကောလားရှစ်ရထားတာဆိုပေမဲ့ အသင်းအဖွဲ့တွေ ဘာ Club ညာ Club ဖွဲ့တာတွေစတဲ့ Activity ...
movie
Rushmore (1998)
1998
8.4
Klaus (2019)
ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးမှုကို လူသားတွေကနည်းလမ်းအမျိုးမျိုးနဲ့ ဝေမျှကြပါတယ်…ဒီခေတ်မှာ စာအိတ်ထဲထည့်ပေးကြတဲ့ပေးစာတွေ မရှိတော့ဘူးဆိုပေမယ့်လူမှုကွန်ယက်ပေါ်ကဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက်စာတွေပေးပို့နေကြတုန်းပါပဲ…ဒါပေမယ့် ပေးပို့တဲ့စာတွေထဲမှာ အမုန်းတရားတွေထက်ချစ်ခြင်းမေတ္တာတွေ ထည့်ပေးထားရင်မကောင်းဘူးလားဒီဇာတ်ကားလေးကတော့ အေးမြတဲ့ ခရစ္စမတ်အကြောင်းကိုနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာနဲ့ပုံဖော်ထားတဲ့ ချစ်စရာကောင်းတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်…ခရစ္စမတ်မှာ လက်ဆောင်တွေ လာပေးနေတဲ့ ခရစ္စမတ်ဘိုးဘိုးကြီးလို့ခေါ်တဲ့စန်တာကလောက်စ် အကြောင်း အခြေခံပြီး ပုံဖော်ထားတာပါ …အခွင့်ထူးခံ လူပေါ်ကျော့ ဂျက်စပါဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာအဖေ့ရဲ့စာပို့လုပ်ငန်းကြီးမှာ လက်ကျောတင်းအောင် မလုပ်ချင်ဘဲပျင်းရိနေတဲ့အတွက်ကြောင့် သူ့ကိုအပြစ်ပေးတဲ့အနေနဲ့ လူသူမနီးတဲ့ကျွန်းတစ်ကျွန်းပေါ်က မြို့ကလေးမှာ စာပို့သမားလုပ်ဖို့ ပို့လွှတ်စေခိုင်းခဲ့ပါတယ်…ရိုင်းပြပြီး အမြဲဒေါသထွက်နေတဲ့ လူတွေနေတဲ့ အေးခဲပြီး ခေါင်ဖျားလွန်းတဲ့စမီရင်ဘာ့ဂ် မြို့ကလေးကနေ တစ်နှစ်အတွင်းပေးစာ ၆၀၀၀ ထွက်လာအောင်လုပ်မှ ဒီမြို့ကနေပြန်ရမယ့်သူပါ…မဟုတ်ရင် အဖေကအမွေပြတ်စွန့်လွှတ်မတဲ့…Klaus ဆိုတဲ့ ဒီဇာတ်ကားလေးဟာ ၂၀၁၉ မှာထွက်ရှိထားပြီးIMDb – 8.4/10 နဲ့ Rottentomatoes – 89% တောင်ရရှိထားတာမို့လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်တယ်လို့ပဲပြောလိုက်ပါရစေ.။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်… File Size ...
movie
Klaus (2019)
2019
4K HEVC Web-DL
7.5
Saving Mr. Banks (2013)
(Unicode)Saving Mr. Banks ဇာတ်လမ်းကို ၁၉၆၄ ခုနှစ်က Walt Disney Pictures က ထုတ်လုပ်ခဲ့တဲ့ Merry Poppins ဆိုတဲ့ အရမ်းအောင်မြင်တဲ့ ရုပ်ရှင်ကား ရိုက်ကူးတဲ့အပေါ်မှာ အခြေခံထားတာဖြစ်ပါတယ်။Walt Disney ရဲ့ သမီးနှစ်ယောက်က စာရေးဆရာမ P.L Travers ရေးတဲ့ Merry Poppins ဆိုတဲ့ ဇာတ်လမ်းလေးကို အရမ်းကြိုက်တဲ့အတွက် ကြောင့် ရုပ်ရှင်ရိုက်ပေးဖို့ Walt Disney က ကတိပေးခဲ့ပါတယ်။ဒါပေမယ့်လည်း Merry Poppins ကို ရုပ်ရှင်ရိုက်ခွင့်ကို P.L Travers က ငြင်းဆန် နေခဲ့ပါတယ်။နှစ် ၂၀ လောက်ကြာတဲ့အခါမှ ငွေကြေးအခက်ခဲတွေ ကြောင့် ဇီဇာကြောင်တတ်တဲ့ အင်္ဂလိပ် အဖွားကြီး Travers တစ်ယောက် Walt Disney ရဲ့ ကမ်းလမ်းမှုကိုလက်ခံပြီး Walt Disney ...
movie
Saving Mr. Banks (2013)
2013
5.5
Wine Country(2019)
Wine Country(2019)"ဟဲ့ မသာမကြီး သေချင်းဆိုးကြီး အနူကြီး ဟိုကောင်မ" စတဲ့ ခပ်ရိုင်းရိုင်းအသုံးအနှုံးမျိုးနဲ့ နှုတ်ဆက်ပေမယ့် မျက်နှာတွေကပြုံးချိုနေတဲ့ ငယ်ပေါင်းကြီးပေါ်သူငယ်ချင်းတွေ လူတိုင်းမှာရှိကြတယ်.... အထူးသဖြင့် State ကျောင်းသား ကျောင်းသူဘ၀က သူငယ်ချင်းတွေပေါ့... အရွယ်လေးရောက်လာတော့ လောကကြီးကိုဖြန့်ကျက်ဖို့ရာ ကိုယ်အားသန်ရာနေရာကိုယ်စီကို လျှောက်လမ်းကြရင်း တဖြည်းဖြည်း ကျွန်တော်တို့ငယ်သူချင်းတွေဟာ ဝေးကွာမှန်းမသိဝေးကွာကုန်တယ်.. ဘ၀ကိုယ်စီရဲ့ ၀န်ထုပ်ဝန်ပိုးတွေကို ကစဥ့်ကလျှားမဖြစ်အောင် အံကြိတ်ထမ်းပိုးရင်း ငယ်သူငယ်ချင်းတွေနဲ့ပြန်ဆုံဖို့အခွင့်အရေးဆိုတာ နောက်ဆုံးမှလုပ်ရမယ့် အစီအစဉ်ထဲကိုရောက်မှန်းမသိရောက်ကုန်ကြတယ်... ခရီးအတူထွက်ဖို့ ဆိုင်မှာအတူဆုံပြီးစားကြဖို့မျိုးစုံကြိုးစားကြပေမယ့် ငယ်သူချင်းတွေနဲ့ပြန်ဆုံဖို့ဆိုတာ တိမ်ထဲမှာစာရေးသလိုပါပဲ... ကိုယ့်ဆန္ဒထက်ဦးစားပေးရမယ့် လက်ရှိဘ၀လေပွေလည်းတစ်ချက်တိုက်လိုက်ရုံနဲ့ ကျွန်တော်တို့အစီအစဉ်တွေပျက်ကုန်ကြတာပဲမဟုတ်လား.... ခင်ဗျားတို့အားလုံး ဒီလိုအဖြစ်မျိုးမကြုံဘူးတဲ့ သူခပ်ရှားရှားပါပဲ... ဇာတ်လမ်းအညွှန်း ************ ဒီကားထဲမှာတော့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေဟာ သူတို့အုပ်စုထဲက သူငယ်ချင်းတစ်ယောက်ရဲ့ အသက် ၅၀ပြည့် မွေးနေ့အတွက် ခရီးစုထွက်ဖို့ကြိုးစားကြတယ်... ကျွန်တော်တို့လိုတော့မဟုတ်ဘူးပေါ့.. သူတို့အဖွဲ့တွေကတော့တကယ်ကိုဆုံဖြစ်ခဲ့ကြတယ်... ငယ်သူငယ်ချင်းတွေပြန်ဆုံတော့ တကယ့်ကို ပွင့်ပွင့်လင်းလင်း ပြောစရာရှိပြောကြဆိုကြနဲ့ပေါ့... ဒီကားလေးကိုကြည့်ရင်း ရယ်စရာလေးတွေတွေ့ရသလို ပြန်ဆုံကြတဲ့အခိုက်အတန့်မှာ သူတို့သောင်းကျန်းတဲ့ပုံတွေကိုလည်း ဟာသလေးတွေနှောပြီးတွေ့ရလိမ့်မယ်... ခံစားကြည့်လိုက်ပါဦးလို့...ပြောပါရစေ....File Size : (952MB)and (358MB) Quality : WEB-DL 720p, Format…mp4 Duration…01:43:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Jthekoala Encoded by Phyo Pyae
movie
Wine Country(2019)
2019
7.0
Big Eyes (2014)
Big Eyes (2014) IMDb - 7.0/10_____Rotten - 72%ဒီကားရိုက်ရဲ့ ဒါရိုက်တာ Tim Burton ရိုက်ထားတဲ့ Big Fish, Alice In Wonderland, Edward scissorhands တို့ Charlie and the chocolate Factoryတို့လို ဇာတ်ကားကောင်းတွေကို ကြည့်ဖူးကြမှာပါ။ Tim Burtonရဲ့ ကားတွေဟာ ရိုက်ဟန်ထူးခြားပြီး ပစ်ရတဲ့ကားလည်း မရှိသလောက်ပါပဲ။ အခု Big Eye ကလည်း သူရိုက်ခဲ့တဲ့ Biography ကားတစ်ကားပါပဲ။အနုပညာဆိုတာ ကိုယ်ရေးကိုယ်တာ အရမ်းဆန်ပါတယ်။ ကိုယ်ပိုင်ခံစားချက်ကို စကားလုံး ရုပ်ပုံ နိမိတ်ပုံ သံစဉ် အစရှိသဖြင့်ကူးပြောင်းရတာမျိုးပါ။ နှလုံးသားထဲက ထွက်လာတယ်ဆိုလည်း မမှားဘူးပေါ့ဗျာ။Margaretဆိုတဲ့ ပန်းချီဆရာမ တစ်ယောက်ဟာ သူ့ခံစားချက်တွေကို ပန်းချီဆွဲတဲ့ အခါတိုင်း မျက်လုံးကို အရှိတရားထက် ကြီးအောင် ရေးဆွဲပြီး ခံစားချက်ပေါ်လွင်အောင် ဆွဲလေ့ရှိတယ်။ သူ့စကားအတိုင်းဆို " မျက်လုံးဆိုတာ စိတ်ဝိညာဉ်ရဲ့ ...
movie
Big Eyes (2014)
2014
7.8
Fantastic Mr. Fox(2009)
Fantastic Mr. Fox(2009) IMDb...7.8,,,,Rotten....92%Mr. Foxဟာ သတင်းစာဆရာတစ်ယောက်အဖြစ် အသက်မွေးပြီး သိပ်ချစ်စရာကောင်း အမျိုသမီး နဲ့သားလေး Ashတို့နဲ့အတူဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေတယ်...အိမ်ထောင်ရက်သားမကျခင်တုန်းတုန်းက Mr. Fox ဟာ အပေအတေ သူခိုးဖြစ်ခဲ့ပုံရတယ်...တစ်နေ့့ သူ့တူဖြစ်သူအိမ်ကိုအလည်လာ ရောက်လာတဲ့ အချိန်မှာ Mister fox ဟာ အရင်ဗီဇတွေပြန်ပေါ်လာပုံရတယ်...သူ့တူရောက်လာတာခြင်းဟာ သူ့အတွက်လက်ထောက်ကောင်းရပြီဆိုး အရင်က ကြက်ခြံ ဘဲခြံတွေကို ဝင်မွှေခဲ့ဘူးတဲ့ စွန် ့စားခန်း အချိန်တွေ ပြန်ရအောင်ကြိုးစားပါတော့တယ်...အင်မတန် ရက်စက်ပါတယ်ဆိုတဲ့ မွေးမြူရေးခြံပိုင်ရှင် ၃ယောက်နားမှာ အိမ်ဝယ်ပြီး Mister Fox ရဲ့စွန့်စားခန်းတွေ စတင်တဲ့အခါ......Rating 7.8 ရထားပြီး Comedy Adventure အမျိုးအစား Animation ကားကောင်းလေးဖြစ်ပါတယ်...Animation ကားကောင်းကြိုက်တဲ့သူတွေအတွက် ကားကောင်းလေးတစ်ကားပါ...Mr. Fox ရဲ့ အသံကိုတော့ မင်းသားကြီး George Clooneyက သရုပ်ဆောင်ပေးထားပါတယ်...File Size : (800 MB) and (348 MB) Quality ...
movie
Fantastic Mr. Fox(2009)
2009
6.1
S1m0ne
လွန်ခဲ့တဲ့ ၁၀ နှစ် ဝန်းကျင်ခန့်က မြန်မာစာတန်းထိုးတွေ ခေတ်မစားခင်Simone ဆိုတဲ့ ရုပ်ရှင်ကားကို E လို မတက်တစ်ခေါက်လေးနဲ့ ကြည့်ခဲ့ရတယ်အတော်လေးကို သဘောကျခဲ့တာ အဲ့ဒါပြီးပြန်တော့5 Movie စပေါ်တဲ့အချိန် Simone ကို မြန်မာစာတန်းထိုးနဲ့ အနှစ်အရသာအပြည့်ပြန်ကြည့်ခဲ့ရပြန်တယ်...ဒီလိုနဲ့ ပြီးခဲ့တဲ့ နှစ်က ကျနော် ဒီ ရုုပ်ရှင်ကားကိုတော့ဖြင့် CM မှာ တင်မယ်ပေါ့ ဆိုပြီးစိတ်ကူးတယ် အလုပ်တွေလဲ ရှုပ်ရင်းနဲ့ ထပ်မေ့သွားတယ်...အခုတော့ အကြောင်းတိုက်ဆိုင်စွာ သေချာ ဘာသာပြန်ပြီး တင်ပေးမယ်ဆိုပြီးOnline မှာ English စာဖိုင်ကို လိုက်ရှာရင်း မြန်မာတစ်ယောက် ဘာသာပြန်ထားတဲ့Simone ကို ရေကန်အသင့်ကြာအသင့် ရှာတွေ့ခဲ့ပြီး ဘာသာပြန်လဲ ကောင်းမွန်တဲ့အတွက်ပိုင်ရှင်ကို Facebook မှာ လိုက်ရှာပြီး ခွင့်တောင်း CM ကနေ ပြန်လည်တင်ဆက်လိုက်ပါတယ်...ဒီဇတ်လမ်းလေးရဲ့ အကြောင်းကို နည်းနည်းပြောပြချင်ပါတယ်...ဗစ်တာထရန်စကီး ဆိုတဲ့ ရုပ်ရှင်ဒါရိုက်တာကြီးဟာ သူအရမ်းဖီးလ်ဖြစ်တဲ့ ဇတ်လမ်းတစ်ခုကို ရိုက်ဖို့ပြင်ဆင်နေပါတယ် အဲ့ ရုပ်ရှင်ကား ရဲ့ အရှေ့မှာ ရိုက်ခဲ့သမျှ ဟာလဲ အရှုံးပေါ်ခဲ့ပြီးသားပါ ပြောရရင်တော့ဒေဝါလီ ...
movie
S1m0ne
2002
5.8
The Polka King (2018)
ဟောလိဝုဒ်နာမည်ကျော် သရုပ်ဆောင် Jack Black ပါဝင်သရုပ်ဆောင်ထားပြီး IMDb rating 5.9 ရရှိထားသော The Polka King ရုပ်ရှင်သည်Pennsylvania ပြည်နယ်မှ Polka ဂီတဖျော်ဖြေသူအနုပညရှင်တစ်ဦးဖြစ်တဲ့ ဂျန်လီဝင်ရဲ့ အခက်အခဲများကြားမှ ကြိုးကြိုးစားစားဖြင့်ခက်ခဲစွာအောင်မြင်ကျော်ကြားသူတစ်ဦးဖြစ်လာခဲ့ပုံသူ၏ပေါင်းသင်းဆက်ဆံမှုစွမ်းရည် ပါးနပ်မှု ရည်မှန်းချက်ကြီးစွာကြိုးစားခဲ့သဖြင့်အောင်မြင်ခဲ့ပုံကျူ းလွန်ခဲ့သောအမှားများကြောင့်ကျရှုံးခဲ့ပုံ၊ဘဝ၏အတက်အကျ မိသားစု၏အရေးပါပုံ၊ကြိုးစားအားထုတ်မှု၏တန်ဖိုးတို့ကိုရသပေါင်းစုံအဖြစ်ခံစားကြည့်ရှုရမဲ့ Biography / Documentary ဆန်ဆန်ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ်။File Size : (800 MB) and (300 MB) Quality : WEBRip 720p Running Time : 1hr 35min Format : Mp4 Genre :Biography, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source : iNTERNAL.1080p.WEB.x264-STRiFE Translated by Htet Myet Encoded by Thanhtike Zaw
movie
The Polka King (2018)
2018