Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Harvey Keitel
8.9
Pulp Fiction (1994)
Pulp Fiction (1994) IMDb Rating (8.9) / Rotten Tomatoes (94%) အကောင်းဆုံးရုပ်ရှင် ၁၀၀ ဆိုပြီး ရှာကြည့်လိုက်ရင် ဒီကားက နံပါတ် ၄ခုမြောက်မှာရှိပါတယ်.. ကောင်းဆို ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာက သူ့ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဒီဖက်ခေတ်ရဲ့ လွမ်းမိုးမှုကြီးမားတဲ့ ဒါရိုက်တာ Quentin Tarantino ဖြစ်ပါတယ်... Pulp Fiction (1994) က သူ့ရဲ့ ဒုတိယမြောက်ရုပ်ရှင်ကားဖြစ်ခဲ့ပြီး ဒီရုပ်ရှင်ကားကနေ သူဟာ နာမည်ကျော်ဒါရိုက်တာဘဝကို စလှမ်းနိုင်ခဲ့တယ် ဆိုရပါမယ်။ .အကောင်းဆုံးဆိုတာကိုရွေးချယ်တဲ့နေရာမှာ ရွေးချယ်တဲ့စံနှုန်း ရွေးချယ်တဲ့ အဖွဲ့တွေမတူညီပေမယ့် ဒီကားက တော်တော်များများရဲ့ စာရင်းထဲမှာပါနေတယ်... အမေရိကန်ရုပ်ရှင်လောက်ကမှာ အကောင်းဆုံးဆိုတဲ့ ကာလအဖြစ်သတ်မှတ်ထားတဲ့ ၁၉၉၀ ခုနှစ်ကာလကို မသိနားမလည်စွာ မှတ်ချက်ချမိတာကဒီဘက်ခေတ်အမြင်နဲ့ဆို အံမဝင်ဘူးလို့ ကလေးဆန်ဆန်တွေးမိသွားတယ်.. တကယ့်လို ကျွန်တော့်လိုအတွေးမျိုးခင်ဗျားတို့ဆီမယ်ရှိနေရင် နီးစပ်ရာမြောင်းထဲကိုသာလွှင့်ပစ်လိုက်ပါလို့အကြံပြုပါရစေ.. .ဒီကားက ခပ်ဆိုးဆိုးလူတွေ ဒိုင်ယာလော့ စကားလုံး ခပ်ကြမ်းကြမ်းတွေနဲ့တည်ဆောက်ထားတယ်....ဆဲဆိုတဲ့စကားလုံး၂၆၅ လုံးတောင်ပါသတဲ့...ပြီးတော့ ဒိုင်ယာလော့တွေက ဘာသာပြန်အတွက် အတော်လေးအခက်အခဲရှိခဲ့ပါတယ်.. တစ်ချို့စကားပြောတွေက အဆဲလေးနဲ့မှပိုရုပ်လုံးကြွတဲ့သဘောရှိပေမယ့် ...
movie
Pulp Fiction (1994)
1994
4K HEVC
8.7
The Irishman (2019)
ဒီရုပ်ရှင်ကတော့ မာတင်စကော်ဆက်ဆီရဲ့ ရုပ်ရှင်တွေထဲမှာ အရှည်ဆုံး ရုပ်ရှင်ကားပါ။ ၃ နာရီ ၂၉ မိနစ်ရှိပါတယ်။ဒါရိုက်တာနဲ့ သရုပ်ဆောင်အားလုံးက တကယ့် legend တွေပါပဲ။ဒါရိုက်တာ မာတင်စကော်ဆက်ဆီးက Goodfells, Taxi driver, Departed နဲ့ Raging bull လို ရုပ်ရှင်တွေကြောင့် နာမည်ကြီးပါတယ်။သူက အခု အဓိက မင်းသား ၃ ယောက်ကို ခေါ်ထားလိုက်ပါတယ်။အဓိကသရုပ်ဆောင် Robert De Niro ကိုတော့ Taxi Driver, Goodfellas, The Untouchables, Jackie Brown, Casino တို့လိုကားတွေနဲ့ သိကြမှာပါ။Al Pacio ဆိုတာနဲ့ Godfather ကို ပြေးမြင်ကြပါလိမ့်မယ်။ Joe Pesci ကလည်း Goodfellas, Casino, Raging bull နဲ့ ကမ္ဘာကျော်ပါပဲ။ဇာတ်လမ်းကတော့ ကမ္ဘာကျော်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို အခြေခံထားပါတယ်။သမ္မတ နစ်ဆွန် ...
movie
The Irishman (2019)
2019
4K HEVC
7.8
Moonrise Kingdom (2012)
ဒီတစ်ခေါက်တော့ တစ်ခါထက်မကကြည့်ချင်ရလောက်တဲ့ Moonrise Kingdom လို့ခေါ်တဲ့ Comedy, Drama, Family ဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၆၀ခုနှစ်တွေကိုနောက်ခံထားထားတဲ့ ၁၂နှစ်အရွယ်လူငယ်စုံတွဲရဲ့ အချစ်ဇာတ်လမ်းဖြစ်ပါတယ်။ အပယ်ခံမိဘမဲ့ကင်းထောက်ကောင်လေးက ဆူဇီဆိုတဲ့ကောင်မလေးနဲ့ ရင်ဘတ်ချင်းတူလို့ စာတွေအပြန်အလှန်ရေးရင်း တစ်နေ့ သူတို့အတူ ထွက်ပြေးခဲ့ကြပြီး ကျွန်းရဲ့ယခင်မူလနေထိုင်ခဲ့တဲ့လူတွေအတိုင်း ခြေရာခံရယလျှောက်သွားခဲ့ကြတဲ့ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းတွေနဲ့ စွန့်စားခန်းတွေကို တွေ့ရမှာပါ။ ဒီဇာတ်လမ်းကိုကြည့်ရင်း လူငယ်ဘဝရဲ့ တဇွတ်ထိုးအကျင့်တွေနဲ့ နောက်ဆံမတင်းပဲ သတ္တိရှိရှိ ဆုံးဖြတ်ချက်ချခဲ့တာတွေဟာ ချစ်စရာကောင်းနေခဲ့ပြီး အနှစ်သာရပြည့်ဝတဲ့အမှားတွေဟာလည်း နောက်ထပ်အခွင့်အရေးရဖို့ ထိုက်တန်နေခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင်တော့ IMDb မှာ 7.8/10 ထိရထားပြီး Rotten Tomatoes 93% ထိရထားတာပါ။ ဒါ့အပြင် ဒီဇာတ်ကားဟာဆိုရင် ဒါရိုက်တာ Wes Anderson ရဲ့ လက်ရာကောင်းတွေထဲက တစ်ကားဖြစ်ပြီး Gotham Independent Film Award for Best Feature ဆုရရှိကာ အဓိကလူငယ်သရုပ်ဆောင်တွေဟာလည်း ...
movie
Moonrise Kingdom (2012)
2012
6.5
Falling in Love (1984)
Falling in Love (1984)~ IMDb - 6.5/10, Rotten Tomatoes - 54% ~ခရစ်စမတ်မှာစတဲ့ဇာတ်လမ်းက ခရစ်စမတ်မှာ ဆုံးခဲ့တယ်။ အစဟာ ရင်ခုန်စိတ်မောဖွယ် ခံစားမှုပြန်လည်ဆန်းသစ်ခြင်းတွေနဲ့။ အဆုံးသတ်ကတော့ ယစ်မူးတပ်မက်စိတ်တွေနဲ့ နှလုံးသား နိုးထရှင်သန်ခြင်းများ ထုံမွှန်းနေလေရဲ့။ချစ်ခြင်းဟာ အပြစ်ကင်းပါသတဲ့။ သူတို့ချစ်ခြင်းကြောင့် နာကျင်ကြေကွဲရသူတွေ ရှိလာခဲ့ရင်ရော... ချစ်ခြင်းဟာ အပြစ်ကင်းပါသေးလား။ မင်းဘက်ကိုလှည့်လို့ တလောကလုံးကို ကျောခိုင်းလိုက်မယ်ဆိုတဲ့လူမျိုးတွေအတွက်တောင် ချီတုံချတုံဖြစ်စရာ မသင့်တော်ခြင်းလွှမ်းတဲ့ အချစ်လမ်းဖြစ်နေလို့ပါပဲ။သွက်လက်ချက်ချာ ပျော်ပျော်နေတတ်တဲ့ ဆရာဝန်ကတော်တစ်ယောက်။ ကြော်ငြာအနုပညာစိတ်ကူးလေးတွေလှပသူ။ ကားပျက်နေတဲ့အတွက် သူ့အိမ်ကနေ နယူးယောက်မြို့ကို ရထားစီးလို့လာခဲ့တယ်။ဆောက်လုပ်ရေးအင်ဂျင်နီယာ၊ ကလေးတို့အဖေ၊ အင်မတန်လိမ္မာတဲ့ ဇနီးသည်လေးရဲ့ခင်ပွန်း။ သူလည်း ကားပျက်တာပဲဗျ။ နယူးယောက်မြို့ကို ခရစ်စမတ်ပွဲအတွက် ရထားနဲ့ ခရီးဆန့်ခဲ့သူပေါ့။သူတို့နှစ်ယောက်ရဲ့ ဆုံဆည်းခြင်းနဲ့ ရင်ခုန်ခြင်းဟာ လူပျိုလူလွတ်တွေလိုတော့ မလှပ၊ မခမ်းနားဘူးပဲ ဆိုကြပါစို့ဗျာ။ ပိုင်ရှင်ကိုယ်စီရှိကြသူတွေဖြစ်လို့ အတင်းထိန်းချုပ်ထားတဲ့ အချစ်စိတ်တွေ ပေါက်ကွဲထွက်လာခြင်းကို ...
movie
Falling in Love (1984)
1984
6.5
National Treasure: Book of Secrets (2007)
National Treasure: Book of Secrets (2007) " Quality ကောင်းကောင်းနဲ့ ပြန်တင်ပေးထားပါတယ် " National Treasure Franchise ကို မကြည့်ဖူးတဲ့သူဆိုတာလည်း မရှိလောက်တော့ပါဘူး။ ဟိုးအခွေငှားဆိုင်ခေတ်ကတည်းက နာမည်ကျော်လာခဲ့တဲ့ ကားပဲမလား။ Art Film ဆန်တဲ့ကားတွေကနေ အက်ရှင်ဆန်ဆန်ကားတွေဘက်ကို နစ်ကေ့ကြီးကူးပြီး နာမည်တဟုန်ထိုးတက်ခဲ့တဲ့ကာလတွေမှာ ရိုက်ခဲ့တဲ့ကားဆိုလည်း ဟုတ်တယ်။ ဒါပေမဲ့လည်း ဒီကာလဝန်းကျင်မှာတော့ နစ်ကေ့ကြီးဟာ အက်ရှင်ကားတွေအရိုက်များခဲ့ပေမဲ့လည်း ကားကောင်းတွေချည်းပါပဲ။ National Treasure Franchise ဟာ နစ်ကေ့ရဲ့ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ကားတွေဆိုလည်း မမှားဘူး။ ပထမကားဆို ရုံဝင်ငွေတော်တော်လေးကို ကောင်းခဲ့တယ်။ National Treasure ကားတွေဟာ နစ်ကေ့အတွက်တော့ ဂျွန်နီဒတ်နဲ့ ကာရေဘီယမ်ပင်လယ်ဓားပြကို ခွဲမရသလို၊ ဟယ်ရစ်ဆင်ဖို့ဒ်နဲ့ အင်ဒီယာနာဂျုံးစ်ကိုခွဲပစ်လို့မရသလို ကားတွေလို့ ပြောရင်လည်း မမှားဘူး။ ဘန်ဂိတ်စ်ဇာတ်ကောင်ဟာ နစ်ကေ့နဲ့ အံဝင်ခွင်ကျဖြစ်နေခဲ့တယ်။ ကျွန်တော်တို့အတွက်လည်း National Treasure ဟာ ...
movie
National Treasure: Book of Secrets (2007)
6.8
National Treasure (2004)
National Treasure (2004) " Quality ကောင်းကောင်းနဲ့ ပြန်တင်ပေးထားပါတယ် " National Treasure Franchise ကို မကြည့်ဖူးတဲ့သူဆိုတာလည်း မရှိလောက်တော့ပါဘူး။ ဟိုးအခွေငှားဆိုင်ခေတ်ကတည်းက နာမည်ကျော်လာခဲ့တဲ့ ကားပဲမလား။ Art Film ဆန်တဲ့ကားတွေကနေ အက်ရှင်ဆန်ဆန်ကားတွေဘက်ကို နစ်ကေ့ကြီးကူးပြီး နာမည်တဟုန်ထိုးတက်ခဲ့တဲ့ကာလတွေမှာ ရိုက်ခဲ့တဲ့ကားဆိုလည်း ဟုတ်တယ်။ ဒါပေမဲ့လည်း ဒီကာလဝန်းကျင်မှာတော့ နစ်ကေ့ကြီးဟာ အက်ရှင်ကားတွေအရိုက်များခဲ့ပေမဲ့လည်း ကားကောင်းတွေချည်းပါပဲ။ National Treasure Franchise ဟာ နစ်ကေ့ရဲ့ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ကားတွေဆိုလည်း မမှားဘူး။ ပထမကားဆို ရုံဝင်ငွေတော်တော်လေးကို ကောင်းခဲ့တယ်။ National Treasure ကားတွေဟာ နစ်ကေ့အတွက်တော့ ဂျွန်နီဒတ်နဲ့ ကာရေဘီယမ်ပင်လယ်ဓားပြကို ခွဲမရသလို၊ ဟယ်ရစ်ဆင်ဖို့ဒ်နဲ့ အင်ဒီယာနာဂျုံးစ်ကိုခွဲပစ်လို့မရသလို ကားတွေလို့ ပြောရင်လည်း မမှားဘူး။ ဘန်ဂိတ်စ်ဇာတ်ကောင်ဟာ နစ်ကေ့နဲ့ အံဝင်ခွင်ကျဖြစ်နေခဲ့တယ်။ ကျွန်တော်တို့အတွက်လည်း National Treasure ဟာ Nostalgia ဖြစ်စေတဲ့ကားတစ်ကားလို့ပြောလည်းမမှားဘူး။သူထွက်ပြီး သိပ်မကြာခင်ကာလအတွင်းမှာ ...
movie
National Treasure (2004)
5.5
Little Fockers (2010)
Little Fockers (2010) ရုပ်ရှင်အညွှန်းသားမက် နဲ့ ယောက္ခထီးဆိုတာ များသောအားဖြင့်မတည့်ကြတာ များပါတယ် တည့်ပြန်ရင်လည်း သားမက်ဘက်ကနေ သည်းခံရတဲ့အပိုင်းတွေ ယောက္ခထီး အထင်ကြီးအောင်လို့လုပ်ယူနေရတဲ့အပိုင်းတွေရှိတာပါပဲဒီဇာတ်လမ်းကလည်း သားမက်နဲ့ ယောက္ခမ ကြားက အလွဲအချော်တွေ အထင်လွဲတာတွေကိုမှ အတည်ပေါက်ဟာသလေးတွေနှောပြီး ရိုက်ထားတဲ့ Meet The Parents trilogy ရဲ့ နောက်ဆုံး ရုပ်ရှင်ပဲဖြစ်ပါတယ်နောက်ဆုံး ရုပ်ရှင်ဖြစ်သလို အခွီရဆုံးလည်းဖြစ်မှာပါ မင်းသားကြီး Robert De Niro နဲ့ Ben Stiller တို့ရဲ့ bromance တွေ Dramatic moments တွေကို ပိုမြင်ရမယ့် အပိုင်းဆိုလည်း မမှားပါဘူး အဲ ယောက္ခထီးနဲ့ သားမက်ရဲ့ လက်ရုံးရည်ချင်းယှဉ်ကြတဲ့ အခန်းတွေလည်းပါသေးတယ်နော်ဇာတ်လမ်းကတော့ ဂရက်နဲ့ ပမ်နဲ့ လက်ထပ်ပြီးတဲ့ နောက် သားလေးတစ်ယောက် သမီးလေးတစ်ယောက် ဆိုပြီး အမြွှာနှစ်ယောက်ရခဲ့ပါတယ် ကလေးရပြီးတဲ့နောက်ပိုင်းမှာ သူတို့ အိမ်ထောင်ရေးအခြေအနေက အရင်လိုသာယာနိုင်ဦးမလား ...
movie
Little Fockers (2010)
8.1
The Grand Budapest Hotel (2014)
The Grand Budapest Hotel (2014)IMDb - 8.1/10_____Rotten - 91%Won 4 Oscars. Another 130 wins & 225 nominations. ဒီရုပ်ရှင်အကြောင်းမပြောခင် ဒီရုပ်ရှင်ကားနဲ့ ရခဲ့တဲ့ Award တွေ အရင်ပြောပြပါမယ်... 1. Best Achievement in Costume Design 2. Best Achievement in Makeup and Hair styling 3. Best Achievement in Music Written for Motion Pictures, Original Score 4. Best Achievement in Production Design ဆိုတဲ့ အော်စကာ ဆု လေးဆု ရရှိခဲ့ပြီး တစ်ခြား Award များစွာကိုလဲ ရရှိပိုင်ဆိုင်ထားပါတယ်... ဒီရုပ်ရှင် ကြည့်နေတုန်းမှာ မျက်လုံးကို အနားမပေးပါနဲ့ ဆံပင်ဒီဇိုင်း ဆက်တင်အခန်းအနား မျက်နှာအမူရာတွေကို မလွတ်တန်း လိုက်ကြည့်နေပါ အဖိုးတန်လွန်းပါတယ်... သင်ဟာ ...
movie
The Grand Budapest Hotel (2014)
2014
6.5
Fatima(2020)
Fatima(2020)ဇာတ်လမ်းလေးကတော့ ၁၉၁၇ ခုနှစ်တွင် ဖာတီမာမယ်တော်သခင်မ ကိုယ်ထင်ပြသတဲ့အံဖွယ်ဖြစ်ရပ်ကို အခြေခံထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ၁၉၁၇ ခုနှစ်ရဲ့နေ့တစ်နေ့ပေါ်တူကီနိုင်ငံ ဖာတီမာဒေသမှာ သိုးထိန်းမလေးလူစီရာနဲ့ သူ့ရဲ့ဝမ်းကွဲမောင်နှမနှစ်ယောက်တို့ဟာမွန်မြတ်သောအပျိုစင်မာရီယာရဲ့ဝိညာဉ်တော်မြတ်နဲ့ ကံအားလျော်စွာပဲ ဆုံတွေ့ခွင့်ရခဲ့ပါတယ်။တကယ်တော့ သူတို့က လူအများကြီးထဲမှ ရွေးချယ်ခံခဲ့ရတာပါ။ ဒီသတင်းက မြို့ထဲပျံနှံ့သွားတဲ့အခါမှာသူတို့တွေက ပထမကမ္ဘာစစ်ရဲ့ဒဏ်ကို ခံစားနေရတဲ့ ယုံကြည်သူများရဲ့ အားကိုးရာ လှုံဆော်ရာဖြစ်လာပေမယ့်ကတ်သလစ်ဘုရားကျောင်းများနဲ့ အစိုးရပိုင်းကလူတွေကတော့ သူတို့ကို အလိမ်အညာဇာတ်လမ်းများဖန်တီးပြီး ဝါဒဖြန့်ဝေသူများအဖြစ် သတ်မှတ်ကြပါတော့တယ်။ ၁၀ နှစ်အရွယ် သိုးထိန်းမလေးလူစီရာဟာအဆိုပါဖိအားတွေကြားကနေ သူ့ရဲ့ ယုံကြည်ရာကို အဆုံးစွန်ထိ ဘယ်လိုသယ်ဆောင်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှူကြည့်ကြပါဦး..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thithtoo Zaw ပဲဖြစ်ပါတယ်....File Size : (900 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:53:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thithtoo Zaw Encoded ...
movie
Fatima(2020)
6.6
U-571(2000)
U-571(2000) IMDb...6.6,,,Rotten ....68% ဒီကားက ဒုတိယ ကမ္ဘာစစ်တုန်းက မဟာမိတ် စစ်သင်္ဘောတွေကို တစ်ဒိန်းဒိန်းပစ်ခေတ်ပြီး ရောက်အောက်ကိုနှစ်မြှုတ်ခဲ့တဲ့ ဂျမာန် u-571 စစ်သင်္ဘောအကြောင်းကို အဓိက ထားရိုက်ပြထားပါတယ်...ဂျာမန်စစ်သင်္ဘောတွေရဲ့ ပစ်ခတ်ဖျက်ဆီးခြင်းကို ဖွဲအိတ်ကြီးလို ခံနေရတဲ့ အဓိက အကြောင်းရင်းက Enigma ဆိုတဲ့ ဝှက်စာကြောင့်ပါ...ဒီကားအညွှန်းကို မပြောခင် အရေးကြီးဆုံးအကြောင်းအရာဖြစ်တဲ့ Enigma ဆိုတဲ့ ဝှက်စာ အကြောင်းကိုပြောပြပါ့မယ်...ဒါတွေမသိလည်း ကြည့်လို့ကောင်းတဲ့ စစ်ကားကြီးဖြစ်ပေမယ့် သိသွားတဲ့အခါမှာ ဗဟုသုတလည်းရတဲ့အပြင် ကြည့်ရတာ ဇာတ်ရှန်အမြင့်ဆုံးကိုရောက်သွားစေနိုင်တာကြောင့်ပါ..Enigma ဆိုတာက ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကြားကာလမှာ ဂျာမန်တွေတီထွင်ခဲ့တဲ့ ဝှက်စာ စက်ဖြစ်ပါတယ်။Mechanical နဲ့ electrical ကို ပေါင်းထားတဲ့ စက်ဖြစ်ပြီး U boat နဲ့ ၈ျာမန်စစ်သင်္ဘောတွေက ပင်နယံ ၄ ဆင့်နဲ့ အထက်ပါတဲ့ Enigma ကို သုံးခဲ့ပါတယ်။ပင်နယံဝိုင်းတွေမျှားလေ ပိုလုံခြုံလေမို့ နောက်ပိုင်းမှာ ပင်နယံဝိုင်း ၈ ဆင့်အထိသုံးခဲ့ပါတယ်။Enigma ဟာ လက်နှိပ်စက်လိုဖြစ်ပြီး ဝှက်စာစနစ်ထည့်သွင်းထားတဲ့အတွက် ...
movie
U-571(2000)
2000
8.3
Taxi Driver (1976)
Taxi Driver (1976) IMDb 8.3/10______Rotten Tomatoes 96% Nominated for 4 Oscars. Another 21 wins & 15 nominations" စကားပြောမလို့လား ""အင်း , ကျွန်တော်တစ်ယောက်တည်းပါပဲဗျာ "______________________ဒီစကားလုံးလေးနှစ်ခုဟာ လျှာဖျားကလေးလှုပ်ပြီး ဖတ်လိုက်ကြားလိုက်ရချိန်မှာ ဘာမှမဟုတ်သယောင်ထင်ရပေမယ့် ယခု ဇာတ်ကားတစ်ခုလုံးအတွက်တော့ အရေးကြီးဆုံး စကားလုံးနှစ်ခု ဖြစ်ပါတယ်။ကျွန်တော့်အနေနဲ့ကတော့ ဘယ်တော့မှ မေ့ပျောက်နေမှာမဟုတ်တော့ဘဲ တသသ ဖြစ်ကျန်ခဲ့ရတဲ့ တက္ကစီ ဒရိုင်ဘာလေး ထရာဘစ်စ်ရဲ့ စကားလုံး နှစ်ခုဖြစ်ပါတယ်လို့ပဲ ဆိုရပါ့မယ်။ပြောရရင် တက္ကစီဒရိုင်ဘာလေးရဲ့ ဘဝအနေအထားနဲ့ စိတ်ပဋိသန္ဓေမှာ အမြစ်တည်ကြီးထွားဖို့လိုအပ်နေတဲ့ နွေးထွေးပျော်ရွှင်မှု စိတ်အာဟာရတွေ ပေါ့ပါးစွာခြေဆန့်နိုင်ဖို့။လူလောကအလယ်မှာ အခြားသောလူသားတွေလို အံဝင်ခွင်ကျ ဝင်ဆံ့ချင်လိုမှု တွေကို အသောနှင် ပိုင်ဆိုင်ချင်နေကြောင်းကို ပြည့်ပြည့်ဝဝ ပြဆိုလိုက်တဲ့ စကားနှစ်ခုလို့ပဲ ပြောရမှာဖြစ်ပါတယ်။ဒါပေမယ့် တက္ကစီဒရိုင်ဘာလေးခမျာမှာတော့ ရရှိဖို့ ခက်ခဲနေခဲ့ပါတယ်။ယခုရုပ်ရှင်ထဲက ဒရိုင်ဘာလေး ထရာဘစ်စ်ဟာ လိင် ...
movie
Taxi Driver (1976)
1976
4.7
See You Soon (2019)
ရိုမတ်တစ်ဇာတ်ကားတွေကိုကြိုက်နှစ်သက်တဲ့CMပရိသတ်တွေအကြိုက်တွေ့မယ့်ဇာတ်ကားကောင်းလေးတစ်ကားပါဇာတ်ကားလေးကဘောလုံးသမားတစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးကိုရိုက်ကူးထားတဲ့ကားလေးပါကမ္ဘာကျော်ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ရိုင်ယန်ဟော့စ်နဲ့ရုရှားသူလေးလာနာတို့ရဲ့အချစ်ဇာတ်လမ်းလေးပါလာနာကအိမ်ထောင်ရှိတဲ့သူတစ်ယောက်ဖြစ်ပြီးတော့သူမမှာဒန်နီဆိုတဲ့သားလေးတစ်ယောက်ရှိတယ်လာနာက သူမယောကျာ်းနဲ့အဆင်မပြေဖြစ်ပြီးမကွာရှင်းရသေးဘဲ သားလေးအတူခွဲနေခဲ့တယ်လာနာဟာအပျော်စီးသင်္ဘောပေါ်မှာအလုပ်လုပ်ရင်း ဟော့စ်နဲ့တွေ့ဆုံခဲ့တယ် ဟော့စ်မှာကစိတ်ညစ်စရာကိစ္စတွေရှိနေတော့သင်္ဘောပေါ်ကဘားမှာအရက်သောက်ရင်းနဲ့လာနာနဲ့တွေ့ဆုံပြီးရင်းနှီးခဲ့ကြတယ်ဟော့စ်မှာစေ့စပ်ထားတဲ့သူရှိနေတဲ့အတွက်လာနာကသူတို့နှစ်ယောက်မဖြစ်နိုင်မှန်းသိပေမယ့် ဟော့စ်ကိုချစ်မိသွားခဲ့တယ်နောက်ပိုင်းဟော့စ်ကို လာနာကသူမဟာလက်ထက်ထားတုန်းမကွာရှင်းရသေးတဲ့သူတစ်ယောက်ဆိုတာကိုဖွင့်ပြောပြခဲ့တယ်ဟော့စ်ကတော့ဒါတွေကိုဘာမှစိတ်မဝင်စားဘဲလာနာကိုဆက်ချစ်နေခဲ့တယ်သူတို့နှစ်ယောက်ခွဲခွာဖို့အကြောင်းဖန်လာခဲ့တယ်သူတို့နှစ်ယောက်ကတကယ်ဖူးစာပါတဲ့သူတွေလားဖူးစာပါရင်ညားတယ်ဆိုတဲ့အတိုင်းတကယ်ပဲသူတို့နှစ်ယောက်ပေါင်းဖက်နိုင်မလားသူတို့နှစ်ယောက်ကိုကံကြမ္မာကဘယ်လိုတွေ့ဆုံပေးမှာလဲဆိုတာဇာတ်ကားလေးကိုကြည့်ရှု့လိုက်ပါနော်(PS. ရုရှားလိုပြောတာတွေကိုတော့ မြန်မာလိုမပြန်ထားပါဘူးနော်အင်္ဂလိပ်စာတန်းလေးကတခါတည်းထိုးပေးထားလို့ပါနော်) File Size : ( 1 GB , 379 MB )Quality : WEB-DL 720pRunning Time : 1 hr 47 minFormat : Mp4Genre : Drama , RomanceSubtitle : Myanmar Subtitle (Hard Sub)Translated by Hsu LeiEncoded ...
movie
See You Soon (2019)
2019
8.3
Reservoir Dogs (1992)
movie
Reservoir Dogs (1992)
1992
4.8
The Ridiculous 6 (2015)
လူဆိုးကြီးမှာ မမွေးခင်ကတည်းကကွဲနေတဲ့ သားခြောက်ယောက်ရှိပါတယ် လူဆိုးကြီးဟာ အသက်ကြီးလာတာကြောင့်မဆိုးနိုင်တော့ပါဘူး လူဆိုးကြီးက အချီကြီးတစ်ခါလောက်ရရင်နားမယ်ဆိုပြီးကြံနေပါတယ် လူဆိုးကြီးဟာ သူ့သားခြောက်ယောက်ကိုအယုံသွင်းပြီး ဒေါ်လာငါးသောင်းကိုဓားပြတိုက်အောင်လုပ်ပါတော့တယ် မတူညီတဲ့သားခြောက်ယောက်ရဲ့စရိုက်ကဇာတ်လမ်းကို ပုံမှန်ကောင်းဘွိုင်ကားတွေနဲ့မတူအောင်လုပ်သွားနိုင်ပါတယ် သားခြောက်ယောက်နဲ့အဖေ ဘယ်သူနိုင်သွားမလဲဆိုတာ အခုပဲဒေါင်းလုပ်ဆွဲပြီးကြည့်လို့ရပါပြီ ဘာသာပြန်ပေးထားတာတော့ကိုမျိုးညွန့်ဖြစ်ပါတယ် encoded by sithu
movie
The Ridiculous 6 (2015)
2015
4.9
The Last Man (2018)
ဒီတစ်ခါမှာတော့ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Sci-fi, Drama, Action ဇာတ်ကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။နှစ်ထောင်ပေါင်းများစွာ လူသားတွေကြောင့် အစဉ်အဆက်တိုးတက်လာခဲ့တဲ့ ကမ္ဘာကြီးဟာ လပိုင်းလေးအတွင်းမှာ လူသန်းပေါင်းများစွာ အသက်သေဆုံးရပြီးပျက်စီးအံ့ဆဲဆဲအခြေအနေကိုရောက်ရှိလာပါတော့တယ်။ရာသီဥတုတွေအကြီးအကျယ်ဖောက်ပြန်လာပြီး ကမ္ဘာ့စီးပွားရေးကလည်း ကယ်လို့မရအောင်ကို စုန်းစုန်းမြုပ်နေတဲ့ အခြေအနေကို ရောက်ရှိနေပါပြီ။ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုတဲ့အတိုင်း ဒီဖြစ်ရပ်ကြီးကို အခွင့်ကောင်းယူပြီး ခိုးဆိုးလုနှိုက်နေတဲ့လူတွေ၊ ဘာသာရေးဂိုဏ်းဆန်ဆန်စည်းရုံးရေးဆင်းကြတဲ့သူတွေ စသဖြင့် လူတန်းစားပေါင်းများစွာလည်း ပေါ်ပေါက်လာပါတယ်။အဲဒီထဲမှာမှ အရာအားလုံးနဲ့ကင်းကင်းရှင်းရှင်းနေနေတဲ့ ဇာတ်လိုက်ကြီးကတော့Kurt ၊ စစ်မှုထမ်းဟောင်းဖြစ်ပြီး အတိတ်ပုံရိပ်တွေရဲ့ခြောက်လှန့်မှုကြောင့် ကမ္ဘာကြီးမပျက်ခင်ကတည်းက သူတစ်ယောက်တည်း ကမ္ဘာပျက်နေတဲ့သူ။တစ်ရက်မှာတော့အကြားအမြင်ဆရာဆန်ဆန်လူတစ်ယောက်နဲ့ လမ်းမှာတွေ့တယ်။အဲဒီအကြားအမြင်ဆရာလို့ ဆိုနိုင်တဲ့သူက လျှပ်စစ်မုန်တိုင်းတွေကြောင့် ကမ္ဘာကြီးပျက်တော့မှာဖြစ်တဲ့အတွက်သူနဲ့အတူ ဘေးကင်းတဲ့နေရာလိုက်ခဲ့ပြီး အားလုံးပြီးဆုံးသွားတဲ့အချိန်မှ ကမ္ဘာကြီးကို ပြန်လည်တည်ဆောက်ကြမယ်ဆိုပြီး လူကြားထဲမှာ အာပေါင်ရင်းသန်သန်နဲ့ မဲဆွယ်နေတဲ့သူပေါ့။အဲဒီအကြားအမြင်ဆရာက Kurt ကိုတွေ့တဲ့အခါမှာတော့ သူနဲ့အတူလိုက်ခဲ့ဖို့ အမှန်တရားမြင်အောင်ကြည့်ဖို့ တိုက်တွန်းတယ်။အဲဒီအခါမှာတော့ တစ်ကိုယ်ရည်ကမ္ဘာပျက်နေတဲ့Kurt တစ်ယောက် ဘဝအပြောင်းအလဲကို ဖြစ်စေမယ့် ဆုံးဖြတ်ချက်ကို ချဖို့အကြောင်းဖန်လာပါတော့တယ်။ဘာဆက်ဖြစ်မလဲသိချင်ရင်တော့ The Last Man ...
movie
The Last Man (2018)
2018
8.3
Taxi Driver(1976)
Taxi Driver(1976) IMDb...8.3,,,,,Rotten.....98% ဒီကားရဲ့ Rating တွေကတော့ မြင်တဲ့အတိုင်းပါပဲ....သူတို့ဆီမှာလည်း ကျွန်တော့်တို့မြန်မာကားတွေလိုပဲထင်တယ်...ကားသစ်တွေက အရင်လို သိပ်အားစရာ မကောင်းဘူး...ကျွန်တော်ပဲ စိတ်ထင်နေလို့ပဲလား..မသိ...ဒီကားက တော့ ကျွန်တော်တို့မမွေးခင်ကထဲက ထွက်ရှိခဲ့ပါတယ်..သို့ပေမယ့်လည်းပေါ့လေ... မရိန်းစစ်ထွက်တစ်ဦးဖြစ်သူ ထရာဗစ်တစ်ယောက် ညဘက်တက်စီဒရိုင်ဘာ အလုပ်ကိုလုပ်နေတယ်....သူဟာ ညဘက်လည်းအိပ်မပျော်တတ်တဲ့သူဆိုတော့ ညလုံးပေါက်ကားမောင်းနေတယ်...နေရာစုံကိုရောက်သလို လူအမျိုးမျိုးကိုလည်းသူတွေ့နေရတယ်. မြို့ပြရဲ့စိတ်ပျက်စရာလူတွေနဲ့ အခြေအနေဆိုးတွေ သူမတွေ့ချင်ဘဲတွေ့နေရတယ်...သူ့အလုပ်က ကားမောင်းတယ်..သူသိပ်သဘောကျတဲ့ ကောင်မလေးတစ်ယောက်ကို သွားငေးတယ်.....ဒီလိုနဲ့ နေ့စဉ်ဖြတ်သန်းပြီးနောက်မှာ ဒီစိတ်ပျက်စရာတွေကို အတတ်နိုင်ဆုံးပြုပြင်ဖို့ သူဆုံးဖြတ်လိုက်တယ်....ကဲသူဘာတွေဆက်လုပ်မလဲ... ကိုင်း ကားဟောင်းအလန်းတွေ သဘောကျတဲ့သူတွေအဖို့ ခံစားကြည့်လိုက်ပါဦးဗျ...ဒီကားထဲက အဓိကသရုပ်ဆောင်မင်းသားကြီး Robert De Niro ကြီးကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ko Zuel Khant Thwin ပဲဖြစ်ပါတယ်.... File Size : (1GB) and (347 MB) Quality : Blu-Ray 720p Format…mp4 Duration…01:54:00 Genre : Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Khant Thwin Encoded by Phyo Pyae
movie
Taxi Driver(1976)
1976
7.3
၁၉၉၆ က Action,Crime,Horror ဇာတ်ကားလေးတစ်ကားပါ။IMDB Rating 7.3 ရရှိထားပြီး Rotten Tomatoes 63%ရရှိထားပါတယ်။မင်းသားကြီး Gorge Clooney ပါဝင်သရုပ်ဆောင်ထားပြီးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလေးပါ။ရိုးရိုး Action ကားပုံစံကနေ Horror ပုံစံကိုချိုးချပြောင်းလဲသွားတာကလည်းတစ်မျိုးလေးစွဲဆောင်မှုရှိစေပါတယ်။လူသတ်မှုပေါင်းများစွာကိုကျူးလွန်ထားတဲ့ဘဏ်ဓားပြညီအစ်ကိုနှစ်ယောက်၊ စိတ်ပုံမှန်မဟုတ်တဲ့ညီကြောင့်ကျင့်ဝတ်စောင့်ထိန်းတတ်တဲ့ သူခိုးတစ်ယောက် ပြဿနာတွေတက်နေတဲ့ကြားကယုံကြည်ချက်ပျောက်ဆုံးနေတဲ့ တရားဟောဆရာတစ်ယောက်နဲ့သူ့ရဲ့ မိသားစုအကူအညီကိုယူပြီး နိုင်ငံထဲကထွက်ပြေးလွတ်မြောက်သွားပေမယ့်သူတို့နောက်ထပ်ရင်ဆိုင်ရမယ့်သဘာဝလွန်ဖြစ်ရပ်တွေကတော့...အရင်ကဇာတ်ကားဆိုတော့ Effect တွေကသိပ်မကောင်းပေမယ့်ဇာတ်လမ်းလေးကလှပြီး Country သီချင်းလှလှလေးတွေအများကြီးပါပြီးတော့ကျွန်တော်အကြိုက်ဆုံးဇာတ်ဝင်ခန်းလေးကတော့အမျိုးသမီးတစ်ယောက်မြွေနဲ့ ကတဲ့အခန်းပါ။တကယ်ကိုရင်သပ်ရှုမောစရာပါပဲဗျာ။ File size…(900MB) and (380MB) Quality…BR-Rip 1080p Format…mp4 Duration….01:47:50 Subtitle….Myanmar Subtitle (Hardsub) Translated by d3monEncoded by Naing Aung Latt
movie
From Dusk Till Dawn (1996)
1996
7.3
Youth (2015)
Youth (2015)IMDb (7.3/10)....Rotten Tomatoes (72%)အီတလီရုပ်ရှင်ပါ။မင်းသားကြီး Michael Caine နဲ့ Harvey Keitel တို့အပြင် အခြားသရုပ်ဆောင်များစွာပါဝင်ထားတဲ့ Comedy , Drama , Music အမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်။၂၈ ကြိမ်မြောက် ဥရောပရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံးဒါရိုက်တာဆုနဲ့ Michael Caine က အကောင်းဆုံးသရုပ်ဆောင်ဆု စသဖြင့် ဆုတွေ အသီးသီး ရရှိခဲ့တဲ့ရုပ်ရှင်လည်း ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ........[Spoiler Alarm]ဆွစ်တောင်တန်းတွေဆီ အားလပ်ရက် ခရီးထွက်ကြတုန်း အဘိုးကြီးနှစ်ယောက် သူတို့ဖြတ်သန်းခဲ့ကြတဲ့ဘဝတွေကို ပြန်ပြောင်းဆင်ခြင်မိကြတဲ့အကြောင်းတွေလည်း ဖြစ်တယ်။ အိုမင်းခြင်းနဲ့ နုပျိုခြင်း၊ အတိတ်နဲ့ အနာဂတ်၊ ရှင်သန်မှုနဲ့ သေဆုံးမှု စတဲ့အကြောင်းအရာတွေကြားထဲက ထာဝရ ရုန်းကန်နေရခြင်းအကြောင်းတွေပေါ့။Fred Ballinger ( Michael Caine ) က ဂန္ထဝင်ဂီတစာဆိုကြီးတစ်ယောက်။ Mick Boyle ( Harvey ...
movie
Youth (2015)
2015