Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Geng Le
6
Walk The Line ( 2024 )
CM ချစ်ပရိသတ်တို့အတွက် ရင်းနှီးသလိုဖြစ်ပြီး မျက်နှာစိမ်းနေတဲ့ သရုပ်ဆောင်တွေနဲ့ပြည့်နေတဲ့ ဟာသနှော အက်ရှင်ကားလေး Walk in Line ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်..."မိုးနတ်မင်းကြီး ဘာလို့လူရိုးတွေပဲ အနိုင်ကျင့်ခံနေရတာလဲ" "ရိုးဖြောင့်တဲ့သူတွေအတွက် တရားမျှတမှု ဘယ်မှာလဲ" ဟုတ်ပါတယ်... ဒီဇာတ်လမ်းလေးရဲ့ အဓိက ဇာတ်လမ်းကျောရိုးက အဲ့စကားလေး ၂ ခွန်းပါပဲ...အမေအိုကြီးကိုလုပ်ကျွေးနိုင်ဖို့ မိတဆိုး သမီးလေးကို အချစ်တွေနဲ့ ဖြည့်ဆည်းနိုင်ဖို့ သူများတွေမလုပ်ချင်တဲ့ အန္တရာယ်များတဲ့ မိုင်းတွင်းမှာ လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်ဝင်ခဲ့တဲ့ ရှောင်မန်ဆိုတဲ့ လူရိုးကြီးဟာ... တစ်ရက်မှာတော့ ပေါက်ကွဲမှုဖြစ်လို့ဆိုပြီး ထောင်ဒဏ် ၁၀ နှစ်ကျော် ကျပြီး ထောင်ကျခဲ့တယ်...သူထောင်ကထွက်လာတော့ ခေါက်ဆွဲဆိုင်လေးဖွင့်ပြီး သားအပြန်ကို စောင့်နေတဲ့ အမယ်အိုရယ်... အကြောင်းမဲ့ဘဝထဲက ပျောက်သွားလို့ အဖေဟာသေသူလို့ သတ်မှတ်ပြီး ဆိုးချင်တိုင်း ဆိုးနေတဲ့ သမီးလေးရယ်ပဲ သူ့ဘဝထဲ ကျန်ခဲ့တော့တယ်...နောက်တော့လည်း ရုတ်တရက်ကြီး သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်တဲ့... ဒါပေမယ့်ကွယ် ဒီပေါက်ကွဲမှုကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက အကြီးအကဲလည်း လူတွေလေးစားယုံကြည်ခံခဲ့ရပြန်တယ်... ဒေသခံစခန်းမှူးကလည်း ဂုဏ်ထူးဆောင်အနေနဲ့ ရာထူးတွေတိုးကုန်ပြန်တယ်... နောက်ပြီး ဒေဝါလီခံပြီး မွဲမယ်ထင်တဲ့ မိုင်းပိုင်ရှင်သူဌေးကလည်း တစ်မြို့လုံးမှာ မြေဧကအများဆုံးပိုင်တဲ့ မြေပိုင်ရှင်သူဌေးလေး ဖြစ်သွားခဲ့တယ်...ဒီအထိက ရိုးရှင်းတယ် ထင်နေသေးရင်တော့ မိတ်ဆွေ ...
movie
Walk The Line ( 2024 )
6.1
The Wild Blade of Strangers ( 2024 )
ဒီဇာတ်ကားလေးက နန်းတွင်းအရှုပ်တော်ပုံတွေနဲ့ သိုင်းကားကောင်းကောင်းလေးကြည့်ချင်တဲ့သူတွေအတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ထိုက်ရှင်းခေတ် ၇နှစ်မြောက်နှစ်မှာ အရင်မင်းကြီးနတ်ရွာစံသွားခဲ့ပါတယ် ။ သူကသူ့ရဲ့သားတော် အိမ်ရှေ့စံမင်းသား ယန်ထန်ကိုထီးနန်းလွှဲအပ်ခဲ့ပါတယ် ။ ဒါပေမဲ့ ထီးနန်းကိုလိုချင်နေတဲ့ မင်းကြီးရဲ့ညီတော် မင်းသားချီက တော်ဝင်ထီးနန်းလွှဲအမိန့်စာကို အတုလုပ်ပြီး ထီးနန်းကို မင်းသားယန်သုန်းကို ပေးအပ်မယ်ဆိုပြီး ကြေညာခဲ့ပါတယ် ။အဲဒီသတင်းကြောင့် အိမ်ရှေ့စံမင်းသား ယန်ထန်ဟာ သူရဲ့စစ်တပ်နဲ့အတူ မင်းသားချီရှိတဲ့ လျန်မြို့ကိုဝန်းရံပြီး တိုက်ခိုက်ခဲပါတယ် ။ ဒါပေမဲ့ တိုက်ခိုက်မှုကျရှုံးပြီး အိမ်ရှေ့စံမင်းသားအပါအဝင် အရှေ့နန်းဆောင်တစ်ခုလုံး မင်းသားချီရဲ့လက်ချက်နဲ့ သုတ်သင်ခံလိုက်ရပါတော့တယ် ။မင်းသားယန်ထန်က သူမသေခင်မှာ သူ့မှာဆက်ခံသူကျန်သေးတယ်လို့ပြောသွားတဲ့အတွက် မင်းသားချီကသူ့ရဲ့ရုပ်သေးဘုရင် မင်းသားယန်သုန်း ပိုင်ဆိုင်ထားတဲ့ ထီးနန်းကိုကာကွယ်ဖို့အတွက် အိမ်ရှေ့စံမင်းသားရဲ့ မျိုးဆက်ဖြစ်တဲ့ ကချေသည်အမျိုးသမီးနဲ့ကလေး သားအမိကို လိုက်လံရှာဖွေသတ်ဖြတ်ခိုင်းပါတော့တယ် ။အဲဒီလိုလိုက်လံသတ်ဖြတ်မှုခံရတဲ့ သားအမိကလည်း ပုန်းရင်းရှောင်ရင်းပြေးရင်းနဲ့ ကယ်တင်ရှင်တစ်ဦးနဲ့ကြုံပြီး သူတို့ကိုမြို့ပြင်ထွက်ခွင့်ရအောင် ကူညီပေးဖို့ အကူအညီတောင်းခဲ့ပါတော့တယ် ။အဲဒီကယ်တင်ရှင်ကဘယ်သူဖြစ်မလဲ ? ဇာတ်လမ်းထဲမှာရောဘယ်လိုအရှုပ်အထွေးဆက်ဖြစ်မလဲ ? မင်းသားချီရဲ့ဆန္ဒအတိုင်း ဆက်ခံသူကိုသတ်နိုင်မလား ? အိမ်ရှေ့စံရဲ့တစ်ဦးတည်းသောသွေးသားကရော မြို့ပြင်ကိုရောက်အောင်သွားနိုင်ပြီး ဘေးကင်းမလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားဖွယ် လိုက်ပါကြည့်ရှု့ဖို့ တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , ...
movie
The Wild Blade of Strangers ( 2024 )
5.9
Whisper of Silent Body ( 2019 )
ဒီဇာတ်လမ်းကတော့ အလောင်းခွဲမှုထောင်ချီမှာ တစ်ခါမှအမှားမဖြစ်ဖူးတဲ့ ထူးချွန်မှုခင်းဆရာဝန်ချင်မင်က ဆေးတက္ကသိုလ်ကိုလာရောက်ဟောပြောနေတုန်း ဖော်မလင်မှာခြောက်နှစ်တာစိမ်ထားတဲ့ အသံတိတ်ဆရာ (သေဆုံးပြီးနောက် ဆေးတက္ကသိုလ်သို့လှူဒါန်းသောကိုယ်ခန္ဓာ)ကို သာမန်သေဆုံးခြင်းမဟုတ်ပဲ အသတ်ခံရတာဖြစ်ကြောင်း မထင်မှတ်ပဲတွေ့ရှိခဲ့ပါတယ် အဲ့တော့မှ အချိန်ကြာညောင်းလှပြီဖြစ်တဲ့အမှုရဲ့အဖြစ်မှန်နဲ့ နောက်ကွယ်ကပုံပြင်ကို စတင်စစ်ဆေးမှုပြုလုပ်ခဲ့တယ်ချင်မင်အမှုစစ်ဆေးတဲ့လမ်းတစ်လျှောက်မှာ အမှုနဲ့ပက်သက်တဲ့လူသက်သေတွေက တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြတယ် အဖြစ်မှန်ကိုသိရှိနိုင်ဖို့အတွက် ချင်မင်နဲ့ကျန်းကျား ရဲမှူးချုပ်လင်ထောင်းတို့က အတူလက်တွဲပြီး လွန်ခဲ့တဲ့၁၆နှစ်ကအမှုကို ပြန်လည်ရှာဖွေစစ်ဆေးခဲ့ကြတယ် ဒီ၁၆နှစ်တာကြာနေတဲ့အမှုကြီးကို ချင်မင်ကဘယ်လိုဖြေရှင်းပြီး နောက်ဆုံးတရားခံကဘယ်သူဖြစ်လိမ့်မလဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ကြပါစို့ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Mary Eaint Encoded by LK
movie
Whisper of Silent Body ( 2019 )
6.7
The Battle at Lake Changjin II ( 2022 )
The Battle At Lake Changjin I ရဲ့ အဆက်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်စစ်တပ်ကိုတော်လှန်ဖို့ မြောက်ကိုရီးယားကိုကူတိုက်တဲ့ ဒုတိယစစ်ပွဲအတွင်းမှာ Chang Jin ရေကန်တိုက်ပွဲနောက်ပိုင်းဖြစ်ပွားတဲ့ ရွှေမိန်တံတားတိုက်ပွဲကို နောက်ခံထားပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။တပ်ခွဲ(၇)တပ်ဖွဲ့ဟာ ဟာဂါရူရီတိုက်ပွဲကိုအနိုင်ရပြီးတဲ့နောက် ဆုတ်ခွာတဲ့အမေရိကန်စစ်တပ်ကိုတားဖို့ရာ ရွှေမိန်တံတားကိုဖောက်ခွဲဖို့ ခက်ခဲတဲ့တာဝန်ကိုပေးခြင်းခံရပါတယ်။ Chang Jin II ဟာ I ထပ်ပိုပြီ ဇာတ်ရှိန်အရမ်းမြင့်နေပါပြီ အမေရိကန်စစ်တပ်နဲ့လက်နက်အင်အား လူအင်အားချင်းမမျှတဲ့တပ်ခွဲ(၇)ဟာ တာဝန်ကိုဘယ်လိုပြီးမြောက်အောင်လုပ်ဆောင်မလဲ။ချန်ကျင်ရေကန်တိုက်ပွဲမှာတုန်းကလိုပဲသူတို့ဟာ အနိင်ရရှိနိုင်ဦးမလားဆိုတာကို ရင်ခုန်ဖွယ်ဆက်လက်ကြည့်ရှုလိုက်ပါနော်1 ကိုဒီမှာကြည့်လို့ရပါတယ် The Battle at Lake Changjin I ( 2021 ) – Channel Myanmar Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , War Runtime : 2h 29 min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie
The Battle at Lake Changjin II ( 2022 )
6.2
The Battle at Lake Changjin I ( 2021 )
တရုတ်မှာထုတ်လုပ်ရေးကုန်ကျစရိတ်အများဆုံးဇာတ်ကားဖြစ်တဲ့ စစ်ကားကြီးကို CMပရိသတ်ကြီးကိုတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားဟာကုန်ကျစရိတ်အများဆုံးဖြစ်သလို ရုံတင်ဝင်ငွေ ဒေါ်လာ ၉၁၃သန်းထိရရှိခဲ့ပြီး တရုတ်နိုင်ငံအတွင်းရောင်းအားအကောင်းဆုံးဇာတ်ကားလဲဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းကိုပြောရမယ်ဆိုရင်တော့ အမေရိကန်စစ်တပ်ကိုတော်လှန်ဖို့မြောက်ကိုရီးယားကိုကူတိုက်တဲ့ ဒုတိယစစ်ပွဲအတွင်းမှာ Chang Jin ရေကန်တိုက်ပွဲကို နောက်ခံထားပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။အအေးဓာတ်လွန်ကဲတဲ့ပတ်ဝန်းကျင်အောက်မှာ တရုတ်စစ်တပ်ဟာ သံမဏိလိုမာကျောတဲ့စိတ်ဓာတ်နဲ့ အကြောက်အလန့်မရှိတိုက်ပွဲဝင်ပြီး စစ်ရေးအခြေနေကိုပြောင်းပြန်လှန်ခဲ့ပုံကို တခန်းတနားရိုက်ကူးထားတာဖြစ်ပါတယ်။တရုတ်သမိုင်းမှာရဲဘော်တွေရဲ့ပေးဆပ်စွန့်စားခဲ့ပုံကို တင်ဆက်ပုံတွေကပီပြင်ပြီး နာမည်ကြီးသရုပ်ဆောင်တွေပါဝင်သလို သရုပ်ဆောင်ချက်တွေကလဲအပိုအလိုမရှိတဲ့အပြင် ပျိုမေတို့ရဲ့အသဲကျော်ပဲလှော် TF BOYSမှJackson Yeeလေးလဲပါဝင်သရုပ်ဆောင်ထားတဲ့အတွက် ကြည့်ဖို့ထိုက်တန်စစ်ကားကောင်းတစ်ကားဆိုတာသေချာပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , War Runtime : 2h 58min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie
The Battle at Lake Changjin I ( 2021 )
7.4
Angels Wear White (2017)
မှတ်တမ်းမှတ်ရာမရှိ မှတ်ပုံတင်မရှိတဲ့ အိမ်ပြေးမလေးတစ်ယောက်ဟာ ကမ်းစပ်မြို့လေးတစ်မြို့က မိုတယ်တစ်ခုမှာ အလုပ်ဝင်လုပ်ရင်း အရွယ်မရောက်သေးတဲ့ ကျောင်းသူလေး၂ယောက် မတော်တရားပြုခံရမှုရဲ့ မျက်မြင်သက်သေဖြစ်လာပါတယ်... ရွှေ့ပြောင်းအလုပ်သမ အိမ်ပြေးမလေးအနေနဲ့ ကလေးမတွေအတွက် အမှန်တရားဘက်က ရပ်တည်ပေးမလား အလုပ်အကိုင်တည်မြဲရေးအတွက် ရေငုံနှုတ်ပိတ်နေမလား ဆိုတာကတော့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ... မနှစ်မြို့စရာ အနေအထားတစ်ခုကို သာသာယာယာကမ်းခြေကြီးနောက်ခံထားလို့ လူကို တနုံ့နုံ့ဖြစ်အောင် ဆွဲခေါ်သွားမယ့် ရုပ်ရှင်ပွဲတော်တွေရဲ့ ဆုပေါင်းများစွာ ပိုင်ဆိုင်ထားတဲ့ တရုတ်ဒရမ်မာကားလေးပါ တကယ့်လက်တွေဘ၀ရဲ့အခြေအနေတစ်ခုကိုဆုံးဖြတ်တတ်ဖို့အကူအညီပေးနိုင်တာမို့ အချိန်တစ်နာရီကျော်လောက်လေးအကုန်ခံရတာတန်ပါလိမ့်မယ်ဗျာ ဘာသာပြန်ပေးထားတာတော့sane khetဖြစ်ပြီး encodeပေးထားတာတော့sithuပါ
movie
Angels Wear White (2017)
2017