Channel Myanmar
Jackie Chan
The Spy Next Door (2010) 5.4
movie
The Spy Next Door (2010)
The Karate Kid (2010) 6.2
The Karate Kid (2010) The Karate Kid (2010) IMDb - 6.2/10_______Rotten - 66%2010 ခု နှစ်မှာ ထွက်ရှိခဲ့တဲ့ The Karate Kid ဇာတ်ကားမှာ မင်းသားကြီး Jackie Chan နဲ့ Jaden Smith တို့အတူတူပူးတွဲသရုပ်ဆောင်ထားကြပါတယ်...Justin Bieber နဲ့ Jaden Smith တို့ တွဲဖက်သီဆိုထားတဲ့ Never Say Never ဆိုတဲ့သီချင်းဟာလည်း..ကမ္ဘာတစ်ဝန်းမှာအောင်မြင်ကျော်ကြားခဲ့ပြီး ပရိတ်သတ်တို့ ရဲ့နှစ်ခြိုက်မှုများစွာလည်းရရှိခဲ့ပါတယ်.. ဒီဇာတ်ကားမှာမင်းသားဂျက်ကီချန်းရဲ့ ပီပြင်တဲ့သရုပ်ဆောင်မှုတွေကိုအားလုံးတွေ့မြင်ရမှာဖြစ်ပါတယ်.. ဒီဇာတ်ကားမှာပြောခဲ့တဲ့စကားလုံးတွေက အကြိုက်ဆုံးစကားလုံးကိုပြောရမယ်ဆိုရင် *ဘဝမှာ လဲကျနေတဲ့အခါ ပြန်ထနိုင်အောင်ကြိုးပမ်းရမယ်* စကားလုံးဖြစ်ပါတယ်.. ကိုယ့်ထက်အင်အားကြီးတဲ့သူဖြစ်ပါစေ..ဘယ်တော့မှအရှုံးမပေး..ပြန်လည်ရဲရဲဝင့်ဝင့်ရင်ဆိုင်ကာ အရှုံးမပေးတတ်တဲ့စိတ်ဓါတ်ကိုပြသသွားတာပဲဖြစ်ပါတယ်.. ဇာတ်လမ်းအညွှန်းဟာဆိုရင်ဖြင့် .............. ဒရေးပါကာ တို့မိသားစုဟာ တရုတ်ကိုပြောင်းရွေ့လာတဲ့အမေရိကန်မိသားစုပဲဖြစ်ပါတယ်..ပတ်ဝန်းကျင် အသစ်.ဘာသာစကားအခက်အခဲများစွာကြုံတွေ့နေရပါတယ်..မစ္စတာဟန်ကတော့ သူတို့နေတဲ့တိုက် ခန်းရဲ့ အောက်နားမှာနေပြီး အင်္ဂလိပ်စကားကောင်းကောင်းမွန်မွန်ပြောနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ် ရောက်ရောက်ချင်းနေ့မှာပဲဒရေကကောင်မလေးတစ်ယောက်နဲ့သူငယ်ချင်းဖြစ်ချင်လို့မိတ်ဆက်စကားပြောနေတာကို လူငယ်တစ်စုကဝင်ပြီးသောင်းကျန်းပါတယ်.. ဘာအကြောင်းမှမသိသေးပဲ ကွန်ဖူးလည်းမတတ်တဲ့ဒရေ တစ်ယောက် တော်တေ်ာအထိုးခံလိုက်ရပါတယ်..ဒီလိုနဲ့အကြိမ်ကြိမ်အခါခါ ပြသနာတွေတက်..ဒရေကလည်း မကျေနပ်တာနဲ့ တစ်ရက် ကျောင်းက ပွဲတော်တခုမှာ သိုင်းလေ့ကျင့်နေတဲ့ အဲ့ဒီကောင်လေးတို့တစုကို ရေနဲ့လောင်းပြီးထွက်ပြေးပါတော့တယ်..မိသွားလို့ ဝိုင်းထိုးကြိတ်နေတဲ့အချိန်မှာ မစ္စတာဟန် (ဂျက်ကီချန်း) ရောက်လာပြီး ကလေးတွေကိုပြန်ဖို့ပြောပါတယ်..မစ္စတာဟန်ကိုပါဝိုင်းထိုးကြလို့ ပြန်တိုက်ခိုက်လိုက်ပါတယ် ပြီးတော့မှ ဒရေသိလာရတာက ထိုလူငယ်အုပ်စုက နဂါးနီ ...
movie
The Karate Kid (2010)
The Medallion (2003) 5.3
The Medallion (2003) The Medallion (2003)ဒီဇတ်ကားလေးကတော့ကျွန်တော်ရဲ့ စတုတ္ထမြောက်ဘာသာပြန်ကားလေးဖြစ် သလိုကျွန်တော့်ဘဝအတွက်အမှတ်တရ ကားလေးဆိုရင်လည်းမမှားပါဘူး အဲကားစထွက်တုန်း ကမှတ်မိပါသေးတယ်ဒီဗီဒီစက်တွေကလည်းပေါ်ခါစ အစ်မကထိုင်းကနေဝယ်ပို့လာခဲ့တာကလေးပဲရှိသေးတာ အရမ်းကြိုက်တာပေါ့ဂျက်ကီချမ်းဆိုတာလည်းငယ်ငယ်တည်းကနေ ခုထိခိုက်နေဆဲမင်းသားဒီဇတ်ကားကို ကျွန်တော်မြန်မာစာတန်းထိုးနဲ့တစ်ခါမှမကြည့်ဖူးပါဘူး အဲဒါနဲ့ပဲလုပ်ဖြစ်သွားတာပါကျွန်တော်က translatorသမားအစစ်မဟုတ်တော့ တခါတလေဘာသာပြန်တဲ့နေရာမှာလွဲကောင်းလွဲနေနိင်ပါတယ် ဒါပေမဲ့ဘာသာပြန်တဲ့နေရာမှာတချိုူ့စကားလုံးတွေကမြန်မာ လိုပြန်စီရာမှာအရမ်းခက်တဲ့အတွက်မြန်မာစာတန်းထိုး ပရိတ်သတ်တွေနားလည်လွယ်အောင်ဖော်ပြထားပေးပါတယ်၁၀၀% မှန်တယ်လို့မဆိုနိင်ပေမဲ့လည်း ၉၀တော့ကျော်မှာပါကျွန်တော်တို့ကျောင်းတက်နေတုန်း ကတောင်၇၅%ဆိုစာမေးပွဲဖြေ လို့ရတယ်ဆိုတော့၉၀ဆိုတော့မဆိုးပါဘူးနော် ပရိတ်သတ်တကဲအညွန်းလေးစလိုက်ကြရအောင် ရှေးရှေးတုန်းကပုံပြင်လိုလို တကယ်လိုလိုနဲ့လူပြောများခဲ့တဲ့သေဆုံးပြီးသား လူသားတွေကိုထာဝရအသက်ရှင်စေနိင်တဲ့လည်ဆွဲပြားလေး အဲဒီလည်ဆွဲပြားကိုပြန်အသက်ဝင်လာအောင်လုပ်ဆောင်ပေးမည့် ကလေးငယ်တစ်ဉီးကလေးငယ်နဲ့လည်ဆွဲပြားလေးက ိုပိုင်ဆိုင်နိင်အောင်နည်းအမျိူ းမျိူ းနှင့်ကြိူ းစားမည့်မြွေခေါင်း ဆိုသောရာဇဝင်လူဆိုးတစ်ဦးကလေးငယ်နဲ့လည်ဆွဲပြားလေးကို မြွေခေါင်းရဲ့လက်ထဲကိုမရောက်အောင် အက်ဒီဆိုတဲ့ရဲစုံထောက်ကဘယ်လိုကာကွယ်မလဲ တကယ်ပဲလည်ဆွဲပြားလေးကအစွမ်းရှိသလား စသဖြင့်ရသစုံလင်ကြည့်ရှုရပါမည် ဂျက်ကီချမ်းရဲ့အက်ရှင်အလန်းများနဲ့ဟာသ ဇတ်ကွက်များကြောင့်ပရိတ်သတ်တွေအကြိူ က်တွေ့စေရမယ်လို့အာမခံပါတယ် (ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ ကို Soe Htwe ပဲဖြစ်ပါတယ်)File Size         : 697 MB Quality           : Blu ray 720P Running Time : 1hr 28 minute Format           : Mp4 Genre             : Action, Comedy, Fantasy Encoder         : Joker.phs
movie
The Medallion (2003)