Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ikkei Watanabe
6.7
Chime (2024)
Chime ( 2024 ) Kiyoshi Kurosawaရဲ့ အသစ်ပေါ့။ သူ့အကြောင်း ထပ်မိတ်ဆက်ရရင် ခိရိုရှိက တိုကျိုအနုပညာတက္ကသိုလ်က ပရော်ဖက်ဆာ, Drive MY Carနဲ့ အော်စကာရခဲ့တဲ့ ရူဆုခဲဟမဂုချိက အဲဒီကကျောင်းဆင်းခဲ့တဲ့ သူ့တပည့်အရင်းကြီးပဲ။ ခိရိုရှိက ဂျပန်ရဲ့ psychological horrorတွေနဲ့ပတ်သက်ရင် နတ်ဘုရားလို့ ပြောရမယ်။ Cure တို့ Pulse တို့ Charisma တို့လို ဂန္တဝင်ဟော်ရာကားတွေကို ရိုက်ခဲ့ဖူးတယ်။ ပြောရရင် ဂျပန်ဟော်ရာတွေ thrillerတွေနဲ့ပတ်သက်ရင် ခိရိုရှိက ကဝေတစ်ပါးပဲ။၂၀၂၀တုန်းက Wife of a Spy ဆိုတဲ့ Thrillerတစ်ကားထွက်ခဲ့ပြီး ခု၂၀၂၄ကျ runtimeတော်တော်လေးတိုတဲ့ Horrorကားထွက်လာတယ်။ ဒီ၂ကားမှာ ထူးလာတာက တော်တော်လေး စည်းကပါးလာတာပါပဲ။ ဟော်ရာကား Thrillerကား ရိုက်ထားတယ်လို့ မထင်ရအောင်ကို အရင်ထက် တော်တော်လေးသိမ်မွေ့လာတယ်။ ခု Chimeမှာတော့ ဇာတ်အိမ်တောင်မပါသလောက်ဖြစ်သွားတယ်။ ...
movie
Chime (2024)
6.5
Winny (2023)
၂၀၀၂ ခုနှစ်မှာ ဂျပန်လူမျိုးဆော့ဖ်ဝဲလ်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ အီစာမူခါနဲကိုက ဖိုင်ဝေမျှတဲ့ဆော့ဖ်ဝဲလ်ဖြစ်တဲ့ "ဝင်နီ" ကိုဖန်တီးခဲ့ပါတယ်။ ဆော့ဖ်ဝဲလ်မှာ ဖိုင်တွေအပြန်အလှန်ဝေမျှလို့ရတဲ့အတွက် တရားမဝင်ဖြန့်ချိမှုတွေ ဒေါင်းလုပ်ဆွဲမှုတွေပေါ်လာပြီး မူပိုင်ခွင့်ပြဿနာတွေဖြစ်လာပါတော့တယ်။ အဲ့နောက် ရဲတပ်ဖွဲ့ကနေပြီး မူပိုင်ခွင့်ချိုးဖောက်တဲ့သုံးစွဲသူတွေကိုလိုက်ဖမ်းပြီး ဖန်တီးရှင် ခါနဲကိုလည်း အဖမ်းခံလိုက်ရတယ်။ဒါပေမဲ့ ခါနဲကို့မှာအပြစ်မရှိဘူးဆိုပြီး ထောက်ခံအားပေးကြတဲ့လူတစ်စုက သူ့အတွက် ရှေ့နေအဖွဲ့တစ်ဖွဲ့ကိုငှားပေးလိုက်တဲ့အခါမှာတော့ ခါနဲကို့အတွက် တရားသေလွတ်ဖို့အတွက် ရှေ့နေအုပ်စုပ်က မဆုတ်မနစ်ကြိုးစားရပါတော့တယ်။ ဒီဇာတ်ကားလေးက ဖြစ်ရပ်မှန်အကြောင်းပြန်ရိုက်ထားတာဖြစ်လို့ စိတ်ဝင်တစားကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ )File size_(1.5GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:00:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing
movie
Winny (2023)
7.4
Suspect X (2008)
Suspect X (2008)~ IMDb – 7.4/10, MyDramaList – 8/10 ~"ပုစ္ဆာတစ်ပုဒ်ကိုဖန်တီးရတာနဲ့ ဖြေရှင်းရတာမှာ ဘယ်ဟာကပိုခက်မလဲ"ဟာနာအိုကာ ယာဆုကို (Hanaoka Yasuko) ဟာ စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်ထားတဲ့ တစ်ကိုယ်တော်မိခင်လည်းဖြစ်သလို တစ်ခုလပ်အမျိုးသမီးတစ်ယောက်လည်းဖြစ်ပြီး သူ့သမီး မီဆာတို (Misato) နဲ့ နေထိုင်ပါတယ်။ တစ်ညမှာ သူတို့သားအမိရဲ့တိုက်ခန်းဆီ ယာဆုကိုရဲ့ခင်ပွန်းဟောင်း တိုဂါရှိ (Togashi) ပေါက်ချလာပြီး သူ့ထုံးစံအတိုင်း မိန်းမနဲ့သမီးကို ခြိမ်းခြောက်ငွေညှစ်ရာမှ လက်တွေပါကုန်ရင်း နောက်ဆုံးမှာ ယာဆုကိုတို့သားအမိဟာ တိုဂါရှိကို မတော်တဆသတ်မိသွားတော့တယ်။ ယာဆုကိုတို့ရဲ့ဘေးတိုက်ခန်း အိမ်နီးချင်းဖြစ်တဲ့ အီရှီဂါးမိ တဲ့ဆုယ (Ishigami Tetsuya) ဟာ သူ့ဘေးခန်းကဝရုန်းသုန်းကားဆူညံသံတွေကိုကြားလို့ လာမေးရင်း အကြောင်းရင်းကိုသိသွားကာ ချက်ချင်းဆိုသလို ကူညီပေးပါတော့တယ်။ကြည့်လိုက်ရင် စိတ်ဓာတ်ကျနေသလိုလိုနဲ့ ကုပ်ချောင်းကုပ်ချောင်းနေတတ်တဲ့ အီရှီဂါးမိတဲ့ဆုယဟာ တကယ်တော့ အလွန်ထူးချွန်ထက်မြက်ပြီး ပါရမီရှင်လို့တောင် ခေါ်ထိုက်တဲ့ သင်္ချာဆရာတစ်ယောက်ဖြစ်တယ်။ သူ့တစ်နေ့တာရဲ့အပျော်ရွှင်ဆုံးအချိန်က ...
movie
Suspect X (2008)
2008
6.3
Strawberry Night (2013)
[Unicode]Strawberry night : Sutoroberi naito (2013)Strawberry night Japan seriesကိုထုတ်လွှင့်ပြသခဲ့ပြီးတဲ့နောက် 2013မှာ movieအနေနဲ့ထွက်လာခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။စိတ်ဒဏ်ရာရစရာကိစ္စရပ်တွေဆီကနေရုန်းထွက်ခဲ့ပြီးနောက် မိန်းကလေး "ရီကို ဟီမီကဝ"က ရဲမေတစ်ယောက်ဖြစ်လာခဲ့ပါတယ် ၊ တစ်နေ့မှာတော့ သူတာဝန်ကျရာနေရာတဝိုက်မှာ လူသတ်မှုတွေဆက်တိုက်ဖြစ်လာခဲ့ပါတယ်"ရူဇာကီဂိုဏ်း"ရဲ့ဂိုဏ်းတွင်းပြသနာတွေနဲ့ပတ်သက်တယ်လို့ ယူဆခဲ့ကြပေမယ့် ဟီမီကဝကတော့ ဒါကိုမယုံကြည်ခဲ့ပါဘူး... အဲဒီအချိန်မှာဟီမီကဝဆီကို ထူးဆန်းတဲ့ဖုန်းတစ်ခုဝင်လာပြီး လူသတ်သမားဟာ "ကန်တို-ရနိုင်"ဖြစ်ကြောင်း သတင်းပေးတဲ့ဖုန်းဖြစ်နေခဲ့ပါတယ် ၊သို့ပေမယ့် ကန်တို-ရနိုင်နောက်ကိုမလိုက်ဖို့ ဟီမီကဝရဲ့အထက်လူကြီးကအမိန့်ပေးခဲ့ပါတယ်... ဒါပေမယ့်လည်း အမှန်တရားကိုသိချင်တဲ့သူဖြစ်တဲ့အတွက်ကြောင့် မရပ်သွားဘဲ ကန်တို-ရနိုင်နောက်ကိုဆက်လိုက်နေရင်းနဲ့ ရူဇာကီဂိုဏ်းရဲ့အကြံပေး "အိဆအို မာကိတ"နဲ့တွေ့ခဲ့ပါတယ်။မာကိတနဲ့ဆီကအချက်အလက်တွေကိုယူပြီးဒီအမှုကိုဆက်လိုက်ရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက်သံယောဇဉ်တွေဖြစ်လာတဲ့အခါမှာ... လုပ်နေရတဲ့အလုပ်ချင်းက ပြဒါးတစ်လမ်း သံတလမ်းဖြစ်နေပေမဲ့ ရီကိုက မာကိတအပေါ်ဘာလို့ သံယောဇဉ်ရှိသွားရတာလဲ ...အမှန်တရားဘက်တော်သားဖြစ်ရမဲ့အကြီးအကဲကိုယ်တိုင်က ရာထူးတည်မြဲရေးနဲ့ ဂုဏ်သိက္ခာအတွက် အမှန်တရားကိုလျစ်လျူရှုထားတဲ့အခါ ...ဖုံးကွယ်ပေးထားတဲ့ကန်တိုကိုရှာရင်း လူသတ်သမားအစစ်သေချာအောင် လိုက်ရှာရတဲ့အခါ.... ဘယ်လိုမျိုးလှည့်စားမှု ယုတ်မာမှုတွေရှိလာမှာလဲ တကယ့်လူသတ်သမားအစစ်ကရောဘယ်သူဖြစ်မလဲဆိုတာတွေကို ဒီဇာတ်လမ်းလေးထဲမှာဆက်ပြီး ကြည့်ရှုအားပေးကြပါဦးနော် ။( အညွှန်း နဲ့ ဘာသာပြန်သူကတော့ Ingyin San ဖြစ်ပါတယ် )[Zawgyi]Strawberry night : ...
movie
Strawberry Night (2013)