Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Golshifteh Farahani
7.0
Body of Lies (2008)
IMDb 7.1 ရတဲ့ကားလဲဖြစ် လီယိုနာဒိုရဲ့ကားလည်းဖြစ်နေတဲ့အတွက်အထူးတလည်ညွှန်းစရာမလိုဘဲ ဘယ်လောက်ကောင်းလဲ မှန်းကြည့်နိုင်ပါတယ်။အကြမ်းဖက်အဖွဲ့ခေါင်းဆောင်နောက်ကို လိုက်နေတဲ့ စီအိုင်အေ အေးဂျင့်(လီယိုနာဒို) ဟာ သူ့ရဲ့ အမေရိကန် အထက်အရာရှိရဲ့ သံသယဖြစ်ဖွယ်အမိန့်တွေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ရောထွေးနေတဲ့အချိန်မှာ အခက်အခဲတွေကြားထဲကနေ ဇာတ်ကားဟာ လှည့်ကွက်ကောင်းကောင်းနဲ့ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်လို့ ကောင်းလွန်းတဲ့အတွက် အညွှန်းနဲ့ spoiler ဖြစ်အောင် မလုပ်တော့ပါဘူး။ ကြည့်လိုက်ကြပါဦး။(အညွန်းရေးသူကတော့ Little Neo ပဲ ဖြစ်ပါတယ်) File size…(3 GB)/(2 GB) Quality….Web-DL 1080p / 720p Format…mp4 Duration….02:08:00 Genre...Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson
movie
Body of Lies (2008)
8.1
Extraction (2020)
သောရ် မင်းသားကြီး ခရစ် ဟမ်းဆွာ့ ရဲ့ အက်ရှင်ကား အသစ်ရပါပြီ။ ထင်ထားတာထက် ကောင်းပါတယ် ခရစ်စ်ဟာ အနီးကပ် တိုက်ခိုက်ခန်းတွေ သေနတ်ပစ်ခန်းတွေ ဒီလောက်ထိ ကြမ်းပြနိုင်တာ အားရစရာပါပဲ။ Combat ခန်းတွေ အရမ်းကြမ်းပါတယ်။ ကြည့်ရတာ အားရကြမှာပါ။ ဇာတ်လမ်းအကျဉ်း တိုင်လာ ဟာ စစ်ပြန်ကြေးစားစစ်သား ဖြစ်ပြီး အိန္ဒိယက ဘိန်းဘုရင်တစ်ယောက်ရဲ့ ကလေးကို ကယ်ထုတ်ပေးရမယ့် အလုပ်ကို လက်ခံလိုက်ပါတယ်။ အဲဒီကလေးကို ဖမ်းထားတဲ့သူကလည်း ပြိုင်ဘက် ဘိန်းဘုရင် ဂန်းစတား ဖြစ်နေပြီး တိုင်လာနဲ့ ကလေးကို ရဲတွေအကူအညီနဲ့ တစ်မြို့လုံးပိတ်ဆို့ပြီး ဖမ်းဖို့ ကြိုးစားပါတော့တယ်။ ဒီကလေးကို မြို့ကနေ မရမက ကယ်ထုတ်ဖို့ တစ်မြို့လုံးနဲ့ တစ်ယောက် တိုက်ခိုက်ပြီး ကြိုးစားရပါတော့တယ်။File size…(5.5 GB)/(1.9 GB)/ (850 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:56:00 Subtitle….Myanmar Subtitle(Hardsub) Encoder….TSK/Ka Naung Translated by Littleneo
movie
Extraction (2020)
2020
4K HEVC
5.9
The Song of Scorpions (2017)
The Song of Scorpions (2017) Drama IMDb 5.9/10ဒီတစ်ခါမှာတော့ လွန်လေသွားတဲ့ မင်းသားကြီး အစ်ရဖန်းခန်းရဲ့ အပျောက်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်...ရယူပိုင်ဆိုင်လိုစိတ်များတဲ့ အချစ်က အန္တရာယ်များလွန်းလှပါတယ်ကွယ် ကိုယ်ချစ်ရတဲ့သူကို မလိုတမာနည်းနဲ့ သိမ်းပိုက်ချင်တာကျတော့ ယုတ်မာလေတယ်ပဲခေါ်မလား....ဒါမှမဟုတ် အချစ်စစ်မှန်ရင် မတရားတာမရှိဘူးဆိုတဲ့အဆိုကို ထောက်ခံရမလား....အင်း..ဒီဇာတ်ကားလေးထဲက နူရန်းအပေါ်ထားတဲ့ အာဒံရဲ့အချစ်ကိုပဲ သုံးသပ်ပြီး ဆုံးဖြတ်ကြပါလေတော့....ဒီဇာတ်ကားလေးက လှည့်ကွက်ပေါင်းများစွာပါဝင်နေတဲ့ အချစ်..လက်စားချေမှုနဲ့ သီချင်းတစ်ပုဒ်ရဲ့ကတိကဝတ်အကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်...ဆိုတော့ ဆက်လက်ပြီးပဲ ဇာတ်ကားကြည့်ရင်း အချစ်ရဲ့ဒဿနလေးတွေ ထုတ်လိုက်ကြတော့နော်... File size…1.39GB / 604MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 59m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
The Song of Scorpions (2017)
2017
6.6
Pirates of the Caribbean: Dead Men Tell No Tales(2017)
Pirates of the Caribbean: Dead Men Tell No Tales(2017) ဟိုးအရင် အတိတ်တစ်ချိန်က ဂျက်စပဲရိုးပီပီ ဖျံကျခဲ့တဲ့ လုပ်ရပ်တစ်ခုကြောင့် ကျိန်စာမိကပ္ပတိန် တစ်ယောက် ဂျက်ကို သတ်ဖို့ လိုက်ရှာတော့တယ်။ စာနာစိတ်ရယ်လို့ တစ်စက်မှမရှိတဲ့ သင်္ဘောသားတွေကို ဦးဆောင်တဲ့၊ သင်္ဘောကြီး ဆိုင်းလင့်န်မေရီရဲ့ ကပ္ပတိန် ဆလာဇာပေါ့။ ဒီတစ်ကြိမ်ကျ အထာနပ်သွားတဲ့ ဆလာဇာကို ဖျံကျလို့မရတော့တဲ့အတွက် သူ့ကိုနိုင်ဖို့ တစ်ခုတည်းသော လက်နက်ဖြစ်တဲ့ သမုဒ္ဒရာ ခုနှစ်စင်းလုံးကို ပိုင်စိုးသူ နတ်ဘုရား ပိုဆိုက်ဒန်ရဲ့ ခက်ရင်းခွကို လိုက်ရှာရတော့တယ်. ----------------------------------------------------------------------------------- . File Size : (2.5GB) and (1.3GB) Quality : HEVC 1080p 5.1, 720P Format…mp4 Duration…02:09:00 Genre : Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae
movie
Pirates of the Caribbean: Dead Men Tell No Tales(2017)
2017
4K HEVC
7.4
Paterson (2016)
Paterson (2016)============IMDb Rating - 7.4/10#UnicodePatersonဇာတ်ကားဟာ အချစ် ကဗျာစာပေ နဲ့ မျှော်လင့်ချက်အိမ်မက် တွေအကြောင်းအသားပေးရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်တယ်။ Patersonမြို့ရဲ့အလှအပကိုကဗျာဆန်ဆန်ခံစားပြထားသလို Paterson အမည်ရှိဇာတ်ကောင်က နေ့စဉ်ကြုံတွေ့ရသမျှကိုလည်း ကဗျာဆန်ဆန်တွေးပြီးခံစားပြထားပါတယ်။ ကဗျာခံစားတတ်သူတို့ရဲ့နူးညံ့တဲ့စိတ်သဘောထားနဲ့တခြားသာမန်လူတွေရဲ့နေ့စဉ်ဘဝအပေါ်မှာတုန့်ပြန်မှုစိတ်သဘောထားကို ယှဉ်ပြီးပြထားတယ်။ရိုးရှင်းတဲ့ဘဝပုံစံနဲ့ ဇနီးမောင်နှံနှစ်ဉီးရဲ့အပြန်အလှန်ချစ်ခင်ဖေးမမှုတွေကို ဇာတ်လမ်းထဲမှာကြည်နူးဖွယ်တွေ့နိုင်တယ်။ မျှော်လင့်ချက်တွေဟာ လက်တွေ့လုပ်ရင်ဖြစ်လာကြောင်းကို ပညာပေးဆန်ဆန်ပြထားပါတယ်။ အဆိုးတွေကြုံလာသည့်တိုင်အောင် အေးဆေးတည်ငြိမ်စွာတုံ့ပြန်တတ်တဲ့ကဗျာဆရာတစ်ဉီးရဲ့လှပတဲ့နှလုံးသားကိုမြင်တွေ့ရမှာပါ။မင်းသားကြီးAdam Driverအဓိကသရုပ်ဆောင်ထားပြီးကဗျာဆရာRon Padgettရဲ့ကဗျာတွေကိုအသုံးပြုထားတဲ့စိတ်နှလုံးအေးချမ်းမှုရသ ကိုပေးစွမ်းနိုင်တဲ့ စွဲမက်စရာဇာတ်ကားကောင်းလေးပါ။(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Mya Phyo Nandar ပဲဖြစ်ပါတယ်။) Quality – 1080p, 720p BluRayDuration - 1hr 49minSubtitle – Myanmar HardsubFormat – Mp4Genre : Drama, RomanceSource : 1080p. BluRayTranslator – Mya Phyo NandarEncoder – SWM
movie
Paterson (2016)
2016
The Upside (2017)
မတော်တဆမှုတစ်ခုကြောင့် ကိုယ်ရောလက်ပါ အကြောသေခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီးတစ်ဦး နဲ့ မိသားစုဘ၀ကို ပြန်လည်ထူထောင်ဖို့ ကြိုးစားနေတဲ့ ထောင်ထွက်တစ်ဦးရဲ့ကြားက သံယောဇဉ်ကို ရိုက်ပြထားတဲ့ဇာတ်ကားလေးပါ။ တကယ့်အပြင်မှာလည်း ရှိခဲ့တဲ့သူတွေရဲ့အကြောင်းပါ။ သူတို့နှစ်ယောက်က လုံးဝကို ကွာခြားနေခဲ့တဲ့ လူနှစ်ယောက်ပါ။ တစ်ယောက်က သူဌေး၊ တစ်ယောက်က ထောင်ထွက်။ တစ်ယောက်က လူဖြူ၊ တစ်ယောက်က လူမည်း။ တစ်ယောက်က ပညာရှင်၊ တစ်ယောက်က ပညာမဲ့။ ဒီလို ကွာခြားမှုတွေ များလွန်းလှတဲ့ လူနှစ်ယောက်ကြားက သံယောဇဉ်ကို ဇာတ်လမ်းဆုံးတဲ့အထိ မျောပါသွားအောင် ရိုက်ပြထားတာပါ။ မင်းသမီးချော Nicole Kidman ကလည်း ဒီလူနှစ်ယောက်ရဲ့ သံယောဇဉ်ကို အဓိက ပံ့ပိုးသူအနေနဲ့ သရုပ်ဆောင်ထားပါသေးတယ်။ မေတ္တာတရားဆိုတာ အသားအရောင်၊ အဆင့်အတန်း၊ ပညာတတ်ခြင်း မတတ်ခြင်း ဆိုတာတွေအပေါ်မှာ မူတည်မနေဘူး ဆိုတာကို ဒီဇာတ်လမ်းက သက်သေပြသွားပါလိမ့်မယ်။ မူရင်းကတော့ ၂၀၁၁ ခုနှစ်က ပြင်သစ်ရုပ်ရှင် The Untouchables ပါ။ The Untouchables တုန်းကလည်း အရမ်းကို အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါပဲ။ Remake အနေနဲ့ ပြန်ရိုက်ခဲ့ပြီးတော့ သရုပ်ဆောင်တွေကတော့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Bryan Cranston၊ Kevin Hart နဲ့ Nicole ...
movie
The Upside (2017)