Channel Myanmar

Jackie Shroff

Romeo Akbar Walter(2019) 6.6
Romeo Akbar Walter(2019) Romeo Akbar Walter(2019) စပိုင်ဇာတ်ကား ချစ်သူများအတွက် အိန္ဒိယဇာတ်ကား Romeo Akbar Walter (2019) နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ပါကစ္စတန်နိုင်ငံကနေ အရှေ့ပါကစ္စတန်(ယခု ဘင်္ဂလားဒေ့ရှ်) ရဲ့ ခွဲထွက်တဲ့ကာလက အကြောင်းအရာကို ရိုက်ကူးထားတာပါ။ ဖခင်ဖြစ်သူကို အားကျစိတ်နဲ့ စစ်ထဲကိုဝင်ပြီး စစ်တက္ကသိုလ်မှာ ထူးချွန်ခဲ့ပေမဲ့ ဖခင်ဆုံးပါးသွား တဲ့အခါ အမေတစ်ခုသားတစ်ခုဖြစ်တဲ့အတွက် အမေ့ရဲ့ ဆုံးဖြတ်ချက်နဲ့ စစ်တပ်ကထွက်ခဲ့ရတဲ့ ဘဏ်စာရေးလေး ရိုမီရိုအလီတစ်ယောက် တစ်နေ့မှာ နိုင်ငံအတွက် တာဝန်ထမ်းနိုင်ဖို့ အခွင့်အရေးတစ်ခုရလာပါတယ်။ အိန္ဒိယရဲ့ နိုင်ငံတကာထောက်လှမ်းရေး(RAW) က ပါကစ္စတန်ကို စပိုင်အဖြစ်နဲ့စေလွှတ်တာပဲဖြစ်ပါတ ယ်။ သူက တာဝန်တွေကို ကျေကျေပွန်ပွန်ထမ်းဆောင်ခဲ့ပေမဲ့ RAW က အရေးကြုံလာတဲ့အခါမှာ သူ့ကို ပစ်ပယ်ထားလိုက်ကြပါတ ယ်။ အဲဒီအချိန်မှာ သူ အသက်ရှင်နိုင်အောင်ဘာတွေလုပ်လဲဆိုတာကို စိတ်ဝင်တစားကြည့်ရမှာပါ။ IMDB Rating ကတော့ 6.6 ရရှိထားပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့  demon ပဲဖြစ်ပါတယ်...  File Size : (1 GB) and ...
movie

Romeo Akbar Walter(2019)

2019
Chalk N Duster (2016) 6.5
Chalk N Duster (2016) Chalk N Duster (2016)_____IMDb - 6.5/10    " Chalk N Duster ဇာတ်ကားမှ ဖောက်ထွက်လာသော အတွေးများ " ••••••••••••••••••••••••••• "ငါတို့တတွေဟာ ပညာရေးရဲ့ လင်းရောင်တန်ဆာ ဖြစ်ခဲ့တာမို့ ကမ္ဘာတစ်လွှမ်းလုံးထိ တိုင်အောင် တတ်စွမ်းသမျှလေး လင်းလက်ခဲ့ပါ့မယ် "  [ Song lyrics] ကျွန်မတို့က မြေဖြူတွေ။ ကျွန်မတို့က သင်ပုန်းဖျက် ပစ္စည်းတွေ။ မီးအိမ်ငယ်ငယ် ကို ကိုင်ဆောင်သူတွေ။ တစ်နည်းအားဖြင့် ခြင်းတောင်းလေး ကိုင်ရင်း ဝါသနာလမ်းပေါ် လျှောက်လှမ်းလာကြတဲ့သူတွေ။"ကျွန်မတို့က ဆရာမတွေ " ______________________________အမှန်ပြောရရင် ဒီလို ဇာတ်ကားမျိုးက ကြည့်ချင်လာအောင် ရေးပြရမယ့် Review မျိုးမဟုတ်ပါ။ ဇာတ်ဝင်ခန်း တစ်ခန်းချင်း ကို ကိုယ့်ငယ်ဘဝနဲ့ ပြန်တွေးရမယ့် ပုံပြင်ဆန်နေခြင်းမျိုးပါ။ဒီပုံပြင်တွေထဲက သူရဲကောင်းတချို့ဟာ အပြင်လောကမှာ ရှိခဲ့ပါကြောင်း နားလည်ခဲ့ရမယ့် အတွေးမျိုးပါ။ဒါပေမဲ့ ဇာတ်လမ်းအကျဉ်း ကို ပြောပါစို့ ။KB ဆိုတဲ့ ကျောင်းတစ်ကျောင်းမှာ အုပ်ချုပ်ရေးမှူး အသစ် ဖြစ်တည်လာတဲ့ အချိန်ကစလို့ အုပ်ချုပ်သူနဲ့ ဆရာမတွေ ကြား မသင့်မြတ်မှုလေးတွေက တစ်စ တစ်စ ကြီးထွားလာခဲ့တယ်။စာသင်ခန်းမှာ ဆရာမ ထိုင်ခုံတွေ မထားရှိမှုတွေ။ ...
movie

Chalk N Duster (2016)

2016
Maayavan (2017) 7.4
Maayavan (2017) အင်​စပက်​တာ ကုမုရာဆိုသူဟာ တစ်​​နေ့ မှာ သူခိုးတစ်​​ယောက်​ကို လိုက်​ဖမ်းရင်း လူသတ်​မှုတစ်​ခုနဲ့ အမှတ်​မထင်​ ကြုံလိုက်​ရပါတယ်​အမျိုးသမီးတစ်​​ယောက်​ကို လူတစ်​​ယောက်​က ရက်​ရက်​စက်​စက်​ သတ်​​နေတာဖြစ်​ပါတယ်​အဲ့ဒီလူကို လိုက်​ဖမ်းရင်း သူ​သေကိုယ်​​သေ ဖိုက်​ကြရင်း လူသတ်​သမားလည်း ​သေ. . .ကုမုရာလည်း ​ဆေးရုံမှာ သုံးလ​လောက်​ ကုသမှုခံယူလိုက်ရပါတယ်​​ဆေးရုံကဆင်းပြီး တာဝန်​ပြန်ထမ်း​ဆောင်​​တော့ ဒုတိယလူသတ်​မှုနဲ့ ကြုံရပြန်​ပါတယ်​နာမည်​​ကျော်​မင်းသမီး ​သေဆုံးမှုဖြစ်​ပြီး အသတ်​ခံရသူရဲ့ လက္ခဏာနဲ့ ​သေဆုံးပုံက ပထမလူသတ်​မှုနဲ့ ဆင်​တူ​နေပါတယ်​မင်းသမီးနဲ့ တရင်းတနှီး​နေတဲ့ မိတ်​ကပ်​ဆရာကို မသင်္ကာလို့ အိမ်​လိုက်​သွားပြီး စစ်​​မေးတဲ့အခါ မိတ်​ကပ်​ဆရာဟာ အခုတ​လော ထူးဆန်းတဲ့ အမူအကျင့်​​တွေ ပြုမူ​နေ​ကြောင်း သိရပြီးအမှုဟာ ထင်​တာထက်​ ပိုရှုပ်​​ထွေးလာခဲ့ပါတယ်​ဒီကားဟာအိန္ဒိယ​တောင်​ပိုင်းကားတစ်​ကားအ​နေနဲ့ ထူးခြားတဲ့ သိပ္ပံကားတစ်​ကားဖြစ်​ပြီးတာမီးလ်​မင်းသား Sundeep Kishan နဲ့  ​ဘောလိဝုဒ်​မင်းသားကြီး Jackie Shroff တို့ အပြိုင်​ကြဲထားတဲ့ Thrillor ကား​ကောင်း တစ်​ကားဖြစ်​ပါတယ်​ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က ကိုမြင့်သူပါ) File Size : ...
movie

Maayavan (2017)

2017
JazBaa (2015) 5.8
JazBaa (2015) IMDb Rating 5.8 ရရှိထား ပြီး အက်ရှင်ဇာတ်ကြမ်းကြိုက် ဘောလိဝုဒ် ပရိတ်သတ်တွေအတွက် အကြိုက်တွေ့မယ် ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် အလုပ်ကိုမက်တဲ့ မိဘ သားသမီးကို ဂရုမစိုက်နိုင်တဲ့ မိဘနဲ့ သား သမီးကြားက ပဋိပက္ခနဲ့ သူငယ်ချင်းအပေါ် သစ္စာမရှိတဲ့ အပေါင်းအသင်း အကြောင်းကို ရိုက်ကူးပြထားတာပါ ဇာတ်လမ်း အကျင်းလေးကတော့ Anuradha Verma ဟာ နာမည်ကြီး ရှေ့နေတယောက်ဖြစ်ပြီး သူနဲ့ သူ့မိန်းမဟာ သမီးဖြစ်သူ Sanaya ကို ဂရုစိုက်နိုင်ခြင်းမရှိပါဘူး ဒီလိုနဲ့ တစ်နေ့ ကျောင်းက မိဘကျောင်းသား တွေ့ဆုံပွဲမှာ Sanaya တယောက်ပြန်ပေးဆွဲခံလိုက်ရတဲ့အခါမှာတော့ ဘယ်လိုတွေ ဆက်လက်ဖြစ်ပျက်ကြမလဲဆိုတာကို ပရိတ်သတ်ကြီးကပဲ ဆက်လက် ရှူစားလိုက်ပါတော့ဗျာ
movie

JazBaa (2015)

2015