Channel Myanmar

Helen Mirren

Anna (2019) 6.6
Anna (2019) Anna (2019)IMDb Rating (6.6)မင်းသမီးချော Sasha Luss ရဲ့အက်ရှင်စကေးတွေနဲ့ မင်းသားကြီး Cillian Murphy , Luke Evans , မင်းသမီးကြီး Helen Mirren တို့ပါဝင်ထားတဲ့ရုရှား-အမေရိကန် စပိုင်အက်ရှင်ဇာတ်ကြမ်းကားပါ။ဇာတ်လမ်းကတော့....အန်နာဟာ ပုံမှန်အရုပ်တွေရောင်းရင်းနဲ့ အေဂျင်စီတစ်ခုက မျက်စိကျခံရပြီးတော့ပဲရစ်မှာ မော်ဒယ်လုပ်ဖို့ဖြစ်လာရပါတယ် တစ်ရက်မှာတော့ ပါတီတစ်ခုမှာသူမကိုသဘောကျတဲ့ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်တစ်ယောက်နဲ့ဆုံတွေ့ပြီးချစ်ကြိုက်မိသွားပါတော့တယ်ဒါပေမယ့် သူတို့နှစ်ယောက် ချစ်ကြိုက်သွားပြီးတဲ့နောက်သူမချစ်သူဟာ လက်နက်ပွဲစားတစ်ယောက်ဖြစ်နေတဲ့အခါ….သူတို့တွေ့ဆုံမှုကလည်း မတော်တဆ တွေ့ဆုံမှု မဟုတ်တဲ့အခါ..သူမဟာလည်း ရိုးရိုးရှင်းရှင်း မော်ဒယ်တစ်ယောက် မဟုတ်တဲ့အခါ..အမေရိကန်နဲ့ရုရှား… နိုင်ငံကြီး ၂ ခုကြား က နှစ်ဖက်ချွန်သူလျှိုတွေနိုင်ငံရေးရှုပ်ထွေးမှုတွေကို အမိုက်စားအလှအပ အကြမ်းစားအက်ရှင်တွေနဲ့ ကြည့်ရှုရမှာပါ။စပိုင်အေးဂျင့်ဇာတ်လမ်းတွေထဲ မိမိုက်တဲ့အထဲပါပါတယ်။ File size…(6.1 GB)/(1.9 GB )/(1.1 GB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….01:58:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Neve
movie

Anna (2019)

4K HEVC
RED (2010) 7.0
RED (2010) Red ဆိုတာကတော့ Retire: Extremely Dangerous ကို အတိုကောက်ခေါ်တာဖြစ်ပြီး "အငြိမ်းစား-အလွန်ကြမ်း" ဆိုသလို အငြိမ်းစားယူထားပြီးဖြစ်တဲ့ စီအိုင်အေက အေးဂျင့်တွေရဲ့ အကြောင်းကို ဟာသတွေနှောလို့ အက်ရှင်စွန့်စားခန်းအဖြစ် ခမ်းခမ်းနားနားရိုက်ကူးထားတာပါ။အငြိမ်းစားဇာတ်ကောင်နေရာတွေမှာ ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Bruce Willis , Morgan Freeman , John Malkovich , Helen Mirren , Mary-Louise Parker တို့နဲ့တည်ဆောက်ထားပြီး The Boys ထဲက ဝူးဝါးဇာတ်ကောင်ကြီး Karl Urban လဲ ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းကတော့....အေးဂျင့်ဟောင်းဖရန့်ခ်မို့စ်ဟာ သာမန်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ဆာရာကို ချစ်မိခဲ့ရာက စွန့်စားခန်းတွေအပြည့်နဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပေါ်လာတာက ဒီဇာတ်ကားရဲ့ အဓိကဆွဲဆောင်မှုတစ်ခုပါ...ဒါ့အပြင် တစ်ယောက်ချင်းမှာ unique ဖြစ်တဲ့ character တွေနဲ့ ဖရန့်ခ်ရဲ့ မိတ်ဆွေဟောင်းတွေကလဲ ဒီဇာတ်လမ်းမှာ ဘယ်လိုပါဝင်ပက်သက်လာကြတယ်ဆိုတာကလဲ စိတ်ဝင်စားစရာပါဘယ်သူမှန်းမသိတဲ့တစုံတရာက သူတို့ကိုသတ်ဖို့ ကြိုးစားလာတဲ့အခါမှာတော့ အငြိမ်းစားယူထားပေမယ့် ထက်မြက်တောက်ပဆဲ သူတို့ရဲ့လက်ရည်တွေကို ထုတ်ပြရပါတော့တယ်အန္တရာယ်ကြားက စွန့်စားခန်းတွေနဲ့ ဇာတ်လမ်းလေးအဆုံးမှာ ...
movie

RED (2010)

2010
4K HEVC
Golda (2023) 6.1
Golda (2023) Golda (2023)~ IMDb - 6.1/10, Rotten Tomatoes - 53% ~အစ္စရေးနိုင်ငံရဲ့သံမဏိလေဒီကြီးလို့တင်စားခေါ်ဝေါ်ကြတဲ့ Golda Meir ဘ၀အကြောင်း တစ်စိတ်တစ်ပိုင်းတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိ ဒရာမာ ဇာတ်ကားတစ်ကားပါ။ ဂိုလ်ဒါအဖြစ် ဗြိတိန်ဂန္ထဝင်မင်းသမီးကြီး Helen Mirren က သရုပ်ဆောင်ထားပါတယ်။ Golda Meir ဟာ အစ္စရေးရဲ့လေးယောက်မြောက် ၀န်ကြီးချုပ်ဖြစ်ပြီး ပထမဆုံးနဲ့တစ်ဦးတည်းသော အမျိုးသမီး၀န်ကြီးချုပ်လည်းဖြစ်ခဲ့တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ယောက်ပါ။ဒီကားကို ၁၉၇၃ ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ အစ္စရေး နဲ့ တစ်ဖက်က အီဂျစ် ဆီးရီးယားဦးဆောင်တဲ့ အာရပ်နိုင်ငံများရဲ့စစ်ပွဲဖြစ်တဲ့ နာမည်ကျော် Yom Kippur စစ်ပွဲဖြစ်ပွားခဲ့တဲ့ကာလကို အခြေတည်ရိုက်ထားပါတယ်။ ၁၉၆၇ တုန်းက အစ္စရေးသိမ်းယူခဲ့တဲ့ ဂိုလန်တောင်ကုန်းနဲ့ ဆီနိုင်းပင်နီဆူလာကို ပြန်ရယူချင်တဲ့အတွက်ကြောင့် အီဂျစ်နဲ့ ဆီးရီးယားက ဂျူးဘာသာရေးနေ့ ယွန်ကီပေါလ်နေ့မှာ အစ္စရေးကိုအလစ်၀င်တိုက်ခဲ့တဲ့စစ်ပွဲဖြစ်ပြီး အစ္စရေးက အစပိုင်းမှာရှုံးနေရာကနေ ဘယ်လိုနာလန်ပြန်ထူပြီး အောင်ပွဲဆင်နိုင်ခဲ့တာလဲဆိုတဲ့ သမိုင်းကိုပါလေ့လာနိုင်တဲ့အပြင် ...
movie

Golda (2023)

2023
[18+] The Cook, the Thief, His Wife & Her Lover (1989) 7.5
[18+] The Cook, the Thief, His Wife & Her Lover (1989) The Cook, the Thief, His Wife & Her Lover (1989)~ IMDb - 7.5/10, Rotten Tomatoes - 86% ~" 18+ ခန်းတွေပါတာကြောင့် အသက်ပြည့်မှကြည့်ဖို့အကြံပေးပါရစေ "ဒီကားကတော့ 1989 မှာထွက်ရှိထားပြီး ဆု​တွေလည်းအများကြီးရထားရုံတင်မက တစ်ခေတ်တစ်ခါရဲ့ ဗြိတိန်ဂန္ထဝင်မင်းသားကြီး မင်းသမီးကြီးတွေပါဝင်ထားတဲ့ မှုခင်းဒရာမာကားကောင်းတစ်ကား The Cook, the Thief, His Wife & Her Lover ဆိုတဲ့ကား​ပဲဖြစ်ပါတယ်။ ဒီကားရဲ့ ဒါရိုက်တာကလည်း BAFTA လို‌ ဗြိတိန်အကယ်ဒမီဆု အပါအဝင် ဆု​တွေအများကြီးရထားတဲ့ Peter Greenaway ပဲဖြစ်ပါတယ်။ဇာတ်လမ်း​​ကျောရိုးကို​တော့ ဇာတ်လမ်းနာမည်အတိုင်း ဇာတ်​ကောင် ၄ ​​ယောက်ကို ဗဟိုပြုပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။လန်ဒန်မြို့က စား​​သောက်ဆိုင်တစ်ဆိုင်ကို ဝယ်လိုက်ပြီး ​​နေ့တိုင်း ထင်တိုင်းကြဲ​​သောင်းကျန်း​နေတဲ့ အဲဘက် (The ...
movie

[18+] The Cook, the Thief, His Wife & Her Lover (1989)

1989
The Mosquito Coast (1986) 6.6
The Mosquito Coast (1986) The Mosquito Coast (1986)~ IMDb - 6.6/10, Rotten Tomatoes - 74% ~ဒီဇာတ်ကားထဲက Harrison Ford သရုပ်ဆောင်တဲ့ အယ်လီဖောက်စ် (Allie Fox) ဆိုတဲ့ ဇာတ်ကောင်ကို တီထွင်သူ၊ အလွယ်လမ်း မလိုက်သူ၊ အမေရိကနိုင်ငံကြီးရဲ့ ပုပ်ပွနေတဲ့ စနစ်နဲ့ လူမှုအဖွဲ့အစည်းကြီးကို ရွံရှာမုန်းတီးနေသူ တစ်ယောက် အဖြစ် ပုံဖော်ထားတယ်။မော်စကီတို ကမ်းရိုးတန်း (Mosquito Coast) ဆိုတာ အယ်လီအတွက်တော့ အထဲမှာ ဟောင်းလောင်းပေါက်ကြီး ဖြစ်နေတဲ့ အမေရိကနိုင်ငံကြီးထဲကနေ သူတို့ ထွက်ပြေးမယ့် သုခဘုံကြီးတစ်ခုပဲ။အဖေဖြစ်သူ အယ်လီကို ဘုရားလို ကိုးကွယ်ကြတဲ့ သား ၂ယောက်၊ သမီးအမြွှာလေး ၂ယောက်၊ ဇနီးမယားတစ်ယောက်ကတော့ ဘာမှ မတတ်နိုင်ဘဲ မော်စကီတိုကမ်းရိုးတန်းမကလို့ သေတွင်းထဲ ခေါ်သွားလည်း အယ်လီ့နောက်ကို လိုက်နေရမှာပါပဲ။ဒါ့အပြင် ယောက်ျားရဲ့ စံနှုန်းနဲ့ ...
movie

The Mosquito Coast (1986)

1986
National Treasure: Book of Secrets (2007) 6.5
National Treasure: Book of Secrets (2007) National Treasure: Book of Secrets (2007) " Quality ကောင်းကောင်းနဲ့ ပြန်တင်ပေးထားပါတယ် " National Treasure Franchise ကို မကြည့်ဖူးတဲ့သူဆိုတာလည်း မရှိလောက်တော့ပါဘူး။ ဟိုးအခွေငှားဆိုင်ခေတ်ကတည်းက နာမည်ကျော်လာခဲ့တဲ့ ကားပဲမလား။ Art Film ဆန်တဲ့ကားတွေကနေ အက်ရှင်ဆန်ဆန်ကားတွေဘက်ကို နစ်ကေ့ကြီးကူးပြီး နာမည်တဟုန်ထိုးတက်ခဲ့တဲ့ကာလတွေမှာ ရိုက်ခဲ့တဲ့ကားဆိုလည်း ဟုတ်တယ်။ ဒါပေမဲ့လည်း ဒီကာလဝန်းကျင်မှာတော့ နစ်ကေ့ကြီးဟာ အက်ရှင်ကားတွေအရိုက်များခဲ့ပေမဲ့လည်း ကားကောင်းတွေချည်းပါပဲ။ National Treasure Franchise ဟာ နစ်ကေ့ရဲ့ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ကားတွေဆိုလည်း မမှားဘူး။ ပထမကားဆို ရုံဝင်ငွေတော်တော်လေးကို ကောင်းခဲ့တယ်။ National Treasure ကားတွေဟာ နစ်ကေ့အတွက်တော့ ဂျွန်နီဒတ်နဲ့ ကာရေဘီယမ်ပင်လယ်ဓားပြကို ခွဲမရသလို၊ ဟယ်ရစ်ဆင်ဖို့ဒ်နဲ့ အင်ဒီယာနာဂျုံးစ်ကိုခွဲပစ်လို့မရသလို ကားတွေလို့ ပြောရင်လည်း မမှားဘူး။ ဘန်ဂိတ်စ်ဇာတ်ကောင်ဟာ နစ်ကေ့နဲ့ အံဝင်ခွင်ကျဖြစ်နေခဲ့တယ်။ ကျွန်တော်တို့အတွက်လည်း National Treasure ဟာ ...
movie

National Treasure: Book of Secrets (2007)

Fast and Furious Presents: Hobbs & Shaw 6.6
Fast and Furious Presents: Hobbs & Shaw    Fast and Furious ကနေခွဲထွက်လာတဲ့ ၂၀၁၉ ရုပ်ရှင်ကားအသစ်ကို တင်ပေးထားပါတယ်။ အဓိက သရုပ်ဆောင်၂ယောက်ကတော့ ဒဝိန်းဂျွန်ဆန် နဲ့ ဂျေဆင် စတာသန် တို့ပါပဲ။The rock ကြီးနဲ့ transporter မင်းသားဆို ပိုသိကြမှာပါ။ဒီရုပ်ရှင်ကတော အက်ရှင်အသားပေးပါပဲ သာမန်လူတွေ မလုပ်နိုင်လောက်မယ့် အမိုက်စား အကြမ်းစားအက်ရှင်တွေနဲ့ပေါ့။ နောက်ပြီးတော့ မင်းသား ၂ ယောက် မတည့်အတူနေ ပုံစံနဲ့ ကြည့်ရှုတဲ့သူတွေကို ဟာသရသလေးတွေ ပျော်ရွွင်ဖွွယ်ရာဖြစ်အောင်ထည့်ပေးထားပါသေးတယ်။ကမ္ဘာကြီးတစ်ခုလုံးကို သေစေနိုင်လောက်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကို အသုံးချမယ့် အစွန်းရောက်အဖွဲ့တစ်ဖွဲ့ ရှိပါတယ်။ အဲဒီဗိုင်းရပ်စ်ကို သယ်ဆောင်ထားရတဲ့ စီအိုင်အေး အေးဂျင့်မလေးကို သူတို့နှစ်ယောက် လိုက်ကယ်ရင်း အဲဒီ အဖွဲ့နဲ့ ရင်ဆိုင်ကြတာပေါ့။ဒီမင်းသားကြီး ၂ ယောက် ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး။ အလန်းစားအက်ရှင်ခန်းတွေနဲ့ ရင်သပ်ရှုမောဖွယ်ရာ စတန့်ခန်းတွေကို တစ်၀ကြီးမြင်တွေ့ရမှာဖြစ်လို့ ကြည့်လိုက်ကြပါဦးဗျို့......ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ် File Size : (2.5 GB) and (1.2 GB) Quality : BluRay 1080p ...
movie

Fast and Furious Presents: Hobbs & Shaw

2019
The One and Only Ivan (2020) 6.9
The One and Only Ivan (2020) IMDb 6.9/10 Rotten Tomatoes 71% ရရှိထားတဲ့ Disney ဇာတ်ကားအသစ်လေးပါ။ကလေးရော လူကြီးရော အကြိုက်တွေ့မယ့်ကားပါ။ကလေးတွေကြည့်ပြီး စံထားစရာ ဇာတ်ကောင်တွေ စကားတွေ အများကြီးပါ,ပါတယ်။Silverback မျောက်ဝံကြီး Ivan ဟာ သူနေ,နေရတဲ့Markရဲ့ပြပွဲရုံထဲက ဘဝကို ငြီးငွေ့နေသူပါ။Markရဲ့ တိရစ္ဆာန်ပြပွဲ အဖွဲ့မှာ Stella ဆိုတဲ့ ဆင်အိုမကြီးတစ်ကောင်လည်း ရှိတယ်။Stella က Ivan မိတ်ဆွေတွေထဲမှာ သက်တမ်းအရင့်ဆုံးနဲ့ အမျှော်အမြင်အရှိဆုံးသူပေါ့။Markက ပြပွဲ အရှုံးပေါ်နေချိန် ပွဲကြည့်သူများလာဖို့Ruby ဆိုတဲ့ ဆင်ပေါက်လေးကို တင်ဆက်ပြသဖို့ ဝယ်ယူခဲ့တယ်။Ruby လေးကို သူ့လို ကျဉ်းကျပ်တဲ့ ဘဝမှာ မနေစေလိုတဲ့Stella ဟာ Ivan ကို ကတိတစ်ခုနဲ့အတူ အကူအညီတောင်းခဲ့တယ်။Ivan က ...
movie

The One and Only Ivan (2020)

The Good Liar (2019) 6.5
The Good Liar (2019) unicodeလူလိမ်အဘိုးကြီးတစ်ယောက်ဖြစ်တဲ့ Roy Courtney ကသူ့ရဲ့နောက်ဆုံးပစ်မှတ်အနေနဲ့ သန်းချီချမ်းသာတဲ့ပူပူနွေးနွေးမုဆိုးမ Betty McLeish ဆီကို ချဉ်းကပ်လာခဲ့ပါတယ်။အရမ်းပီရိတဲ့ လူလိမ်အဘိုးကြီးက အဘွားကြီးဆီကသန်းချီတဲ့ ပိုက်ဆံတွေကို ဘယ်လိုနည်းတွေနဲ့ လိမ်လည်ယူမလဲ။အဘိုးကြီးရဲ့ အတိတ်ကပြစ်မှုတွေက ဘယ်လိုတွေ လာအနှောင့်အယှက်ဖြစ်နေမလဲ။နောက်ဆုံးမှာ သန်းချီတဲ့ပိုက်ဆံတွေကို အဘွားကြီးဆီကလိမ်လို့ရသွားမလားဆိုတာ ရင်ခုန်စွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။မထင်ထားတဲ့လှည့်ကွက်ပေါင်းများစွာပါတဲ့အတွက်အညွှန်းအရှည်ကြီးရေးရင် spoiler ဖြစ်မှာစိုးလို့ တိုတိုနဲ့ လိုရင်းပဲ ညွှန်းလိုက်ပါတယ်။File Size : ( 1 GB , 330 MB )Quality : BluRay 720pRunning Time : 1 hr 49minFormat : Mp4Genre : Crime , Drama , MysterySubtitle : Myanmar Subtitle (Hard Sub)Translated by Ye Man AungEncoded ...
movie

The Good Liar (2019)

[21+] Caligula (1979) 5.3
[21+] Caligula (1979)     DarkSide Production ကနေ နောက်တစ်ခါ တင်ဆက်လိုက်တာကတော့ Adult Movie ဆရာကြီး ဒါရိုက်တာ Tinto Brass ရဲ့ ဂန္ဓဝင် ရုပ်ရှင် တစ်ကားပဲ ဖြစ်ပါတယ် ကြာမြင့်ချိန် ၂ နာရီကျော်ပြီး တစ်ကားလုံး လိုလို လိင်ဆက်ဆံခန်းတွေ ပြည့်နှပ်နေပါတယ်... အားလုံး တောင်းဆိုကြတဲ့ ရောမ ကားဆိုတာ ဒီလိုကားမျိုးပဲ ဖြစ်ပါတယ် ဒီကားလေးကတော့ IMDb 5.4/10 ရထားတဲ့ drama/ erotic/ history ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်. ဒီ ဇာတ်ကားလေးကတော့ ရောမခေတ် လူနေမှု စရိုက်နဲ့ အုပ်ချုပ်မှု ပုံစံတွေ.အုပ်ချုပ်သူရဲ့ အာဏာအသုံးချမှု တွေ . မိသားစု ကိစ္စတွေကို ပွင့်လင်းစွာ ပြသထားမှာပါ. ဒီကားလေး‌က ရောမခေတ် ဆီဆာတွေရဲ့ စိတ်နေစိတ်ထားကို ပွင့်ပွင့်လင်းလင်း ရိုက်ကူးတင်ပြထားတာကြောင့် ရောမတို့ရဲ့ သမိုင်းကို စိတ်ဝင်စားနှစ်သက်တဲ့ ပရိတ်သတ်ကြီးကို အကြိုက်တွေ့ နှစ်သက်စေမှာပါ. ထို့အပြင် erotic typeထဲမှာ ပါနေတာကြောင့် လိင်မှုကိစ္စတွေ လိင်နဲ့ပက်သက်တာတွေကို ပွင့်လင်းစွာ ရိုက်ကူးပြသထားမှုကြောင့် အသက် 21အောက်နှင့် မိသားစုဝင်များ အတူယှဉ်တွဲ မကြည့်သင့်ပါ ခင်ဗျာ   Translated By : YK Encoded By : XCode
movie

[21+] Caligula (1979)

1979
Legend of the Guardians: The Owls of Ga’Hoole(2010) 6.9
Legend of the Guardians: The Owls of Ga’Hoole(2010) Legend of the Guardians: The Owls of Ga'Hoole(2010)(Zawgyi)အမိုက်စား အက်ရှင် Animation ကားမို့ BLU-RAY1080P5.1CH ပါတင်ဆက်ပေးထားပါတယ်..... ယခုတင်ဆက်ပေးတဲ့ Animation ကားလေးကတော့ Legend of the Guardians:The Owl of Ga'hoole (2010) ကားလေးပဲဖြစ်ပါတယ်။Old but Gold လို့ပြောရမယ့် ဒီကားလေးကတော့ 2010 ကထွက်ရှိခဲ့တာဖြစ်ပြီး Imdb Rating 6.9/10ရရှိထားတဲ့ ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ် တင်ပြလိုပါသေးတယ်။ဆောရန်နဲ့ ကလတ် ဆိုတာအသိုက်တစ်ခုထဲမှာ မွေးဖွားလာတဲ့ ဇီးကွက်ပေါက်လေး နှစ်ကောင်ပါ။ တစ်ကောင်က စိတ်ထားနူးညံ့သူဖြစ်သလို အခြားတစ်ကောင်က စိတ်ထားကြမ်းတမ်းသူပါ။စိတ်ထားခြင်းလားလားမှမတူတဲ့သူတို့ညီအကိုနှစ်ယောက် တစ်နေ့တော့ အသိုက်ကနေ ထွက်ကျပြီးအိမ်ကနေခွဲခွာခဲ့ရပါတော့တယ်။မပျံနိုင်သေးတဲ့ဇီးကွက်ပေါက်လေးတွေကိုစုဆောင်းကာ ကျွန်အဖြစ်ခိုင်းစားနေတဲ့ သန့်စင်သူများဆိုတဲ့ဇီးကွက်တိုင်းပြည်ကိုသူတို့ရောက်ခဲ့ပါတော့တယ်။သူတို့နှစ်ယောက်ဘယ်လိုဆက်ဖြစ်မယ်၊ဘယ်လိုတွေဆက်ရင်ဆိုင်ရမယ်ဆိုတာ စိတ်ဝင်စားစွာဆက်လက်ကြည့်ရှုရမှာပါ။စိတ်ဓါတ်ခွန်အားတွေအများကြီးပေးစွမ်းနိုင်တဲ့ဒီကားလေးကို Channel Myanmarပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aye Mon ...
movie


2010
State of Play (2009) 7.1
State of Play (2009) State of Play(2009) IMDb....7.1,,,,Rotten....84% မိုးတဖွဲဖွဲကျပြီးတိတ်ဆိတ်နေတဲ့ Washington DCမြို့ရဲ့  ညတစ်ညမှာ လူတစ်ယောက် ကြောက်လန့်တကြားပြေးလွှားနေတယ်.....ညဟာအေးစက်နေပေမယ့် သူ့မျက်နှာပေါ်မှာ ချွေးစေးတွေပျံနှံနေသလို သူ့ဟန်မှာကြောက်လန့်နေပုံအထင်းသားပေါ်လွင်နေတယ်...သူပြေးလွှားပုန်းအောင်းနေပေမယ့် နောက်ယောင်ခံလိုက်လာတဲ့သူတွေ့ရှိသွားကာ ပစ္စတိုဖြင့်(၂)ချက်ဆင့်ပစ်ချခြင်းခံလိုက်ရသည်....ပီဇာပို့သည့်လူငယ်တစ်ယောက်ဟာလည်း တိုက်ဆိုင်စွာပင် အခင်းဖြစ်ပွားရာနေရာကိုဖြတ်သွားမိသည်.. နောက်ယောင်ခံလိုက်လာသည့် လူမှာ ပီဇာပို့သမားဆီသို့ သက်သေဖျောက်သည့်အနေဖြင့် ဆက်လက်ပစ်ခတ်လိုက်သည်... နောက်တစ်နေ့မနက်တွင် ကောင်မလေးတစ်ယောက် ဘူတာရုံတွင် Suicide လုပ်ခဲ့သည်...ပြောရရင် (၂)ရက်အတွင်း အလောင်း(၃)လောင်းဖြစ်သွားခဲ့ခြင်းဖြစ်သည်...ဒီ Suicide လုပ်သည့်အမျိုးသမီးမှာ လွှတ်တော်အမတ်တစ်ယောက်၏ ဝန်ထမ်းတစ်ဦးပင်ဖြစ်သည်.....လွှတ်တော်အမတ်၏စေခိုင်းမှုကြောင့် ဒီအမျိုးသမီးမှာ အစိုးရ လက်နက်ကုမ္ပဏီတစ်ခုကိစ္စကိုစုံစမ်းနေခြင်းဖြစ်သည်.. မှုခင်းဖြစ်စဉ်အရ Suicide  ဟုပြောဆိုနေပေမယ့် လက်နက်ကိစ္စစုံစမ်းခြင်းကြောင့်အသတ်ခံရတာလားဟုဆိုသောမေးခွန်းတွေကလည်းတစ်ပြုံတစ်ပင်ပင်ဖြစ်သည်.. ဒီဇာတ်ကားဟာ နိုင်ငံရေးပါဝင်တဲ့ Thriller ကားကောင်းတစ်ကားပါ...လွှတ်တော်အမတ်အဖြစ် Ben Affleck ကသရုပ်ဆောင်ထားပြီး သူ့ရဲ့ယုံကြည်ရတဲ့ သတင်းထောက်သူငယ်ချင်းအဖြစ် Russell Crowe  ကြီးကသရုပ်ဆောင်ထားပါတယ်.....အခြားနာမည်ကြီးသရုပ်ဆောင်များဖြစ်တဲ့ Rachel McAdams ,Helen Mirren , Robin Wright တို့လည်း ပါဝင်ထားလေတယ်... ကိုင်း ဘာကြောင့်လူတွေအသတ်ခံရလဲ ....လွှတ်တော်အမတ်ရဲ့ ဝန်ထမ်းအမျိုးသမီးကရော တကယ်ပဲ Suicide လုပ်ခဲ့တာလား...နောက်ကွယ်က ပြသနာတွေကရော ဘာတွေဖြစ်မလဲဆိုတာကိုတော့ သတင်းထောက်ကြီး Russell Crowe နဲ့အတူ နိုင်ငံရေးလောကထဲကအရှုတ်တွေကို ဝင်ရောက်စုံစမ်းထောက်လှမ်းကြည့်ရအောင်.... ------------------------------------------------------------------- မုိးတဖြဲဖြဲက်ၿပီးတိတ္ဆိတ္ေနတဲ့ Washington ...
movie

State of Play (2009)

2009
Eye in the Sky (2015) 7.3
Eye in the Sky (2015) Eye in the Sky (2015) IMDb - 7.3/10_____Rotten - 95%    The Guardian rating ရရှိထားတဲ့ Eye in the sky ဇာတ်ကားဟာ ခေတ်သစ်စစ်ပွဲတခုကို ပုံဖော်ထားပါတယ် ဒုတိယကမ္ဘာစစ်အပြီးစစ်အေးတိုက်ပွဲနောက်မှာ ပုံစံပြောင်းလာတဲ့ ဘက်ပေါင်းစုံစစ်ပွဲပုံစံတချို့ကိုပုံဖော်ထားပါတယ် ဗုံးခွဲမယ့်အကြမ်းဖက်သမားကို မောင်းသူမဲ့လေယဉ်ကနေ စောင့်ကြည့်နေတာဟာ အခုခေတ်အတွက် မဆန်းပေးမယ့် သာမန်ထက်ပိုပြီးရှုပ်ထွေးတဲ့လုပ်ရိုးလုပ်စဉ်တွေဖြစ်တဲ့ chain of command လို့ခေါ်တဲ့ဆင့်ကဲအမိန့်ပေးစနစ်တွေ commander in chief လို့ ခေါ်တဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေ ချစ်ကြည်ရေးနိုင်ငံအတွင်းမှာဖြစ်နေတဲ့အခါ... သံတမန်ရေးကိုသတိထားရသလို သတင်းမီဒီယာစစ်ကိုလဲ မပေါ့ဆအောင် လုပ်ကိုင်ရတာကိုလဲတွေ့ရပါမယ် ဗုံးခွဲသမားကိုမြင်နေပေမယ့် သတင်းမီဒီယာဘက်က ပြန်တွေးရတာတွေဟာ စိတ်ဝင်စားသူအဖို့ အပန်းဖြေယုံသက်သက် မကတာတော့သေချာတယ် မီဒီယာစစ်ကိုလဲဒီရုပ်ရှင်ကိုယ်တိုင်က ပြန်သရုပ်ဖော်ထားပါတယ်ကလေးတယောက်အတွက် နိုင်ငံတကာအတွက် နိုင်ငံရေးတွေ မဟာမိတ်တွေအတွက်လဲ ထည့်သွင်းစဉ်းစားထားပါတယ် လူသားချင်းစာနာပါတဲ့ဆိုတဲ့ ပြကွက်တွေကလဲ ဒီကားကိုယ်တိုင်က သတင်းစစ်ထဲပါနေတဲ့ အချက်တခုပါပဲ သာမန်တိုက်တာခိုက်တာလောက်ကြည့်တဲ့သူအတွက်ကတော့ အားရချင်မှအားရပေမယ့် ကြည့်သင့်တဲ့ကား တကားဖြစ်ကြောင်းညွှန်းလိုက်ရပါတယ်........   File Size - 1.15 GB and 736 MB Quality - BluRay 720p, 5.1CH and HD 720p File Type - mkv ...
movie

Eye in the Sky (2015)

2015
The Nutcracker and the Four Realms (2018) 5.6
The Nutcracker and the Four Realms (2018) ခရစ္စမတ်နဲ့ ပတ်သတ်ပြီး ကျွန်တော်တို့ ကလေးလေးအရွယ်ကတည်းက အသိ သညာတွေရှိခဲ့ဖူးတယ် အမှတ်တရတွေမှ လဲ အများကြီးပဲ ခရစ္စမတ်ကာရိုးသီချင်း လေးတွေနားထောင်ပြီး ကြက်ဆင်သားနဲ့ ပူတင်းပူပူလေးတွေ စားသောက်ကြတဲ့ ပျော်ပွဲရွှင်ပွဲတွေအကြောင်းဖတ်ဖူးကြမှာပါ ဒီ The Nutcracker and the four realms ဆိုတဲ့ကားလေးမှာ လဲ ခရစ္စမတ်ရဲ့ မရိုးအီနိုင် တဲ့ခံစားမှုအငွေ့အသက်လေးတွေတွေ့မြင် ခံစားရဦးမှာပါ ဘာလို့ဆို ဇာတ်လမ်းကို ခရစ္စမတ်အကြိုညလေးနဲ့စတည်ထားတာကိုး plot အပိုင်းပြောရမယ်ဆိုရင် ကလာရာဆိုတဲ့ ကောင်မလေးမှာ သူ့အမေဆီကအမွေရထား တဲ့ တီထွင်ညာဏ်ရည်ထူးချွန်တဲ့အရည်ချင်း ပါလာတယ် မွေးချင်းသုံးယောက်ရှိတဲ့ မိသားစုလေးကို ချစ်ကြင်သူဇနီးမရှိပဲ ထိန်းကျောင်းလာခဲ့ရတဲ့ ကလာရာတို့အဖေ ကတော့ နှစ်တိုင်းခရစ္စမတ်ရောက်တာနဲ့ အတိတ်ဟောင်းတွေတူးဆွပြီး လွမ်းမော တသဖြစ်နေတတ်တယ် သူမှမဟုတ်ပါဘူး ကျန်တဲ့မွေးချင်းတွေနဲ့ လုံးဝမတူကွဲထွက် နေတဲ့ ကလာရာလေးလဲထပ်တူထပ်မျှပါပဲ ဒီလိုနဲ့ အမေ့ဆီကလက်ဆောင်တွေဆိုပြီး ခရစ္စမတ်အကြိုညမှာ ပင်ချောင်းသော့ ခလောက်လေးပါတဲ့ ဥလေးတစ်လုံး ကလာရာ ရလိုက်ခဲ့တယ် ဒါပေမယ့် လက်ဆောင်ဘူးထဲမှာ ဖွင့်ဖို့သော့ပါမလာ ခဲ့ဘူး အဲ့သော့ရဲ့အဖြေကို သူတို့ ခေါင်းကိုင်အဖေကြီး ဒရော်ဆယ်မာယာ ဆီကရပြီး အခြားကမ္ဘာတစ်ခုရောက်ဖို့ အ ကြောင်းဖန်လာတဲ့ အခါ ဒီ movie လေးရဲ့ genre ကတော့ fantasy အမျိုးစားဆိုတဲ့အတိုင်း visual effect ...
movie


2018
Winchester (2018) 5.4
Winchester (2018) ဒီဇာတ်ကားဟာတကယ့်ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာပါတဲ့ Winchester မိသားစုဟာလည်းအမှန်တကယ်ရှိခဲ့ပြီး အဆိုပါ Mrs.Winchester ဟာလည်းအမှန်တကယ် သူ့ရဲ့မပြီးဆုံးနိုင်တဲ့အိမ်ကိုတည်ဆောက်ရင်း သေဆုံးခဲ့တာပဲဖြစ်ပါတယ်။ယခုထက်ထိအဆိုပါ အိမ်ကြီးဟာ အမေရိကန်ပြည်ထောင်စုမှာ စိတ်ခြောက်ခြားဖွယ်အကောင်းဆုံးအိမ်ကြီးအဖြစ် ရှိနေဆဲပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာ Dr.Prices ဟာသဘာဝလွန်ဖြစ်ရပ်တွေကိုမယုံကြည်သူဖြစ်ပြီး အားလုံးဟာလူ့စိတ်နဲ့စေခိုင်းရာအတိုင်း ကြိုးဆွဲရာကပြနေတာပဲဖြစ်တယ်လို့ ယုံကြည်ထားတဲ့စိတ်ရောဂါကုဆရာဝန်တစ်ဦးပဲဖြစ်ပါတယ်။Mrs.Winchester ရဲ့ထူးဆန်းတဲ့အပြုအမူတွေကြောင့် သူ့ကိုဖိတ်ခေါ်ဆေးစစ်စေရမှာတော့ သူတစ်သက်လုံးယုံကြည် ကိုင်စွဲလာတဲ့ သဘောတရားတွေကို သံသယ၀င်လာစရာတွေဖြစ်လာတော့တာပါပဲ။Dr.Prices ကိုမှဘာကြောင့် ရွေးချယ်ရတာလဲ၊ ဒီအိမ်ကြီးကဘာတွေဆက်စပ်မှုရှိပြီး စိတ်ဝင်စားစရာတွေနဲ့ပြည့်နှယ့်နေရတာလဲ၊Mrs. Winchester ဟာဘာကြောင့် သူ့အိမ်ကိုမပြီးနိုင်မစီးနိုင်အောင်တည်ဆောက်နေရတာလဲ၊အိမ်ကြီးရဲ့လျို့ဝှက်ချက်ရောဘာလဲဆိုတာ စိတ်ဝင်စားစရာပါ။ပိုစိတ်ဝင်စားစရာက ဒီဖြစ်ရပ်ဟာအမှန်တကယ်ဖြစ်ခဲ့တာကြောင့်ပါပဲ။ဇာတ်ကားမထွက်ကတည်းက အာရုံစိုက်မှုတွေခံထားရတဲ့ ဇာတ်ကားလေးဖြစ်သလို Horror ကြိုက်တဲ့သူတွေအတွက်ရော စိတ်ဝင်စားစရာတွေကိုကြိုက်တဲ့သူတွေအတွက်ပါ ဒီဇာတ်ကားဟာ စိတ်ဝင်စားမှုအပြည့်နဲ့ ကြည့်ရှုနိုင်မယ့်ကားလေးပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ) File Size : (800 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr 39min Format : Mp4 Genre : Biography, Fantasy, Horror Subtitle ...
movie

Winchester (2018)

2018