Channel Myanmar

Ivan Massagué

The Platform (2019) El hoyo 7.0
The Platform (2019) El hoyo The Platform (2019) El hoyoIMDb Rating (7.0) / Rotten Tomatoes (81%)ဒီရုပ်ရှင်ကတော့ Netflix က စပိန်ရုပ်ရှင်ကားပါ။ တကယ့်ကို မှောင်မိုက်တဲ့ Thriller အမျိုးအစားဖြစ်လို့ကလေးတွေ မကြည့်သင့်ပါဘူး။ဇာတ်လမ်းကတော့...Goreng ဆိုတဲ့လူဟာ သဘောတူညီချက်တစ်ခုနဲ့ အကျဉ်းထောင်တစ်ခုကို လေ့လာဖို့ရောက်ရှိလာပါတယ်.. ဒေါင်လိုက်ဖန်တီးထားတဲ့ အကျဉ်းထောင်တစ်ခု၊ တစ်ဆင့်ချင်းစီက အကျဉ်းခန်းတွေမှာ လူနှစ်ယောက်စီကိုနေရာချပေးတဲ့ ငရဲတွင်းပေါက်ကြီး...... သာမန်ထောင်မဟုတ်ဘဲ လူတွေရဲ့ စိတ်တွေဝိဉာဉ်တွေကိုချေမွှထားတဲ့ လောဘတွေနဲ့လှောင်ပိတ်ထားတဲ့ ငရဲ။Goreng တစ်ယောက် အဲ့ဒီနေရာမှာ ရှင်သန်နိုင်ဖို့ ဘယ်လိုကြိုးစားမလဲ။ အဲ့ဒီနေရာရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ။ ကျဉ်းကျပ်ခက်ခဲတဲ့အခြေအနေစနစ်ကိုလိုက်ပြီး လူတွေရဲ့စိတ်တွေ ပြောင်းလဲတာတွေ... အခြေအနေဘယ်လိုပဲဖြစ်ဖြစ် လူသားဆန်ဆန် အဆုံးစွန်ထိ တွန်းလှန်တိုက်ခိုက်တာတွေ... လူလူချင်းထားရှိရမယ့် Sharing is Caring ဓမ္မတွေ...စတဲ့တွေးစရာလေးတွေနဲ့ ဒီရုပ်ရှင်ကားကို ထူးဆန်းပြီး ပြောင်မြောက်တဲ့ တင်ဆက်မှုတစ်ခုအဖြစ် အကြိုက်တွေ့ခဲ့ကြပါတယ်။ File size…(1.4 GB )/(680 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Lucille
movie

The Platform (2019) El hoyo

Pan’s Labyrinth (2006) 8.2
Pan’s Labyrinth (2006)  ဒဏ္ဍာရီဆန်ဆန် နတ်သမီးပုံပြင်ကားလေးတွေ ကြည့်ရတာ(function(f,b,n,j,x,e){})();ကြိုက်တဲ့လူတွေအတွက် 2006 ခုနှစ်ကထွက်ရှိခဲ့တဲ့စပိန်ဇာတ်ကားဟောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Pan's Labyrinth ဖြစ်ပြီးIMDb Rating 8.2 အထိတောင်ရရှိထားပါတယ်။ဒီဇာတ်ကားကို ၁၉၄၄ ခုနှစ် စပိန်ပြည်တွင်းစစ်ပြီးစအချိန်မှာဇာတ်အိမ်တည်ထားပြီး အဲ့ဒီကာလမှာနတ်သမီးပုံပြင်တစ်ပုဒ်ရှိပါတယ်။အဲ့ဒီပုံပြင်ကတော့ မြေအောက်ကမ္ဘာမှာနေထိုင်နေပြီး ကမ္ဘာကြီးပေါ်ကိုသွားချင်နေခဲ့တဲ့ မင်းသမီးလေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။ဒါပေမယ့်အဲ့ဒါကပုံပြင်မဟုတ်ပဲတကယ့်အဖြစ်အပျက်ဖြစ်ပါတယ်။အဲ့ဒီမင်းသမီးက ကမ္ဘာပေါ်ကိုရောက်သွားတဲ့အချိန်မှာ နေရောင်ခြည်ကိုမခံနိုင်ဘဲသေဆုံးသွားခဲ့ပါတော့တယ်။ဒါပေမယ့်တကယ်တမ်းသေဆုံးသွားတာမဟုတ်ပဲ လူဝင်စားအဖြစ်နဲ့အိုလီဖီယာဆိုတဲ့ကောင်မလေးဆီမှာလူပြန်ဝင်စားနေတာဖြစ်ပါတယ်။အိုလီဖီယာရဲ့အမေမှာ သူ့မောင်လေးရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီး ခင်ပွန်းဖြစ်သူကဆုံးပါးသွားတဲ့အတွက်အားကိုးရာအဖြစ်စစ်တပ်ကပ္ပတိန် တစ်ယောက်ကိုယူထားပါတော့တယ်။အဲ့ဒီခေတ်တုန်းကကပ္ပတိန်တွေကသိတဲ့ အတိုင်းအရမ်းရက်စက်တတ်ပြီးသနားကြင်နာမှုကင်းမဲ့တဲ့အတွက် အိုလီဖီယာကတော့ကပ္ပတိန်ကိုသူ့အဖေအဖြစ်မသတ်မှတ်ပါဘူး။အခုလဲသူ့အမေခေါ်သွားလို့ကပ္ပတိန်တာဝန်ကျရာနေရာကိုသွားပြီးနေထိုင်နေရတဲ့ အချိန်မှာနတ်သမီးလေးတွေနဲ့တွေ့ပြီး သူ့ရဲ့အရင်ဘ၀ကမြေအောက်ကမ္ဘာရဲ့ မင်းသမီးဖြစ်တယ်ဆိုလာကိုသိလာရပြီးနောက်ပိုင်းမှာဘယ်လိုစိတ်ဝင်စားစရာ ကောင်းတဲ့အရာတွေဆက်ဖြစ်လာမယ်ဆိုတာကိုကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။  File size…2.55 GB / 1.31 GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 58m Genre ….. Drama , Fantasy , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Saw Lay
movie

Pan’s Labyrinth (2006)

2006
My Fault (2023) 6.3
My Fault (2023) My Fault (2023)~ IMDb - 6.3/10, Rotten Tomatoes - 94% ~စိတ်ဒဏ်ရာကိုယ်စီရှိတဲ့ သူနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ထားတာပါ။ နစ်ရဲ့အဖေနဲ့ နိုအာရဲ့အမေတို့ နောက်အိမ်ထောင်ပြုလိုက်တဲ့အခါ နိုအာတို့ ၂ယောက်က မောင်နှမတွေအဖြစ် ပတ်သက်ရပါတော့တယ်။ အစပိုင်းတည်းက သူတို့ ၂ယောက်ကအဆင်မပြေပါဘူး။ နိုအာက သူ့အမေ လူချမ်းသာနဲ့ယူတာကို သဘောမတူပါဘူး။နစ်က ငယ်ငယ်တည်းက အဖေနဲ့အမေကွာရှင်းထားလို့ စိတ်ဒဏ်ရာရပြီး ဖအေရှေ့မှာ ပြည့်စုံတဲ့သားလိမ္မာလိုနေပေမယ့် တကယ်က ပြိုင်ကားမောင်းပြိုင် ပါတီတွေတက် ရန်ဖြစ်ပြီး ဆိုးနေတာပါ။ နိုအာကတော့ ဖခင်က သူတို့သားအမိကိုနှိပ်စက်တဲ့အတွက် စိတ်ဒဏ်ရာရနေပြီး သူ့အဖေကို အရမ်းကြောက်ပါတယ်။ နိုအာရဲ့အဖေက‌ သူ့သက်သေခံထွက်ဆိုချက်ကြောင့် ထောင်ကျနေပါပြီ။စရိုက်ချင်းမတူတဲ့ သူတို့၂ယောက်က တစ်ယောက်လမ်းတစ်ယောက် ၀င်မရှုပ်ဖို့ သဘောတူထားပေမဲ့ တစ်ချိန်မဟုတ်တစ်ချိန် တွေ့နေရတာပါ။ နစ်ရဲ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးထားတဲ့အတွက် နစ်သွားတဲ့ ပါတီတွေ ကားမောင်းပြိုင်ပွဲတွေမှာ နိုအာပါရှိနေပါတယ်။ သူတို့ ...
movie

My Fault (2023)

2023