Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Issey Takahashi
6.6
March Comes in Like a Lion Part1 (2017)
March comes in like a lion (2020)ရေး ခီရိရာမဟာ အသက်၁၇ရှိတဲ့ အထက်တန်းကျောင်းသားလေး ဖြစ်ပြီးတော့ professional shogiကစားသမား တစ်ယောက်ဖြစ်ပါတယ်။ ငယ်ငယ်တည်းက သူ့မိဘတွေနဲ့ သူ့ညီမလေးဟာ ကားမတော်တဆမှုတစ်ခုမှာ ဆုံးပါးသွားတဲ့အတွက် အဖေ့မိတ်ဆွေဆီမှာ သွားရောက်နေထိုင်ခဲ့ရပါတယ်။အဖေ့မိတ်ဆွေဖြစ်တဲ့ မွေးစားက shogiပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် သူဟာ သူဝါသနာမပါတဲ့ shogiကို သဘောကျချင်ယောင်ဆောင်ပြီးတော့ လိုက်လျောညီထွေဖြစ်အောင် နေခဲ့ရပါတယ်။ ဒါပေမဲ့ shogiကို အကောင်းဆုံးကြိုးစားခဲ့လို့ ငယ်ငယ်လေးနဲ့ ထူးချွန်တဲ့ပညာရှင် ဖြစ်ခဲ့ပါတယ်။ဒီလိုထူးချွန်တာကြောင့်ပဲ မွေးစားအဖေက "ရေး"ကို မနိုင်နိုင်လို့ shogiဆက်မကစားဖို့ တားခဲ့ပါတယ်။ သူဟာ မိသားစုအတွက် စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ထင်သွားတာကြောင့် အဲဒီအိမ်ကထွက်လာပြီး တစ်ယောက်တည်းနေခဲ့ပါတယ်။ဒီလိုနဲ့ shogiပြိုင်ပွဲတစ်ခုမှာ သူ့မွေးစားအဖေကို ပြိုင်ဖက်အနေနဲ့ပြန်ဆုံပြီး အနိုင်ယူမိတဲ့အခါမှာ သူ့ရဲ့အပြစ်မကင်းစိတ်က ပြန်ပေါ်လာပြီး အရက်သောက်ခဲ့ပါတယ်။ မူးနေရင်းနဲ့ စဉ်းစားလွန်ပြီး စိတ်ပူပန်မှုလွန်ကဲကာ လဲကျသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ အကရီလို့ခေါ်တဲ့ စိတ်ထားကောင်းတဲ့အစ်မတစ်ယောက်က ခေါ်ပြီး ...
movie
March Comes in Like a Lion Part1 (2017)
7.6
The Taste of Tea (2004)
Taste of Tea (2004)IMDb rating 7.6/10ထိ ရရှိထားတဲ့ ၂၀၀၄ခုနှစ်ထွက် ဂျပန် မိသားစု ဒရာမာဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။တိုကျိုမြောက်ပိုင်း တိုချိဂိစီရင်စုမှာရှိတဲ့ ကျေးလက်ရွာလေးမှာနေထိုင်ကြတဲ့မိသားစုတစ်စုရှိပါတယ်။ အဖေဖြစ်သူ နိုဘုအိုက အိပ်မွေ့ချနည်းနဲ့ကုသပေးတဲ့ဆရာဝန်တစ်ယောက်ပါ။ အမေဖြစ်သူကတော့ အိမ်ရှင်မဖြစ်ရုံတင်မကဘဲ animatorအလုပ်တွေကို အိမ်ကိုယူပြီး လုပ်တဲ့မိခင်တစ်ယောက်ပါ။သူတို့ရဲ့သားဖြစ်သူ "ဟာဂျိမဲ"ကတော့ အဖေ့ထံကနေ ကျားကွက်ထိုးနည်းသင်ခံရပြီး တော်လည်းတော်ပါတယ်။ ဒါပေမဲ့ မိန်းကလေးတွေနဲ့ အချစ်ရေးနဲ့ပတ်သက်လာရင်တော့ ဒုက္ခရောက်နေတဲ့ ကောင်ကလေးပါပဲ။သူတို့ရဲ့သမီးဖြစ်သူ စချိကိုကတော့ သူ့ရဲ့ကိုယ်ပွားအကြီးကြီးက သူ့ကိုအမြဲစောင့်ကြည့်နေတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေပါတယ်။ သူ့ဦးလေးပြောပြခဲ့တဲ့ပုံပြင်ကြောင့် ဒီလိုမြင်ရတဲ့အခြေအနေက အစပျိုးခဲ့တာပါ။ ဒီပုံပြင်နဲ့ဆက်စပ်တဲ့အကြောင်းအရာတွေနဲ့ သူတို့ ကျေးလက်မိသားစုလေးရဲ့ နိစ္စဓူဝလှုပ်ရှားသက်ဝင်ပုံတွေကို ရိုက်ကူးထားတဲ့ရုပ်ရှင်ဟောင်း ရုပ်ရှင်ကောင်းတစ်ကားပါပဲ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(3.5GB) / (1.6GB) Quality__BluRay_1080p, 720p IMDb Rating__7.6/10 Format__mp4 Duration__02:24:00 Type__Comedy, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin ...
movie
The Taste of Tea (2004)
6.5
Wife of a Spy(2021)
ယေဘုယျအနေနဲ့တော့ နိုင်ငံတစ်နိုင်ငံရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုရဲ့ သက်တမ်းကြာရှည်လေ သူ့မှာထွန်းကားတဲ့ အနုပညာတွေ မြင့်မားလေပါပဲ။ ရုပ်ရှင်လောကမှာ ဂျပန်ဟာ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်အသွေးနဲ့ ရပ်တည်နေပြီး အနောက်နိုင်ငံတွေက သူ့ကို ဆင့်ပွားကူးယူ ခံရနေကျ ဆရာတစ်ဆူပါပဲ။ ဂျပန်ရုပ်ရှင်တွေဟာ အသားမကျရင် အ၀င်နည်းနည်း ခက်ပေမဲ့ ရင်ထဲရောက်သွားတဲ့အခါ သူ့အရသာဟာ တသသကို စွဲထင်ကျန်ရစ်တတ်တယ်။ ရုပ်ရှင်အကြောင်းမပြောခင် ဖန်တီးသူဖြစ်တဲ့ ဒါရိုက်တာခိရိုရှိ ခူရိုဆ၀အကြောင်း အရင်ဆုံး မိတ်ဆက်ပေးချင်တယ်။ သူက တိုကျို အနုပညာတက္ကသိုလ်က ပရော်ဖက်ဆာ။ ဇာတ်ညွှန်းရေးဆရာ ဒါရိုက်တာနဲ့ ဝေဖန်ရေး ဆရာတစ်ယောက်ဆိုလည်း ဟုတ်တယ်။ ဒါရိုက်တာက မညံ့သလို ဒီရုပ်ရှင်ဟာလည်း ၂၀၂၀ရဲ့ အကောင်းဆုံး ဂျပန်ရုပ်ရှင်တစ်ကားလို့ ဝေဖန်ရေးဆရာတွေ ချီးကျုးခံခဲ့ရတယ်။ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာလည်း ငွေခြင်္သေ့ဆုရထားပါတယ်။အကောင်းဆုံးဒါရိုက်တာဆုပါ။ Cinematographyဟာလည်း အတော် သိမ်မွေ့လှပတယ်လို့ ချီးကျူးခံခဲ့ရပါတယ်။ အဓိကဇာတ်ဆောင်ကတော့ ဂျပန်ကားတွေနဲ့ သိပ်မစိမ်းတဲ့လူတွေ သိကြတဲ့ မမ ယုအအို့အိပါပဲ။ ဘော်ဒါတစ်ယောက်ပြောသလိုပြောရရင် ဟန်နီနွေဦးဂျပန်ဗားရှင်းပေါ့။ တကယ်တော့ ဒီရုပ်ရှင်ဟာ သူနဲ့တင်တန်နေပါပြီ။ ဇာတ်လမ်းကတော့ စစ်တွင်းကာလက အဖြစ်အပျက်တစ်ခုကို ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်။ 1940 ဒုတိယကမ္ဘာစစ် အကြိုကာလလောက်မှာ ...
movie
Wife of a Spy(2021)
2020
6.4
Romance Doll (2020)
Romance Doll 2020 -------------------------------၁၈ယောက်စုကြည့်ရတဲ့ကားပါလို့ ကြိုပြောထားပါမယ်Netflix ကရိုက်ထားတဲ့ကားကောင်းလေးပါသရုပ်ဆောင်အများကြီးမပါပေမယ့်နွေးထွေးတဲ့ဆက်ဆံရေးအများကြီးကိုရှင်းရှင်းလင်းလင်းကိုရိုက်ပြထားပြီး သရုပ်ဆောင်တွေအကုန်လုံးကလည်းchemistery မိလှပါတယ်ဇာတ်လမ်းအကျဉ်းပြောရရင်တော့လူကြီးအရုပ်တွေလုပ်ရတဲ့ကောင်လေးနဲ့အဝတ်ဗလာမော်ဒယ်လ်ထိုင်ပေးတဲ့ကောင်မလေးတစ်ယောက်တို့အကြောင်းပေါ့ပထမတွေ့တဲ့အကြိမ်မှာပဲရင်သားတွေအကိုင်ခံလိုက်ရလို့ချစ်သွားတဲ့ကောင်မလေးနဲ့ရှက်ရှက်နဲ့ကိုင်လိုက်ပြီး တစ်ခါတည်းနဲ့ကိုတန်းချစ်သွားတဲ့ကောင်လေးတို့ဟာအချင်းချင်းအမေးအမြန်းတွေသိပ်လုပ်မနေပဲလက်ထပ်လိုက်ကြပါတယ်ချစ်ခြင်းတွေနဲ့ပဲတည်ဆောက်ထားတဲ့နှစ်ယောက်တည်းကမ္ဘာလေးကလျှို့ဝှက်ချက်တွေမပေါ်လာခင်အထိတော့သာယာနေခဲ့တာပေါ့ယောင်္ကျားတွေက ဘယ်လိုပဲချစ်လို့ယူထားယူထားအခြားက စနှိုက်တွေရောက်လာတဲ့အခါခဏလောက်ဖြစ်ဖြစ် ယိမ်းယိုင်တတ်တဲ့စိတ်ကိုလည်းမြင်လိုက်ရပါသေးတယ်( ရှင်တို့ယောင်္ကျားတွေကောင်းကိုမကောင်းဘူး )ဆိုတော့ သာယာကြည်နူးဖွယ်ကောင်းသော ဝမ်းနည်းဖွယ်ကောင်းသောပျော်ရွှင်ဖွယ်ကောင်းသော အခန်းတိုင်းက ခံစားချက်အမျိုးမျိုးကိုရစေပါတယ်ချစ်ခြင်းတရားဟာ အဘယ်ကဲ့သို့ဆန်းကြယ်ကြောင်းတွေရောကိုအပြင်လောကမှာကြုံတွေ့ရသလို သဘာဝကျကျလေးရိုက်ကူးထားတာမို့လို့စီးမြောခံစားရတာ သက်တောင့်သက်သာရှိလှပါတယ်( ရည်းစားမရှိတဲ့သူတွေကတော့ ရုပ်ရှင်ကိုရုပ်ရှင်လိုပဲကြည့်ပေါ့ )ဇာတ်လမ်လေးကောင်းရုံတင်မကအပိုဆုအနေနဲ့ မင်းသမီးလေးကလည်းအသားအရည်ရဲ့ဝင်းလဲ့နေမှု မျက်နှာလေးရဲ့ လှပနေမှုဆိုသလိုတော်တော်လေးလှပါတယ်ပြီးတော့ ၂၀၀၈တုန်းက အကောင်းဆုံးဇာတ်ပို့ဆုရထားတာမို့ သရုပ်ဆောင်တာကတော့သိပ်ညွှန်းမနေတော့ဘူးနော် )မင်းသားကလည်း ယောင်္ကျားဆန်ဆန်ပုံစံနဲ့ သရုပ်ဆောင်တာလည်းကောင်းတာမို့လို့ကြည့်ဖို့ပေးလိုက်ရတဲ့အချိန်အတွက် နောင်တရစရာမရှိပါဘူး Translated and Reviewed by ThinZar HtetEncoded by YKFile Size : 2.2GB abd 1.3GBQuality :1080p Blu-Ray Remux and 720pDuration : 2h 3minSubtitles : Myanmar (Hardsub)
movie
Romance Doll (2020)
2020
7.9
Whisper of the Heart (1995)
IMDb 7.9 တောင်ရထားတဲ့ ကားဆိုတော့ ကာတွန်းကားဆိုပြီး အထင်သေးလို့မရတဲ့ အပြင် နာမည်ကြီး ကာတွန်းရုပ်ရှင် Spirited Away ကိုဖန်တီးထားတဲ့ ဒါရိုက်တာကပဲ ဆက်လက်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတကားနဲ့ မိတ်ဆက်ပေးပါရစေ တခါက၁၄နှစ်အရွယ်ကျောင်းသူလေး Shizuku ဟာ သူ့မိသားစုနဲ့ Tokyo မြို့မှာနေသတဲ့... သူဘဝကလည်းပုံမှန်ကျောင်းသူတယောက်လိုပါပဲ... ဒါပေမယ့် တခုထူးခြားတာက Shizuku ဟာကျောင်းပိတ်ရက် ဆိုတာနဲ့ ဒေသခံစာကြည့်တိုက် သွားပြီးရှိသမျှ Fairy Tale (အကြမ်းဖျင်းအားဖြင့်ကလေးပုံပြင်ပေါ့) စာအုပ်တွေငှားဖတ်လေ့ရှိပြီး သူကိုယ်တိုင်ကလည်းစာရေးသူတယောက်ဖြစ်ချင်တဲ့သူပါ... ဒါမယ့် သူစာအုပ်တွေဖတ်ရင်းဖတ်ရင်း နာမည်တခုနဲ့ ရင်းနှီးလာတယ်... သူငှားဖတ်သမျှစာအုပ်တိုင်းရဲ့ငှားဖတ်သူစာရင်းကဒ်မှာ Seiji ဆိုတဲ့ကောင်လေးကသူ့ရှေ့အမြဲရောက်နေတယ်... ဒီတော့ဆယ်ကျော်သက်မိန်းခလေးသဘာဝအတိုင်း မမြင်ဘူးတဲ့ကောင်လေးကိုပဲအထင်ကြီးမိပြီး သံယောဇဉ်တွယ်သွားတယ်တဲ့... ဒီလိုနဲ့တနေ့မှာ Shizuku က သူ့အဖေကို ထမင်းဘူး သွားပို့ပေးရင်းရထားစီးလာရာမှာ ရထားပေါ်ကိုမှတ်တိုင်တခုမှာကြောင်ကြီးတကောင်က တက်လာပြီး Shizuku အတွက် အထူးအဆန်းဖြစ်သွားတာပေါ့... ပိုထူးဆန်းတာကကြောင်ကြီးကလူအတိုင်းပဲ သူဆင်းချင်တဲ့ မှတ်တိုင်မှာဆင်းသွားတယ်တဲ့... ဒါနဲ့ကြောင်ကြီးကိုစိတ်ဝင်စားလို့ Shizuku ကနောက်ကလိုက်ရင်း Alice ကနေ Wonderland ရောက်သလိုဖြစ်သွားမလားဆိုတာ ?? စိတ်ဝင်စားဖွယ်ဆက်လက်ရှုစားကြပါ သီချင်းတွေကို အတတ်နိုင်ဆုံး ဆီလျော်အောင် ဘာသာပြန်ပေးထားပါတယ် အမှားပါတာရှိ ခွင်.လွတ်ကြပါကုန် Japan Anime တွေထုံးစံအတိုင်း ဇကားအပြီးမှာတော့ မက်ဆေ့ချ်တခုတော့ ရစမြဲမို့ ဒေါင်းယူကြည့်သင့်ပါတယ်ဗျာ ( ဒီကားလေးရဲ့အညွှန်းကို M-MDB Page မှ ကူးယူထားတာဖြစ်ပြီး ဘာသာပြန်သူကတော. Bommy Chan ပဲဖြစ်ပါတယ်။ ) File Size - 1.6 GB Quality ...
movie
Whisper of the Heart (1995)
1995
5.5
The Limit of Sleeping Beauty (2017)
ဒီဇာတ်ကားအကြောင်း ညွှန်းရမှာနည်းနည်းတော့လန့်ပါတယ်။ဒီဇာတ်ကားမှာ သီအိုရီသဘောတွေ အများကြီးတွေ့ရပြီး လူကြိုက်နည်းနိုင်တဲ့ ဇာတ်ကားဖြစ်ပေမယ့် ကျွန်တော်တော့သဘောကျမိပါတယ်။အဲဒါကြောင့်လန့်မိတာပါ။ကျွန်တော်ပြန်ဖူးတဲ့ Mad Genius(2018) လိုဇာတ်ကားမျိုးပါပဲ။ဒီကားက၁၈+ ဇာတ်ကားတစ်ကားမဟုတ်သလို အညှီအဟောက်မပါတာမျိုးလည်းမဟုတ်ပါဘူး။ဒီတစ်ကားလုံးမှာ ဇာတ်လမ်းကိုကြည့်ပြီးနောက်ဆုံးပိုင်းထိ အူလည်လည်ဖြစ်နေနိုင်ပါတယ်။ဇာတ်လမ်းလေးက ရိုးရိုးလေးနဲ့ ရှင်းရှင်းလေးပါပဲ။ဇာတ်လမ်းအကျဉ်းကိုရေးလိုက်ရင်တော့ စာတစ်ကြောင်းလောက်နဲ့ပြီးသွားမှာပါဒါပေမယ့် တင်ပြသွားတဲ့ပုံစံတွေက လူတစ်ယောက်ရဲ့စိတ်ခံစားချက်တွေကို အပိုင်းပိုင်းအစစလုပ်ပြီးတော့ နေရာအနှံကျဲချထားတဲ့ပုံစံမျိုးတင်ပြထားတာပါ။အဲဒီအချက်ကဒီဇာတ်ကားကို ကျွန်တော်သဘောကျမိတဲ့အချက်ဖြစ်နိုင်ပါတယ်။ပြီးတော့ ကျွန်တော် မထင်ထားမိတာက ဒီကားရဲ့ IMDB Rating က 5.6 ဖြစ်နေတာပါပဲ။တကယ်ကိုလူကြိုက်မများလောက်တဲ့ဇာတ်ကားလို့ကျွန်တော်ထင်ထားတာက ဘာလို့ အဲ့လောက် Rating ထိရောက်နိုင်ရတာလဲပေါ့။ကျွန်တော်ကပဲ ဒီဇာတ်ကားရဲ့ တင်ပြပုံတွေကိုဉာဏ်မမှီတာလားလားဆိုတာ CM ပရိတ်သတ်ကြီးပဲ ပြောပေးကြပါဦးဗျာ။အချိန်ဆိုတာ ပုံရိပ်ယောင်တစ်ခုပါပဲ။အတိတ် ပစ္စုပ္ပန် အနာဂါတ် သုံးမျိုးစလုံးက တစ်ချိန်တည်းသင့်မှာရှိနေတာကြောင့် သင်ဆိုပြီးဖြစ်လာတာပါ။သင်ဟာအတိတ်မှာနေလို့မရသလို အနာဂါတ်မှာနေလို့မရတဲ့အချိန်မှာ သင့်ရဲ့ပစ္စုပ္ပန်ကအခုသင့်ဆီမှာမရှိတော့ပါဘူး။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ) File Size : (765 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr ...
movie
The Limit of Sleeping Beauty (2017)
2017