Channel Myanmar

Hayato Ichihara

Red Shoes (2023) 6.8
Red Shoes (2023) Red Shoes (2023) =================သမီးလေး အဲရီ အတွက် လက်ဝှေ့သမားဘဝနဲ့ ကြိုးစားရုန်းကန်နေရရှာတဲ့ တစ်ခုလတ်မိခင် မာနာမီ။ လင်ယောင်္ကျားဆုံးပါးသွားပြီးနောက် စီးပွားရေးကြပ်တည်းလာတဲ့အခါမှာတော့ ကလေးအုပ်ထိန်းခွင့်ကို ယောက္ခမဖြစ်သူနဲ့တရားရုံးမှာအချေအတင်ပြိုင်ရပါတော့တယ်။ အဲရီ့ကို သူကိုယ်တိုင်ရအောင်ပြုစုပျိုးထောင်ပေးမယ်ဆိုတဲ့ပြတ်သားစိတ်နဲ့ ရရာအလုပ်တွေဝင်လုပ်ပါတော့တယ်။ဒါပေမဲ့လည်း အဆင်ပြေလာတယ်ဆိုတာမရှိဘဲ အဆိုးတွေပဲထပ်ထပ်ဖြစ်လာပြီးနောက် အဲရီလေးပါ ယောက္ခမဖြစ်သူလက်ထဲရောက်သွားပါတော့တယ်။ မာနာမီတစ်ယောက် ဘယ်လိုကြိုးစားရုန်းကန်းရင်း သမီးလေးကိုပြန်ခေါ်မလဲဆိုတာ ကြည့်ရှုရမဲ့ ဂျပန်ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မာနာမီ့ရဲ့သွားလေသူ လင်ယောင်္ကျားနေရာမှာ ဂျပန်-မြန်မာ အဆိုတော်မင်းသားချော မိုရီဆာကီဝင်း ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ )File size_(1.9GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:40:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing
movie

Red Shoes (2023)

A Family (2021) 7.0
A Family (2021) A Family (RT 71% , IMDb 7 )ယာကူဇာ... ယာကူဇာဆိုတာ ကျွန်တော်နဲ့ မစိမ်းတဲ့ စကားလုံးပါ... ဂျပန်နိုင်ငံက လူမိုက်ကြီးတွေပေါ့... ယာကူဇာမှာ အလွှာအမျိုးမျိုးရှိတယ်..တချို့ဟာ ဂုဏ်သိက္ခာတွေ စစ်မှန်တဲ့ ယောက်ျားတစ်ယောက် ဖြစ်ခြင်းတွေ အစရှိတဲ့ ဂုဏ်ဒြပ်တွေကို ဦးစားပေးတဲ့ လူမိုက်မျိုးနဲ့ ... ငွေရမယ် အာဏာရမယ်ဆိုရင် မူးယစ်ဆေးကအစ ထဲထဲဝင်ဝင်လုပ်ကိုင်တဲ့ ရာဇဝတ်ဂိုဏ်းတွေအထိ အမျိုးမျိုးရှိလို့နေပါတယ်...မည်သို့ပင် ဆိုစေကာမူ ယာကူဇာမှန်သမျှဟာ သာမန်လူ့လောက တရားဥပဒေကို တနည်းတဖုံ ဆန့်ကျင့်ဖောက်ဖျက်နေကြသူတွေသာ ဖြစ်ပါတယ်... ဒီဇာတ်ကားမှာ ယာမာမိုတိုရဲ့ ဖခင်ဟာ ယာကူဇာတွေရဲ့ မူးယစ်သားကောင်ဖြစ်ခဲ့ရပြီး ဆေးသုံးစရာ ခြူးတစ်ပြားတောင် မရှိတော့လို့ ဘဝနိဂုံးကို ကိုယ်တိုင်ချုပ်ခဲ့သူပါ...ယာမာမိုတိုဟာ အဲ့အတွက်ကြောင့် ယာကူဇာနဲ့ သူတို့ရဲ့ မူးယစ်ဆေးဝါးကို အင်မတန်စက်ဆုပ်ရွံရှာနေခဲ့ပါတယ်... ဒါပေမယ့် ကံကြမ္မာအလှည့်အပြောင်းကြောင့် သူဟာလည်း သူမုန်းတီးရတဲ့ ယာကူဇာတစ်ယောက် ဖြစ်လာပါတော့တယ်...ဒီဇာတ်ကားမှာ ...
movie

A Family (2021)

Yakuza Apocalypse (2015) 5.5
Yakuza Apocalypse (2015)  ယခုတစ်ခါမိတ်ဆက်ပေးချင်တာကတော့ နာမည်ကျော် Audition, Ichi the killer, Visitor Q ရုပ်ရှင်တို့ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Takashi Miikeရဲ့လက်ရာလေးပဲ ဖြစ်ပါတယ် ၂၀၁၅မှာ ထွက်ရှိခဲ့တဲ့ ယာကူဇာ(လူဆိုးဂိုဏ်းဝင်)ကားလေးပါ ထူးဆန်းတာက ပုံမှန် vampire တွေလိုမဟုတ်ပဲ Yakuza Vampire ဖြစ်နေတာပါပဲ သွေးစုပ်ခံရတဲ့အခါ မြို့သားတွေဟာ vampire ဖြစ်တဲ့အပြင် ယာကူဆာပါဖြစ်သွားတာပါပဲ ဒီလိုကြောင်တောင်တောင် ဘာမှန်းမသိတဲ့ ရသလေးတွေ ခံစားချင်တဲ့အခါတိုင်း စာရေးသူကတော့ Takashi Miike ကိုပဲ ပြေးမြင်မိပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ကာဂဲယာမာဆိုတဲ့ ယောက်ျားတစ်ယောက်ဟာ စီးပွားပျက်ကပ်မှာ လတ်လျားလတ်လျားနေရင်း သူတို့ရပ်ကွက်လေးကို ကြည့်ရှုစောင့်ရှောက်ပေးတဲ့ ယာကူဇာဂိုဏ်းခေါင်းဆောင် ဆရာကြီးကို အားကျမိပါတော့တယ် ဆရာကြီးဟာ မြို့သားတွေကို စောင့်ရှောက်ပေးတာမို့ ယာကူဇာဆိုပေမယ့် ဟီးရိုးသဖွယ် လူတွေကချစ်ခင်ကြတယ် ကာဂဲယာမာကလည်း ဆရာကြီးနောက်လိုက်လုပ်ရင်း ယာကူဇာတစ်ယောက်ဖြစ်သွားတယ် တစ်နေ့မှာတော့ ဆရာကြီးရဲ့ အရင်အဖွဲ့က လူတွေက ဆရာကြီးကို ပြန်လာခေါ်ပေမယ့် မလိုက်တာမို့ ဆရာကြီးဟာ အသတ်ခံလိုက်ရတဲ့အဆင့်ထိရောက်ရှိသွားပါတယ် ဒါကို မြင်တွေ့လိုက်ရတဲ့ ...
movie

Yakuza Apocalypse (2015)

Blade of the Immortal (2017) 7.2
Blade of the Immortal (2017) နာမည်ကြီး Manga series ဖြစ်တဲ့ Blade of the Immortal ကို live action ပြန်ရိုက်ထားတာပါManga series ကို ကြည့်ဖူးသူတွေကို အထွေအထူးမိတ်ဆက်ပေးစရာ မလိုပေမဲ့မကြည့်ဖူးတဲ့သူတွေအတွက် အတိုချုပ် ပြီး ပြောပြပါမယ်နော်ကိုယ့်ဆရာနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုပြန်သတ်မိပြီး ထွက်ပြေးနေတဲ့ Manji ဟာ တိုက်ပွဲတစ်ခုမှာ ဒဏ်ရာရပြီး သေလုမျောပါးဖြစ်နေတဲ့အချိန်မှာ Yaobikuni ဆိုတဲ့အဖွားကြီးက သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ထူးဆန်းတဲ့တီကောင်လိုအကောင်တွေ ထည့်ပေးလိုက်လို့ Immortal တစ်ယောက်ဖြစ်လာခဲ့တယ်နောက်နှစ်ပေါင်းကြာလာတဲ့အခါ Itto-Ryu လို့ခေါ်တဲ့ ဓားပညာရှင်တွေစုစည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ကြောင့် မိဘနှစ်ပါးလုံးကို ဆုံးရှုံးသွားတဲ့ Rinn ဆိုတဲ့ ကောင်မလေးသူ့ရဲ့ကလဲ့စားချေလိုစိတ်ကြောင့် Rinn က Manji ကို လိုက်ရှာပြီး အကူအညီတောင်းခဲ့တယ်Manji က သူ့ကို ကူညီပြီးတော့ ဘယ်လိုကလဲ့စားချေကြမလဲသူတို့ နှစ်ယောက်ပေါင်းပြီး Itto-Ryu ကို ကလဲ့စားချေနိုင်မှာလားကြားထဲမှာ ဘယ်လိုအခက်အခဲတွေ တွေ့ရဦးမှာလဲ ...
movie

Blade of the Immortal (2017)

2017