Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jack Ellis
5.0
Sweet River (2020)
Sweet River (2020)==============ချစ်မြတ်နိုးရ၊ တန်ဖိုးထားရတဲ့ တစ်စုံတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ သူအဖို့ "ပျောက်သောသူ ကြာရင်မေ့" ဆိုတဲ့ အဖြစ်မျိုးလည်း ရှိနိုင်သလို ဘယ်သောအခါမှ ကုစားမရတဲ့ နောင်တအဖြစ် အမြစ်တွယ်သွားတာလည်း ရှိတတ်တယ် မဟုတ်လား၊ တချို့ ပူဆွေးမှုတွေဆိုရင် ကိုယ်တိုင် မေ့ဖျောက်ချင်စိတ်မရှိဘဲ တမ်းတမ်းတတ ဖြစ်နေတတ်တာမျိုးမှတ်လား။ဒီရုပ်ရှင်ရဲ့ Genre ဟာ Horror , mysteryပါ၊ ဒါပေမဲ့ အဓိကဇာတ်ဆောင်၂ယောက်ရဲ့ ဇာတ်ကောင်အပေါ် စီးမြောမှု၊ သရုပ်ဆောင်မှုတွေအောက်မှာ ဒီဇာတ်ကားဟာ Dramaပိုင်းကို မသိမသာ ပိုကဲသွားပါတယ်၊ သို့ပေမဲ့လည်း ရုပ်ရှင်ရဲ့ အဓိက theme ဖြစ်တဲ့ ပဟေဠိ ဆန်မှု၊ ခြောက်ခြားဖွယ်ကောင်းမှုကိုလည်း လျော့မသွားဘဲ ရိုက်ပြထားနိုင်တာကိုက ဒီကားရဲ့ဆွဲဆောင်မှုရှိတဲ့အချက်ပါကွင်းဆက်လူသတ်သမားလက်ထဲမှာ ဖမ်းခံလိုက်ရပြီး သေသလား၊ ရှင်သလားတောင် မသိတဲ့အခြေအနေအတွက် မိခင်ဖြစ်သူ Hanna ဟာ ချောင်ကျတဲ့ Billinsမြို့လေးကို ကိုယ်တိုင်စုံစမ်းအဖြေရှာဖို့ တစ်ကျော့ပြန်ရောက်လာခဲ့ပါတယ်၊သားသည်မိခင်တွေရဲ့ အပူကို ဘယ်အပူမှ မမီနိုင်ဘူး ဆိုသလို သားဇောနဲ့ မရမကအဖြေရှာဖို့ ကြိုးစားနေတဲ့ Hannaအတွက် အချိန်ကြာလေ၊ သိရှိလာလေကတော့ သူရှာနေတဲ့အဖြေဟာ ဒီမြို့လေးရဲ့ လျှို့ဝှက်ချက်နဲ့ ပတ်သတ်နေသလို ဒီမြို့ကရှင်သူတွေရော၊ သေဆုံးပြီးသူ တွေရောက ဒီလျှို့ဝှက်ချက်ကို မပေါ်ပေါက်စေလိုတာ၊ သူ့ကိုဒီမြို့မှာ အလိုမရှိတော့မှန်း ...
movie
Sweet River (2020)
2020