Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Isaiah Washington
5.2
Wild Things 2 (2004)
Wild Things (1998) ဟာ Erotic Thriller တွေခေတ်စားတဲ့ 90s နှောင်းပိုင်းမှာထွက်ခဲ့ပြီးအောင်မြင်ခဲ့တဲ့ဇာတ်ကားတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။သူ့ရဲ့အောင်မြင်မှုအရှိန်အဝါကြောင့်ပဲနောက်ထပ် Sequel သုံးခုထပ်ထွက်လာနိုင်ခဲ့ပါတယ်။ နောက်ပိုင်းဇာတ်လမ်းတွေဟာ ပထမကားရဲ့ပုံစံအတော်များများကိုပြန်သုံးထားပြီး သရုပ်ဆောင်နဲ့အဓိကဇာတ်ကွက်တွေပဲ ကွဲပြားသွားတာဖြစ်တဲ့အတွက် သုံးကားလုံးဟာ သူ့ဟာနဲ့သူကြည့်ကောင်းကြပါတယ်။အခုတင်ဆက်ပေးမယ့် အပိုင်း ၂ မှာတော့ ဘရစ်တနေဟေဗာ ဆိုတဲ့ မီလျံနာသူဌေးကြီးတစ်ဦးရဲ့မယားပါသမီး အထက်တန်းကျောင်းသူလေးကိုတွေ့မြင်ရမှာပါ။ ဘရစ်တနီရဲ့မိခင်က မကြာသေးခင်ကမှ ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့ပြီး အခုချိန်မှာတော့ ပထွေးဖြစ်သူနဲ့ နှစ်ဦးတည်းနေထိုင်နေတာဖြစ်ပါတယ်။ ဘရစ်တနီကအထက်တန်းကျောင်း ဘော်လီဘောအဖွဲ့ဝင်တစ်ဦးဖြစ်သလိုအပေါင်းအသင်းလည်းဝင်ဆန့်တဲ့အတွက် ကျောင်းမှာနာမည်ကျော်တွေထဲကတစ်ယောက်ပါ။ သူ့ရဲ့ငယ်စဉ်ဘ၀က ဆင်းရဲခဲ့တဲ့အတွက် အဲ့ဒါကိုအားနည်းချက်လိုအမြဲထုတ်ဖော်တိုက်ခိုက်ပြီး သူ့ကိုမနာလိုနေတဲ့ မာယာကင်း ဆိုတဲ့ပြိုင်ဘက်ကျောင်းသူတစ်ယောက်လည်း သူ့မှာရှိနေပါတယ်။တစ်နေ့တော့ သူ့ပထွေးဖြစ်သူ သန်းကြွယ်သူဌေးကြီးဟာ ခရီးသွားစဉ်မတော်တဆမှုနဲ့သေဆုံးသွားခဲ့ပြီး အမွေကိစ္စရှေ့နေတွေနဲ့ရှင်းလင်းတဲ့အချိန်မှာသူ့အတွက် တစ်နှစ်စာ ထောက်ပံ့ကြေး ၂၅၀၀၀ ကလွဲလို့ဘာမှချန်မထားခဲ့ပဲ ကျန်တဲ့စည်းစိမ်မှန်သမျှကို သူ့မှာသွေးသားရင်းရှိခဲ့ရင် အဲ့ဒီလူကိုသာလွှဲပြောင်း ဆက်ခံစေမှာဖြစ်ကြောင်းသိလိုက်ရပါတယ်။ အဲ့ဒီသွေးသားရင်းဆိုတဲ့သူက တကယ်တမ်းထွက်ပေါ်လာမှာလား? အဲ့ဒီလူဟာ ဘယ်သူဖြစ်နေမလဲ? ပထွေးဖြစ်သူရဲ့သေဆုံးမှုဟာလည်း သာမန်မတော်တဆမှုတစ်ခုပဲလား အစရှိတာတွေကို အဆုံးသတ်အထိ မြုပ်ကွက်တွေ ပဟေဠိတွေအပြည့်နဲ့ရှုစားရမှာပါ။ Erotic Thriller အမျိုးအစားဖြစ်တဲ့အတွက် ...
movie
Wild Things 2 (2004)
5
Corsicana (2022)
Corsicana (2022)~ IMDb - 5/10, Rotten Tomatoes - 79% ~အမေရိကန်တောင်ပိုင်းက အန္တရာယ်အရှိဆုံး ဥပဒေမဲ့လုပ်ရပ်တွေ လူဆိုးတွေကို နှိမ်နင်းဖမ်းဆီးပေးခဲ့တဲ့ လူမည်း Marshal အရာရှိ ဘက်စ်ရိဖ် အကြောင်း ပြောင်မြောက်တဲ့ လက်ရာတစ်ခုပါ။ဘက်စ်ရိဖ်က အသက် 23 နှစ်မှာ ကျွန်သဘောက်ဘဝကနေ ထွက်ပြေးလွတ်မြောက်လာပြီး သူ့ရဲ့ ထူးချွန်မှုနဲ့ သတ္တိကြောင့် အရာရှိအဖြစ်ရာထူးရလာပြီး နှစ်ကာလကြာရှည် အမှုထမ်းခဲ့ပါတယ်။ ရိဖ်က စာတော့မဖတ်တတ်ပါဘူး။ သူ့ကို Legend အဖြစ် တင်စားခဲ့ကြပါတယ်။အခု ဇာတ်အိမ်ကတော့ ကိုစီကန်နာပြည်နယ်က ရေနံထွက်တဲ့ စားကျက်မြေကို ၀ယ်ချင်တဲ့ သူဌေးတစ်ယောက်က ကောင်းဘွိုင်လူဆိုးဂိုဏ်းကို ငွေပေးခိုင်းတာကနေ စပါတယ်။ ရိဖ်ကလည်း ဒီလူဆိုးဂိုဏ်းကို သုတ်သင်ဖို့သူ့အပေါင်းအပါ ၂ယောက်နဲ့ လာမှာပါ။ သူ့အဖွဲ့သားတွေက မိတ်ဆွေဟောင်း ဆမ်နဲ့ သူထွက်ပြေးနိုင်အောင် ကူညီပေးခဲ့တဲ့ ကယ်လီဖိုးနီးယားဆိုတဲ့ လက်ဖြောင့် သေနတ်သမား ...
movie
Corsicana (2022)
2022
7.0
Out of Sight(1998)
ဘဏ်တွေဓားပြတိုက်တာ အကြိမ်ဘယ်လောက်ရှိပြီလဲမေးရင် များလွန်းလို့ အရေအတွက်အတိအကျမမှတ်မိတာကြောင့် ပြန်မဖြေနိုင်ဘူး သူကတော့ ဖိုလေလို့ခေါ်တဲ့ကျွန်တော်တို့ရဲ့ဇာတ်လိုက်မင်းသားချောကြီး George Clooneyဖြစ်ပါတယ် ဘဏ်ဓားပြမှုတစ်ခုကြောင့်ပဲ သူထောင်ကျခဲ့တယ် ဒါပေမဲ့ တစ်နေ့ သူထောင်ကထွက်ပြေးတယ်....ပြေးရင်းနဲ့ လမ်းမှာတွေ့တဲ့မိန်းမတစ်ယောက်ကိုဓားစာခံလုပ်ဖို့ခေါ်သွားတယ်....ဆိုးတာက သူဓားစာခံလုပ်ဖို့ခေါ်သွားတဲ့အမျိုးသမီးက ထောက်လှမ်းရေးအရာရှိတစ်ယောက်ဖြစ်လို့နေပါတယ်.....ကျွန်တော်ငယ်ငယ်က အချစ်ဝတ္ထုစာအုပ်တွေငှားရင်ပဲဖြစ်ဖြစ်ဝယ်ရင်ပဲဖြစ်ဖြစ် အစပိုင်းနည်းနည်းဖတ်ကြည့်တယ် မင်းသားနဲ့မင်းသမီးက အစပိုင်းမှာ ရန်ဖြစ်နေရင်အာ့စာအုပ်ကိုယူလိုက်ပြီ တကျက်ကျက်ရန်ဖြစ်ရင်း သူတို့နှစ်ယောက်ဟာ ဘယ်လိုခံယူချက်တွေပဲထားထား နောက်ဆုံး နှလုံးသားရဲ့ လိုအင်ဆန္ဒကိုတော့ မဆန့်ကျင်နိုင်ရှာဘူး ....အဲ့ဒါမျိုးတွေဆို သိပ်သဘောကျတယ် စာရေးဆရာမြသန်းတင့်ဘာသာပြန်ထားတဲ့နာမည်ကြီးလေရူးသုန်သုန်တောင် ဇာတ်ကောင် ၂ယောက်ရန်ဖြစ်နေတာမျိုးလေးတွေ့မှဖတ်ဖြစ်တယ် . ဘာဖြစ်လို့ကြိုက်တာလည်းဆိုတော့ မဖြေတတ်ဘူး..ခု out of sight လည်း သူတို့ ၂ယောက်ကအခြေအနေမတူ ရပ်တည်ချက်ခြင်းမတူကြဘူး ဒါပေမယ့်ဘဏ်ဓားပြကြီးက ထောက်လှမ်းရေးအရာရှိမလေးကိုမှကြွေသွားတယ်..သူတို့ ၂ယောက်လည်း ရန်တွေဖြစ်ကြတယ်..ဒီကားကြည့်မိတော့ငယ်ငယ်တုန်းကရင်ခုန်သံတွေပြန်အမှတ်ရတယ် ... လတ်ဆတ်နေတုန်းပဲ...ထောက်လှမ်းရေးအရာရှိမ ကလည်း JLOရဲ့လှသွေးအကြွယ်ဆုံးအချိန်ဆိုတော့ လိုက်ဖက်လှတယ်.. Crime အမျိုးအစားလည်းဖြစ်လေတော့ ကြည့်ရတာတော်တော်ကောင်းပါတယ် ကိုင်းပြိတ်သတ်ကြီးရေကျွန်တော်တို့လို လူမျိုးတွေရှိရင် ဒေါင်းကြည့်လိုက်ပါဦးဗျဘာသာပြန်ကတော့ Sherlock ပါ.....File Size…(853MB) and (350MB) Quality…BluRay ...
movie
Out of Sight(1998)
1998
6.1
Romeo Must Die (2000)
Romeo Must Die(2000)_______IMDb - 6.1/10 တော်တော်များများကြည့်ဖူးပြီးသားဖြစ်မယ်ထင်ပါတယ်.... တရုတ်Action ဇာတ်လမ်းပေါင်းများစွာ ရှိပါတယ်...သူတို့အားသန်ရာ ကိုယ်ခံပညာတွေနဲ့ သရုပ်ဖော်ကြပေမဲ့ ဂျက်လီကားတွေကိုပိုနှစ်သက်မိတယ်... သူ့အက်ရှင်ခန်းတွေက လှတယ် သေသပ်တယ်..သတ်ဖြတ်ခန်းတွေဆိုရင်တောင်မှ ရက်စက်ကြမ်းကြုတ်တဲ့ဟာမျိုးပါတာရှားတယ်...ဂျက်လီတတ်တဲ့ကိုယ်ခံပညာတွေလေ့လာကြည့်တော့ Wushu,Chinese Martial Artနဲ့Baguazhangဖြစ်ပါတယ်...Wushuနဲ့ Martial Artကို ကြားဖူးပေမဲ့ Baguazhangကိုတော့ နည်းနည်းစိမ်းနေတယ် U tube မှာ Baguazhang fight techniques လို့ရိုက်ရှာကြည့်တော့ videoလေးတွေတင်ထားတယ်....ဒါကိုကြည့်လိုက်မှ ဂျက်လီရဲ့အက်ရှင်ခန်းတွေဒါ့ကြောင့်လန်းတာကိုးလို့ မှတ်ချက်ချမိတယ်...Bagua ကိုယ်ခံပညာကအရမ်းကိုလှတယ် တုန့်ပြန်တိုက်ခိုက်ပုံတွေက ကကြိုးကကွက်တွေဆင်နေသလားထင်ရလောက်အောင်လှနေပေမဲ့ ရန်သူကိုမြေပြင်ပေါ် အသာလေးလှဲသိပ်နိုင်လောက်အောင်စွမ်းအားကြီးတာသွားတွေ့ရတယ်...တိပ်ခွေခေတ်တုန်းက ကြည့်ခဲ့ရပြီး ကျွန်တော့လို အကြည်လေးနဲ့ခံစားချင်သူတွေအတွက်တင်ပေးလိုက်ပါတယ် ပိုစတာကြည့်ရုံနဲ့ဇာတ်လမ်းကိုသိကြမှာဖြစ်လို့ အညွှန်းမရေးတော့ပါဘူး မကြည့်ကြသေးဘူးဆိုရင်လည်း နီးစပ်ရာမေးပြီး ကောင်းမယ်ထင်ရင်ဒေါင်းကြည့်ကြပေါ့ဗျာ File Size…(907MB) Quality… 720p Format…mp4 Duration…01:55:00 Subtitle by Kyaw Lwin Tun Encoder...Phyo Pyaeနမူနာကြည့်ရန်
movie
Romeo Must Die (2000)
2000