Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Han Ji-min
6.7
The Fatal Encounter (2014)
The Fatal Encounter (2014) IMDb: 6.7/10 Genre: Action, Dramaကိုရီးယားနိုင်ငံသမိုင်းမှာ ဘုရင်ဂျောင်ဂျိုကိုလုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားတဲ့ ဖြစ်ရပ်မှန်အပေါ်အခြေခံပြီး ရိုက်ကူးထားတာပါ။ ဘုရင်ဂျောင်ဂျိူအနေနဲ့ ဗိုလ်ကြီးလို့သိကြတဲ့မင်းသားကြီး ဟျွန်းဘင်းကပါဝင်သရုပ်ဆောင်ထားပြီး မင်းကြီးရဲ့လူယုံတော်ဖြစ်တဲ့အထိန်းတော်အနေနဲ့ကတော့ Parters for Justice ထဲကမင်းသားဖြစ်တဲ့ ဂျန်ဂျယ်ယောင်းကပါဝင်သရုပ်ဆောင်ထားပါတယ်။ ၁၇၇၇ခုနှစ်၊ဂျောင်ဂျိုဘုရင်ဟာ အုပ်ချုပ်မှုတစ်နှစ်အတွင်းမှာခြိမ်းခြောက်မှုတွေအဆက်မပြတ်ကြုံတွေ့နေရပါတယ်။ထိုအချိန်က အာဏာရနိုင်ငံရေးအုပ်စုဖြစ်တဲ့ နိုရိုအုပ်စုက အားလုံးကိုထိန်းချုပ်ထားပြီး နောက်ကွယ်ကနေ နိုင်ငံရေးကိုရော နန်းတွင်းကလူတွေကိုပါ ခြယ်လှယ်နေတာပါ။ မြို့ထဲမှာလည်း ကလေးတွေကိုဖမ်းဆီးခေါ်ဆောင်ပြီး ကျွမ်းကျင်တဲ့လုပ်ကြံသတ်ဖြတ်သူဖြစ်အောင် ပျိုးထောင်ပေးနေတဲ့ဂိုဏ်းကလည်းရှိနေပါတယ်။ အဲဒီလိုအဖွဲ့အစည်းတွေပူးပေါင်းပြီးတော့ နန်းတော်ထဲမှာ လျှို့ဝှက်စွာနဲ့ သူတို့လူတွေကို ဖြည်းဖြည်းချင်း နန်းတော်ရဲ့ နေရာတိုင်းမှာဖြန့်ထားပြီး အလုပ်လုပ်စေတာပါ။နန်းတော်ထဲမှာဒီလိုမျိုးလုပ်ခွင့်ရဖို့ဆိုတာ မျိုးရိုးကြီးတစ်ခုနောက်ခံရှိနေမှာသာလုပ်လို့ရမှာပါ။ နောက်ကွယ်မှာရှိနေတဲ့ အာဏာကြီးတဲ့လူကတော့ မယ်တော်မိဖုရားကြီးပါပဲ။ မင်းကြီးကိုလုပ်ကြံသတ်ဖြတ်ဖို့ကြံစည်သူတွေထဲမှာ မယ်တော်မိဖုရားကြီးလည်းပါဝင်နေပါတယ်။ ဒီလိုမျိုးနိုင်ငံရေးအရှုပ်အထွေးတွေကြားမှာ အသက်ခြိမ်းခြောက်ခံနေရတဲ့ ငယ်ရွယ်တဲ့မင်းကြီးဟာ ယုံကြည်ရတဲ့သူဆိုလို့ ဂါ့ပ်ဆူလို့ခေါ်တဲ့အထိန်းတော်ကြီးပဲရှိပါတယ်။ ဒါပေမဲ့ အဲဒီအထိန်းတော်ကြီးကလည်း လုပ်ကြံသတ်ဖြတ်သူဖြစ်လာဖို့ ငယ်ငယ်တည်းကဂိုဏ်းကလေ့ကျင့်ပျိုးထောင်ပေးထားပြီး မင်းကြီးကိုလုပ်ကြံသတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ မင်းကြီးအနားမှာလျှို့ဝှက်စွာရှိနေတဲ့ သူလျှိုတစ်ယောက်ဖြစ်နေပါတယ်။မင်းကြီးအနေနဲ့ဘယ်လိုဖြေရှင်းမလဲ ပြီးတော့ဒီလိုမျိုး ...
movie
The Fatal Encounter (2014)
2014
6.8
Miss Baek (2018)
ဒီကားလေးကတော့ child abuse အကြောင်းရိုက်ထားတဲ့ဇာတ်လမ်းလေးပါ တကယ့်ဖြစ်ရပ်မှန်ကိုရုပ်ရှင်ရိုက်ထားတာဆိုတော့ ရင်ထဲတော်တော်ထိပါတယ် ( ဘာသာပြန်ရင်းမျက်ရည်တောင်ကျတယ် ) သရုပ်ဆောင်တွေကလည်းတကယ့်အပိုအလိုမရှိသရုပ်ဆောင်ထားတာပါ message တွေအများကြီးနဲ့တကယ့်အနှစ်ကားလေးပါ ကြည့်ပြီးရင် ရင်ထဲတစ်ခုခုတော့ကျန်ခဲ့မှာပါ ဇာတ်လမ်းအကျဉ်းချုံးကတော့ ဘတ်ဆန်းအာ(miss beak) ဟာ လူသတ်ဖို့ကြိုးစားမှုနဲ့ထောင်ကျဖူးတဲ့အမျိုးသမီးတစ်ယောက် ငယ်စဉ်ကတည်းအကြောင်းအမျိုးမျိုးကြောင့် အမေအရင်းကနေစွန့်ပစ်တာကိုခံခဲ့ရတယ် ဒီလိုနဲ့ဘ၀ကိုဖြစ်သလိုရပ်တည်လာရင်း မထင်မှတ်ပဲအေးစက်နေတဲ့ဆောင်းညတစ်ညမှာ လမ်းဘေးမှာထိုင်ပြီးခိုက်ခိုက်တုန်နေတဲ့ ကိုးနှစ်အရွယ်မိန်းကလေးတစ်ယောက်နဲ့စတွေ့ခဲ့တယ် အဲ့ကလေးမလေးကလည်းအဖေအရင်းနဲ့ အဖေဖြစ်သူရဲ့အတူနေရည်းစားရဲ့နှိပ်စက်မှုတွေကို အရွယ်နဲ့မလိုက်အောင်ခါးစည်းခံနေရတဲ့ကလေးမလေး ဒီကလေးမလေးကိုဘတ်ဆန်းအာကတွေ့သွားတဲ့အချိန်မှာ ဘတ်ဆန်းအာက သူ့မရဲ့အတိတ်ကဘ၀ကိုသတိရသွားပြီး ဒီကလေးမလေးအပေါ်သနားသွားပါတယ် ဘတ်ဆန်းအာကဒီကလေးမလေးရဲ့ခန္ဓာကိုယ်ကဒဏ်ရာတွေကိုတွေ့ပြီး ကလေးမလေးကိုနှိပ်စက်ကြတဲ့အကြောင်းကိုသိသွားပါတော့တယ် ဘတ်ဆန်းအာနဲ့ဒီကလေးမလေးတွေ့ပြီး ဘာတွေဆက်ဖြစ်မှာလဲ ဒီကလေးမလေးကိုရော ဘတ်ဆန်းအာကကယ်တင်နိုင်မှာလား ဘတ်ဆန်းအာကိုရော သူ့အမေကဘာလို့စွန့်ပစ်သွားခဲ့တာလဲ ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာပဲကြည့်ပေးကြပါဦး ဇတ်လမ်းကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Shwe Yee Oo ဖြစ်ပါတယ်
movie
Miss Baek (2018)
2018
7.9
Keys to the Heart (2018)
ပြိုလဲကြေကွဲ ငိုမျက်ရည်ဝဲစေမယ့် ၂၀၁၈ ထွက် မင်းသားကြီး လီဗျောင်ဟွန်း ပါဝင်တော်မူသော ကိုရီးယားကားသစ်လေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်…IMDb Rating 7.4 ထိ ရထားတာဆိုတော့ rating များရုံမက တော်တော်လည်း ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးတစ်ကားပါ..ဇာတ်ကားအစကနေအဆုံးထိ ပျင်းစရာလုံးဝမကောင်းဘဲ ပရိတ်သတ်ရဲ့ စိတ်အာရုံကို ဆွဲဆောင်ခေါ်ယူသွားမှာပဲ ဖြစ်ပါတယ်…ဂျိုဟာ ဆိုတဲ့ လက်ဝှေ့ချန်ပီယံဟောင်းတစ်ယောက်ဟာ ဆင်းရဲစွာနဲ့ ကြုံရာကျပန်းအလုပ်လုပ်စားပြီး ဘဝကို ကျောင်းနေရတဲ့လူတစ်ယောက်ပါ…လမ်းပေါ်မှာ လက်ကမ်းစာစောင်တွေဝေရင်း…လက်ဝှေ့အကူလိုက်ထိုးရင်းနဲ့ ကြုံသလို ဘဝကိုဖြတ်သန်းနေတာပေါ့ …ဂျိုဟာရဲ့အမေဟာ သူ့ကိုငယ်စဉ်တည်းကစွန့်ပစ်သွားတာဖြစ်ပြီး ဂျိုဟာ က တစ်ယောက်တည်းကြီးပြင်းလာခဲ့ရပါတယ်…တစ်နေ့တော့ စားသောက်ဆိုင်တစ်ဆိုင်မှာ ဝင်စားရင်း စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ သူ့အမေနဲ့ မမျှော်လင့်ဘဲပြန်တွေ့ခဲ့ပါတယ်…ဇာတ်လမ်းလေးကို ပေါ့ပါးရွှင်မြူးစွာရိုက်ကူးထားပြီး ရယ်မောမှုနဲ့ ကြေကွဲမှု နှစ်မျိုးလုံးကို ရရှခံစားစေမယ့်ကားလေးတစ်ကားဖြစ်တဲ့အတွက် လက်မလွှတ်သင့်ဘဲ ရွှေပွဲလာပရိတ်သက်ကြီး ကိုယ်တိုင်ပဲ ကြည့်ရှုခံစားတော်မူလိုက်ပါဦး..၊ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (900 MB) and (400 MB) Quality ...
movie
Keys to the Heart (2018)
2018
Two lights: Relumino (2017) Romance/Melodramaသင့်ကိုယ်သင် ငါသာအမြင်အာရုံချို့ယွင်းခဲ့ရင်လ့ ိုတွေးဖူးပါသလား … မျက်လုံးနှစ်လုံးအကောင်းပကတိလူသားတွေတောင် အလှတရားနဲ့ချစ်ခြင်းမေတ္တာဆိုတာကို မမြင်ကြရင် မှောင်အတိပြီးတဲ့လောကကြီးမှာ ပျော်စရာဆိုတာ အလှတရားဆိုတာကို ရှာတွေ့နိုင်ပ့ါမလား … သင်သာ တကယ်အမြင်အာရုံချို့ယွင်းခဲ့ရင်ရော … လောကကြီးကို အရှုံးပေးနေသွားမှာလား- အင်ဆူဆိုတဲ့ကောင်လေးဟာ RP လို့ခေါ်တဲ့မွေးရာပါ အမြင်ချို့ယွင်းမှုခံစားနေရသူပါ …သူဟာ သူ့လိုပဲ တခြားအမြင်ချို့ယွင်းသူတွေနဲ့ဖွဲ့စည်းထားတဲ့ ဓာတ်ပုံကလပ်အသင်းတစ်ခုရောက်သွားတဲ့အခါ …… အလှတရားနဲ့ချစ်ခြင်းမေတ္တာဆိုတာ မျက်လုံးနဲ့ကြည့်မှမြင်ရတာမဟုတ်ဘူးဆိုတာကို ဒီီဇာတ်ကားလေးက သက်သေပြသွားမှာပါZE:A အဆိုတော် မင်းသားချော Park Hyung Sik နဲ့ မင်းသမီးချောလေး Han Ji Min တို့ပါဝင်ထားတဲ့ ဒီကားလေးဟာ မိနစ်သုံးဆယ်သာကြာမြင့်ပေမယ့် တွေးတောတတ်သူတွေအတွက်တော့ သင်ခန်းစာတွေရနိုင်မှာပါQty - 720p Web DLGern - Drama /MelodicDuration - 30minSubtitle - MyanmarTranslator - Eain LayEncoder - Kyaw ...
movie
Two Lights : Relumino (2018)
7.1
The Age of Shadows (2016)
The Age of Shadows (2016) IMDb - 7.1/10_____Rotten - 100% Goblin မှင်စာသတို့သမီးထဲက မှင်စာဦးဦး fans တို့အတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ကို မိတ်ဆက်ပေးပါရစေ။ ။ ဂျပန်တွေ ကိုရီးယားကို အုပ်စိုးစဉ်ကာလကို အခြေခံထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ကိုရီးယားနိုင်ငံ လွတ်လပ်ရေးရဖို့ ကြိုးစားတဲ့ခရီးကြမ်းတမ်းပုံ ရင်းခဲ့ရတဲ့ သွေးတွေ ဘဝတွေအကြောင်းကို ဒီဇာတ်လမ်းလေး ကြည့်လိုက်ရင် ခံစားနိုင်မှာပါ။ ။ ဂျပန်အစိုးရအမှုထမ်း ကိုရီးယားလူမျိုး လီချန်ချော(Song Kang-ho)ဟာ အတိုက်အခံပါတီဝင် ငယ်သူငယ်ချင်း လီချန်အုတ်ကို ဆုံးရှုံးလိုက်ရပြီးနောက် စိတ်ပြောင်းသွားမှာလား။ နောက်ပြီး အထက်အမိန့်အရ အတိုက်အခံပါတီဝင် ကင်ဝူဂျင်(Gong Yoo )ကို ချဉ်းကပ်ရာ ဘာတွေ ကြုံတွေ့ရမလဲ။ ဂျပန်အစိုးရနဲ့ အတိုက်အခံပါတီ ဉာဏ်ချင်းယှဉ် ကျားကွက်ရွေ့ ဇာတ်လမ်းမှာ ဘယ်လို အချိုးအကွေ့ အလှည့်အပြောင်းတွေနဲ့ စိတ်လှုပ်ရှားရမယ်ဆိုတာကတော့ ဇာတ်လမ်းလေးကိုသာ ကြည့်လိုက်ပါလို့ ...
movie
The Age of Shadows (2016)
2016