Channel Myanmar

Guan Aini

Mulan Legend ( 2020 ) 5.8
Mulan Legend ( 2020 ) တရုတ်ရာဇဝင်တွေထဲက နာမည်ကြီးအမျိုးသမီးစစ်သူကြီးဟွားမုလန်ကို အားလုံးကြားဖူးကြမယ်လို့ထင်ပါတယ် ။ ဒီဇာတ်ကားလေးကတော့ စစ်သူကြီိးဟွားမုလန်ဘဝမှာကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေထဲကတစ်ခုကိုရိုက်ပြထားတာပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးအနေနဲ့ အေဒီ၄၃၀လောက်မှာ ရိုရန်မျိုးနွယ်တွေက စတင်တိုက်ခိုက်မှုတွေလုပ်လာပြီး မြောက်ပိုင်းဝေ့တိုင်းပြည့်ရဲ့ ယွင်ကျုံးမြို့ကိုသိမ်းပိုက်ခဲ့ပါတယ် ။ ဒီလိုအရိုင်းဆန်ပြီး ရင်ဆိုင်ရခက်တဲ့ ရိုရန်မျိုးနွယ်စုကိုနှိမ်နင်းဖို့အတွက် မြောက်ပိုင်းဝေ့ပြည်ဟာ မြောက်ပိုင်းလျန်နဲ့ ထိမ်းမြားပြီးမဟာမိတ်ယူဖို့ကြိုးစားပါတော့တယ် ။ကံကြမ္မာက မျက်နှာသာမပေးရှာတော့ မြောက်ပိုင်းဝေ့ပြည်ရဲ့ မင်္ဂလာဆောင်ရမဲ့ မင်းသမီးကို လမ်းတစ်ဝက်တင် ရိုရန်လူမျိုးတွေက ဖမ်းသွားပါတော့တယ်။ ဒီလိုနဲ့မင်းသမီးကိုကာကွယ်ဖို့တာဝန်ရထားတဲ့ စစ်သူကြီးဟွားမုလန်ဟာ တာဝန်မကျေပွန်မှုနဲ့ သေမိန့်ချခံလိုက်ရပါတယ် ။ ဟွားမုလန်ကိုသေမိန့်မချခင် ရိုရန်လူမျိုးတွေက သူတို့ဆီစာပါးပြီး မြောက်ပိုင်းဝေ့ပြည်ရဲ့ မြို့၁၀မြို့ကို အပိုင်ပေးရင်ပေး မပေးရင်မင်းသမီးကိုသတ်မယ်ဆိုပြီး ချိန်းခြောက်လာချိန်မှာတော.. ဟွားမုလန်နဲ့သူ့စစ်သည်တွေရဲ့ မင်းသမီးကယ်ဆယ်ရေးခရီးစဉ်ကြီးစတင်ခဲ့ပါတော့တယ် ။ Filesize : 1.69 GB / 973 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Romance Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie

Mulan Legend ( 2020 )

Tough Heart ( 2023 ) 5.9
Tough Heart ( 2023 ) အာရုတစ်ခုလုံးကို ဖက်ဆစ်ဂျပန်တွေကနယ်ချဲ့ဖို့ကြိုးစားနေတဲ့ ၁၉၃၀ခုနှစ်အကျော်ကာလကိုအခြေခံပြီးရိုက်ကူးထားတဲ့ တော်လှန်ရေးကားပဲဖြစ်ပါတယ်။ နိုင်ငံရေးတွေရှုပ်ထွေးပြီး ပြည်သူတွေအားလုံးအတွက် သေရေးရှင်ရေးဖြစ်လာတဲ့အခါ ပြည်သူတွေရဲ့မျိုးချစ်စိတ်ကနိုးကြားလာပါတယ်။မျိုးချစ်တစ်ယောက်ဟာအသေခံအရဲစွန့်ပြီး ဂျပန်စစ်တပ်အကြံပေးအရာရှိကို လုပ်ကြံခဲ့ပြီး ရှန်ဟိုင်းစစ်ရေးလှုပ်ရှားမှုနဲ့ပတ်သက်တဲ့လျို့ဝှက်သတင်းကို ( နှစ်တစ်ရာထိုက်ဆွေ့)ထဲမှာဖွက်ထားခဲ့တယ်။ နှစ်တစ်ရာထိုက်ဆွေ့ကို ကျန်းမိသားစုကရှန်ဟိုင်းကိုလျှို့ဝှက်သယ်ဆောင်လာတဲ့အချိန်မှာ ကျန်းမိသားစုကသတ်ခံလိုက်ရပါတယ်။ပြဇာတ်အဖွဲ့ကတပည့်လေးတစ်ယောက်ဖြစ်တဲ့ ချင်ထိုက်ဆွေ့ဟာမထင်မှတ်ပဲ မှုခင်းနေရာကိုရောက်သွားပြီး တရားခံအဖြစ်သတ်မှတ်ခြင်းခံရပါတော့တယ်။ နှစ်တစ်ရာထိုက်ဆွေ့ဟာ ရှန်ဟိုင်းမြေအောက်ဂိုဏ်းခေါင်းဆောင် လက်ထဲကိုရောက်သွားပြီး လေလံတင်ရောင်းချဖို့ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ အပြစ်မရှိတဲ့ ချင်ထိုက်ဆွေ့ကသူအပြစ်မရှိကြောင်းပြနိုင်ဖို့အတွက် လိုက်လံစုံစမ်းရာကနေပြီး မျိုးချစ်ဂျပန်တော်လှန်ရေးသမားတွေနဲ့ပူးပေါင်းမိပြီး ဂျပန်လျို့ဝှက်စစ်ရေးသတင်းကိုပြန်အရယူဖို့ကြိုးစားကြပါတော့တယ်။ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော် [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action Runtime : 1h 11 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Tough Heart ( 2023 )