Channel Myanmar

Gong Pinyu

Lost But Win ( 2024 ) 5.9
Lost But Win ( 2024 ) ဆယ်စုနှစ်တစ်ခုလုံး ဆိုင်ကယ်‌ပြိုင်ပွဲတိုင်းမှာ ရှုံးပွဲမရှိ ချန်ပီယံဆုချည်းပဲရခဲ့တဲ့ အားဟွာ အရင်က ဖုန်းယွင်ဆိုင်ကယ်အသင်းမှာ ညီအစ်ကိုဖြစ်ခဲ့ပေမဲ့ ဆယ်စုနှစ်တစ်ခုလုံးမပြောမဆိုပျောက်ကွယ်သွားခဲ့တဲ့ အားထန်အားဟွာနဲ့အားထန်တို့၂ဦးဟာ ဖုန်းယွင်ဆိုင်ကယ်အသင်းရဲ့ အားကိုးရတဲ့ ပြိုင်ပွဲဝင်တွေဖြစ်ပြီးတော့ အကြောင်းအရင်းအမျိုးမျိုးကြောင်း အားထန်ကမပြောမဆိုပျောက်သွားပြီး အားဟွာတစ်ယောက်တည်း အသင်းနာမည်ကိုဆက်လက်ထိန်းသိမ်းခဲ့ရပါတယ် ။ဒီလိုနဲ့အားဟွာတစ်ယောက်ဆယ်စုနှစ်တစ်ခုလုံး ဆိုင်ကယ်မောင်းတာကိုလက်မလျှော့ခဲ့ဘဲ ချန်ပီယံဆုတွေချည်းယူခဲ့ပါတယ် ။ တစ်နေ့မှာတော့ ဟောင်ကောင် -ကျူးဟိုင်-မကာအို စူပါချန်ပီယံဆုပြိုင်ပွဲကြီးမှာ အားဟွာက ချန်ပီယံဆုထပ်ရသွားခဲ့ပါတယ် ။ အဲဒီ‌နေ့မှာ ဆယ်နှစ်လောက်သတင်းမရ ပျောက်ကွယ်သွားခဲ့တဲ့ အားထန်ကပြန်ပေါ်လာပြီးတော့ ချန်ပီယံအားဟွာကိုစိန်ခေါ်မည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ် ။ဇာတ်လမ်းထဲမှာတော့ ဇာတ်လမ်းနာမည်အတိုင်း Lost but win ဘယ်လိုဖြစ်သွားမလဲဆိုတာရယ် ၊ ငယ်ငယ်ကတည်းက ဘယ်တော့မှ အားဟွာကိုမနိုင်ခဲ့တဲ့ အားထန်တစ်ယောက် ဘယ်လိုအနိုင်ယူသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှုဖို့မမေ့ပါနဲ့နော် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Sport Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Kay Thwe Phyoe Reviewed By Moon Encoded ...
movie

Lost But Win ( 2024 )

The Desert Dragon ( 2021 ) 5.9
The Desert Dragon ( 2021 ) ထန်မင်းဆက် နောက်ဆုံးအုပ်ချုပ်သည့် ခေတ်ကာလအချိန်...., ခွန်းလွင် တောင်ထိပ်မှာရှိတဲ့ ခွန်းဝူအဆောင်တော်မှ အကြီးအကဲ ဟွမ်ဖူ ဟာ နတ်ဆိုးဂိုဏ်းသားတွေ နဂါးရဲ့သွေးကြောကို ဖျက်ဆီးနေပြီလို့ ခံစားမိတဲ့အတွက်ကြောင့် တပည့်တွေကိုခေါ်ဆောင်ပြီး နှစ်တစ်ထောင်သက်တမ်းရှိတဲ့ သစ်ပင်နတ်ဆိုးကို တိုက်ခိုက်ဖို့ဦးဆောင်ခဲ့ပါတယ်သစ်ပင်နတ်ဆိုးဟာ ရွှမ်းယင်ပုလဲကို စုပ်ယူပြီးတဲ့နောက်မှာ သူတို့ရဲ့ ခွန်းဝူနန်းဆောင်တော်ကို ဖျက်ဆီးတိုက်ခိုက်မှာစိုးရိမ်တာကြောင့် အကြီးအကဲဟွမ်ဖူဟာ ဖေးလျို လမ်းစဥ်ကိုအသက်သွင်းပြီး ဆန့်ကျင်ခဲ့ပါတော့တယ် အဲဒီနောက်မှာတော့ ဂိုဏ်းရဲ့တပည့်တွေဖြစ်ကြတဲ့ ရွှင်ထူနဲ့ ချူလင်အာ တို့ကို ရွှမ်းယင်ပုလဲမရရှိခင်မှာ သစ်ပင်နတ်ဆိုးကို ​ချေမှုန်းဖို့ ဖန်ရှစ်မြို့တော်ကိုစေလွှတ်ခဲ့ပါတယ် အဲဒီခရီးလမ်းမှာပဲ ရွှင်ထူနဲ့ ချူလင်အာ တို့ဟာ ကလေကချေကောင်လေး လီယွမ်ကျီးနဲ့ တွေ့ဆုံဖို့ ကံကြမ္မာဖန်လာခဲ့ပါတော့တယ် ဒီတော့သူတို့တွေဟာ နတ်ဆိုးတွေကို နှိမ်နင်းတားဆီးဖို့ လမ်းကြောင်းမှာ အတူတူရင်ဆိုင်လာကြရင်း -❐ ဘာတွေဆက်ပြီးဖြစ်ကြမှာလဲ? ❐ ရင်ဆိုင်ရ/စတေးရမှုတွေ ရှိလာတဲ့အခါမှာရော သူတို့တွေဘယ်လိုကျော်ဖြတ်ကြမလဲ ? ❐ နတ်ဆိုးတွေရဲ့ ဒဏ်ကို အလူးအလဲခံနေရတဲ့ အပြစ်မဲ့ပြည်သူတွေကိုရော ကယ်တင်နိုင်ပါ့မလား ? ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် Action, Historical နဲ့ Fantasy အမျိုးအစားလေးတွေကို ကြိုက်နှစ်သက်တဲ့သူတွေအနေနဲ့ကတော့ ဒီကားလေးက အကြိုက်တွေ့စေမှာအမှန်ပါပဲရှင် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p ...
movie

The Desert Dragon ( 2021 )