Channel Myanmar

James Franco

Oz the Great and Powerful (2013) 6.3
Oz the Great and Powerful (2013) သက္ကရာဇ် ၁၉၀၅ ခုနှစ်မှာ အော်စကာ လို့အမည်ရတဲ့ မျက်လှည့်ဆရာတစ်ယောက်ဟာ လေမုန်တိုင်းတိုက်ခံရတာကနေတစ်ဆင့် The Land of OZ ခေါ်တဲ့နေရာကို ရောက်ရှိသွားပါတယ်။ သူရောက်ရှိသွားတဲ့ နေရာမှာ သီအိုဒေါဆိုတဲ့ မိန်းမလှလေး နဲ့ တွေ့ ဆုံခဲ့ပါတယ် အဲ့မိန်းမလှလေးက အော်စကာ ဟာဆိုရင် သူတို့ရဲ့ မြေကို ရက်စက်တဲ့ စုန်းမကြီးလက်ထဲက နေကယ်တင်မဲ့ ဟောကိန်းလာ မှော်ဆရာကြီးလို့ ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ အော်စကာဟာ မှော်ပညာတက်တဲ့ သူတစ်ယောက် မဟုတ်ပဲ သာမန် မျက်လှည့်ဆရာလေးဖြစ်ပါတယ်။ဒီလိုနဲ့ အော်စကာဟာဆိုရင် နန်းတော်ကို ရောက်သွားပြီး သီအိုဒေါရဲ့ အစ်မ ဘုရင်မတို့နဲ့ တွေ့ဆုံ ခဲ့ပါတယ်။ ထို့နောက် မှာတော့ အော်စကာဟာ စုန်းမကြီးကို နှိမ်နှင်းပေးဖို့ ကတိပေးပြီး ဟန်ကိုယ့်ဖို ဆိုသလို ထွက်လာခဲ့ပါတယ်။ဒါပေမဲ့ စုန်းမကြီး နေထိုင်တဲ့နေရာကိုရောက်တော့ သူထင်နေသလို စုန်းမကြီး မဟုတ်တဲ့အပြင် ...
movie


2013
127 Hours (2010) 7.6
127 Hours (2010) ကဲဗျာ ဒီတစ်ခါတော့ ဖြစ်ရပ်မှန််ဇာတ်လမ်းကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဗျဇာတ်လမ်းလေးက တော့ IMDb rating 7.6 ထိရရှိထားပြီးတော့၂၀၁၁ အော်စကာမှာ Best picture နဲ့ အတူတခြား ဆု၆ဆုကိုလညး်အမည်စာရင်းဝင်ထားပါသေးတယ်လမ်းလျှောက်သမား အာရွန် ရဲ့ ခရီးရှည်လမ်းလျှောက်မှုမှာကြုံတွေ့ရတဲ့ မတော်တဆ ဖြစ်ရပ်ကိုအသက်သွင်းရိုက်ကူးထားတာဖြစ်ပြီးတော့မတော်တဆမှုမှာ အာရွန်တယောက် ရှိတဲံ ပစ္စည်းလေးနဲ့ပဲအခက်အခဲတွေကိုကျော်ဖြတ်ခဲ့ပုံတွေကိုတင်ဆက်ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ အစပိုင်းမှာတော့မိသားစုဘဝ ပဋိပက္ခတွေကိုပဲ ရိုက်ပြထားပြီးတော့နောက်ပိုင်းမှာတော့ ဇာတ်လမ်းက တဖြေးဖြေး Tempoမြင့်လာပြီး အာရွန်တယောက် အသက်ရှင်ဖို့အတွက်ရုန်းကန်မှုတွေကို ရင်တသတ်သတ်နဲ့ကြည့်ရှူကြရမှာဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ Canyonland ကာကွယ်တောကိုအာရွန်တယောက် ခရီးရှည်လမ်းလျှောက်ရန်ထွက်လာခဲ့ပြီး တောထဲကိုတစတစနဲ့ ဝင်ရောက်လာခဲ့ပါတယ်ဒီလိုနဲ့ လမ်းမှာ လမ်းပျောက်နေတဲ့ ခရီးသွားဖော်မိန်းမချောလေး ၂ယောက်နဲ့ တွေ့မိခဲ့ပြီး လမ်းပြခဲ့ကာအာရွန်တယောက် ခရီးကိုဆက်ခဲ့ပါတယ်ဒီလိုနဲ့ မထင်မှတ်ထားတဲ့ ကံဆိုးမှုတစ်ခုကြောင့် အာရွန်တယောက်လျှိုထဲကို ချော်ကျသွားခဲ့ပြီး လက်က ကျောက်ဆောင်ကြားထဲကို ညှပ်သွားပါတော့တယ် ကဲ အာရွန်တယောက်သူ့လက်ထဲမှာရှိတဲ့ခရီးသွား အသုံးအဆောင်ပစ္စည်းလေးတွေနဲ့လွတ်မြောက်အောင် စွမ်းဆောင်နိုင်ပါ့မလားဘယ်လိုများလွတ်မြောက်သွားမလဲအစာငတ်ရေငတ်နဲ့ ဒီ ၁၂၇ နာရီကိုကောတောထဲမှာတယောက်ထဲဘယ်လိုများဖြတ်သန်းခဲ့သလဲဆိုတာကိုတော့ပရိတ်သတ်ကြီးကပဲဆက်လက်ကြည့်ရှူလိုက်ပါတော့ဗျာ :D 
movie

127 Hours (2010)

2010
Spring Breakers (2012) 18+ 5.3
Spring Breakers (2012) 18+ လူမှာအကြမ်းဖျင်းအားဖြင့် စရို်က်နှစ်မျိုးခွဲနိုင်မယ်။ ကောင်းမှု 'သုစရိုက်' (Wholesome)ကို အားသန်သူနဲ ့မကောင်းမှု 'ဒုစရိုက်' (Unwholesome)ကို အားသန်သူ.. ဒီမှာ လူတွေက စိတ်လှုပ်ရှားမှု (Emotion)ကို အခြေခံတဲ့ မကောင်းမှုဘက်ကို အားသန်ပျော်မွေ့တတ်ကြတယ်..။ ကောင်းမှုက အတွေး(Thinking)ဘက် ကဲအလေးပေးရတော့ လုပ်ဖို့ကို အချိန်ယူရတတ်တဲ့ သဘောရှိတယ်။Spring Breakers ဇာတ်ကားမှာ ဒါကို လေးလေးကဲကဲကိုဖော်ပြထားခဲ့တယ်၊ မင်းသားက ဂျိမ်းစ်ဖရန်ကို (Rise of the Planet of the Apes)၊ မင်းသမီးတွေက ဗန်နက်ဆာဟက်ဂျန်စ်(High School Musical)၊ ဆယ်လီနာဂိုမက်စ်(Monte Carlo)၊အက်ရှ်လေဘန်ဆန် (Supernatural)..၊ မိန်းကလေး သူငယ်ချင်း(၄)ယောက် နွေဦးအပျော်ခရီး (Spring Break) ထွက်တာကနေဘဝတစ်ချိုးကြုံတဲ့ အကြောင်း..၊ အပျော်တစ်ခုကနေ အပျက်ဘက်ရောက်သွားပုံ..၊ နောက်အမေရိကန်တွေရဲ့ အဆုံးစွန်ကာမဂုဏ်အာရုံခံစားမူ၊ မူးယစ်ဆေးဝါး(Drugs)၊ အရက်ယမကာ(Alcohols)နဲ့ လိင်ဆက်ဆံမှု(Sexual pleasure)..၊ အဲဒါတွေဘယ်လိုခံစားလဲဆိုတဲ့ အပြတွေက ထင်းထင်းပြက်ပြက်ရှိလွန်းလှတယ်..၊ အဘွားအုပ်ထိန်းမှုအောက်မှာ အဆုံးအမတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ဂိုမက်စ် ရဲ့ အပျော်တစ်ခုမှာ စိတ်မရဲတရဲနဲ့၊ သူ့ပျော်ပုံက ခပ်ထောင့်ထောင့်ရှိပုံ.. အပျော်တစ်ခုမှာစိတ်လွတ်ကိုယ်လွတ် ပျော်တတ်တဲ့ ဟက်ဂျန်စ် နဲ့ ဘန်ဆန် တို့ရဲ့ စူးရဲကြမ်းရှတဲ့ သရုပ်ဆောင်ပုံတွေ၊ နောက် ဇာတ်ကားအစ မိနစ်(၄၀)လာက်မှ ဖြတ်ဝင်လာတဲ့ ဖရန်ကို၊ ...
movie

Spring Breakers (2012) 18+

2012