Channel Myanmar

Jaffer Idukki

Cheena Trophy (2023) 7.1
Cheena Trophy (2023) Cheena Trophy (2023)"ချစ်လက်ဆောင်"ဖခင်လက်ထက်က စတင်လုပ်ကိုင်ခဲ့တဲ့ မုန့်တိုက်လေးကို ဆက်လက်အမွေခံရင်း ရုန်းကန်နေရတဲ့ ရာဂျက်ရှ်ဆိုတဲ့ အမျိုးသားတစ်ယောက်ရှိပါတယ်။စားသုံးသူတချို့ သူ့မုန့်စားမိလို့ ဝမ်းပျက်ဝမ်းလျှောဖြစ်လို့ ဖြေရှင်းရတာတင်မက လုပ်ငန်းလိုင်စင်ယာယီပိတ်သိမ်းခံရပြီး မုန့်ကို စစ်ဆေးကြည့်လို့ မုန့်မှာ ဘာပြဿနာမှမရှိတဲ့တိုင်အောင် နစ်နာသူက စွဲချက်တင်လို့ လုပ်ငန်းလိုင်စင်ပြန်ရအောင် ကြိုးစားလို့မှမဆုံးသေးခင် ဘဏ်ကနေလည်း ချေးငွေပြန်မဆပ်နိုင်ရင် ပိုင်ဆိုင်သမျှ သိမ်းတော့မယ့်အဖြစ်ကို ကြုံနေရပါတယ်။ဒါပေမဲ့ တစ်နေ့မှာ ချန်ချောင်ဆိုတဲ့ တရုတ်မလေးတစ်ယောက် ရောက်လာပြီး ရွာလေးကို တမျိုးတဖုံပြောင်းလဲစေခဲ့ပါတော့တယ်။ ဒုက္ခပင်လယ်ဝေနေတဲ့ ရာဂျက်ရှ် တစ်ယောက်အတွက်ရော ဘယ်လိုပြောင်းလဲလာမလဲ ဒီတရုတ်မလေးရဲ့ နောက်ခံဇာတ်ကြောင်းကရော ဘယ်လိုလာဦးမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်ခင်ဗျ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျာ။) File size… 2.17GB / 1.1GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Cheena Trophy (2023)

Mayavanam (2024)
Mayavanam (2024) Mayavanam (2024)ဆေးကျောင်းသားလေးယောက်စွန့်စားခန်းဆေးကောလိပ်တစ်ခုက ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ‌ဖြစ်ကြတဲ့ ရှန်ကူ ၊ မာလူ ၊ တိုင်ဆက် ၊ လာချူးတို့ လူငယ်လေးယောက်က ကျောင်းသားအရေး ကျောင်းအရေးတွေမှာ တက်တက်ကြွကြွလှုပ်ရှားကြတဲ့ လူငယ်လေးယောက် ။တစ်နေ့ဆေးနဲ့ပတ်သတ်တဲ့ ကမ်ပိန်းသွားလုပ်ရင်း လူမိုက်တစ်ဖွဲ့နဲ့ပြဿနာဖြစ်လာတယ် ၊ အဲဒီလူမိုက်အဖွဲ့ထဲမှာ အကောင်ကြီးကြီးအနွှယ်တွေပါနေတာကြောင့် ကျောင်းအုပ်ကြီးက ပြဿနာတွေရှုပ်မလာအောင် သူတို့လေးယောက်ကို သူ့သူငယ်ချင်းရဲ့ အပန်းဖြေအိမ်ကို ခဏပို့လိုက်တယ်အဲဒီသွားတဲ့လမ်းမှာလည်း မဟုတ်မခံဇာတ်ဇာတ်ကြဲလေးလာချူးက သူ့လာကြောင်တဲ့အကောင်တစ်ကောင်နဲ့ ပြဿနာထပ်ဖြစ်ရော ။ရှောင်တယ်လို့မတွေးဘဲ ကျေးလက်မှာခဏပျော်ကြမယ်လို့တွေးပြီးရောက်လာတဲ့ သူတို့လေးယောက်ဆီ မထင်မှတ်ထားတဲ့‌အန္တရာယ်တွေရောက်လာချိန်မှာတော့.......အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni တို့ပဲဖြစ်ပါတယ် File size… 2.2GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Yunni
movie

Mayavanam (2024)

2024
Little Hearts (2024) 7.1
Little Hearts (2024) Little Hearts 2024 ငယ်နုတဲ့နှလုံးသားနေ့စဉ်ဘဝရဲ့ပြဿနာတွေကြားမှာ ဟာဒယရွှင်ဆေးကို တောင့်‌တနေသူတွေအတွက် မလေယာလမ် အချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဟာသဖောဖောသီသီနဲ့ သားအဖနှစ်ယောက်ရဲ့ ‌အလွဲလေးတွေကို ဟာသနှောပြီးရိုက်ကူးပုံဖော်ထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးရုပ်ရှင်ကြည့်ချင်သူတွေ သဘောတွေ့မှာပါ။မွေးမွေးပြီးချင်းမှာပဲ အမေဆုံးသွားတဲ့ မိတဇိုးလေးစီဘီ၊ အမေမရှိတဲ့ စီဘီရဲ့ဘဝမှာ ဘေဘီကပဲအဖေရော အမေပါ တာဝန်ယူခဲ့ရတာပေါ့။ ဘေဘီအဖေအလုပ်လုပ်တဲ့ စိုက်ခင်းပိုင်ရှင် ဂျွန်ဆန်က အလုပ်ရှင်ရော ငယ်သူငယ်ချင်းပါဖြစ်နေတဲ့သူ့အတွက် သားသမီးတွေလည်း မောင်နှမလို ဖြစ်နေကြတာပါ။ဒါပေမဲ့ အနားယူတဲ့အရွယ်ရောက်ကာမှ ဘေဘီရဲ့နှလုံးသားက တစ်ဖန်ပြန်နိုးထဖို့ဖြစ်လာတဲ့အပြင် ယူကေက ဂျွန်ဆန်ရဲ့သားနဲ့သူကိုယ်တိုင်လည်း အချစ်နဲ့ဆုံတွေ့လာရတဲ့အခါ...(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်) File size… 1.8GB / 973MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Little Hearts (2024)

Mandakini (2024) 6.6
Mandakini (2024) Mandakini 2024 (ငါနဲ့ညားတဲ့ သူများရည်းစား)IMDb-6.8/10 တစ်ရံရောအခါက လူပျိုကြီးအာရိုမာတစ်ယောက်။ တစ်သက်မှာတစ်ယောက်ကိုချစ် သူ့ကိုပဲလက်ထပ်ချင်ပါတယ်ဆိုတဲ့ ကိုလူအေးကြီးပေါ့။အရွယ်ရောက်ရုံမက ကျော်လာတဲ့အချိန်မှာတော့ စိတ်ကူးထဲကချစ်သူလေး အမ်ဘီနီနဲ့တွေ့ပြီး ဘဝကြီးပြည့်စုံသွားပြီလို့ယူဆလိုက်တဲ့သူ။ ဇာတ်လမ်းကတော့ မင်္ဂလာဦးညမှာစတာပဲ သတို့သမီးနဲ့ သတို့သား အရက်ပုလင်းနဲ့ အချိုရည်ခွက် အလွဲလွဲအချော်ချော်တွေဖြစ်ပြီး မှားသောက်မိကြတဲ့အချိန် ထုံးစံအတိုင်းရည်းစားဟောင်းဇာတ်လမ်းတွေ ပြန်ဆွရစ်ကြတော့ သတို့သားကိုလူအေးကြီးက ဘာဇယားမှမရှိခဲ့ပေမဲ့ သတို့သမီးကတော့အရမ်းချစ်ခဲ့တဲ့ရည်းစား‌ဟောင်းဆီကို ခုချက်ချင်းသွားချင်ပါတယ်ဆိုပြီး ထဂျီပါလေရော ။ရိုးရိုးကုပ်ကုပ်မိသားစုကြား အချောအလှလေးကို ဘယ်လိုများရလာတာလဲဆိုပြီး တီးတိုးပြောနေကြရာက အချောအလှအဖိုးတန်သတို့သမီးလေးရဲ့ မင်္ဂလာဦးညစကားတစ်ခွန်းက တစ်မိသားစုလုံး အံ့ဩတုန်လှုပ်သွားကြတော့တာပဲ။ အရိုးခံနဲ့ အချောအလှဘယ်လိုအလွဲတွေနဲ့ ဆက်စခန်းသွားမလဲရှုစားကြည့်ပါဦးအညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ် File size… 2.06GB / 971MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Mandakini (2024)

2024
Jackson Bazaar Youth (2023) 6
Jackson Bazaar Youth (2023) Jackson Bazaar Youth (2023) "မြွေပူရာကင်းမှောင့်"IMDb - 6.0/10 အောက်ခြေလူတန်းစားတွေရဲ့ဘ၀ကို ရိုက်ကူးပုံဖော်ထားတဲ့ မလေယာလမ်းစကားပြော အိန္ဒိယရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဂျက်ဆန်ဘက်ဇာဆိုတာ နှစ်ပေါင်းရာနဲ့ချီပြီး နေထိုင်လာခဲ့ပေမဲ့ မြေကွက်နာမည်ပေါက် မရကြသေးတဲ့ ရပ်ကွက်လေးတစ်ခု။ အဲဒီရပ်ကွက်မှာပဲ ဂျက်ဆန်ဘက်ဇာဆိုတဲ့ ယူကျုချန်နယ်ဖွင့်ထားပြီး ဘုရားကျောင်းပွဲတော်တွေမှာ ထရမ်းပတ်တီးမှုတ်ဖျော်ဖြေတဲ့ အဖွဲ့လေးလည်းရှိတယ်။ရပ်ကွက်ထဲမှာ ဖြစ်သမျှကို ဒိုင်ခံဖြေရှင်းပေးနေကြတဲ့သူတွေဆိုလည်းဟုတ်ပေါ့။ ရပ်ကွက်ကိုပေးနေတဲ့ရေက လာလိုက်မလာလိုက်ဖြစ်နေလို့ သောကများနေကြရတဲ့အထဲမှာ ဟိုက်ဝေးလမ်းမကြီးဖောက်ဖို့ ရပ်ကွက်ဖယ်ပေးရမယ်လို့ သတင်းရာကစ ရဲတွေနဲ့ ရင်ဆိုင်ဖြေရှင်းရဖို့ ပြဿနာကြီးပေါ်လာခဲ့ချိန်မှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ V ~ Suri ~ Alex ~ ToMo ပဲဖြစ်ပါတယ်) File size… 1.6GB / 754MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ V ~ Suri ~ Alex ~ ToMo
movie

Jackson Bazaar Youth (2023)

2023
Pulimada(2023) 5.8
Pulimada(2023) Pulimada (2023) "နွားသိုးကြိုးပြတ်" IMDb - 7.2/10ငယ်ရွယ်စဥ်အခါက အမေဖြစ်တဲ့သူကို တခြားလူတွေက အရူးမကြီးဆိုပြီးတော့ သံကြိုးတွေနဲ့ခတ်ထားပြီး သေဆုံးသွားတာတောင်မှ သံကြိုးတန်းလန်းနဲ့ သေဆုံးသွားခဲ့တာကို မြင်ခဲ့ရတဲ့ သားဖြစ်သူ ဗင်းဆင့်ဟာ သူ့အမေလိုမျိုး သူလည်း မျိုးရိုးလိုက်ပြီး ရူးသွားမှာကို ကြောက်တာနဲ့ အသက်ကြီးတဲ့အထိ အိမ်ထောင်မပြုဘဲ နေခဲ့တဲ့သူပေါ့။စီစဥ်ထားတဲ့ မင်္ဂလာပွဲတွေအကုန်လုံးကို လက်မခံဘဲနေရင်းကနေမှ သူသဘောကျတဲ့ကောင်မလေးကို တွေ့သွားပြီး လက်ထပ်ဖို့အတွက် သူ့ရဲ့ စိတ်အခြေအနေ အဆင်ပြေရဲ့လားဆိုတာကို စိတ်ရောဂါကုဆရာဝန်နဲ့ သွားရောက်ဆွေးနွေးရင်း ဆရာဝန်ရဲ့ အားပေးမှုတွေနဲ့အတူ သူသဘောကျတဲ့ ကောင်မလေးနဲ့ လက်ထပ်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။ဗင်းဆင့်ဟာ သူသဘောကျတဲ့ကောင်မလေးနဲ့ လက်ထပ်ဖို့ ပြင်ဆင်နေရင်းနဲ့ဘဲ နှစ်ယောက်သား ညှိနှိုင်းမှုတွေလုပ်ရင်း အဆင်မပြေတာလေးတွေလည်း ရှိခဲ့ပါတယ်။ ဒီလိုနဲ့ပဲ မင်္ဂလာဆောင်ရမယ့်ရက်လေးကို ရောက်ရှိလို့လာခဲ့ပါတော့တယ်။ လူပျိုသိုးကြီးကိုဗင်းဆင့်ကတော့ သဘောကျတဲ့ကောင်မလေးနဲ့ လက်ထပ်ရတော့မှာဖြစ်တဲ့အတွက် အပျော်ကြီးပျော်နေတော့တာပေါ့။ဒီလိုနဲ့ပဲ သတို့သမီးကို သွားပြီးတော့ ခေါ်တဲ့အချိန်မှာတော့ သတို့သမီးဟာ အိမ်မှာမရှိဘဲ ပျောက်ဆုံးလို့နေပါတော့တယ်။ လူပျိုသိုးကြီးဗင်းဆင့်ဟာလည်း အရှက်ကြီးရှက်ပြီးတော့ ဒေါသထွက်ထွက်နဲ့ မင်္ဂလာပွဲကို ဖျက်ပစ်ခဲ့တော့တာပေါ့။ အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် တောထဲမှာ လူသားစားတဲ့ကျားက ...
movie

Pulimada(2023)

2023
Kadina Kadoramee Andakadaham (2023) 6.6
Kadina Kadoramee Andakadaham (2023) Kadina Kadoramee Andakadaham (2023) IMDb-6.6/10၂၀၁၉ နှစ်ကုန် ၀ူဟန်ကနေ စလိုက်တဲ့ ကိုဗစ်၁၉ဆိုတဲ့ ကိုရိုနာရောဂါပိုးက တကမ္ဘာလုံးကို ရက်ရက်စက်စက် ဒုက္ခပေးသွားခဲ့တယ်။အဲဒီ ကိုရိုနာပိုးက ကျွန်တော်တို့မြန်မာနိုင်ငံဆီကိုလဲ ၂၀၂၀နှစ်ဦးပိုင်းမှာ ဝင်လာခဲ့တယ်။ စစချင်းတော့ Social Distance ပေါ့၊သတ်မှတ်ထားတဲ့ အကွာအဝေးမှာ တဦးနဲ့တဦးခပ်ခွာခွာနေရ။ လက်မှန်မှန်ဆေးရ။ကွာရာန်တင်းတွေဝင်ကြရနဲ့။တဖြည်းဖြည်းဆိုးလာတော့ စီးပွားတွေပျက်ကြ။ မိသားစုဝင်တွေဆုံးရှုံးကြရ။တချို့တွေဆို မိသားစုလိုက် အသက်ဆုံးရှုံးလိုက်ကြရတမျိုးတွေထိ။ဒီကြားထဲမှာ ဝိသမလောဘသားတွေက နှာခေါင်းစည်းမကောင်းတာတွေ ဆေးမကောင်းတာတွေရောင်းကြတာမျိုး စျေးအဆမတန်တင်ရောင်းကြတာမျိုးတွေက ရှိသေးတယ်။ခု တင်ဆက်ပေးမဲ့ မလေယာလမ်စကားပြော ဇာတ်ကားဟာဆိုရင်လည်း ကိုဗစ်ကာလအတွင်း အပေါ်ကလိုမျိုး အဖြစ်အပျက်တွေကို အခြေခံရိုက်ကူးထားတဲ့ ကားတစ်ကားပါ။ဇာတ်လမ်းအကျဉ်း ဘာချူးတယောက် ကိုဗစ်ကာလအတွင်းမှာပဲ စီးပွားရေးလုပ်ငန်းရှင်တယောက် ဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်နေပါတယ်။ အဖေဖြစ်သူက တခြားမြို့မှာ အလုပ်လုပ်တာကြာပြီဖြစ်ပြီး သူ့အနားမှာ မရှိလို့ဆိုပြီး အဖေကို စိတ်နာနေတဲ့သူတယောက်လည်းဖြစ်တယ်။စီးပွားရေးလုပ်ငန်းရှင် ဖြစ်ချင်ပါတယ်ဆိုနေမှ သူကုန်သွယ်တဲ့ နှာခေါင်းစည်းတွေက မကောင်းတာတွေဖြစ်နေရော။အဲလို ပြဿနာတွေကြားထဲမှာမှ တခြားမြို့မှာ ရှိတဲ့ အဖေဖြစ်သူကဆုံး။အလောင်းကို မွေးရပ်ပြန်သယ်ဖို့ကျလည်း ကိုဗစ်ကာလဆိုတော့ သိတဲ့အတိုင်း။အဲဒီလို အဖြစ်အပျက်တွေ၊အစိုးရချမှတ်ထားတဲ့ အတားအဆီးတွေ ဥပဒေတွေ၊ အလုပ်လုပ်ကိုင်ရ ခက်ခဲတဲ့ကိစ္စတွေကို မတမ်းတကောင်းသော်ငြား ပြန်ပြောင်းအောက်မေ့ဖွယ် ဇာတ်လမ်းလေးတပုဒ်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni~Saii~chiclon3~YH~Aditi တို့ပဲဖြစ်ပါတယ်) File size…1.68GB / 838MB Quality…1080p ...
movie

Kadina Kadoramee Andakadaham (2023)

2023
Padavettu (2022) 8.5
Padavettu (2022) Padavettu (2022) ————————————————— အိန္ဒိယနိုင်ငံက စိုက်ပျိုးရေးရွာငယ်လေးတစ်ရွာကိုအခြေတည်ပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ နိုင်ငံရေး action thriller အမျိုးအစားmovie ဖြစ်ပြီး IMDb rating 9/10 ရရှိထားတာဖြစ်ပါတယ် စိုက်ပျိုးရေးကိုပဲ အခြေတည်ပြီး ရှင်သန်စားသောက်နေကြတဲ့ ရွာငယ်လေးမှာ ဒေသနိုင်ငံရေးပါတီပဋိပက္ခတွေကြား ရင်ဆိုင်ကြရတဲ့အခါ..အားကစားသမားbiker တစ်ယောက်ဖြစ်ခဲ့တဲ့ Ravi ဟာ မတော်တဆမှုတစ်ခုကြောင့် လုပ်ချင်ကိုင်ချင်စိတ်မရှိတဲ့ introvert တစ်ယောက်ဖြစ်သွားပါတော့တယ်ဒါပေမယ့် သူ့ဘဝကိုတစ်ဖန်ပြန်ပြောင်းလဲစေတဲ့ ဖြစ်ရပ်တစ်ခုနဲ့ ကြုံလာရတဲ့အခါမှာတော့ ရွာရဲ့လွတ်လပ်ခွင့်အတွက် နိုင်ငံရေးစနစ်ကြီးကို တွန်းလှန်ဖို့ကြိုးစားရပါတော့တယ် .. နိုင်ငံရေးသမားတွေနဲ့ ယှဉ်ပြီး ကြိုးစားနေတဲ့ Ravi တစ်ယောက် ရွာသူရွာသားတွေရဲ့ ထောက်ခံအားပေးမှုကိုရော ရရှိလာမှာလား.. ဘယ်အရာကများသူ့ကို တော်လှန်ရေးသမားတစ်ယောက်ဖြစ်စေဖို့တွန်းအားပေးခဲ့တာလဲ.. စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်လို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်.. File size…2.8GB  / 1.26GB Quality…1080p TRUE WEB DL /720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~HayMan~Go-O
movie

Padavettu (2022)

2022
Heaven (2022) 6.7
Heaven (2022) Heaven(2022) Imdb-6.7/10 ဒီဇာတ်ကားမှာတော့ အခြားဘောလိဝုဒ် လူသတ်သမားရှာဖွေတဲ့ကားတွေနဲ့မတူညီဘဲ လူသတ်သမားလူဆိုးကိုကြိုတင်ပြထားတာတွေ အရိပ်အမြွက်ပြောထားတာတွေနည်းနည်းလေးမှ မရှိတဲ့ စုံစမ်းရေးရဲအရာရှိတစ်ယောက်ရဲ့ အမှုကိုနည်းစနစ်ကျကျလိုက်လံစုံစမ်းဖော်ထုတ်ပုံကို အသေးစိတ်စိတ်ဝင်စားဖွယ်ရိုက်ပြထားတာတွေ့ရမှာဖြစ်ပါတယ်စုံစမ်းစစ်ဆေးရေးရဲအရာရှိပီတာကူရီရှင်းကယ် ‌ တနေ့မှာတောအုပ်ထဲမှာပုပ်ပွသေဆုံးနေတဲ့အလောင်းတစ်လောင်းကို ရှာတွေ့ရာကနေ အဲ့ဒီအလောင်းကနေရနိုင်သမျှသဲလွန်စတွေကိုအသုံးချပြီး လူသတ်သမားကိုလိုက်ဖို့ကြံစည်ပါတော့တယ်ရဲအရာရှိပီတာက ဖြောင့်မတ်ပြီးအလုပ်ကြိုးစားတဲ့ရဲတစ်ယောက်ဖြစ်ကာ သူ့အမေနဲ့သူ့ရဲ့မိတဆိုးသားလေးပဲရှိတဲ့မိသားစုကိုတောင် ‌အချိန်မပေးနိုင်ဘဲ အေးတိအေးစက်‌ဆက်ဆံတတ်တဲ့အလုပ်ကြိုးစားသူတစ်ဦး ဖြစ်ပါတယ် ဒီကားမှာတော့ ဗီလိန်နဲ့ဇာတ်လိုက် battleဆိုင်တာတွေ Tempoအတက်အကျဖြစ်အောင် အဓိကမရိုက်ပြထားဘဲ ရဲအရာရှိတစ်ဦးရဲ့ဘဝကို ထင်ဟပ်စေမဲ့လူမှုရေးတာဝန်လစ်ဟင်းမှုတွေ ဖွင့်မပြောပေမဲ့ခံစားတတ်တဲ့ ဖခင်တစ်ဦးရဲ့မေတ္တာတွေ(စာရေးသူရဲ့ အဖေအတိုင်းပါပဲ)၊ကို ကွက်ကွက်ကွင်းကွင်း အသားပေးရိုက်ပြထားလို့ ကြည့်ရှုသင့်တဲ့ drama mystery ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် File size…1.8GB / 861MB Quality…1080p HQ AVC AAC5.1CH / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Allena & Kham Mon & Kevin Ag & Yunni
movie

Heaven (2022)

2022
Naradan (2022) 7.3
Naradan (2022) Naradan 2022 -------------------------------------- ယခုတစ်ခေါက်မှာတော့ IMDb rating 7.4/10 ရရှိထားတဲ့အိန္ဒိယဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ်။သတင်းမီဒီယာဆိုတာ နိုင်ငံတစ်နိုင်ငံအတွက်အရေးပါသလိုအဆိပ်အတောက်ဖြစ်စေတဲ့ သတင်းတစ်ပုဒ်က ဘယ်လောက်အတိုင်းအတာထိ သွားလဲဆိုတာ အားလုံးပဲသိကြမှာပါ။ဒီဇာတ်ကားလေးထဲမှာတော့ မီဒီယာလောကမှာ နာမည်ကြီးတဲ့ သတင်းတင်ဆက်သူချန်ဒရာပရာကစ်ရှ်ဟာ ရုပ်သံလိုင်းကြည့်ရှုသူမြင့်လာဖို့အတွက် သတင်းရှာရေးဖို့သူဌေးနဲ့ အယ်ဒီတာဆီက အမျိုးမျိုးဖိအားပေးခံနေရသူတစ်ယောက်ပါ။ဒါပေမယ့် တခြားရုပ်သံလိုင်းမှာ သတင်းတင်ဆက်သူအသစ်ကလေး ပရာဒီဟာသူ့ထက်နှာတစ်ဖျားသာပြီး နာမည်ကြီးသတင်းတစ်ပုဒ်ကိုတင်ဆက်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ ချန်ဒရာတစ်ယောက် သူလက်ကိုင်ထားတဲ့ သတင်းတင်ဆက်သူတစ်ယောက်ရဲ့ကိုယ်ကျင့်တရားတွေကို ဖောက်ဖျက်ပြီး လုပ်ကြံဖန်တီးထားတဲ့ အဆိပ်အတောက်သတင်းတွေနဲ့ လူစိတ်ဝင်စားအောင်ရေးသားပါတော့တယ်။အတ္တ လောဘတရားကိုဆုပ်ကိုင်ထားသူကို ဘယ်သူကမှမတားဆီးနိုင်တော့တဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲ ကြည့်ရှူခံစားပေးကြပါဦး။   File size…1GB / 2.3GB Quality…720p WEB DL / 1080p WEB DL Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko & Yunni & Allena
movie

Naradan (2022)

2022
Ajagajantharam (2021) 7.8
Ajagajantharam (2021) Ajagajantharam (2021)Action/Mysteryကြမ်းကြမ်းရမ်းရမ်း အိန္ဒိယရုပ်ရှင်တွေ ကြည့်ချင်တယ်။ ဒါပေမယ့် အိုဗာတင်းမဖျော်ပဲလက်တွေ့ဆန်တဲ့ရိုက်ချက်တွေလည်း လိုချင်တယ်ဆိုပါစို့။ ဒါဆိုရင်တော့လွမ်းခန်း၊ ဆွေးခန်း၊ ချစ်ခန်း၊ ကြိုက်ခန်းတွေမပါပဲ ရင်တထိထိတ်နဲ့ကြည့်ရမယ့်အက်ရှင်ကားကောင်းကို Channel Myanmar ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ည ။ ညဟာ ပုံမှန်ထက် မှောင်မိုက်လာခဲ့။ သာမန်ညတွေမှာ အိပ်စက်အနားယူကြ၊အလုပ်သွားကြနဲ့ လည်ပတ်နေခဲ့တဲ့ တစ်နှစ်တာ ရာသီစက်ဝန်းမှာ ဒီညဟာတော့ပိုပျော်စရာကောင်းခဲ့။ နှစ်စဥ်ကျင်းပလေ့ရှိတဲ့ Aranjali ရဲ့ဘုရားပွဲနေ့ဖြစ်တာကြောင့်ပေါ့ဗျာ။လူတွေဟာ ဝတ်ကောင်း၊ စားလှတွေဝတ် မီးရောင်စုံတွေ၊ စျေးဆိုင်တန်းလေးတွေ၊ဂီတသံတွေညံစီနေတဲ့ ပွဲစျေးထဲ လည်ပတ်ရင်း ပျော်ရွှင်နေခဲ့ကြတာပေါ့။ဒါပေမယ့် ဒီနှစ် Aranjali ဘုရားပွဲရဲ့အခြေအနေကတော့ရီမောသံတွေအစား ဆဲဆိုသံတွေ ညံပြီး သွေးသံတရဲရဲပေါ့။ ဆင်တစ်ကောင်ရယ်၊နံမည်ဆိုးနဲ့ကျော်ကြားတဲ့ ရာဇဝတ်သားလူမိုက်တွေရယ်၊ လက်ရဲဇက်ရဲလို့ဆိုရမယ့်လူငယ်တချို့ရယ်၊ ပြီးတော့ ပြဇာတ်အကတစ်ဖွဲ့ရယ် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြတဲ့ညပေါ့။ရဲကားသံတွေလည်း တဝီဝီ၊ ပြေးတဲ့လူကပြေးနဲ့ ဖရိုဖရဲအခြေအနေကို စိတ်လှုပ်ရှားဖို့ကောင်းအောင် ကြည့်ရမှာပါ။ဒီကဘုရားပွဲတို့၊ ပျော်ပွဲရွှင်ပွဲတို့မှာဖြစ်လေ့ရှိတဲ့ ရန်ပွဲတွေလိုမျိုးပါပဲ။ ဒါပေမယ့် ထူးခြားတာက ဆင်တစ်ကောင်ကိုထည့်ရိုက်ထားတဲ့နေရာမှာ အိန္ဒိယတို့ရဲ့ အစဥ်အလာအတိုင်း ...
movie

Ajagajantharam (2021)

2021
Nayattu (2021) 8.2
Nayattu (2021) [Unicode]Nayattu (2021) ========== IMDb Rating - 8.2ရဲအရာရှိသုံးယောက်နဲ့ လူတစ်ယောက်က မင်္ဂလာဆောင်က အပြန်မှာ ဆိုင်ကယ်စီးလာတဲ့သူကို ကားနဲ့ဝင်တိုက်မိသွားပါတယ်။ ကားမောင်းတဲ့လူက ကားပေါ်မှာပါလာတဲ့ ရဲအရာရှိရဲ့ တူဖြစ်ပြီးတော့ သူက ကြောက်ပြီး ထွက်ပြေးသွားပါတယ်။သေဆုံးသွားတဲ့သူက ဇာတ်နိမ့်မျိုးရိုးဖြစ်တာကြောင့် ဝန်ကြီးချုပ်က တရားခံကိုဖမ်းမိဖို့ ဖိအားပေးပါတော့တယ်။ နိုင်ငံရေးအမြတ်ထုတ်ချင်တာကြောင့် ဝန်ကြီးချုပ်က အပြစ်မရှိတဲ့ ရဲအရာရှိ၃ယောက်ကို တရားခံလို့ စွပ်စွဲပြီး ဇာတ်နိမ့်လူတန်းစားတွေရဲ့ မေတ္တာကို ခံယူလိုက်ပါတယ်။ "မှန်ကန်ရိုးသားတဲ့ရဲတွေက အမြဲပြဿနာကြုံရတယ်။ မရိုးသားတဲ့ရဲတွေကတော့ ဝန်ထမ်းကောင်းဆုကို ရသေးတယ်" ဆိုတဲ့ စကားအတိုင်း လောကကြီးမှာ အမှန်တရားက တစ်ခါတရံမှာ ပေါ်ချင်မှလည်း ပေါ်လာတတ်ကြောင်း ထိထိမိမိရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mya ပါ ) Quality__Web-DL 1080p , 720p IMDb Rating__8.2/10 Format__mp4 Duration__02:04:00 Type__Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Mya Encoded by Naing Aung Latt
movie

Nayattu (2021)

Jallikattu(2019) 8.5
Jallikattu(2019) Jallikattu(2019)အၫႊန္း******************IMDb...8.5ရွာတစ်ရွာမှာကျွဲသားတွေပေါ်ပြီးရောင်းတဲ့ဆိုင်ဆိုလို့ တစ်ဆိုင်ပဲရှိတယ် သူတို့ဆီမှာက ကျွဲသားဆိုတာအထင်ကရဟင်းလျာတစ်ခုလို ပလောပီနံနဲ့တွဲဖက်ပြီး ချက်ပြုတ်ကြတယ်.... ကျွဲကိုပေါ်ရောင်းပြီးဆိုတာနဲ့ ရွာသားအားလုံးက အလုအယက်ဝယ်ကြတာပေါ့ တစ်နေ့မှာကျွဲတစ်ကောင်ကိုပေါ်မလို့လုပ်နေတုန်း အဲ့ကျွဲဟာကစုန်ပေါက်ပြီးလွတ်ထွက်သွားတယ်....လွတ်သွားတဲ့ ကျွဲဟာ အရိုင်းဆန်လွန်းတဲ့အပြင် သန်မာလွန်းအားကြီးတယ်....အဲ့ဒါမှ တကယ့် ရွာပျက်တယ်ခေါ်တာ... ဘယ်လိုတွေရွာပျက်ကြလဲဆိုတာတော့ ခံစားကြည့်ကြပါကုန်... ဒီ အိန္ဒိယကားကတော့ ရွာဓလေ့တွေကို ပြသထားသလို ရွာသားတွေစုပေါင်းပြီး အန္တရယ်ကိုဖြေရှင်းပုံတွေကို အကောင်းမွန်ဆုံးရိုက်ပြထားတာပါ.. ဇာတ်ကားအစကနေ အဆုံးထိ ဆွဲဆောင်မှုရှိပါတယ်...အိန္ဒိယကားကောင်းတွေမျှော်လင့် နေတဲ့သူတွေအဖို့ IMDb..8.5 တောင်ရရှိထားလို့ လက်မလွှတ်သင့်ပါကြောင်း သတင်းကောင်းပါးပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်...(zawgyi)ရွာတစ်ရွာမှာကျွဲသားတွေပေါ်ပြီးရောင်းတဲ့ဆိုင်ဆိုလို့ တစ်ဆိုင်ပဲရှိတယ် သူတို့ဆီမှာက ကျွဲသားဆိုတာအထင်ကရဟင်းလျာတစ်ခုလို ပလောပီနံနဲ့တွဲဖက်ပြီး ချက်ပြုတ်ကြတယ်.... ကျွဲကိုပေါ်ရောင်းပြီးဆိုတာနဲ့ ရွာသားအားလုံးက အလုအယက်ဝယ်ကြတာပေါ့ တစ်နေ့မှာကျွဲတစ်ကောင်ကိုပေါ်မလို့လုပ်နေတုန်း အဲ့ကျွဲဟာကစုန်ပေါက်ပြီးလွတ်ထွက်သွားတယ်....လွတ်သွားတဲ့ ကျွဲဟာ အရိုင်းဆန်လွန်းတဲ့အပြင် သန်မာလွန်းအားကြီးတယ်....အဲ့ဒါမှ တကယ့် ရွာပျက်တယ်ခေါ်တာ... ဘယ်လိုတွေရွာပျက်ကြလဲဆိုတာတော့ ခံစားကြည့်ကြပါကုန်... ဒီ အိန္ဒိယကားကတော့ ရွာဓလေ့တွေကို ပြသထားသလို ရွာသားတွေစုပေါင်းပြီး အန္တရယ်ကိုဖြေရှင်းပုံတွေကို အကောင်းမွန်ဆုံးရိုက်ပြထားတာပါ.. ဇာတ်ကားအစကနေ အဆုံးထိ ဆွဲဆောင်မှုရှိပါတယ်...အိန္ဒိယကားကောင်းတွေမျှော်လင့် နေတဲ့သူတွေအဖို့ IMDb..8.5 တောင်ရရှိထားလို့ လက်မလွှတ်သင့်ပါကြောင်း သတင်းကောင်းပါးပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်...File Size : (900 MB) and ...
movie

Jallikattu(2019)

2019