Channel Myanmar

Ian Abercrombie

Garfield: A Tail of Two Kitties (2006) 5.0
Garfield: A Tail of Two Kitties (2006) ဒီကားလေးကတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Gerfield 1 ရဲ့အဆက်ဖြစ်တဲ့ Gerfield 2 ပဲဖြစ်ပါတယ်... Gerfield ဆိုတဲ့နာမည်ကိုကြားလိုက်ရင် အရမ်းကိုလည်ပြီးကြောင်ပါးဝတတ်တဲ့ လိမ္မော်ရောင်ကြောင်ဖက်တီးကို ပြေးမြင်ကြမှာပဲဖြစ်ပါတယ်...သူ့ရဲ့စကားပြောဟန်တွေနဲ့ ဝနေတဲ့ သူ့ကိုယ်လုံးကြီးက ပရိတ်သတ်တွေကြားမှာ လွန်စွာကိုချစ်စရာကောင်းနေခဲ့ပါတယ်... Gerfield 1 မှာတုန်းက သူဟာသူ့ရဲ့သူငယ်ချင်းအသစ်ဖြစ်တဲ့ ခွေးလေးအိုဒီနဲ့ တွေ့ဆုံခဲ့ပြီးတော့ သူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်...အဲ့နောက်မှာခွေးလေးအိုဒီကို မကောင်းတဲ့လူတွေလက်ကနေပြန်လည်ကယ်တင်ရင်းကနေ သူ့ရဲ့စွန့်စားခန်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်... အခုတင်ဆက်ပေးမယ့် အပိုင်းသစ် Gerfield 2 မှာတော့ ခွေးလေးအိုဒီအပြင် သူ့နဲ့ရုပ်ချင်းလုံးဝတူနေတဲ့ ကြောင်ဘုရင် Gerfield Prince နဲ့ထပ်မံတွေ့ဆုံရမှာပဲဖြစ်ပါတယ်... သူတို့နှစ်ယောက်ဘယ်လိုတွေ့ဆုံပြီးတော့ ဘယ်လိုတွေစွန့်စားမှု့တွေလုပ်ကြမလဲ... ဘယ်လိုဟာသတွေထည့်သွင်းရိုက်ကူးထားလဲဆိုတာကတော့ အားလုံးစိတ်ဝင်တစားနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်...အားလုံးကြည့်ပြီးကြတဲ့ကားဟောင်းလေးပေမယ့် ''Old but Gold''ဆိုတဲ့စကားအတိုင်း ပြန်လည်သိမ်းဆည်းထားချင်သူများနဲ့ မကြည့်ရသေးတဲ့ပရိတ်သတ်များ ကြည့်ရှု့နိုင်ရန်အတွက်သာဖြစ်ပါတယ်... Gerfield ကတော့ ကျွန်တော့အကြိုက်ဆုံးဇာတ်ကောင်ဖြစ်လို့ Gerfield 1 ကို ကိုယ်တိုင်ဘာသာပြန်ခဲ့ပြီး အခု ညီငယ် Pyae Phyo Hein ရဲ့ ဘာသာပြန်မှု့နဲ့ Gerfield 2 ကိုအားလုံးကြည့်ရှု့နိုင်ရန် တင်ဆက်ပေးလိုက်ပါတယ်.... File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre... Animation, Comedy, Family  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie

Garfield: A Tail of Two Kitties (2006)

2006
Army of Darkness (1992) 7.6
Army of Darkness (1992) Army of Darkness (1992)~ IMDb 7.4 / Rotten Tomatoes 74% ~ဒီတစ်ခါ CM ပရိတ်သတ်ကြီးအတွက်ယူဆောင်လာတာကလည်း Evil Dead ရုပ်ရှင်ကားတွေထဲက တတိယမြောက်ထွက်ရှိခဲ့တဲ့ Army of Darkness ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ Evil Dead လို့ပြောလိုက်တာနဲ့ ထွေထွေထူးထူးညွှန်ပေးနေစရာမလိုလောက်အောင် အောင်မြင်တဲ့ filmgoer တွေအကြိုက် ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ဒီတစ်ကြိမ်မှာတော့ ဇာတ်လိုက်မင်းသားအက်ရှ်တစ်ယောက် မှော်လေပွေထဲကတစ်ဆင့် လွန်ခဲ့တဲ့ ခရစ်နှစ်တစ်ထောင့်သုံးရာသို့ ရောက်ရှိသွားပါတယ်။ အက်ရှ်တစ်ယောက် မိမိရဲ့ လက်ရှိအချိန်ကာလကို ပြန်ရောက်ဖို့အတွက် နက်ခရိုနော့မစ်ကန် လို့ခေါ်တဲ့ သေသူများအကြောင်း စာအုပ်ကို ရှာဖွေရင်းဘယ်လိုအန္တရာယ် မကောင်းဆိုးဝါးတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Horror / Fantasy ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်... ~ Evil Dead Franchise ကြီးကို ဒီ Link ကနေ ဝင်ကြည့်နိုင်ပါတယ် ...
movie

Army of Darkness (1992)

1992
Mousehunt (1997) 6.4
Mousehunt (1997) ဒီဇာတ်ကားကတော့ အမှန်အကန်ကိုရယ်ရမယ့် နာမည်ကြီးကြွက်ဇာတ်ကားပါ… ကြာခဲ့ပြီဆိုသော်ငြား ဘယ်အချိန်ပြန်ကြည့်ကြည့် ရယ်နေရတုန်းပါပဲ… ဟာသဇာတ်ကားဆိုပေမယ့် ဇာတ်လမ်းကလဲအနှစ်သာရပြည့်ဝပါတယ်… ချစ်ခြင်းမေတ္တာနဲ့ လူသားဆန်ဆန် အတ္တတွေအကြောင်းကို ကြွက်တစ်ကောင်နဲ့ ပုံဖော်ထားပါတယ်… အကြိုက်ဆုံးအခန်းကတော့ ဗီလိန်မင်းသားကြီး Christopher Walken ကြွက်လိုက်ဖမ်းတဲ့ ဇာတ်ဝင်ခန်းပါပဲ… တင်ဆက်ပုံကောင်းသလို တကယ့်ကြွက်အစစ်နဲ့ ရိုက်ကူးထားတာမို့ အခုခေတ်ဇာတ်ကားတွေလို Camera Effect တွေနည်းနည်းနဲ့ သဘာဝဆန်ဆန်ကြည့်ရှုရမှာပါ… မိသားစုနဲ့ကြည့်သင့်တဲ့ဇာတ်ကားပါ… ကလေးလေးတွေအတွက်တော့ Tom and Jerry ကိုအရှင်လတ်လတ်တွေ့ရသလိုခံစားရမှာပါ… (ဒီဇာတ်ကားရဲ့ မြန်မာစာတန်းထိုးကို ကျွန်တော်ဂျီကျလို့ ကသာသားလေး (Kyaw Ye Aung) ကရေးသားပေးခဲ့ပါတယ်) ----------------------------------------------------------------      ဒီဇာတ္ကားကေတာ့ အမွန္အကန္ကိုရယ္ရမယ့္ နာမည္ၾကီးၾကြက္ဇာတ္ကားပါ… ၾကာခဲ့ၿပီဆိုေသာ္ျငား ဘယ္အခ်ိန္ျပန္ၾကည့္ၾကည့္ ရယ္ေနရတုန္းပါပဲ… ဟာသဇာတ္ကားဆိုေပမယ့္ ဇာတ္လမ္းကလဲအႏွစ္သာရျပည့္ဝပါတယ္… ခ်စ္ျခင္းေမတၱာနဲ႕ လူသားဆန္ဆန္ အတၱေတြအေၾကာင္းကို ၾကြက္တစ္ေကာင္နဲ႕ ပံုေဖာ္ထားပါတယ္… အၾကိဳက္ဆံုးအခန္းကေတာ့ ဗီလိန္မင္းသားၾကီး Christopher Walken ၾကြက္လိုက္ဖမ္းတဲ့ ဇာတ္ဝင္ခန္းပါပဲ… တင္ဆက္ပံုေကာင္းသလို တကယ့္ၾကြက္အစစ္နဲ႕ ရိုက္ကူးထားတာမို႕ အခုေခတ္ဇာတ္ကားေတြလို Camera Effect ေတြနည္းနည္းနဲ႕ သဘာဝဆန္ဆန္ၾကည့္ရႈရမွာပါ… မိသားစုနဲ႕ၾကည့္သင့္တဲ့ဇာတ္ကားပါ… ကေလးေလးေတြအတြက္ေတာ့ Tom and Jerry ကိုအရွင္လတ္လတ္ေတြ႕ရသလိုခံစားရမွာပါ… (ဒီဇာတ္ကားရဲ႕ ျမန္မာစာတန္းထိုးကို ကြ်န္ေတာ္ဂ်ီက်လို႕ ကသာသားေလး (Kyaw Ye Aung) ကေရးသားေပးခဲ့ပါတယ္)
movie

Mousehunt (1997)

1997