Channel Myanmar

Janardhanan

Oru Yamandan Premakadha (2019) 5.1
Oru Yamandan Premakadha (2019) Oru Mandan Premakadha (2019)"မီးတောက်ငယ်လေးတစ်ခု"ဒီတစ်ခေါက်‌တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDb rating မှာ 5.1 ရရှိထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးဟာဆိုရင်တော့ဖြင့် B.C Noufal ရိုက်ကူးထားပြီး 2019 မှာ ထွက်ရှိခဲ့တဲ့ မလေယာလမ်စကားပြော အချစ်ဟာသဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာတော့ မင်းသား Dulquer Salmaan ဟာ ချမ်းသာတဲ့ မိသားစုကနေ မွေးဖွားလာပြီး သူငယ်ချင်းတွေနဲ့အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ လူငယ်လေး လာလူအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ လာလူဟာ ဆေးသုတ်သမားတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုရင်း သူ့ရဲ့ သူငယ်ချင်းတွေနဲ့ အတူတူ ပျော်စရာတွေ မကောင်းမှုတွေ တူတူလုပ်လိုက်နဲ့ တစ်ရက်တစ်ရက် အချိန်ကုန်ဆုံးလေ့ ရှိပါတယ်။လာလူဟာ လူငယ်သဘာဝ ပျော်တတ်ပါးတတ်ပေမဲ့ မိသားစုနဲ့ ပတ်သက်ရင်တော့ အလေးထားတတ်သလို ဖခင်ဖြစ်သူရဲ့ ဆန္ဒတွေကိုလည်း အလေးထားပါတယ်တဲ့။ တစ်နေ့မှာတော့ သတင်းစာတစ်ခုကနေ ပျောက်ဆုံးနေတဲ့ အမျိုးသမီးလေး တစ်ယောက်ကို မြင်ပြီး ချစ်မိသွားပါ‌ေတာ့တယ်။ ဘယ်ကမှန်းမသိ ဘယ်လိုလူမှန်းမသိတဲ့ မိန်းကလေးဖြစ်သူ ဒီယာကို ချစ်မိသွားတဲ့အခါ စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ရင်း ...
movie

Oru Yamandan Premakadha (2019)

2019
Voice of Sathyanathan (2023) 6.9
Voice of Sathyanathan (2023) Voice of Sathyanathan (2023) (IMDb 7.2/10)ရယ်ရယ်မောမောနဲ့ အက်ရှင်အကွက်တွေကို ကြည့်ရှုလို့ရ‌မယ့် ဇာတ်‌လမ်းကောင်းလေးကို စောင့်မျှော်နေတာဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်ကြည့်လိုက်ပါနော်။မင်းသားကြီး Dileepရဲ့ ရယ်ရမလိုလို ငိုရမလိုလို သရုပ်ဆောင်ချက်တွေကိုလည်း ကြည့်ရှုခံစားနိုင်မယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ဇာတ်ကောင်"ဆပ်သရာနာသ်"တစ်ယောက်ကတော့ ပေါက်ပန်းလေးဆယ်ပြောတတ်တဲ့တစ်ယောက်ဖြစ်ပါတယ်။ ပြောချင်တာပြောပြီးလို့ ပြဿနာတွေတတ်လာရင် ဒရာမာတွေခင်းပြီး ဖြေရှင်းလို့ရမယ်လို့ ယုံကြည်ထားတဲ့သူတစ်ယောက်။တစ်နေ့မှာတော့ အရမ်းကြီးတဲ့အမှုကိစ္စတစ်ခုမှာ မထင်မှတ်ပဲပါသွားမိရာက.... ပတ်ဝန်းကျင်က ပြဿနာတွေကို ဒရာမာအမျိုးမျိုးခင်းဖြေရှင်းလို့ရပေမဲ့ ရဲတွေနဲ့ကျရင်ရော ဒရာမာတွေခင်းခွင့်ရပါဦးမလား... ဒါ့အပြင် တွဲဖက်တွေနဲ့ ဟန်ချက်ညီညီဟာသရုပ် သရုပ်ပေါ်အောင်တစ်မျိုး thriller ပုံစံတစ်မျိုး ပေါ်အောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးကို ဇာတ်အိမ်ထဲမျောရင်းတစ်ခါတည်း ကြည့်လိုက်ကြရအောင်ပါ....ဒီဇာတ်လမ်းလေးကိုတော့ CM Bollywood Team မှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။ File size… 2GB  / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Voice of Sathyanathan (2023)

2023
Paappan(2022) 6.8
Paappan(2022) Paappan 2023ယခုတစ်ခါတင်ဆက်ပေးမဲ့ကားလေးကတော့ မှုခင်း Thriller ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအစကနေအဆုံးထိ တရားခံကို သိတာလိုလိုမသိတာလိုလို မိတော့မှာလိုလို မမိတော့ဘူးလိုလိုနဲ့ ဖမ်းရခက်ပြီး အန္တရာယ်များတဲ့ ကွင်းဆက်စိတ္တဇလူသတ်သမားတစ်ယောက်ကို ကြည့်ရှုရမှာပါဇာတ်လမ်းအစမှာ တောနက်တစ်နေရာက အိတ်ထဲထည့်ဆွဲထားတဲ့ အလောင်းတစ်ခုကို တွေ့ရှိရကစပါတယ် အဲ့အမှုကို တာဝန်ယူရတာက ရဲအရာရှိဗင်ဆီအေဗရာဟမ် ဖြစ်ပါတယ်အဲ့အလောင်းနားမှာ နာမည်ကြီးမင်းသားတစ်ယောက်ရဲ့ ကားတွေဖုန်းတွေကိုတွေ့လို့ မင်းသားကိုသတ်တဲ့အမှုလို့ထင်လိုက်ပေမဲ့ မထင်မှတ်ပဲ ကွင်းဆက်လူသတ်မှုတစ်ခုဖြစ်နေတဲ့အခါ ဒီအမှုက ရဲမေဗင်ဆီအတွက်တင်မက အတိတ်က ရဲဟောင်းသူ့အဖေမစ္စတာအေဗရာဟမ်နဲ့ပါ ပတ်သတ်လာတဲ့အခါ ဇာတ်လမ်းအစကနေအဆုံး ‌ရင်တမမနဲ့ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်လို့ မှုခင်းစုံထောက်ကားကြိုက်သူတွေအတွက် လက်မလွှတ်သင့်ကြောင်း ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ် File size…2.43GB / 1.2GB Quality…1080p HD RIP/ 720p Format…mp4 Duration….2h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder...YK Translated by Nyein~Sai~Yunni~BpL
movie

Paappan(2022)

2022