Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Gao Yalin
6.8
Viva La Vida ( 2024 )
CMကနေ ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ကျောက်ကပ်ဝေဒနာရှင်ကောင်မလေးနဲ့ ဦးနှောက် အကျိတ်ရောဂါသည်ကောင်လေးတို့ကြားက သံယောဇဉ်လေးကို ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောက်ကပ်ဝေဒနာကို ခံစားနေရတဲ့ ၂၅နှစ်အရွယ် ကောင်မလေးလင်မင်တစ်ယောက် လူငယ်တစ်ယောက်ရဲ့ လွတ်လပ်မှုတွေပျောက်ဆုံးပြီး အတိုင်းအဆတွေနဲ့ အမှားယွင်းမခံတဲ့လူနေမှုဘဝထဲမှာ နေထိုင်ရင်း အသက်ဆက်ရှင်ဖို့ ကျောက်ကပ်အလှူခံခဲ့ပေမယ့်လည်း သူ့ထက်ရှေ့မှာလူတွေအများကြီးရှိနေတာကြောင့် မျှော်လင့်ချက်မဲ့နေခဲ့တဲ့ သူမ တစ်နေ့မှာတော့ သူမကို ကျောက်ကပ်လှူပေးနိုင်တဲ့ သူနဲ့ လက်ထပ်ယူပြီး အိမ်သားတွေကိုစောင့်ရှောက်ပေးပါ့မယ်ဆိုပြီး အကျိတ်ဝေဒနာရှင်ဂရုထဲကိုဗီဒီယိုပို့လိုက်ရာကနေမှ ဦးနှောက်အကျိတ်ဝေဒနာကိုခံစားနေရတဲ့ကောင်လေး လွီထူနဲ့ စတင်စုံစည်းခဲ့ပါတယ်လင်မင်က ဂရုထဲကို ဗီဒီယိုပို့ပြီး သိပ်မကြာခင်မှာပဲ ပြန်ဖျက်လိုက်ပေမယ့် လွီထူတစ်ယောက်က ဗီဒီယိုကို ကူးထားပြီး လင်မင်ကို သေချာလိုက်စုံစမ်းပါတော့တယ် စစချင်းမှာတော့ ဒီလုပ်ရပ်ဟာ လင်မင်အတွက် စိတ်အနှောင့်ယှက်ဖြစ်စေခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဝေဒနာရှင်အချင်းချင်းကိုယ်ချင်းစာပြီး ဖေးမရင်းကနေမှ ချစ်ခြင်းသံယောဇဉ်တွေပေါက်ဖွားလာခဲ့ပါတယ်ဒီလိုမျိုး ဝေဒနာရှင်နှစ်ယောက်ရဲ့ အဆုံးသတ်က လှပနိုင်ပါ့မလား သူတို့နှစ်ဦး ချစ်ခြင်းစွမ်းအားက အရာရာကိုကျော်ဖြတ်နိုင်ပါ့မလား ယနေ့ခေတ်မှာလူအများစုက ကျန်းမာရေးနဲ့မညီညွတ်တဲ့ လူနေထိုင်မှုဘဝနဲ့ကျင့်သားရနေကြပြီး ဒီကားလေးကိုကြည့်ပြီးရင်တော့ ကိုယ့်ကျန်းမာရေးကို ပြန်ပြီးတော့ သတိမူလာမိစေနိုင်လောက်အောင် ကျောက်ကပ်ဝေဒနာရှင်တစ်ယောက်ရဲ့ ဒုက္ခတွေကို အသေအချာလေးရိုက်ကူးပြသထားပြီး ကျန်းမာရေးဗဟုသုတလည်းရ ဟာသအနှောလေးနဲ့ရိုက်ကူးထားတာမို့လို့ ရသမျိုးစုံကိုလည်းခံစားရမှာမို့လို့ တရုတ်ကားကြိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ လက်မလွှတ်သင့်တဲ့ကားလေးကို CMကနေ တင်ဆက်ပေးလိုက်ပါတယ်နော် Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance Runtime : 2h 9 ...
movie
Viva La Vida ( 2024 )
5.8
Do the World Darts 1 (2007)
The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ပထမဆုံးကားဖြစ်ပါတယ်။၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါဇာတ်လမ်းအကျဉ်းကတော့ မင်ခေတ် ရှန်းရှီးဒေသမှာ ဝမ်မိသားစုပို့ဆောင်ရေးလုပ်ငန်းတစ်ခုရှိတယ်။ ဝမ်မိသားစုပို့ဆောင်ရေးလုပ်ငန်းရဲ့ ခေါင်းဆောင်ကြီးရဲ့သားဖြစ်သူ ဝမ်ကျန့်ဝေးဟာ ပို့ဆောင်ရေးလုပ်ငန်းကို ထျန်းရှဆိုတဲ့နာမည်နဲ့ မြို့တော်မှာသွားပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ချင်ခဲ့တယ်။ အဲဒါကြောင့် ဇာတိကနေ မြို့တော်ကိုတစ်ယောက်ထဲထွက်လာပြီး ထျန်းရှပို့ဆောင်ရေးလုပ်ငန်းကိုစတင်ဖို့ကြိုးစားပါတယ်။ဖြစ်ချင်တော့ မြို့တော်ကဒိတ်ဒိတ်ကျဲ ရှန်သခင်မလေးနဲ့တွေ့ပြီးသူ့ရဲ့ ပထမဆုံးပစ္စည်းပို့တဲ့အလုပ်ကိုလက်ခံခဲ့တယ်။ ဒီပထမဆုံးပို့ဆောင်ရေးအလုပ်ကလဲ သူ့ရဲ့ထျန်းရှပို့ဆောင်ရေးရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးသွားမှာဖြစ်တယ်။လမ်းခရီးတစ်လျှောက်မှာ လုယက်သူတွေ တိုက်ခိုက်နှောက်ယှက်သူတွေအများကြီး ကြုံလာရတော့ သူပို့ပေးရမယ့် ပစ္စည်းဟာသာမန်မဟုတ်မှန်း တဖြည်းဖြည်းသတိထားမိလာခဲ့တယ်။ နောက်ကွယ်မှာဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ သူ့ရဲ့ပထမဆုံးအလုပ်ကို အောင်မြင်အောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာ ကြည့်လိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Do the World Darts 1 (2007)
5.8
The Prequel of Gold Convoyers: An Urgent Letter ( 2010 )
စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ် မင်ခေတ် ကျားကျင်လက်ထပ်မှာ ရှင်ဘုရင်က အရည်အချင်းမပြည့်ဝပဲ အာဏာရှိမူးမတ်တွေက တိုင်းပြည်ကိုပြန်ပြီးဒုက္ခပေးနေကြတယ်။ တိုင်းပြည်ဟာကမောက်ကမနဲ့ ခေတ်ပျက်တစ်ခုကိုရင်ဆိုင်နေရပါတယ်။ကိုယ်ရံတော်တပ်က ရှေ့ပြေးစာပို့သမားလေးတစ်ယောက်ဟာ ဖေးယွီစစ်ခန်းဆိုတဲ့ လျှို့ဝှက်စစ်ဆင်ရေးတွေတာဝန်ယူရတဲ့တပ်ကိုဝင်ချင်ပေမယ့် သူ့ရဲ့သူတစ်ပါးကိုဂရုစိုက်တဲ့စိတ်ကြောင့် တာဝန်ကိုသာအဓိကထားရတဲ့ ဖေးယွီတပ်ထဲကိုဝင်ဖို့ခက်နေပါတယ်။တစ်နေ့မှာတော့ သူဟာဓားပြတွေကိုနှိမ်နင်းဖို့အတွက်အရေးကြီးတဲ့မြေပုံတစ်ခုကို အမြန်ပို့ဆောင်ရတဲ့တာဝန်ကျလာပါတယ်။ လမ်းမှာဓားပြတွေနဲ့တွေ့ပြီး ချောက်ကမ်းပါးအောက်ကျသွားပြီး ဒဏ်ရာရတော့ ပို့ဆောင်ရေးအဖွဲ့တစ်ခုကယ်လိုက်ပြီး သူ့ကိုစောင့်ရှောက်ပေးလာခဲ့ပါတယ်။ ဒီလိုနဲ့သူကစီးပွားရေးသမားယောင်ဆောင်ရင်း တာဝန်ကိုပြီးဆုံးအောင်ထမ်းဆောင်ဖို့ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားကတော့ The.Prequel.of.Gold.Convoyersရဲ့ပထမဆုံးကားပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action, Drama Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK
movie
The Prequel of Gold Convoyers: An Urgent Letter ( 2010 )
6.6
A Little Red Flower ( 2020 )
ကင်ဆာဝေဒနာရှင်တွေရဲ့ ဘဝနဲ့ ဝေဒနာရှင်တွေရဲ့မိသားစုတွေကြုံတွေ့ရတဲ့ ဘဝကိုပုံဖော်ရိုက်ကူးထားတဲ့ကားကောင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းကတော့ ဝေယိဟန်ဆိုတဲ့ဦးနှောက်ကင်ဆာအဆင့် ၂ ခံစားနေရသူကအကျိတ်ခွဲထုတ်ပြီးပေမယ့်လည်း ဘဝကြီးကိုမျှော်လင့်ချက်မဲ့ကာ အရှုးပေးဖို့ကြိုးစားနေသူပေါ့...အသက်နဲ့ မလိုက်အောင် အပေါင်းသင်းမိတ်ဆွေလည်းမထား မိတ်ဖွဲ့ဖို့လည်းမကြိုးစားဘဲဖုန်းတစ်လုံးပဲ အဖော်ပြုနေသူတစ်ယောက်ပေါ့ဒါပေမယ့် မိသားစုရဲ့တွန်းအားနဲ့ ဆရာဝန်ရဲ့အကြံပေးချက်ရယ် နောက်ပြီးကင်ဆာဝေဒနာရှင်စုစည်းရာဂရုကိုတည်ထောင်ထားတဲ့ဝူရှောင်မိန်ရဲ့ အကူအညီနဲ့ဝေယိဟန်တစ်ယောက် မာရှောင်ယွမ်နဲ့အမှတ်မထင်ဆုံခဲ့ရာကနေ သူ့ဘဝမှာမကြုံဖူးတဲ့ အတွေ့အကြုံတွေ မခံစားဖူးတဲ့ခံစားချက်တွေ နောက်ပြီးမမျှော်လင့်ရဲတဲ့ အနာဂတ်ဘဝတွေ ကိုစိတ်ကူးပုံဖော်တတ်လာခဲ့တယ်...ဝေယိဟန်နဲ့မာရှောင်ယွမ်တို့ဘာတွေကြုံတွေ့ရမယ်ဆိုတာရယ်...ကင်ဆာဝေဒနာရှင်နဲ့ သူတို့မိသားစုတွေဘယ်လိုခက်ခဲပြီး ဘယ်လိုဒုက္ခတွေရင်ဆိုင်ရတယ်ဆိုတာရယ်နောက်ပြီးဘယ်လိုဖေးမပေးသင့်တယ်ဆိုတာအတွေးလေးတစ်စရမှာပါ...ဒီကားလေးက အဓိကပေးချင်တာကတော့မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်ကာအသက်ရှင်နေသေးတာကိုက ကံကောင်းခြင်းတစ်ခု ဆိုတာပါပဲ Quality : WEB-DL 1080p Format : mp4 Duration : 2h 2min Genres : Drama , Family Subtitle : Myanmar Subtitle ( hardsub ) Translated by Chu Chu Encoded By LK
movie
A Little Red Flower ( 2020 )