Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Hidetaka Yoshioka
6.5
Winny (2023)
၂၀၀၂ ခုနှစ်မှာ ဂျပန်လူမျိုးဆော့ဖ်ဝဲလ်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ အီစာမူခါနဲကိုက ဖိုင်ဝေမျှတဲ့ဆော့ဖ်ဝဲလ်ဖြစ်တဲ့ "ဝင်နီ" ကိုဖန်တီးခဲ့ပါတယ်။ ဆော့ဖ်ဝဲလ်မှာ ဖိုင်တွေအပြန်အလှန်ဝေမျှလို့ရတဲ့အတွက် တရားမဝင်ဖြန့်ချိမှုတွေ ဒေါင်းလုပ်ဆွဲမှုတွေပေါ်လာပြီး မူပိုင်ခွင့်ပြဿနာတွေဖြစ်လာပါတော့တယ်။ အဲ့နောက် ရဲတပ်ဖွဲ့ကနေပြီး မူပိုင်ခွင့်ချိုးဖောက်တဲ့သုံးစွဲသူတွေကိုလိုက်ဖမ်းပြီး ဖန်တီးရှင် ခါနဲကိုလည်း အဖမ်းခံလိုက်ရတယ်။ဒါပေမဲ့ ခါနဲကို့မှာအပြစ်မရှိဘူးဆိုပြီး ထောက်ခံအားပေးကြတဲ့လူတစ်စုက သူ့အတွက် ရှေ့နေအဖွဲ့တစ်ဖွဲ့ကိုငှားပေးလိုက်တဲ့အခါမှာတော့ ခါနဲကို့အတွက် တရားသေလွတ်ဖို့အတွက် ရှေ့နေအုပ်စုပ်က မဆုတ်မနစ်ကြိုးစားရပါတော့တယ်။ ဒီဇာတ်ကားလေးက ဖြစ်ရပ်မှန်အကြောင်းပြန်ရိုက်ထားတာဖြစ်လို့ စိတ်ဝင်တစားကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ )File size_(1.5GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:00:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing
movie
Winny (2023)
7.7
Always – Sunset on Third Street (2005)
Always: Sunset on Third Street (2005)~ IMDb – 7.7/10, RT - 90%, MyDramaList – 7.9/10 ~~~~~~~~~~~~~~~~~~~~~ ဓားငါ ပျော်ရင်တော့ မင်းကို ခွဲပေးပါ့မယ် အဲဒါ လွယ်တယ် ငါ မပျော်ရင်တော့ မင်းကို ခွဲမပေးတော့ဘူး အဲဒါ ခက်တယ် သံက မီးဖိုထဲမှာ အရည်ပျော်ပြီး ပြန်လာသလိုမျိုး။ ။~ သုခမိန်လှိုင် (ချစ်သော တောပန်းကလေးများ - ၂၀၁၅) ~~~~~~~~~~~~~~~~~~~~Always ဟာ ၁၉၅၈၊ ၁၉၅၉၊ ၁၉၆၄ စတဲ့ နှစ်ကာလသုံးခုရဲ့ တိုကျိုမြို့ တိုကျိုတာဝါနားက ရပ်ကွက်ကလေးအကြောင်းကို ခုနှစ်တစ်ခုကို တစ်ကားနှုန်းနဲ့ Trilogy ထုတ်ထားတဲ့ ရုပ်ရှင်ပါ။ ရုပ်ရှင်ကတော့ ရပ်ကွက်တစ်ခုထဲကလူတွေနဲ့ သူတို့ရဲ့ ဆက်ဆံရေးကိုပြထားတာပါပဲ။ဆိုပေမဲ့ ထူးထူးခြားခြား ဆူဇူကီးမော်တော်ကားကုမ္ပဏီရဲ့ မူလဘူတလို့ ယူဆရတဲ့ ဆူဇူကီးဆိုတဲ့ လူတစ်ယောက်ပါတယ်။ သူကလည်း မော်တော်ကားကုမ္ပဏီနာမည်တပ်ထားတဲ့ ကုမ္ပဏီမဖြစ်သေးတဲ့ ...
movie
Always – Sunset on Third Street (2005)
2005
6.2
Buddha 2: The Endless Journey (2014)
Buddha 2 : The Endless Journey မြတ်ဗုဒ္ဓ ၂ - ဘဝသံသရာခရီး ........................................................IMDb 6.2/10 MyAnimeList 6.9/10ဒီကာတွန်းလေးကတော့ ၂၀၁၁ထွက် Buddha : the great departureရဲ့နောက်ဆက်တွဲကာတွန်းပါ။ (ပထမကား Buddha : The Great Departureရဲ့ download linkပါ Click Hereပထမကားအပြီး တောထွက်ရာကနေ သဗ္ဗညုတဥာဏ်ဆိုက်ရောက်ပြီး ဗုဒ္ဓမဖြစ်ခင်စပ်ကြား ဒုက္ကရစရိယာကို ပြင်းပြင်းထန်ထန်ကျင့်ကြံခဲ့ပုံ၊ ဂင်္ဂါမြစ်စစ်ပွဲ၊ ကောသလနဲ့သကျသာကီတို့ရဲ့ စစ်ပွဲ၊ ဗိမ္မသာရမင်းကြီးနဲ့တွေ့ဆုံခန်း၊ သာကီဝင်တွေကျဆုံးခန်းတွေကိုဝေဝေဆာဆာမြင်တွေ့ရမှာပါ။ တစ်ခုတော့ရှိပါတယ်။ဗုဒ္ဓဖြစ်စဥ်ကိုကျောရိုးလောက်ပဲယူထားတာမလို့ ထေရဝါဒရဲ့ဗုဒ္ဓဝင်နဲ့တော်တော်ကိုကွဲပါတယ်။ တချို့ဇာတ်လမ်းတွေဆိုရင် အသစ်ထည့်တာတွေ၊ အချိန်ကွဲတာတွေပါပါတယ်။ ဥပမာ ကောသလက သကျသာကီတွေကိုဝင်တိုက်တဲ့ကာလဟာ အရမ်းစောနေတာတို့ပါ။ အပျင်းပြေကြည့်မယ်ဆိုမှပဲ ကြည့်ရအဆင်ပြေမှာပါ။ နို့မို့ဆိုရင် ကျမ်းစာနဲ့မကိုက်ဘူး ဘာဘူးညာဘူးဖြစ်ပြီး စိတ်ညစ်ရပါလိမ့်မယ်။မှတ်ချက် - နာမည်တွေကိုတတ်နိုင်သမျှ ကျမ်းစာပါအတိုင်း ရေးပေးထားပါတယ် File size…1.4GB/ 565MB Quality…1080p / 720p Format…mp4 Duration….1h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Dr Nyan
movie
Buddha 2: The Endless Journey (2014)
2014
6.2
In the Wake (2021)
In the wake (2021)"Ruroni Kenshin"ထဲက Kenshin တစ်ဖြစ်လဲ Tendo Senseiလို့သိကြတဲ့ မင်းသားSatou Takeru,မင်းသားကြီး Abe Hiroshi,"The door into summer" "My tomorrow,your yesterday"ထဲက မင်းသမီးလေး Kirohaya Kayaနဲ့အတူ နာမည်ရ supportတွေပါဝင်တဲ့ 2021ထွက် ဂျပန် မှုခင်း ဒရာမာရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။၂၀၁၁ ငလျင်နဲ့ ဆူနာမီဖြစ်တဲ့အချိန်မှာ လူပေါင်းများစွာ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရပြီး သေကြေပျက်စီးမှုတွေကလည်း များပြားခဲ့ပါတယ်။ ဒီအချိန်မှာ ဂျပန်အစိုးရကပေးတဲ့ လူမှုဖူလုံရေးထောက်ပံ့ငွေကို ရမှရှင်သန်နိုင်မဲ့သူတွေလည်း အများကြီးရှိလာခဲ့ပါတယ်။ ငလျင်ဒုက္ခသည်ထဲမှာ တိုနဲ ရဆုဟိဆဆိုတဲ့လူငယ်၊ခေး တိုရှိမဆိုတဲ့ အဖွားနဲ့ ကန်ချန်လို့ခေါ်တဲ့ ကလေးမလေးလည်းပါခဲ့ပါတယ်။ တစ်ကောင်ကြွက်တွေဖြစ်ကျန်ခဲ့တဲ့သူတို့၃ယောက်က ကယ်ဆယ်ရေးစခန်းတစ်ခုတည်းမှာ နေရင်း မိသားစုအသစ်တစ်ခုလို သံယောဇဉ်တွယ်လာခဲ့ကြပါတယ်။ဒါပေမဲ့ကိစ္စများစွာဖြစ်ပျက်ပြီးနောက် ၉နှစ်အကြာမှာတော့ တိုနဲက ထောင်ကနေလွတ်လာခဲ့ပါတယ်။ အဖွား ခေးတိုရှိမကတော့ သေဆုံးသွားခဲ့ပြီး ကန်ချန်ကတော့ အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်နေခဲ့ပါပြီ။အဲဒီအချိန် ဝါကဘရပ်ကွက်မှာ ...
movie
In the Wake (2021)
6.7
Tora-san, Wish You Were Here (2019)
[Unicode]Tora San 50: Welcome Back (2019)IMDb rating- 6.7/10 Genre - Comedy , Dramaဂျပန်နိုင်ငံရဲ့ရှီဘမတဘူတာရုံအပြင်ဘက်မှာဆိုရင် ဘောင်းဘီအိပ်ကပ်ထဲကိုလက်တစ်ဖက်ထည့်ထားပြီး တစ်ဖက်ကလက်ဆွဲအိတ်ကိုကိုင်ထားတဲ့ရုပ်တုတစ်ခုရှိပါတယ်။သူကအပေါ်ထပ်ဂျာကင်နဲ့ဝတ်စုံပြည့်ဝတ်ထားပေမဲ့ ဆောင်းထားတဲ့ဦးထုပ်နဲ့စီးထားတဲ့ခြေညှပ်ဖိနပ်ကြောင့် တိုကျိုမြို့သားတစ်ယောက်မဟုတ်တာသိသာပါတယ်။အနီးကပ်ကြည့်လိုက်ရင်တော့ လူတွေက ခဏခဏထိကိုင်ပြီးကံကောင်းစေဖို့ဆုတောင်းတဲ့အတွက်ကြောင့် ပြောင်လက်နေတဲ့ သူ့ရဲ့ဘယ်ဘက်ခြေမကိုတွေ့ရမှာပါ။ ဒီရုပ်ထုဟာ Tora-San ဖြစ်ပါတယ်။Tora sanဆိုတာ ၁၉၆၉ကနေ ၁၉၉၉ထိဆက်တိုက်ထုတ်လွှင့်ခဲ့တဲ့ It's tough being a man ဆိုတဲ့ seriesထဲက ဇာတ်လိုက်ကာရိုက်တာပါ။ဒီ seriesကိုဂျပန်နိုင်ငံမှာ ၁၉၉၉ရောက်တဲ့အထိနှစ်စဉ်ထုတ်လွှင့်ခဲ့ပြီး Toraအဖြစ်သရုပ်ဆောင်တဲ့ Atsushi Kiyomi ဆုံးပါးသွားမှရပ်တန့်ခဲ့တာဖြစ်ပါတယ်။ဒီဇာတ်ကားကတော့ seriesရဲ့ နံပါတ်စဉ်၅၀မြောက်ဇာတ်ကားဖြစ်သလို series စတင်ထုတ်လွှင့်တဲ့နှစ်၅၀ပြည့်တဲ့အထိမ်းအမှတ်နဲ့လည်းတိုက်ဆိုင်နေပါတယ်။ဒီဇာတ်ကားထဲမှာတော့ Tora-sanရဲ့တူလေးဖြစ်သူ မစ်ဆုအိုက မုဆိုးဖိုတစ်ယောက်ဖြစ်ပြီး သူ့ရဲ့သမီးနဲ့အတူနေထိုင်ရင်း စာရေးဆရာတစ်ယောက်ဖြစ်ဖို့ကြိုးစားနေပါတယ်။သူ့ရဲ့ပွဲဦးထွက်စာအုပ်ဖြစ်တဲ့"အရိပ်ပမာမိန်းမပျိုငယ်"စာအုပ်ကလူကြိုက်များနေပြီး နာမည်ရတဲ့ဝတ္တရေးသူတစ်ယောက်ဖြစ်လာတဲ့အချိန်ပါ။ဒီအချိန်မှာသူ့နဲ့လွဲခဲ့တဲ့ငယ်ချစ်ဦးက ဂျပန်ကိုပြန်ရောက်လာခဲ့ပါတယ်။သူတို့တွေပြန်ဆုံဖြစ်တဲ့အချိန်မှာ လွမ်းစရာအမှတ်တရဟောင်းတွေနဲ့အတူ သူတို့ချစ်ရတဲ့Tora-sanနဲ့တိုက်ဆိုင်တဲ့အရင်ပုံရိပ်တွေကလည်း အမှတ်ရစရာပေါ်ထွက်လာပါတယ်။ချစ်ရတဲ့အချစ်ဦးနဲ့ပြန်တွေ့ချိန်မှာ ရှေ့တိုးရခက်နောက်ဆုတ်ရခက်အနေအထားဖြစ်နေတာကြောင့် ဘာပဲဖြစ်လာဖြစ်လာတိုင်ပင်လို့ရတဲ့ဦးလေးကို သတိရလာပါတယ်။မစ်ဆုအိုလိုအပ်ချိန်တိုင်းမှာရှိနေပေးတဲ့ မျက်နှာလေးထောင့်နဲ့ချစ်စရာကောင်းတဲ့ဦးလေးတိုရာရဲ့ ရယ်စရာအပြုအမူတွေဦးလေးကိုသဘောကျပြီးလက်ထပ်ချင်ပေမဲ့ ...
movie
Tora-san, Wish You Were Here (2019)
7.0
Fukushima 50 (2020)
Fukushima 50 (2020)အညွှန်း*************************ဂျပန်နိုင်ငံတစ်နိုင်ငံလုံး အားထားရတဲ့ အဏုမြူစွမ်းအင်ကို ထုတ်လုပ်ပေးနေတဲ့ ဖူကူရှိမား ဒိုင်အိချိ လို့ခေါ်တဲ့ အဏုမြူစက်ရုံကြီးရှိတယ်.....သိတဲ့ အတိုင်း ၂၀၁၁အင်အားကြီးတဲ့ ငလျင်ဒဏ်နဲ့ ဆူနာမီလှိုင်းဒဏ်တွေကြောင့်စက်ရုံတစ်ခုလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်ကာ ဓာတ်ပေါင်းဖိုတွေ အပူလွန်ကဲပြီး ပေါက်ကွဲတော့မယ့် အခြေအနေနဲ့ကြုံခဲ့ရပါတယ်။ဒီအခြေအနေကို ရှေ့တန်းက ရင်ဆ်ိုင်ဖြေရှင်းရသူတွေကတော့ဒိုင်အီချိ စက်ရုံက အလုပ်သမား ပညာရှင်တွေပါပဲ။ သူတို့တွေဘယ်လိုကြိုးစားမလဲ.... လူတွေဘယ်လောက်များ သေဘေးကြုံရမလဲ.... ဒီကားက ဖြစ်ရပ်မှန်ဇာတ်လမ်းပါ.... 1986 Chernobyl ဖြစ်ရပ်ထက်တောင်အများကြီးဆိုးတယ်လို့ သိရပါတယ်.... အသေအကြေတွေများသလို တကယ့်ကိုကြောက်စရာကောင်းတဲ့ ကပ်ဆိုးကြီးပါ... ဇာတ်လမ်းအစမှအဆုံးထိကို ရင်တထိတ်ထိတ်ကြည့်ရတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းမို့ခံစားကြည့်ကြပါဉီး...File Size :(930 MB) and (380 MB)Quality : Blu-Ray 720p Format…mp4 Duration…02:02:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Lwin Lwin Aung Encoded by Phyo Pyae
movie
Fukushima 50 (2020)
7.1
The Place Promised in Our Early Days(2004)
The place promised in our early days (2004)IMDB Rating... 7.1 Rotten Tomatoes.... 80%စာရေးဆရာကြီးမင်းလူက ဘယ်စာအုပ်ထဲမှာလဲမသိဘူးရေးဖူးတယ်...တကယ်တော့ အချစ်ဆိုတာခွေးလျက်ခံရတဲ့ ထန်းလျှက်ခဲလိုပဲ ကြာလေ လုံးပါး ပါးရလေတဲ့... သူပြောတာလည်း ဟုတ်သလိုလိုပင်..သို့ပေမယ့် ကျွန်တော်တို့အားလုံး ရနံတွေနဲ့ကင်းလို့ရချင်ရမယ်... အရောင်တွေနဲ့ကင်းလို့ရချင်ရမယ်..အချစ်ဆိုတာကြီးကိုတော့ ကင်းကွာဖို့ ခဲယဉ်းလွန်းလှပါတယ်... ဒီအချစ်ကြီးကို အချိန်မရွေးဖန်ဆင်းဖို့ နှလုံးသားကြီးကကျွန်တော်တို့ရဲ့ ဘယ်ဘက်ရင်အုံကြီးထဲမှာရှိနေတာကိုး....ဒီဇာတ်လမ်းလေးက ဒုတိယကမ္ဘာစစ်အပြီး 1996ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ကျောင်းသားလေးတစ်ယောက်နဲ့ ကျောင်းသူလေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ...ကျောင်းသား ကျောင်းသူဘဝ အစပိုင်းမှာရိုးစင်းစွာခင်ခဲ့ကြပေမယ့် နောက်ပိုင်းတော့ သူတို့နှလုံးတွေကသံစဉ်တွေပြောင်းကုန်တယ်..သို့ပေမယ့် သာမန်သူငယ်ချင်းတွေလိုပဲဖြတ်သန်းခဲ့ကြတယ်..သူတို့နေတဲ့ နေရာမှာ မျှော်စင်ကြီးတစ်ခုရှိတယ်... ငယ်ရွယ်တဲ့သူတွေအဖို့ သူတို့မှာအိပ်မက်တွေလည်းရှိကြတယ်..အဲ့ဒါကတော့ လေယာဉ်တည်ဆောက်ဖို့ပါပဲ.. ပြီးတော့ ထူးခြားတဲ့ မျှော်စင်ရဲ့ လျို့ဝှက်ချက်ကို သူတို့ဖော်ဖို့လုပ်နေတုန်းမှာပဲကောင်မလေးက ရုတ်တရက်ပျောက်သွားတယ်...ကောင်မလေး ဘာကြောင့်ပျောက်သွားတာလဲ ...သူတို့ပြန်လည် ဆုံတွေ့နိုင်ဦးမလားဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး...အိပ်မက်ဆန် လှအလွန်းတဲ့ တိမ်ရှု့ခင်းတွေနဲ့ IMDb rating အနေနဲ့ 7.1 အထိရထားတဲ့ Drama ,Romace,Sci-fi Anime ...
movie
The Place Promised in Our Early Days(2004)
2004
6.2
Osamu Tezuka’s Buddha: The Great Departure (2011)
IMDb 6.3ထိရထားတဲ့ ဒီဇာတ်ကားလေးဟာဂျပန်Anime movie versionဗုဒ္ဓဝင်ဇာတ်လမ်းလေးဖြစ်ပါတယ်မြတ်စွာဘုရားဘဝဖြစ်စဉ်ကိုရေးဆွဲထားတယ်ပြောပေမယ့်ဗုဒ္ဓစာပေကဇာတ်လမ်းကျောရိုးလောက်ပဲယူထားပါတယ်ကျနော်တို့သိတဲ့ဗုဒ္ဓဝင်ဇာတ်နဲ့လုံးဝကွဲထွက်နေပြီးစိတ်ကူးယဉ်ဇာတ်ကောင်များလည်းအများအပြားထည့်သွင်းထားတာကြောင့်ပျင်းရိဖွယ်မကောင်းပဲ စကြည့်ဖြစ်ရင်အဆုံးအထိမထတန်းကြည့်ဖြစ်မယ့်ကားလေးပါဂျပန်Animeတို့ရဲ့မူအတိုင်း ကြည့်ပြီးရင်လည်းရင်ထဲတသသဖြစ်အောင်ပေးစွမ်းနိုင်ပါတယ်ကျနော့်အပြောထက်ကိုယ်တိုင်ကြည့်တာကပိုကောင်းပါလိမ့်မယ်ဗုဒ္ဓစာပေလာနာမည်များကိုကူညီပြောပြပေးသောကို Zaw Lynn Htoon ခေါ် ကိုမင်းကံစီအားအထူးကျေးဇူးတင်ရှိပါသည်File Size : (955 MB) and (317 MB) Quality : BluRay 720p Running Time : 1hr 51 min Format : Mp4 Genre : Animation , Adventure , Biography Subtitle : Myanmar Subtitle (Hard Sub) Source :BluRay 1080p Translated by Dr.Nyan Encoded by Moe Myint Lwin
movie
2011