Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Gautham Vasudev Menon
6.2
Hit List (2024)
Hit List (2024) "အပြစ်ဒဏ်"IMDb 6.2ရက်ရက်စက်စက် ပြကွက်ခပ်ကြမ်းကြမ်းတွေနဲ့ တမီးလ် လျှို့ဝှက်သည်းဖို ရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ်ဗီဂျေးက အနေအေးတဲ့ လူငယ်တစ်ယောက် သားသတ်လွတ် လှုံ့ဆော်သူလည်းဖြစ်တဲ့အပြင် ကြွက်ကလေးတစ်ကောင်ကိုတောင်မှ စာနာတတ်တဲ့ ကရုဏာရှင် ဒီလို နှလုံးလှဗီဂျေးရဲ့ အမေနဲ့ ညီမလေးကိုမှ အမည်မသိ မျက်နှာဖုံးစွပ် ဆိုက်ကိုကောင်တစ်ကောင်က ပြန်ပေးဆွဲသွားလေရဲ့သူများတကာကို နာကျင်မှုပေးရတာ နှစ်ခြိုက်သူ၊ ငွေနဲ့ အာဏာလို ရုပ်ဝတ္ထုတွေကို မက်မောလို့မဟုတ်ဘဲ စေ့ဆော်မှု ရည်ရွယ်ချက်တစ်ခုရှိနေတဲ့ မျက်နှာဖုံးစွပ် မိစ္ဆာကောင်က …ဗီဂျေးကို အကြပ်ကိုင်ပြီး ရက်စက်ကြမ်းကြုတ်လာအောင် ဘယ်လိုတွေခိုင်းစေမှာလဲ… သူ့ရဲ့ ခန့်မှန်းရခက်တဲ့ ရည်ရွယ်ချက်ကရော ဘယ်လိုဖြစ်မှာလဲမညှာစတမ်း ပြကွက်တွေနဲ့ ရင်တမမ အူလှိုက်သည်းလှိုက် ကြည့်ရမယ့် တမီးလ်ရုပ်ရှင်လေးတစ်ကားပါအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2.05GB / 976MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie
Hit List (2024)
2024
7.9
Leo (2023)
Leo (2023) "လီယို" IMDB-7.9/10King Khanရဲ့ Jawan(2023)နဲ့အတူပဲ အများမျှော်လင့်ထားကြတဲ့ Leo(2023)ရုံတင်ကားကြီးက ခုချိန်မှာတော့ WEB DLကြည်ရှင်းဗားရှင်အနေနဲ့ ထွက်ရှိလာပြီမို့ Quality Updateလေးကို တင်ဆက်ပေးလိုက်ပါတယ်...LCUဆိုပြီး ဒါရိုက်တာကြီး Lokesh Kanagarajရဲ့ Lokesh Kanagaraj's Cinematic Universeအဖြစ်နဲ့ Kaithi(2019)၊ Vikram (2022)ရုပ်ရှင်တွေနဲ့အချိတ်အဆက်ဖြစ်တဲ့ အခုLeo(2023)ထွက်ရှိလာတာကို တင်ဆက်ပေးလိုက်ပါတယ်။မင်းသားတွေကတော့ အားလုံးသိပြီးဖြစ်တဲ့ ဗီဂျေး၊ မင်းသားကြီး ဆန်ဂျေးဒတ်တို့အပြင် ဗီလိန်ဇာတ်ရုပ်နဲ့ နာမည်ကြီးလှတဲ့ ဘာဘူအန်တိုနီတို့နဲ့အတူ ဒါရိုက်တာလိုကတ်ရှ်ရဲ့ ထုံးစံအတိုင်း အက်ရှင်ခန်းတွေကို ရင်တလှပ်လှပ်ကြည့်ရှုခံစားရမှာပါ။ဇာတ်လမ်းအညွှန်းမြို့ထဲကို ဝင်လာတာကတော့ ဂေါ်ဇီလာကြီးမဟုတ်ပေမယ့် အတော်လေးဆိုးတဲ့ ဟိုင်အီးနားခေါ် ခွေးအကြီးပေါ့။ ပါဝါရိန်းဂျားတောင်မနိုင်ဆိုသလို ရဲတွေ တောခေါင်းတွေလည်းမနိုင်တော့ပါဘူး၊အဲဒီအချိန်မှာပဲ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် မင်းသားတစ်ဖြစ်လဲ သောက်ကြမ်းကြီးမစ္စတာလီယိုရောက်ရှိ ထိန်းသိမ်းသွားပါတော့တယ်။လီယိုက အေးချမ်းတဲ့မြို့လေးမှာ မိသားစုလေးနဲ့အတူအေးအေးချမ်းချမ်းဖြတ်သန်းနေသူ ကော်ဖီဆိုင်ပိုင်ရှင်ပေါ့။ သေနတ်ဆိုတာ တာဝန်ရှိတဲ့သူတွေပဲအသုံးပြုကိုင်တွယ်တတ်တဲ့ ဒီမြို့လေးမှာ သေနတ်ကြောင့်သေတဲ့လူသတ်မှုဖြစ်ပါတော့တယ်။ဒီလိုလူဆိုးတွေရှိလာတာကို ကြားသိရတဲ့ ကော်ဖီဆိုင်ပိုင်ရှင် လီယိုတစ်ယောက် သူ့ကော်ဖီဆိုင်လေးထဲကိုပဲ လူဆိုးတွေကတန်းတန်းမတ်မတ်ကြီး ရောက်လာတဲ့အခါမှာတော့။ ဘာတွေဆက်ဖြစ်မလဲ ဘယ်လိုတွေ ကြမ်းပြရမ်းပြမလဲဆိုတာကို အိမ်မှာတင် အေးဆေးကြည့်ရှုအပန်းဖြေလို့ရအောင် ကျွန်တော်တို့ ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)( ...
movie
Leo (2023)
2023
4K HEVC
8.2
Sita Ramam (2022)
Action, Drama, Mystery IMDB 8.2/ 14kဒီတစ်ခေါက် CM က တင်ဆက်ပေးမှာကတော့ အားလုံးရဲ့အချစ်တော် မင်းသမီး ရက်ရှ်မီကာ ပါဝင်အားဖြည့်ပေးထားတဲ့ အိန္ဒိယ ပါကစ္စတန်ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်အက်ဖရင်း (ရက်ရှ်မီကာ) ဟာ ပါကစ္စတန်လူငယ်ဥက္ကဌဖြစ်ပြီး အိန္ဒိယတွေကို တအားမုန်းတဲ့သူဖြစ်ပါတယ်အိန္ဒိယကျောင်းသားနဲ့ ပါကစ္စတန်ကျောင်းသားတွေ အဓိကရုဏ်းဖြစ်ပြီး အိန္ဒိယဘက်က ပါကစ္စတန်အလံကို မီးရှိခဲ့တဲ့အတွက် သူဟာ အိန္ဒိယအကြီးအကဲတစ်ယောက်ရဲ့ကားကို ပြန်ပြီး မီးရှိခဲ့ပါတယ်အဲဒီအတွက် ဟိုဘက်က သူ့ကို တောင်းပန်ရင်ပန် မဟုတ်ရင် လျော်ကြေး ၁ သန်းပေးရမယ်လို ပြောပါတယ်ဒါနဲ့ပဲ အိန္ဒိယတွေကို တအားမုန်းတဲ့ အက်ဖရင်းဟာ အိန္ဒိယတစ်ယောက်ကို တောင်းပန်မယ့်အစား လျော်ကြေးပဲပေးမယ်လို ဆုံးဖြတ်ပြီး အဘိုးဖြစ်သူဆီက ပိုက်ဆံတောင်းလိုက်ပါတယ်ဒါပေမယ့် သူ့အဘိုးဖြစ်သူဟာ သေဆုံးသွားပြီဖြစ်ပြီး သေတမ်းစာထဲမှာ သူ လွန်ခဲ့တဲ့နှစ် (၂၀) က မတည်နိုင်ခဲ့တဲ့ ကတိတစ်ခုကို "အက်ဖရင်း" က တည်အောင်လုပ်ပေးရမယ် အဲဒီလိုလုပ်ပေးမှ အမွေတွေပေးမယ်လို ရေးထားခဲ့ပါတယ်အဲဒီကတိကတော့ သူ့သူငယ်ချင်းဖြစ်သူ "ရမ်" ရဲ့ ကောင်မလေး "ဆီတာ" ဆီ မပိုဖြစ်ခဲ့တဲ့ စာတစ်စောင်ကို ပိုပေးရမှာပဲဖြစ်ပါတယ်... ခက်တာက အဲဒီ "ရမ်" နဲ့ "ဆီတာ" ...
movie
Sita Ramam (2022)
2022
4K HEVC
9.4
Karumegangal Kalaiginrana (2023)
Karumegangal Kalaiginrana (2023) ပထမဆုံးပြောချင်တာက ဒီကားက IMDb 9.4 ရထားတဲ့ ဇာတ်ကားပါ တမေးလ်ကားတွေရဲ့ ပင်တိုင်မင်းသား ပွဲတိုင်းကျော် ယိုဂီဘာဘူလည်း ပါဝင်ထားသလို Aditi Balan နဲ့ Bharathiraja တို့လည်း အားဖြည့်ထားပါတယ်မိသားစုဆိုတာဘာလဲ ကျွန်တော်တို့အတူရှိနေချိန်မှာ သတိမထားမိတဲ့ မိသားစုရဲ့တန်ဖိုးကို ဝေးမှပဲ နားလည်ကြတယ် ဒီကားမှာဆိုရင် မိသားစု နဲ့ relationship တွေရဲ့ ဆက်သွယ်မှုအကြောင်းကို ဒါရိုက်တာက သူ ၂၀၀၆ ခုနှစ်က ရေးခဲ့တဲ့ ဇာတ်လမ်းတိုလေးကို အခြေခံပြီးရိုက်ကူးထားတဲ့အတွက် ဒါရိုက်တာရဲ့ ရင်တွင်းခံစားချက်အစစ်ကို ခံစားကြရမှာပါဇာတ်လမ်းကတော့ မတူညီတဲ့ လူတန်းစားအလွှာ သုံးရပ်က ကွဲပြားတဲ့ ဇာတ်ကြောင်း သုံးခုအကြောင်းပါပဲ ကျိကျိတက်ချမ်းသာတဲ့ လူတန်းစား မိသားစုတစ်စု ရှိမယ် အောက်ခြေလူတန်းစား ဘဝသမားလေး ယိုဂီဘာဘူနဲ့ ချောမောလှပပြီး ကိုယ်ကျိုးမငဲ့တဲ့ မိဘမဲ့ကျောင်းက ဆရာမလေးတစ်ယောက်တို့ အကြောင်းပါပဲ လုပ်ငန်းကိုင်ငန်းတွေ ဘယ်လိုပဲအောင်မြင်နေပါစေ မာန်မာနတွေကြားမှာခံလို့ ဖခင်အိုကြီးနဲ့ စကားမပြောကြတဲ့ သားသမီး အလွှာကြီးက ...
movie
Karumegangal Kalaiginrana (2023)
2023
8.5
Viduthalai: Part I (2023)
Viduthalai Part I (2023)အသစ်ထွက်ရှိလာတဲ့ ဝါရင့်သရုပ်ဆောင် ဗီဂျေးစည်သူပတီ ပါ၀င်ထားတဲ့ တမီးလ်အက်ရှင်ကားလေးကိုတင်ဆက်လိုက်ပါတယ်... IMDb (8.5/10) နဲ့ Rotten Tomatoes (100%) ထိရရှိထားတာကြောင့် ရှယ်မိုက်တဲ့ တောင်ပိုင်းအက်ရှင်ကားတစ်ကားပါပဲ။ဇာတ်လမ်းကတော့...အိန္ဒိယတောင်ပိုင်းမှာ 1980 ခုနှစ်ကာလများဆီက စတင်ဖွဲ့စည်းခဲ့တဲ့ အစိုးရကိုဆန့်ကျင်တဲ့ တမီးလ်ပျောက်ကျားတပ်ဖွဲ့ တစ်ခုရှိခဲ့ပါတယ်၊အစိုးရက တမီးလ်ပြည်သူတွေကန့်ကွက်နေတဲ့ကြားက တောင်တန်းဒေသတစ်ခုမှာ မိုင်းတွင်းတူးဖို့ခွင့်ပြုမိန့်ပေးလိုက်ရာကနေ အဲ့ဒီဒေသမှာပဋိပက္ခတွေစတင်လာခဲ့ပြီး အခြေအနေတွေတင်းမာလာခဲ့တယ်။ဒါကို အစိုးရဘက်က မိုင်းတွင်းလုံခြုံရေးဆိုပြီး အထူးရဲတပ်ဖွဲ့တစ်ခုကိုပါ ထပ်မံအင်အားဖြည့်တင်းလိုက်ပေမယ့် ဒီအဖွဲ့ရဲ့မသမာမှုတွေကြောင့် ဒေသခံရွာသူရွာသားတွေနဲ့ပဋိပက္ခဟာ ပိုလို့သာဆိုးလာပါတော့တယ်။ ဒါကိုအစိုးရအနေနဲ့ပြေလည်အောင်မဖြေရှင်းနိုင်ဘဲ ရွာသားတွေနဲ့ပျောက်ကျားအဖွဲ့၀င်တွေကို ရှာဖွေဖမ်းဆီးဒဏ်ခတ်အရေးယူမှုတွေလုပ်လာတဲ့အခါမှာတော့....။ဇာတ်လမ်းဇာတ်ကွက်ကို စိတ်ကူးနဲ့ဖန်တီးထားပေမယ့် အဓိဇာတ်ကောင် ဗာသီယာကတော့ အပြင်မှာတကယ်ရှိခဲ့ဖူးတဲ့သူကို မှီငြမ်းပြီးရိုက်ကူးထားတာကြောင့် realistic ပိုဆန်တဲ့အရသာတွေကို ခံစားရမှာပါ။ File size…2.49GB / 1.12GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by BpL~Yunni~Sai~Nyein
movie
Viduthalai: Part I (2023)
2023
7.8
Pathu Thala (2023)
Pathu Thala 2023 (IMDb 7.8/10)ယခုတခါ တင်ဆက်ပေးမှာက ဒီနှစ်မှထွက်လာတဲ့ တောင်ပိုင်းတမီလ်စကားပြော မှုခင်းအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်AGR ဆိုတာ တမီနဒူလ်ပြည်နယ်မှာ နောက်ကွယ်ကအစိုးရလို့တောင်ပြောလို့ရပါတယ် သူတို့သဘောကျတဲ့ပါတီ သူတို့နဲ့အဆင်ပြေတဲ့သူမှဝန်ကြီးချုပ်ဖြစ်တဲ့အထိ ဩဇာကြီးမားတဲ့အဖွဲ့အစည်းပါ တစ်ရက်မှာလက်ရှိဝန်ကြီးချုပ်ကို အဲ့အဖွဲ့ကပြန်ပေးဆွဲပြီး သူတို့အလိုကျ ဝန်ကြီးချုပ်တစ်ယောက်ကိုတင်ပေးလိုက်ပါတယ်ဒါကိုလိုက်စုံစမ်းဖို့ ရဲတစ်ယောက်က ဂိုဏ်းစတားအသွင်ယူပြီး တစ်ဆင့်ပြီးတစ်ဆင့်ယုံကြည်မှုရအောင် လုပ်ပါတော့တယ် ထိုအချိန်မှာပဲ AGR ပြုသမျှကို ခေါင်းငုံ့မခံတဲ့ အမျိုးသမီးအရာရှိတစ်ယောက်ကလဲ အဲ့နယ်ကိုပြောင်းလာတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ပရိသတ်ကြီးပဲ အက်ရှင်ခန်းတွေမြိုင်မြိုင်နဲ့ ကြည့်ရှုရမှာဖြစ်လို့ ကိုယ်တိုင်ပဲဆက်ခံစားပေးကြဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…2.95GB / 1.3GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Nyein~Sai~Yunni~BpL
movie
Pathu Thala (2023)
2023
5.9
Michael (2023)
Michael 2023ဒီရက်ပိုင်းမှ လောလောလတ်လတ်ထွက်ရှိထားပြီး ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်း၊ rating 5.8/10 အထိရထားတဲ့ ပရိတ်သတ်တွေနဲ့ရင်းနှီးပြီးသား တေလဂူးနာမည်ကြီးသရုပ်ဆောင်တွေပါတဲ့ ရုပ်ရှင်ဇာတ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ဓားမြှောင်တစ်ချောင်းဆောင်ပြီး လောကဓံကိုအရွယ်နဲ့မလိုက်အောင် ထမ်းပိုးသယ်နေရတဲ့ 13 နှစ်အရွယ်ကောင်လေး မိုက်ကယ်၊ နားကြပ်လေးတပ်ပြီး ဘာကိုမှဂရုမစိုက်တတ်သလို လောကကြီးကိုအရွဲ့တိုက်ချင်နေတဲ့ လူငယ်လေးတစ်ဦးပေါ့။တစ်နေ့မှာမထင်မှတ်ပဲမိုက်ကယ်ဟာ မြို့ရဲ့ဒုစရိုက်ခေါင်းဆောင်ဖြစ်တဲ့ ဂူရူနာသ်ကိုအသက်ဘေးကနေ ကယ်တင်ပေးလိုက်ရာကနေ မွေးစားခံလိုက်ရပါတယ်။ အရွယ်ရောက်လာလို့ ဂူရူနာသ်ရဲ့ယုံကြည်ရတဲ့သူတစ်ဦးဖြစ်လာပြီး သူ့ရဲ့ ရန်သူဖြစ်သူကိုသတ်ဖို့ မိုက်ကယ်ကိုစေခိုင်းလိုက်တဲ့အချိန်မှာ မိုက်ကယ်ဟာ ရန်သူရဲ့ရန်သူကိုချစ်မိသွားတဲ့အခါ ...မိုက်ကယ်တစ်ယောက် ကိုယ့်ရဲ့ကျေးဇူးရှင်ကိုပြန်သစ္စာဖောက်မှာလား၊ ကိုယ်ချစ်ရတဲ့သူကိုပဲ သတ်ပစ်မှာလား ဆိုတာကတော့ ဒုစရိုက်တွေကြား ဂိုဏ်းပေါင်းစုံနဲ့အရှုပ်အရှင်းတွေကြား ဇာတ်ရှိန်အစကနေ အဆုံးထိ ဆွဲခေါ်သွားပေးသွားမှာပါ။ File size…2.16GB / 999MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 32m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Yunni ~ Nyein Aye
movie
Michael (2023)
2023
6.6
Rudra Thandavam (2021)
ဒီတစ်ခါမှာလည်း IMDB မှာ Voting 2K ကျော်နဲ့ Rating 6.7အထိရရှိထားတဲ့ တမီလ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ...................................................ဇာတ်လမ်းအကျဉ်းတမီလ်နာဒူး ပြည်နယ်မှာ မူးယစ်ဆေးကို အသုံးပြုပြီး အမျိုးသမီးတွေကို ခြိမ်းခြောက်ငွေညှစ်တဲ့ဂိုဏ်းတစ်ခုကိုကိုယ့်ရဲ့အဖွဲ့သားကိုပါရင်းပြီး ဖော်ထုတ်ခဲ့တဲ့ စစ်ဆေးရေးအရာရှိ ရူဒါရန် တစ်ယောက် ဆိပ်ကမ်းအပိုင်ရဲစခန်းကိုပြောင်းခဲ့ပါတယ်။ ရောက်ရောက်ခြင်းပဲ တန်ဖိုးကြီးမားလှတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိပြီးနာမည်တက်ရပြန်ပါတယ်။တရက်မှာတော့ မူးယစ်ဆေးရောင်း၀ယ်နေတဲ့ ကလေးတွေနောက်ကိုလိုက်ရင်း မထင်မှတ်တဲ့အဖြစ်အပျက်တွေကြုံလာရတဲ့အခါမှာတော့ အကြောင်းစုံကိုရုပ်ရှင်ထဲမှာပဲ ခံစားကြည့်လိုက်ကြပါ။ Over Acting တွေအနည်းငယ်ပါပေမယ့် ဇာတ်အိမ်ဇာတ်လမ်းတည်ဆောက်ပုံကောင်းတာကြောင့် တမီလ်ရုပ်ရှင်ကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။အညွှန်းနဲ့ ဘာသာပြန်ကတော့ Lwin Htoo Aung နဲ့ Sai Thurein Lynn ပဲဖြစ်ပါတယ်။File size…2.64GB / 1.68GB Quality…1080p True Web Dl / 720p Format…Mp4 Duration….2h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ...
movie
Rudra Thandavam (2021)
2021
8.1
Oh My Kadavule(2020)
Oh My Kadavule(2020)အညွှန်း****************************IMDb...8.1အန်နူးဆိုတဲ့ကောင်မလေးဟာ သူ့အဖေပေးစားတဲ့ လူတစ်ယောက်နဲ့လက်ထပ်ရတော့မယ်..ဒီလူအကြောင်းကို မသိတဲ့အတွက် တစ်ဘဝလုံးပုံအပ်ဖို့ဆိုတော့ မိန်းကလေး ပီပီမျက်လုံးမှိတ်ပြီး ခေါင်းမညိတ်ရဲရှာဘူး..ဒါကြောင့် ငယ်သူငယ်ချင်းဖြစ်တဲ့ အာဂျွန်ကို 'ငါတို့လက်ထပ်ကြမလား' ဆိုပြီးမေးလိုက်တယ်..သူစိမ်းတစ်ယောက်ထက်စာရင်အကြောင်းသိသူငယ်ချင်းနဲ့ အိမ်ထောင်ြပုတာက အချစ်မပါလည်း အဆင်ပြေနိုင်မယ်လို့တွေးမိတာကိုး...အာဂျွန်ကလည်း သူငယ်ချင်းမလေးရဲ့အခက်အခဲကိုသိတော့ လက်ထပ်ကြတာပေါ့လို့ ပြောလိုက်တယ်...အဲ့ဒီနောက်မှာတော့ ပြဿနာမျိုးစုံနဲ့အခက်အခဲမျိုးစုံစတွေ့တော့တာပဲ...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်......File Size : (1.13GB) and (460MB) Quality :WEB-DL 720p Format…mp4 Duration…02:31:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Phyo Pyae
movie
Oh My Kadavule(2020)
7.3
Trance (2020)
Trance (2020)===========IMDb Rating - 7.3/10#Unicodeဒီဇာတ်လမ်းအကျဉ်းနဲ့ပတ်သက်ပြီးပြောရရင်တော့..စိတ်နောက်နေတဲ့ညီဖြစ်သူ သတ်သေသွားတဲ့နောက်မှာ Motivational Speaker ဗီဂျူးပရာဆပ်တစ်နောက်ဇာတိမြို့ငယ်လေးကနေ မွမ်ဘိုင်းကိုပြောင်းလာခဲ့ပါတယ် .... သူများတကာတွေကိုသာ အောင်မြင်ရေးရဲ့သော့ချက်ဆိုပြီး ဟောပြောနေပေမယ့် တကယ်တမ်း သူ့ဘဝက သုညသာသာ စုတ်ပြတ်နုံချာလွန်းလှပါတယ်။သူ့ရဲ့ အိပ်မက်က တစ်နေ့ကျရင် ခန်းမကျယ်ကြီးတစ်ခုမှာ လူတစ်သောင်းကျော် သူဟောပြောတာတွေကိုလာနားထောင်ဖို့ပါပဲ။ အဆက်အသွယ်တစ်ခုနဲ့ ထရိုင်ပတ်လုပ်ငန်းစုမှာ အလုပ်သွားလျှောက်ရင်း သူ့ကိုသမာရိုးကျမဟုတ်တဲ့အလုပ်တစ်ခု ကမ်းလှမ်းခံခဲ့ရပါတယ်။ အဲဒါက ဘာအလုပ်လဲဆိုတာရယ် သူ့ဘဝ ဘယ်လိုတစ်ဆစ်ချိုးပြောင်းလဲသွားမယ်ဆိုတာကိုတော့ ကိုယ်ကိုယ်တိုင် ကြည့်ရှုခံစားကြည့်လိုက်ပါဦး။IMDB 7.3/10 တောင်ရရှိထားပြီးတော့ လူတွေရဲ့ အားကိုးရာရှာတတ်တဲ့သဘောထားတွေ ဝိသမလောဘသားတွေရဲ့ အမြတ်ထုတ်မှုတွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြနိုင်ခဲ့ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) #Zawgyiဒီဇာတ်လမ်းအကျဉ်းနဲ့ပတ်သက်ပြီးပြောရရင်တော့..စိတ်နောက်နေတဲ့ညီဖြစ်သူ သတ်သေသွားတဲ့နောက်မှာ Motivational Speaker ဗီဂျူးပရာဆပ်တစ်နောက်ဇာတိမြို့ငယ်လေးကနေ မွမ်ဘိုင်းကိုပြောင်းလာခဲ့ပါတယ် .... သူများတကာတွေကိုသာ အောင်မြင်ရေးရဲ့သော့ချက်ဆိုပြီး ဟောပြောနေပေမယ့် တကယ်တမ်း သူ့ဘဝက သုညသာသာ စုတ်ပြတ်နုံချာလွန်းလှပါတယ်။သူ့ရဲ့ ...
movie
Trance (2020)
2020