Channel Myanmar

Jacky Cheung

Once Upon a Time in China I (1991) 7.2
Once Upon a Time in China I (1991)  ဒီဇတ်လမ်းကတော့ အများရင်းနှီးပြီးသား ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ရာဇဝင်မှာ ကျော်ကြားလှတဲ့ မဟုတ်မခံစိတ်ရှိသူ သနားတက်သူ ကြင်နာတက်သူ သဘောကောင်းလွန်းသူ သိုင်းအကျော်အမော် ဒေါက်တာ ဝမ်ဖေးဟုန် အကြောင်း ရိုက်ကူးထားသော ရုပ်ရှင်ကားဖြစ်ပြီး ကွန်ဖူးမင်းသားကြီး ဂျက်လီ မှ သရုပ်ဆောင်ရိုက်ကူးပေးထားပါတယ်...အင်္ဂလိပ်လက် ကျရောက်နေပြီး လူတွေက စိတ်ဓါတ်ပျက်ပြား အကျင့်တွေ ဖောက်ပြား နိုင်ငံခြားကို အထင်ကြီးစိတ်ဝင် ကိုယ့် လူမျိုးအချင်းချင်း အနိုင်ကျင့် ဗိုလ်ကျ တောကြောင် လက်ခမောင်း ခက်တာတွေ က အစ စိတ်ထဲ မဟုတ်မခံစိတ် ဝင်ရောက်လာအောင် ရိုက်ပြထားခဲ့ပြီး ရင်သက်ရှုမောဖွယ် သိုင်းကွက် များကို လဲ မြင်တွေ့ရမှာဖြစ်ပါတယ် ကြာမြင့်ချိန် ၂ နာရီကျော်တာမို့ မိသားစု နှင့် ကြည့်ရှုအပန်းပြေနိုင်သော ရုပ်ရှင်ကားကောင်းအဖြစ် ညွှန်းဆိုလိုက်ပါရစေ.... File size…(3.3 GB)/(2.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:14:00 Genre... Action, ...
movie

Once Upon a Time in China I (1991)

1991
A Chinese Ghost Story 3 ( 1991 ) 6.7
A Chinese Ghost Story 3 ( 1991 ) Chinese Ghost Story Trilogy အတွက် နောက်ဆုံးကားဖြစ်ပါတယ် သုံးကားလုံးကို ဒီလင့်မှာရှာနိုင်ပါတယ်A Chinese Ghost Story 1 မှာတုန်းက အထိနာခဲ့တဲ့ နှစ်တစ်ထောင်သစ်ပင်မိစ္ဆာကြီး ပြန်အားပြည့်လာပြီးတော့ လန်လော့ဘုရားကျောင်းမှာ အရင်လိုပဲ တစ္ဆေမလေးတွေကိုအသုံးချပြီး ထကြွသောင်းကျန်းနေပါပြီ။ အဲဒီအချိန်မှာ ရွှေဆင်းတုတော်ကိုသယ်လာတဲ့ ဘုန်းတော်ကြီးတို့ဆရာတပည့်နှစ်ယောက်က လူတွေရဲ့ရန်ကနေရှောင်ဖို့အတွက်တစ္ဆေခြောက်တာ အရမ်းကြမ်းတယ်လို့နာမည်ကြီးတဲ့ လန်လော့ဘုရားကျောင်းမှာ တည်းဖို့ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီလိုနဲ့ တစ္ဆေမလေးနဲ့ ကိုရင်လေးရဲ့အချစ်ဇာတ်လမ်းက စတင်လာခဲ့ပါတယ်။ဘဝခြားတဲ့သူတို့ရဲ့အချစ်မှာ အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်ပြီးတော့ ရင်ဆိုင်ကြမလဲဆိုတာကို ဟာသလေးတွေစွက်ပြီးတော့ ကြည့်ရမှာဖြစ်ပါတယ်။ A Chinese Ghost Story 1 က တစ္ဆေမလေးနဲ့ မင်းသမီးအတူတူပဲဆိုပေမယ့် ဇာတ်ရုပ်ချင်းမတူပါဘူး။ ကိုရင်လေးနေရာမှာတော့ Tony Leung သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy , Fantasy Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie

A Chinese Ghost Story 3 ( 1991 )

1991
A Chinese Ghost Story 2 ( 1990 ) 7.0
A Chinese Ghost Story 2 ( 1990 ) A Chinese Ghost Story 1 ရဲ့အဆက်ပဲဖြစ်ပါတယ်..စုစုပေါင်းသုံးကားတိတိရှိပြီး ဒီလင့်မှာ သုံးကားလုံးကိုရှာနိုင်ပါတယ်နင့်ချိုင်ချန်ရဲ့ ချစ်သူတစ္ဆေမလေး နင့်ချိုင်ချန်တစ်ယောက် နောက်ဘဝကို ကူးသွားပြီးတဲ့နောက်မှာတော့  နှစ်အနည်းငယ် အကြာကနေ ဇာတ်လမ်းပြန်ဆက်ပြီးရိုက်ကူးထားပါတယ်..အကြွေးလိုက်တောင်းတဲ့အလုပ်အဖြစ် တာဝန်ယူရတဲ့နင့်ချိုင်ချန်တစ်ယောက် ဇာတိမြေကို ပြန်အရောက်မှာ အားလုံးအပြောင်းအလဲတွေဖြစ်ကုန်ပါပြီ.. မတရားမှုတွေကြီးစိုးပြီး သရဲတစ္ဆေတွေ ပေါများလှတဲ့ နယ်မြေတစ်ခုမှာ နင့်ချိုင်ချန်တစ်ယောက် ဘယ်လိုအသက်ရှင်အောင်ကြိုးစားရမလဲ. ပြီးတော့ နင့်ချိုင်ချန်နဲ့ပတ်သတ်တဲ့အချစ်ဇာတ်လမ်းလေး ဘယ်လိုဆက်မလဲဆိုတာတော့ ဆက်လက်ခံစားကြည့်ရှုပါ Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy , Action , Comedy Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK  
movie

A Chinese Ghost Story 2 ( 1990 )

1990
Future Cops (1993) 5.9
Future Cops (1993) Future Cops (1993)~ IMDb - 5.9/10, MyDramaList - 7.5/10 ~ဒီကားက တကယ်ဆို ငစားကား။ ဘယ်လိုစားသတုန်းဆို အာနိုးရဲ့ Terminator ကားလို စတိုင်ကိုမှ Dragon Balls တွေ၊ Street Fighters တွေ၊ Fantastic Four ထဲက Reed Richards, Hulk ဘာညာ သာရကာ အကောင်စုံ ပလောင်စုံ ထည့်ထားတယ်။ အချောင်အနေနဲ့ စတီဖင်‌ချောင်ပါ ပါပါသေးတယ်။ စခွက်ပြောင်ပြီး ရိုက်ထားတယ်ဆိုပေမဲ့ သရုပ်ဆောင်တွေကတော့ ပေါ့ပေါ့သေးသေးတွေ မဟုတ်ပါဘူး။ ဟောင်ကောင် ပေါ့ဂီတရဲ့ နတ်မင်းကြီးလေးပါးလို့တင်စားကြတဲ့ အိုင်ဒေါဘဲတွေဖြစ်တဲ့ အန်ဒီလောင်၊ အာရွန်ကော့၊ ဂျက်ကီချောင် နောက် သူတို့ထဲ ကားရိုက်အနည်းဆုံးဖြစ်တဲ့ လီယွန်လိုင် ဒီလေးယောက်စလုံးပါတယ်ပြောရမယ်။ ပထမသုံးယောက်ကတော့ အကောင်လိုက်ကြီး ဝင်ပေါကြပေမဲ့ လီယွန်လိုင်ကတော့ နာမည်နဲ့ပဲ ဝင်ပေါသွားတာပါ။ ...
movie

Future Cops (1993)

1993
Crossing Hennessy (2010) 6.3
Crossing Hennessy (2010) Crossing Hennessy (2010)Lust Caution, Decision to Leave, Long Day's Journey into Night နဲ့ The Golden Era တို့လို ကားကောင်းတွေမှာရော တခြားရုပ်ရှင်တွေမှာပါ ပါခဲ့ပြီး သရုပ်ဆောင်လည်း တော်တော်ပြောင်မြောက်သလို ပီယဓာတ်လည်း အပြည့်အဝရှိတဲ့ ထျန်းဝေနဲ့ Days of Being Wild ထဲက ဇာတ်ကောင်နဲ့ တရုတ်ရဲ့အကောင်းဆုံး ပါဖောမင့်န်ဆယ်ခုထဲက တစ်ခုမှာစာရင်းဝင်ထားတဲ့၊ ဝေါင်ကာဝေးတို့ ဂျွန်ဝူးတို့လို ဆရာကြီးတွေနဲ့ ဇာတ်ကားတွေရိုက်ဖူးတဲ့၊ Four Heavenly Kings of Hong Kong pop music လို့ခေါ်တဲ့ ဟောင်ကောင်ပေါ့ဂီတနတ်မင်းကြီးလေးပါးထဲက တစ်ယောက်ဖြစ်တဲ့ ဂျက်ကီချောင်တို့ တွဲဖက်ပါဝင်ထားတဲ့ ရိုမန့်ကားလေးပါ။ ဒါရိုက်တာကတော့ ဟောင်ကောင်မာစတာပိစ်ကားတစ်ကားဖြစ်တဲ့ Comrades: Almost a Love Story ရဲ့ ...
movie

Crossing Hennessy (2010)

2010
Bullet in the Head (1990) 7.6

Bullet in the Head (1990)

1990
As Tears Go By (1988) 7.0
As Tears Go By (1988) [Unicode]As Tears Go By(1988) =============== IMDb Rating - 7 out of 10 Directed by Wong Kar Waiပလေတိုကြီးပြောပြီး အနုပညာသမား အတော်များများလက်မခံနိုင်ကြတဲ့ စကားတစ်ခုကြားဖူးတယ် မို့လား။ Art Is Immitation. အနုပညာဆိုတာ ပုံတူကူးခြင်းတဲ့။ ကျွန်တော်တော့ လက်ခံတယ်။ အနည်းဆုံးတော့ ကိုယ့်ခံစားချက်ကိုကိုယ် ပုံတူကူးမှပဲ အနုပညာကထွက်လာမှာ မဟုတ်လား။ဝေါင်ကာဝေးရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်တဲ့ ဒီရုပ်ရှင်ထဲက ဂိုဏ်းစတားဇာတ်ကောင်ဟာ မာတင် စကောဆေးစိရဲ့ Mean Streets ထဲက ဒီနီးရိုးရဲ့ဇာတ်ကောင်ကို အခြေခံထားတယ်လို့ ဆိုတယ်။ နောက်တစ်ခုသူ့ကိုလွှမ်းမိုးမှုရှိတာကတော့ နိုက်ကလပ်မန်နေဂျာသူ့အဖေတဲ့။ ဒီလောက်ဆို ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကို မှန်းလို့ရပြီမို့လား။ ညတွေ ၊ ဂိုဏ်းစတားတွေ၊ သေနတ်တွေနဲ့ ဒီရုပ်ရှင်ကို ကျွန်တော်သာဆို Crime,Dramaလို့သတ်မှတ်ချင်ပေမဲ့ ဘာကြောင့်လဲတော့မသိ ဝေါင်ရဲ့ကားအများစုလိုပဲ ROMANCE,Dramaဆိုပြီးပဲ သတ်မှတ်ထားတယ်။ ဝေါင်ကာဝေးရဲ့ ပွဲဦးထွက်ကားပေမဲ့ ဒီရုပ်ရှင်ထွက်ပြီးတဲ့ နှစ်ပေါင်းသုံးဆယ်နောက်ပိုင်းမှာ‌တောင် ဒီရုပ်ရှင်အကြောင်းကို ဝေဖန်သမားတွေ တစ်ခုတ်တရပြောရတဲ့အထိကို အောင်မြင်ခဲ့တယ်။ သူ့ဇာတ်ကောင်ဟာ မာတင်စကောဆေးစိရဲ့ ဇာတ်ကောင်ကို အခြေခံထားပေမဲ့ မာတင်စကောဆေးစိရဲ့ Gang ...
movie

As Tears Go By (1988)

Ashes of Time (1994) 7.2
Ashes of Time (1994) Ashes of Time (1994)===============IMDb Rating - 7.2/10#Unicodeခမ်းနားကြီးကျယ်မှုတွေဟာလည်း အချိန်ကာလရဲ့ တိုက်စားမှုတွေထဲ လွင့်ပျောက်ပျက်ပြယ်ကြရတာပါပဲ။အချိန်စီးကြောင်းတွေကြား လွင့်မျောပျက်ပြယ်နေကြတဲ့ ပြာမှုန်တွေထဲ အခမ်းနားဆုံးလူသားတွေလည်းမလွတ်ကင်းခဲ့ပါဘူး။ ဒီရုပ်ရှင်မှာ တရုတ်ပြည်ရဲ့ နာမည်ကျော် Art House Directors ဝေါင်ကာဝေးဟာလွင့်ပြယ်ခဲ့ပြီးသား နာမည်ကျော်တွေရဲ့ အတိတ်ဆီ ကျွန်တော်တို့ကို ပြန်ခေါ်သွားမှာပါ။ ကျင်းယုံရဲ့ သူရဲကောင်းတို့ရဲ့ဒဏ္ဍာရီ ဝါမက်မွန်မြေကချစ်တေးတစ်ပုဒ်လို့ လူသိများတဲ့ The Legend of the Condor Heroesကဇာတ်ကောင်တွေကို ကျောရိုးယူထားတဲ့အတွက် မကြည့်ရသေးခင်ကတည်းက ရင်းနှီးနေမှာပါပဲ။ ဒီရုပ်ရှင်ဟာTimelineအရတော့ တိမ်လွှာနဂါးသူရဲကောင်းများနဲ့ သူရဲကောင်းတို့ရဲ့ ဒဏ္ဍာရီတို့ကြား မရှေးမနှောင်းကာလလောက်မှာပါ။ သူရဲကောင်းတို့ရဲ့ ဒဏ္ဍာရီမှာ ပြောပဲပြောပြီးမပြခဲ့တဲ့ လက်ကိုးချောင်းသူ‌ဖုန်းစားဂိုဏ်းချုပ်ဟုန်ချီကုန်းရဲ့  လက်တစ်ချောင်းပြတ်ခဲ့ရတဲ့အကြောင်း၊ဓားမကိုင်ရတဲ့ အကြောင်း၊အိုးရန်ဖုန်နဲ့ သူ့မရီးကြားကဖြစ်ရပ်၊ ဟွမ် မက်မွန်ကျွန်းသခင်ဟွမ် မက်မွန်ကျွန်းသခင် ဖြစ်လာရတဲ့အကြောင်းအရင်းတို့ကို။ရိုက်ပြသွားပါတယ်။အရှေ့ပိုင်းထိပ်သီး မက်မွန်ကျွန်းသခင်ဟွမ် အနောက်ပိုင်းထိပ်သီး အဆိပ်ဘုရင် အိုးရန်ုဖုန်း မြောက်ပိုင်းထိပ်သီးသူတောင်းစားဂိုဏ်ချုပ် ဟုန်ချီကုန်း တို့ရဲ့ ...
movie

Ashes of Time (1994)

1994
From Vegas To Macau III (2016) 2.3
From Vegas To Macau III (2016) From Vegas To Macau III (2016)_____IMDb - 2.3/10   အက်ရှင်ကြမ်းကြမ်းတွေကို ဟာသဆန်ဆန်ရိုက်ကူးထားတဲ့ The Man From Macau 3ကို မင်းသားကြီး Chow Yun-fat အပြင် မင်းသား Andy lau ပါ ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်း အကျဉ်းကိုပြောရမယ်ဆိုရင်တော့ ကန်(Chow Yun-fat)ရဲ့သမီးနဲ့ သူ့တပည့်ရဲ့ မင်္ဂလာပွဲကို အကြမ်းဖက်တိုက်ခိုက်ခံရပါတယ်...အဲ့ဒီအချိန်မှာပဲ ကန်ဆေးရုံရောက်နေတဲ့အချိန်မှာ ဒီအိုအေရဲ့ ငွေကို ခိုးယူထားပါတယ်ဆိုပြီး ကန်တယောက်အဖမ်းခံရပါတော့တယ် ကန်တယောက် အဖမ်းခံရတာကို ထွက်ပြေးဖို့ကြိုးစားတဲ့အချိန်မှာပဲ ကျင်စက်နဲ့ပစ်ဖမ်းခံရတာကြောင့် ထောင်ထဲရောက်တဲ့အချိန် အတိတ်မေ့သွားပြီ ရူးသလိုနှမ်းသလိုဖြစ်သွားရှာတယ်.....ရူးသလိုဖြစ်နေတဲ့ကန်တယောက် အရင်ဇာတ်ကားတွေထက် ပိုစွမ်းတဲ့လူဆိုးတွေနဲ့ ဘယ်လိုရင်ဆိုင်တိုက်ခိုက်မလဲဆိုတာကို ရယ်ရင်းမောရင်းကြည့်ရှုကြပါအုံးစို့ထွက်သမျှ Movieတွေထဲမှာ အကြည်ဆုံးက တရုတ်စာတန်းထိုးအသေနဲ့ ဖြစ်နေဖို့ Subtitle ကို အရောင်ထည့်ပြီး ကြည့်ရ အဆင်ပြေအောင် လုပ်ထားပါတယ်။ Subtitle Qualityနဲ့ ပတ်သတ်ပြီး စိတ်တိုင်း ...
movie

From Vegas To Macau III (2016)

2016