Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Isha Koppikar
6.3
Ayalaan (2024)
Ayalaan 2024 ချစ်သောဤကမ္ဘာ IMDb - 6.4ဒီနေ့မှာတော့ တောင်းဆိုသူတွေလည်းများပြားနေတဲ့ တမီလ်စကားပြော Sci-fi ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးမှာပါ။ ကိုဗစ်ကြောင့် အချိန်အတော်ကြာနှောင့်နှေးခဲ့ရပေမဲ့ ထွက်ရှိလာချိန်မှာ Box Office 96 ကုဋေအထိရထားတဲ့၂၀၂၄ခုနှစ်ရဲ့ ဒုတိယဝင်ငွေအမြင့်ဆုံးတမီလ်ကားလေးဆိုတော့ ဘယ်လိုလာမလဲဆိုတာ ရှုစားကြပါဦး။တာမစ်ရှ်ဟာ ကမ္ဘာကြီးကို အလွန်ချစ်တဲ့သူတစ်ယောက်၊ လောကအလှတွေကို တန်ဖိုးထားတတ်တဲ့ nature loverတစ်ယောက်ပါ။ ပတ်ဝန်းကျင်ကို အလေးထားလွန်းသူပီပီ သူ့မှာ ဆပ်ပြာလည်းမသုံးရက်၊ အပင်တွေကိုလည်းဆေးမဖြန်းရက်၊ သူ့ရဲ့နေကြာခင်းကို ကျိုင်းကောင်အုပ်လိုက် ဝင်သမတာတောင်မှ ပိုးသတ်ဆေးနဲ့ဓာတ်မြေဩဇာတွေသုံးရင် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုပြီး ပြုံးပြုံးကြီး တရားဟောနေသူပေါ့။ သဘာဝအကြောင်း စကားစလေးများရလိုက်ရင် တမေ့တမော ပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားတော် ဓာတ်ပြားဟောင်းဖွင့်တတ်သူမလို့ တာမစ်ရှ်စကားစပြီဟေ့ဆို တစ်ရွာလုံးပြေးကြတဲ့အထိပါပဲ။ဒီတော့ UNတွေဘာတွေသွားရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတရားကို ကမ္ဘာလှည့်ဟောမယ့်သူဖြစ်မှာပေမဲ့ ပွမ်ဘာရိုင်ရွာမှာတော့ အမေကိုယ်တိုင်က နားကြားပြင်းကပ်နေတဲ့ လူထူးဆန်း လူ့ဂွစာဖြစ်နေတာပေါ့။ဒီလိုနဲ့ နေကြာခင်းကြီးလည်း ကျိုင်းကောင်စာမိပြီး စိုက်သမျှမဖြစ်ထွန်းလို့ အကြွေးတွေလည်း လည်ပင်းနစ်လာချိန်မှာတော့ အမေနဲ့ရွာသားတွေရဲ့ ဆွမ်းကြီးလောင်းမှုနဲ့ အလုပ်ရှာဖို့ မန်ဒရာမြို့ပေါ်တက်ရင်း တက်တူးဆိုတဲ့ဂြိုဟ်သားလေးနဲ့ ခင်မိရာကနေ ကမ္ဘာကြီးကို ကယ်တင်ရမယ့်မစ်ရှင်ပါ အတူကပ်ပါလာတဲ့အခါ...သိပ်ချစ်တဲ့ကမ္ဘာကြီးကို ကိုယ့်လက်နဲ့ကယ်တင်ရဖို့ ဖြစ်လာချိန်မှာတော့ တာမစ်ရှ်တစ်ယောက် တက်တူးနဲ့တူတူ ဘယ်လိုစွန့်စားခန်းတွေဝင်ရင်း အလွဲလေးတွေကြုံရမလဲဆိုတာ ...
movie
Ayalaan (2024)
2024
5.7
36 China Town (2006)
36 China Town (2006) Comedy, Mystery, Thriller IMDb 5.7/10 (4.9K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ မင်းသားချောလေး ရှာဟစ်ကပူး..အရှေးခန်နားနဲ့ မင်းသမီး ကရီနားကပူးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး နာမည်ကြီးဟာသ သရုပ်ဆောင်ကြီးတွေဖြစ်ကြတဲ့ ဂျွန်နီလီဗာနဲ့ ပရေရှ်ရာဝလ်တို့အပြင် တခြားသော သရုပ်ဆောင်ပေါင်းများစွာပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်...လောကမှာ ငွေမရှိရင် ဘာမှလုပ်လို့မရဘူး ငွေဟာဘုရားသခင်ပဲ ငွေရှိမှအရာအားလုံးပြည့်စုံတာဆိုတဲ့လူအတွက် ခုခံချေပမပြောချင်ပေမယ့် ဒီပိုက်ဆံဟာပဲ လူ့ဘဝသက်တမ်းတစ်လျှောက်လုံးကို စုတ်ပြတ်သပ်သွားအောင် လုပ်နိုင်တဲ့အပြင် လူ့အသက်ကိုပါ ရန်ရှာလာတဲ့ပုံကို ဒီဇာတ်ကားမှာ မြင်တွေ့ရမှာဖြစ်ပါတယ်...ဇာတ်ကားအညွှန်းကိုပြောရမယ်ဆိုရင်...အရမ်းချမ်းသာတဲ့ ကာစီနိုပိုင်ရှင်မလေး ဆိုနီယားကိုမှီတည်ပြီးပြောရမှာပဲ...သူ့မှာ ၁နှစ်ခွဲအရွယ်ပဲရှိသေးတဲ့ သားလေးတစ်ယောက်ရှိပါတယ်..အမေတစ်ခု သားတစ်ခုမို့ သူ့သားလေးကို အသက်သမျှချစ်မြတ်နိုးပါတယ်...ဒါပေမဲ့ သူ့ရဲ့သားလေးပျောက်ဆုံးသွားတာ ရက်တော်တော်ကြာခဲ့ပါပြီ...တစ်ရက်တော့ သတင်းစာထဲမှာ ကြေညာထားတဲ့ သားဖြစ်သူကို ပြန်တွေ့ရင် ဆုတော်ငွေ ၂၅ သိန်းချီးမြှင့်မယ်ဆိုတဲ့သတင်းနဲ့အတူ သူ့သားကို ပြန်ရှာတွေ့တဲ့ အတွဲတစ်တွဲဟာ သားဖြစ်သူကိုပြန်ပေးဖို့အိမ်ကိုလာပါတော့မယ်...အဲ့ဒီနေ့ညမှာတင်ပဲ ဆိုနီယားအသတ်ခံလိုက်ရပါတယ်...။အသတ်ခံရတဲ့ညအတွင်းမှာ သူမရဲ့နေအိမ်ထဲကို ကိုယ်ပိုင်အကြံအစည်တွေနဲ့ ဝင်ထွက်သွားလာခဲ့သူတွေ အများကြီးရှိနေခဲ့ပါတယ်...။ကဲ..လူသတ်တရားခံဟာ ဘယ်သူဖြစ်မလဲ...။ဒီကားရဲ့ဇာတ်လမ်းလေးက အတော်လေး စိတ်ဝင်စားဖို့ကောင်းသလို တစ်ကားလုံး ရင်ဖိုစေမယ့်အပြင် ပဟေဠိတွေကြားထဲက ဟာသလေးတွေလည်းပါတာမို့ ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပေးလိုက်ပါတယ်နော်... File size…2.05GB / 1GB Quality…1080p ...
movie
36 China Town (2006)
7.2
Don (2006)
IMDb Rating (7.2) / Rotten Tomatoes (78%)ဒီတစ်ခါတော့ နာမည်ကျော် ဘောလိဝုဒ် မင်းသားကြီး ရှာရွတ်ခန်းရဲ့ ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဉ်းကတော့ ဘိန်းမှောင်ခို ဂိုဏ်းခေါင်းဆောင် Don ကိုဖမ်းဆီးဖို့အိန္ဒိယ ရဲဌာနမှ ရဲအုပ် De Silva ကိုတာဝန်ပေးအပ်ထားတာပါ။တစ်ဖက်မှာလဲ Don ဟာ ဂိုဏ်းကနေ ထွက်ဖို့ကြိုးစားတဲ့ လူယုံ Ramesh ကို သတ်လိုက်ပါတယ်။အဲ့တော့ Ramash ရဲ့ ဇနီးလောင်းနဲ့ ညီမဖြစ်သူကလဲ Don ကိုလက်စားခြေဖို့ကြိုးစားကြပါတော့တယ်။တစ်နေ့တော့ Don နဲ့ရုပ်ချင်းချွတ်စွပ်တူတဲ့ Vijay ဆိုတဲ့မွမ်ဘိုင်းက ကောင်လေးတစ်ယောက်ကိုရှာဖွေတွေ့ရှိသွားချိန်မှာDon အစစ်နဲ့အတု ဘယ်လိုဆက်စခန်းသွားသလဲဆိုတာ ဇာတ်လမ်းရဲ့အနှစ်ပါ။စရိုက်နှစ်ခုကို နှစ်ကိုယ်ခွဲပြီးသရုပ်ဆောင်ထားတဲ့ ရှာရွတ်ခန်းရဲ့ စကေးကတော့ အထွေအထူးထောက်ခံနေစရာလိုမယ်မထင်ပါဘူး။ဝင်ငွေအရရော အနုပညာအရရော အောင်မြင်မှုကြီးမားခဲ့လို့ Don 2 (2011) ကိုဆက်လက်ရိုက်ကူးခဲ့ပါတယ်...Don 2 (2011) ကို ဒီမှာ https://channelmyanmar.to/don-2-20111/ ကြည့်ပါ။ File ...
movie
Don (2006)
2006
HEVC 1080p 5.1