Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
James DuMont
7.0
The Banker(2020)
The Banker(2020)IMDb...7.0,,,Rotten...74%(Unicode)ကလေးဘဝကတက်ဆက်ဇ်မြို့မှာဖိနပ်တိုက်သမားအဖြစ်နဲ့ အလုပ်လုပ်ရတဲ့ လူမည်းလေးဘာနာ့ဒ်ဂါရက်တ်ဟာ ဉာဏ်စွမ်းဉာဏ်စနဲ့ပြည့်စုံပြီး ပါရမီပါတဲ့အတွက် ဖိနပ်တိုက်ရင်းကြားရတဲ့စကားတွေကို သေချာလေ့လာမှတ်သားရင်း ပညာဝမ်းစာဖြည့်ပါတယ်..... သူအရွယ်ရောက်လာတော့ လော့စ်အိန်ဂျယ်မြို့ကိုပြောင်းလာရင်း ဂျိုးဆက်မောရစ်ဆိုတဲ့ လူမည်းတစ်ယောက်နဲ့တွေ့ပြီးတော့ စပ်တူအိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ဖို့ဖြစ်လာခဲ့ပါတယ်.... ဒါပေမယ့် လူမည်းတစ်ယောက်ကိုဘယ်သူမှ အဖက်လုပ်မဆက်ဆံခြင်ကြတဲ့အတွက် သူတို့အခက်အခဲက တကယ့်ကို ကြီးမား လွန်းပါတယ်...သူတို့ (၂) ဘယ်လို ဉာဏ်နီ ဉာဏ်နက်တွေ ထုတ်ပြီး ရှေ့ဆက်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး..... ဒီဇာတ်ကားကတော့ ၁၉၅၀ခုနှစ်ကျော်ကျော်က အမေရိကန်နိုင်ငံမှာ လူမျိုးရေးခွဲခြားမှုတွေ ဖြစ်နေချိန်မှာ ဘဏ်တစ်ခုကိုဝယ်ပြီးတော့ လုပ်ငန်းလုပ်ကိုင်ဖို့ကြိုးစားတဲ့ လူမည်းနှစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန်အပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်... မှတ်သားစရာများစွာပါရှိသလို သူတို့ရဲ့ကြိုးစားပုံတွေလည်းတကယ့်ကို အတုယူစရာပါပဲ... အဓိက သရုပ်ဆောင်ဖြစ်တဲ့ Samuel L. Jackson, Nicholas Hoult နဲ့ Anthony Mackie တို့ကိုတော့ အတော်များများသိကြမှာပါ.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့ K နဲ့ MarTizasပဲဖြစ်ပါတယ်(zawgyi)ကလေးဘဝကတက်ဆက်ဇ်မြို့မှာဖိနပ်တိုက်သမားအဖြစ်နဲ့ အလုပ်လုပ်ရတဲ့ လူမည်းလေးဘာနာ့ဒ်ဂါရက်တ်ဟာ ဥာဏ်စွမ်းဥာဏ်စနဲ့ပြည့်စုံပြီး ပါရမီပါတဲ့အတွက် ဖိနပ်တိုက်ရင်းကြားရတဲ့စကားတွေကို သေချာလေ့လာမှတ်သားရင်း ပညာဝမ်းစာဖြည့်ပါတယ်..... သူအရွယ်ရောက်လာတော့ လော့စ်အိန်ဂျယ်မြို့ကိုပြောင်းလာရင်း ဂျိုးဆက်မောရစ်ဆိုတဲ့ လူမည်းတစ်ယောက်နဲ့တွေ့ပြီးတော့ စပ်တူအိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ဖို့ဖြစ်လာခဲ့ပါတယ်.... ဒါပေမယ့် လူမည်းတစ်ယောက်ကိုဘယ်သူမှ အဖက်လုပ်မဆက်ဆံခြင်ကြတဲ့အတွက် သူတို့အခက်အခဲက တကယ့်ကို ကြီးမား လွန်းပါတယ်...သူတို့ (၂) ဘယ်လို ဥာဏ်နီ ဥာဏ်နက်တွေ ထုတ်ပြီး ရှေ့ဆက်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး..... ဒီဇာတ်ကားကတော့ ၁၉၅၀ခုနှစ်ကျော်ကျော်က အမေရိကန်နိုင်ငံမှာ လူမျိုးရေးခွဲခြားမှုတွေ ဖြစ်နေချိန်မှာ ဘဏ်တစ်ခုကိုဝယ်ပြီးတော့ လုပ်ငန်းလုပ်ကိုင်ဖို့ကြိုးစားတဲ့ လူမည်းနှစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန်အပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်... မှတ်သားစရာများစွာပါရှိသလို သူတို့ရဲ့ကြိုးစားပုံတွေလည်းတကယ့်ကို အတုယူစရာပါပဲ... အဓိက ...
movie
The Banker(2020)
6.3
Spenser Confidential (2020)
Confidential(2020) အားလုံးစောင့်မျှော်ခဲ့ကြတဲ့ မင်းသားMark Wahlberg ရဲ့ Spenser Confidential ရုပ်ရှင်ဖြစ်ပါတယ်။အမေရိကန် comedy-thriller ရုပ်ရှင်အမျိုးအစားပါ။ဒါရိုက်တာ Peter Berg ရိုက်ကူးထားပြီးNetflix Production က ထုတ်လုပ်ဖြန့်ချီထားပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် Mark Wahlberg ရဲ့ ပထမဦးဆုံး Netflixရုပ်ရှင်ကားပါ။အမေရိကန်ရက်ပ်ပါ Post Malone တစ်ယောက် ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ဒီဇာတ်လမ်းမှာ ဘော်စတွန်မြို့ရဲ့ရဲအရာရှိတစ်ယောက်ဖြစ်တဲ့Spenser ဟာ အကျင့်ပျက်ခြစားနေတဲ့ သူ့အထက်အရာရှိကိုကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ ထောင်ထဲမှာ ငါးနှစ်နေခဲ့ရတယ်။Spenser က ထောင်ကထွက်လာပြီးတဲ့အချိန်မှာ ဘော်စတွန်မြို့ကနေထွက်သွားပြီးထရပ်ကားမောင်းသူအဖြစ် ဘဝအသစ်ပြန်စတော့မှာပါ။ဒါပေမယ့် သူ ထောင်ကထွက်လာပြီးတဲ့ နောက်နေ့မှာရာဇဝတ်မှုတစ်ခုရုတ်တရက်ပေါ်ပေါက်လာခဲ့တယ်။အဲ့ဒီရာဇဝတ်မှုရဲ့ ရှုပ်ထွေးပွေလီမှုကို တွေ့ရှိလိုက်ရတဲ့Spenser တစ်ယောက် အမှန်တရားကို ဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ File ...
movie
Spenser Confidential (2020)
7.3
သမားရိုးကျနိုင်လွန်းတဲ့ သို့ ပုံစံခွက်ထဲအများစုဝင်တဲ့ ဇာတ်လမ်းအမျိုးအစားထဲမှာ disaster/survival ရုပ်ရှင်များလည်း ပါပါတယ်။ Titanic, The day after tomorrow တို့လိုကားတွေ လူကြိုက်များခဲ့၊ အောင်မြင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ ဒါမျိုးကားတွေ သိပ်အလုပ်မဖြစ်ခဲ့ကြတာကိုတွေ့ရပါတယ်။ ဥပမာ World Trade Centre, Poseidon တို့လိုကားတွေ။ ဒီလိုဇာတ်ကားများမှာ ဖော်မျူလာကျ ဇာတ်ကြောင်းပြောတဲ့ပုံက ကျွန်တော်တို့နဲ့အတော်ကျွမ်းဝင်နေခဲ့ပြီ။ အစပိုင်းမှာ Victims ဖြစ်လာကြမယ့်သူတွေရဲ့ မိသားစုဘဝတွေကိုပြမယ်။ ဒါဟာ နောက်ပိုင်းမှာ ဇာတ်ကောင်ကိုပိုမိုကရုဏာသက်စေဖို့အထောက်အကူပြုတယ်။ ဇာတ်ကားအလယ်လောက်မှာ ဘေးဆိုးကြီးနဲ့မိတ်ဆက်ပေးမယ်။ သေကြ၊ ကြေကြ၊ ပျက်ဆီးကြမယ်။ ကိုယ်ကျိုးစွန့်အနစ်နာခံကြမယ့် သူရဲကောင်းတွေပါမှာဖြစ်သလို တစ်ဘို့သမား ဗီလိန်များလည်းပါရလိမ့်မယ်။ ဒီလို ပုံစံကျရှိနေတဲ့ ဇာတ်လမ်းအမျိုးအစားမို့လို့ ပရိသတ်တွေရိုးအီလာတာရှိမှာဖြစ်သလို ဒီပုံစံမှာ ဆက်လက် ရင်ခုန်ခံစားချင်၊ စီးမျောချင်တဲ့ပရိသတ်လည်းရှိဦးမှာပါပဲ။ အဲလိုဇာတ်ကားအများစုက ဖြစ်ရပ်မှန်တွေဖြစ်နေတတ်တာကတော့ ပရိသတ်ကိုစွဲငြိစေတဲ့အချက်တစ်ချက်လို့ထင်မိပါတယ်။ Deepwater Horizon ဟာလည်း 2010 ကဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်တစ်ခုဖြစ်ပါတယ်။ Deepwater Horizon ဆိုတဲ့ ပင်လယ်ရေနံတူး Rig ကြီးဟာ မက္ကဆီကိုပင်လယ်ကွေ့မှာ မတော်တဆ မီးလောင်ပေါက်ကွဲခဲ့ပြီး အမေရိကန်ရဲ့ အဆိုးရွားဆုံး လောင်စာဆီဖိတ်စင်မှုကြီးဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြီးအပေါ် သေချာလေ့လာရေးသားထားတဲ့ New York Times ကဆောင်းပါးကိုအခြေခံကာ ဒီရုပ်ရှင်ကိုရိုက်ကူးခဲ့တာပါ။ ဒါကြောင့်မို့လို့လည်း အချက်အလက်ပိုင်းဆိုင်ရာ တိကျတယ်လို့ ...
movie
DeepWater Horizon (2016)
2016