Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Guru Somasundaram
Bell (2023)
Bell 2023 တောနက်ကြီးရဲ့လျှို့ဝှက်ချက်Jigarthandarထဲက နာမည်ကျော် Guru Somasundaramပါဝင်တဲ့ လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းလေးတစ်ပုဒ်ကို CM Bollywood ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ mystery genreပီပီ ဇာတ်လမ်းထဲမှာပေးထားတဲ့ သဲလွန်စတွေကို ချိတ်ဆက်ရင်းနဲ့ အဖြေရှာရမယ့်ဇာတ်ကားလေးဖြစ်ပြီး plot twistလေးတွေလည်း ပါဦးမှာပါ။လူ့လောကသားတွေရဲ့ လျှို့ဝှက်ချက်ကြီး 6 ချက်ကို တပည့်ရင်း 6 ယောက်ကို မှာကြားပို့ချခဲ့တဲ့ ရှေ့ပညာရှိဂုရုကြီး အာဂက်စတီနဲ့ ဒီလျှို့ဝှက်ချက်တွေကို လူသားတွေရဲ့ကောင်းကျိုးအတွက်ပဲ အသုံးချပြီး စောင့်ထိန်းရမယ့် သူ့ရဲ့တပည့်သားတွေနဲ့ နောင်လာနောက်သားတွေ...ဒီလျှို့ဝှက်ချက်တွေထဲမှာ လူစိတ်ဝင်အစားဆုံးအရာကတော့ ဆန်ဂါဗာနမ်သစ်တောကြီးထဲမှာရှိတဲ့ မသေဆေးပင်...အာဏာစည်းစိမ်တွေအကုန် ပိုင်ဆိုင်ထားသူတွေ လောဘတစ်ဆင့်တက်လာတဲ့အခါ မအို မနာ မသေရတဲ့အဖြစ်ကို တောင့်တတတ်ကြတယ်တဲ့။ ဒီထဲမှာ ဂုရုဘရာမာလည်း တစ်ယောက်အပါအဝင်ပေါ့။ဂုရုဘရာမာတစ်ယောက် မသေဆေးတွေ့ဖို့ တောနက်ထဲမှာ စင်တာတွေဆောက်ရင်း တစ်ယောက်တည်းကြိတ်ပြီး ဆေးပင်ရှာနေတုန်း ဒီတောနက်ထဲက လူသေအလောင်း 10 လောင်းရှာတွေ့ပြီး မြို့သားတွေရော ရဲတွေ အုပ်အုပ်ကျက်ကျက်ဖြစ်လာချိန်မှာတော့ ရဲတွေက ပထမဆုံးသံသယဝင်မိသူက မျက်မမြင်တစ်ယောက်ဖြစ်တဲ့ ဘဲလ်ဆိုတဲ့လူထူးဆန်း...လျှို့ဝှက်ချက်တွေနဲ့ပြည့်နေတဲ့ဘဲလ်ရယ် ဆေးပင်ရှာနေတဲ့ ဘရာမာရယ် အမှုလိုက်မယ့် ဒုရဲမင်းကြီးရယ် ဒီလူသုံးယောက်နဲ့ မသေဆေးပင်အရှုပ်တော်ပုံက ဘာတွေဆက်ဖြစ်မလဲဆိုတာ ...
movie
Bell (2023)
2023
8.9
Rani: The Real Story (2023)
Rani The Real Story (2023) "လူသတ်တရားခံ အိမ်ဖော်မလေးရာနီ"IMDb-9/10နိုင်ငံရေးလောကမှာ နာမည်တစ်လုံးနဲ့ လူထုအပြင် မီဒီယာတွေပါ ဆန့်ကျင်မရေးရဲရအောင် ကြောက်ကြတဲ့ ဒါမာရာဂျန်....။ သူ့ဘဝဇာတ်ကြောင်း အတ္တုပ္ပတ္တိကိုရေးထားတဲ့ စာအုပ်ကို မထုတ်ဝေရက်ပိုင်းအလိုတစ်ညမှာ သတ်ခံလိုက်ရတယ်...။အဲဒီအတွက် စွပ်စွဲခံရသူကအိမ်ဖော်မလေးရာနီ။ ရာနီက အိမ်ခြောက်အိမ်လှည့်ပြီး အိမ်အကူလုပ်တဲ့သူ.....။ ဒီလိုစွပ်စွဲခံရတော့ သူ့ရဲ့ရိုးသားမှုနဲ့ စိတ်ထားကြောင့် ကျန်အိမ်ရှင်တွေက သက်သေလိုက်ငြင်းဆိုပေးကြတယ်...။ရွေးကောက်ပွဲနီးမှ အမတ်လောင်းသတ်ခံရတဲ့ကိစ္စကြောင့် နိုင်ငံရေးထဲကအရှိန်အဝါကြီးသူတွေနဲ့ ရဲတွေပါ ဒီအမှုကိုအပူတပြင်းလိုက်ကြသလို အသက်ရှင်နေစဉ်ကဘာမှမရေးရဲခဲ့တဲ့ မီဒီယာတွေကပါ အလုအယက်ရေးကြနဲ့ အမှုကအုတ်အော်သောင်းတင်းဖြစ်နေတော့တယ်လွှတ်တော်အမတ်သေရလို့ဆိုပြီး နွမ်းပါးသူလူတစ်ယောက်ကို လွယ်လွယ်အပြစ်ပုံချရှင်းဖို့ကလည်း မီဒီယာတွေကပတ်ပတ်လည်....။ ဒီလိုအရှုပ်အထွေးတွေက အမှုမှန်ဘယ်လိုပေါ်ထွက်လာမလဲ....။ အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ် File size…1.6GB / 709MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ V ~ Alex ~ ...
movie
Rani: The Real Story (2023)
2023
9.4
Spark: L.I.F.E. (2023)
Spark L.I.F.E (2023) IMDb -9.4/10Mark Wahlberg ရဲ့ The Happening(2008)ကားကို မှတ်မိကြသေးလား။ လေထဲက ဘာမှန်းမသိတဲ့အရာတစ်ခုကြောင့် လူတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတာလေ။ ဒီတလေဂူးလ်ကားမှာလည်း လူတွေ ကိုယ့်ကိုယ်ကိုယ်သတ်သေကြတယ်။လေထဲက အရာကြောင့်တော့ မဟုတ် SPARKလို့ခေါ်တဲ့ အရာကြောင့်။ထူခြားတာက သတ်မသေခင်မှာ ဘေးနားကလူတွေကိုပါရက်ရက်စက်စက် သတ်သွားကြတာပဲ။ လက်ခါဆိုတဲ့ ကောင်မလေးဟာ ထူးထူးဆန်းဆန်းပဲ သူ့ရဲ့အိပ်မက်ထဲကို အပြင်မှာတစ်ခါမှ မတွေ့ဘူးတဲ့ ကောင်လေးတစ်ယောက်က ဆယ်နှစ်တိုင်တိုင် အမြဲတမ်း ရောက်ရောက်လာတတ်ပါတယ်။အိပ်မက်ထဲကကောင်လေးကိုပဲ လက်ထပ်ချင်နေပြီး သူ့အဖေပေးစားဖို့ ရည်ရွယ်ထားသူမှန်သမျှကို ငြင်းပစ်နေတဲ့အခါမှာတော့ လက်ခါအဖေဖြစ်သူကနေ ရက်၃၀အတွင်းမှာမှ သူ့ရဲ့ အိပ်မက်ထဲက ကောင်လေးကို သူ့ရှေ့ခေါ်လာမပြနိုင်ရင် သူပေးစားတဲ့သူနဲ့ ယူရမယ်ဆိုပြီး အမိန့်ထုတ်လိုက်တဲ့အချိန်မှာတော့ လက်ခါတစ်ယောက် ချစ်သူရှာပုံတော် ထွက်ရပါတော့တယ်။ဒီလိုနဲ့ တစ်ရက်မှာ လက်ခါလေးဟာ သူ့ရဲ့ အိပ်မက်ထဲကချစ်သူကို ရှာတွေ့ပြီး နောက်ကလိုက်တဲ့အခါမှာတော့ အဲဒီကောင်လေးဟာ ဆေးရုံကို ဓားပြလာတိုက်တဲ့သူ ဖြစ်နေပါတော့တယ်။ အဲဒီအချိန်မှာပဲ လက်ခါတို့မြို့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေ ဖြစ်ပွားနေပါတယ်။ သတ်သေသွားသူတွေကလည်း သူတို့ကိုယ်တိုင် သတ်မသေခင်မှာ လူတချို့ကို သတ်ပြီးမှ ...
movie
Spark: L.I.F.E. (2023)
2023
8.2
Jigarthanda (2014)
Jigarthanda (2014) "ဘိုင်စကုတ်ဂန်းစတား" IMDb-8.2/10မင်းသားချော ဆစ်ဒါးအဓိကသရုပ်ဆောင်ထားပြီး ဆရာကြီးဗီဂျေးစည်သူပတီပါဝင်အားဖြည့်ထားတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။သတင်းရင်းမြစ်တွေအရတော့ တောင်ကိုရီးယားရုပ်ရှင်တစ်ကားကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ ကားဟောင်းပေမဲ့ ရုံဝင်ငွေရူပီးကုဋေနဲ့ချီအမြတ်ရထားပြီး ဝေဖန်ရေးသမားတွေအကြိုက်တွေ့ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားပါ။ ဒုတိယမြောက်ကား "Jigarthanda double X 2023" မလာခင်လေးမှာ ဒီကားကိုအရင်ကြည့်ရှုခံစားလိုက်ကြပါဦး။ဇာတ်လမ်းအကျဉ်း ကာသစ်ဟာ တက်သစ်စ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ပါ။ ပြိုင်ပွဲတွေတစ်ခုပြီးတစ်ခုပြိုင်ရင်း ထုတ်လုပ်သူတွေကို လိုက်ရှာနေတဲ့သူပေါ့။ တစ်နေ့မှာ ပြိုင်ပွဲကနေ ကံကောင်းထောက်မစွာနဲ့ သူ့ရုပ်ရှင်တွေကိုထုတ်ပေးမဲ့ ထုတ်လုပ်သူရှာတွေ့သွားတယ်။ဒါပေမဲ့ ထုတ်လုပ်သူဘက်က ဂန်းစတားရုပ်ရှင်တွေရိုက်မှ ထုတ်ပေးမယ်ပြောလာတဲ့အခါမှာ ကာသစ်ဟာ သူ့ပွဲဦးထွက်ရုပ်ရှင်ပီပြင်ဖို့ ဂန်းစတားတွေဘဝကို ထဲထဲဝင်ဝင်သိအောင် လေ့လာရပါတော့တယ်။ဂိုဏ်းတွေအကြောင်းသတင်းထွက်ရင် သတင်းထောက်ပါသတ်ပစ်နေတဲ့ချိန်မှာ ကာသစ်တစ်ယောက်ဂန်းစတားအကြောင်း ရုပ်ရှင်ပါရိုက်မယ်လို့ အရဲစွန့်ရပါတော့တယ်။ ဂန်းစတားအကြောင်းသူစုံစမ်းနေတာကို ဂိုဏ်းတွေမသိအောင် သူဘယ်လိုချဉ်းကပ်မလဲ၊ သူ့ရုပ်ရှင်ပြီးမြောက်ဖို့ ဘယ်လိုအန္တရာယ်တွင်းထဲဆင်းမယ်ဆိုတာ လက်တွေ့ဆန်ဆန် ရုပ်ရှင်ဆန်ဆန်ကြည့်ရှုရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Moon~V~Saii~Yunni တို့ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.54GB / 1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~V~Saii~Yunni
movie
Jigarthanda (2014)
2014
7.1
Charles Enterprises (2023)
Charles Enterprises (2023) IMDb 6.7ဟိုးရှေးရှေးတုန်းက ကုန်းမြေ၈ခုဆုံတဲ့ နယ်မြေတစ်ခုရှိခဲ့တယ်တဲ့ တစ်နေ့တော့ အဲဒီကို သူခိုးနှစ်ကောင်ရောက်လာပြီး ဘုရားကျောင်းထဲက ရတနာပစ္စည်းတွေခိုး ..ရောင်းချပြီး ပျော်ပျော်ကြီးပေါပေါလျှံလျှံနေနေရသတဲ့ တစ်နေ့တော့ အတားအဆီးမှန်သမျှဖယ်ရှားပေးပါတယ်ဆိုတဲ့ မဟာပိန္နဲရဲ့ ဆင်းတုကို မျက်စိကျသွားလေရဲ့ သူတို့ခိုးယူလာပေမဲ့ ဘယ်ဆိုင်ကမှ ဒီဆင်းတုကိုမဝယ်ရဲကြတော့ သူခိုး၂ယောက် ဆင်းတုကိုနေရာမှန်ပြန်ထားဖို့ကိစ္စနဲ့ ရန်ဖြစ်ပါလေရောဒီလိုနဲ့တစ်ယောက်က အုန်းပင်အမြင့်ကြီးပေါ်မှာ ဘယ်သူမှမမြင်အောင်သွားဖွက်ထားခဲ့လေသတဲ့ ဆယ်စုနှစ်တွေအထိ ဘယ်သူမှမမြင်..သတိမထားမိဘဲ နေဒဏ်မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံခဲ့ရတဲ့ ဆင်းတုက တစ်နေ့တော့ သူ့ဘုရားကျောင်းကိုပြန်ဖို့ လမ်းစရှာတွေ့ခဲ့လေတယ်... ဆိုတဲ့ဇာတ်လမ်းနဲ့အစချီပြီး မဟာပိန္နဲဆင်းတုကို ခိုးမဲ့ ဇာတ်ကားတစ်ကားပါဒီဇာတ်လမ်းထဲမှာ ဆင်းတုတွေလိုက်စုတဲ့ ပါဗသမ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ် ကြိုက်တာတွေ့ရင် အိမ်အထိလိုက်ဝယ်တတ်တဲ့လူတစ်ယောက်..သူကြိုက်တဲ့ဆင်းတုက မိသားစုဘုရားကျောင်းထဲက မဟာပိန္နဲဆင်းတုဖြစ်နေတော့ ပိုက်ဆံဘယ်လောက်ပေးပေးမရောင်းဘူးဆိုတဲ့အဖွဲ့ရယ် လိုချင်တာမရရင် အိမ်မပြန်တတ်တဲ့ပါဗသမ်ရယ်တို့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် ( ဇာတ်လမ်းအညွှန်းကိုတော့ Yunniမှ ရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni~Thaik San~BpL~Aditi~Moonနဲ့ Zwe Yanတို့ပဲ ဖြစ်ပါတယ် ) File size…2.37GB / 1.07GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 10mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Charles Enterprises (2023)
2023
7.8
Yaathisai (2023)
Yaathisai 2023IMDb 8.1/10လတ်တလောထွက်ရှိထားပြီး ရုံတင်ငွေ ကုဋေ သန်း ၂၀ ထိရရှိထားတဲ့ သမိုင်းနောက်ခံ အိန္ဒိယရုပ်ရှင်ပါ။ ချောချောလှလှတွေကိုတော့ ဒီရုပ်ရှင်မှာ မြင်ရမှာမဟုတ်ဘူးဗျ။ သွေးသံတရဲရဲနဲ့စစ်ပွဲကြားက ပလ္လင်လုကြမယ့် တိုက်ပွဲပေါ့။ယာသီဆိုင်ဆိုတာ အိန္ဒိယတောင်ပိုင်းလို့ ခေါ်ဆိုကြတယ်တဲ့။ ရာနာဒီယန်လို့ခေါ်တဲ့ ဘုရင်က ချိုလာ၊ ကွန်ဂူ ၊ ကာတာနာခါ ဒါ့အပြင် မျိုးနွယ်စုပေါင်းများစွာနဲ့ သွေးချောင်းစီး စစ်ထိုးပြီး အိန္ဒိယတောင်ပိုင်းကို အနိုင်ယူ အုပ်စိုးထားခဲ့တာ နှစ်နဲ့ချီပေါ့။ ကြောက်ခမန်းလိလိ စစ်တပ်အင်အားနဲ့ မဖြိုလဲနိုင်တဲ့ ရာနာဒီယန်။ ဆင်ကောင်ကြီးကို ပုရွတ်ဆိတ်အင်အားနဲ့ ဖြိုမယ်ကြံနေတဲ့ ကိုသီ။ရာနာဒီယန် ချေမှုန်းလိုက်တဲ့ မျိုးနွယ်စုတွေထဲမှာ ကုန်းတွင်းပိုင်းဒေသကို ထွက်ပြေးသွားတဲ့ အီနာ့စ်မျိုးနွယ်စုကနေ မွေးဖွားလာတဲ့ ကိုသီ။ မျိုးနွယ်စုအင်အားရော စစ်တပ်အင်အားရောမရှိပေမယ့် ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီး အကြောက်အလန့်ရယ်မရှိ။ ဒီလိုနဲ့ ကိုသီဟာ ချိုလာတွေနဲ့ပေါင်း၊ ပန်ဒီယန်တိုင်းပြည်ထဲ သူလျှိုလုပ်၊ အကွက်ကျကျပြင်ဆင်ပြီး တိုက်ခိုက်ဖို့ကြံစည်ခဲ့တာပါ။သူ့အကြံအစည်က တကယ်ရော အောင်မြင်နိုင်မှာလား။ ထောင်ချီတဲ့စစ်အင်အားကို ရာတန်တဲ့ တပ်ဖွဲ့က ဖြိုခွဲနိုင်ပါ့မလား။ ဘာတွေအချဥ်းနီးဖြစ်သွားမလဲ။ ...
movie
Yaathisai (2023)
2023
7.3
Maamanithan (2022)
ဒီတစ်ခေါက်တော့ IMDB မှာ 7.7 ရရှိထားပြီးတောင်ပိုင်းနာမည်ကြီးမင်သား ဗီဂျေးစည်သူပသီပါဝင်သရုပ်ဆောင်ထားတဲ့ Maamanithan ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ကရစ်ရှနာဆိုတာ ရွာလေးတစ်ရွာမှာ သုံးဘီးလေးမောင်းရင်းအသက်မွေးဝမ်းကြောင်းတဲ့သူဖြစ်ပါတယ်။သူ့ရဲ့ စိတ်ကူးအိမ်မက်လေးကတော့ သာယာတဲ့မိသားစုဘဝလေးကို တည်ထောင်ပြီး သူကိုယ်တိုင်စိတ်ကြိုက်ဆောက်လုပ်ထားတဲ့ စိတ်ကူးယဉ်အိမ်လေးထဲမှာ နေချင်သူဖြစ်ပါတယ်။ဒီလိုနဲ့ သဘောကျတဲ့ အမျိုသမီးနဲ့လက်ထပ်ပြီး မိသားစုဘဝလေးကိုတည်ထောင်တဲ့အခါမှာ သူအနေနဲ့ အလုပ်ကိုပိုကြိုးစားဖို့ဖြစ်လာပါတော့တယ်။သုံးဘီးမောင်းရင် တစ်ဖက်တလမ်းကနေပြီး ပွဲစားအလုပ်ကိုတွဲဖက်လုပ်ကိုင်တဲ့အခါမှာတော့ သူ့ရဲ့ဘဝမှာထင်မှတ်မထားတဲ့ အပြောင်းလဲနဲ့ကြုံရပါတော့တယ်။ယုံကြည်လို့ရမယ်ထင်ထားသူရဲ့ သစ္စာဖောက်မှုကြောင့်သူရဲ့သာယာတဲ့မိသာစုလေးဟာ နေ့ချင်းညချင်းပဲလောကဒဏ်ရဲ့ ရိုက်ချက်တွေကို ခံရပါတော့တယ်။ကရစ်ရှနာတစ်ယောက် လောကဒဏ်ရဲ့ ရိုက်ချက်တွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ?သူ့ရဲ့မိသားစုကရော ပြသနာတွေကို ဖြေရှင်းရာမှာသူ့ဘက်က ရပ်တည်ပေးမှာလား?သစ္စာဖောက်တဲ့သူကရော ဘယ်သူလဲ?အစရှိတဲ့ မေးခွန်းတွေကို အဖြေရှာရင်းကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.93GB / 800MB Quality…1080p WEB DL AAC5.1H / 720p Format…mp4 Duration….2h 2mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & ThuRa & HM
movie
Maamanithan (2022)
2022
7.7
Petta (2019)
ဖေဖော်ဝါရီလကတည်းက အကြည်ထွက်ခဲ့တဲ့ကားဆိုပေမဲ့စာအသေကပ်ပါပြီး ရုပ်ထွက်သိပ်မကောင်းတာရယ်ကြောင့် ဥထားခဲ့တာ ခုတော့ ရှင်းရှင်းလင်းလင်းလေး ထွက်လာခဲ့ပါပြီ။------------------------------------------------သိပ်ကို ဆိုးတဲ့ ကျောင်းသားတွေကြားအဆောင်မှူးနေရာကို အတင်းရယူလာတဲ့ လူတစ်ယောက် ရှိလာခဲ့ပါတယ်။ကာလီတဲ့။အသက်ကြည့်တော့ လူကြီးပိုင်းရောက်နေပြီ၊ကိုယ့်ကို ထိပါးလာပြီဟေ့ဆိုရင် ဘယ်သူ့ကိုမှခွင့်မလွှတ်သူ။ဒီတော့ ဒီကလေးတွေကြား သူ အဆောင်မှူး ဖြစ်ချင်ရတဲ့ ရည်ရွယ်ချက်က ဘာများလဲ။ကျောင်းသားတွေ ထမင်းကောင်းကောင်းစားရဖို့၊ဂျူနီယာတွေ ဘိုကျအနိုင်ကျင့်တာ မရှိဘဲကောင်းကောင်းနေထိုင်ရဖို့ သူ ကျောင်းရဲ့ အာ့ကြောလန်အဖွဲ့အပြင်ကန်ထရိုက်တာတွေနဲ့ ရင်ဆိုင်ခဲ့တယ်။မထင်မှတ်ဘဲ ညတစ်ညမှာ ကျောင်းသားတစ်ယောက် ခွင့်မတိုင်ဘဲ အပြင်သွားခဲ့တယ်။ခေါင်းမီးခဲပြီး ကာလီဟာ လိုက်ရှာရမှာတော့ချစ်သူနဲ့ သွားတွေ့တဲ့ ထိုကျောင်းသား အဏ္ဏဝါနဲ့ ရင်းနှီးခဲ့ပါတယ်။အန်ကယ်ကာလီ.... အန်ကယ်က လူပျိုကြီးလား အိမ်ထောင်ရှိလား တဲ့။တချိန်က သူ့မှာ ဒါတွေ ရှိခဲ့ကြောင်း နှုတ်က ထုတ်ဖော်မပြောလိုတော့တဲ့ ရင့်ကျက်ချိန်ရောက်ခဲ့ပြီလေ။ကျောင်းစာမေးပွဲပြီး နှုတ်ဆက်ပွဲညမှာအဏ္ဏဝါကို လူတစ်စု အန္တရာယ် လာပြုခဲ့တယ်။အဏ္ဏဝါ .. ကျောင်းထဲမှာနေတဲ့ ကျောင်းသား...သူ့မှာ ဘယ်လိုအကြောင်းကြောင့် ဒီလို ရန်နဲ့ ရင်ဆိုင်ရတာလဲ...သိပ်ကို ဂရုစိုက်လွန်းတဲ့ ...
movie
Petta (2019)
2019