Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Gao Shuguang
5.9
Fights Break Sphere 3 (2024)
CM ရဲ့ ပရိသတ်တွေအတွက် Anime ဇာတ်လမ်းကို Live Action ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတဲ့ Fight Break Sphere 3 ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ အရှေ့မှာ ၂ ကားရှိပြီး CM ကနေတင်ဆက်ပီးသားပဲဖြစ်ပါတယ်အရှေ့ ၂ကားကိုဒီမှာကြည့်ပါဇာတ်လမ်းအကျဉ်းလေးကတော့ရှောင်းယန်ဟာ ဆေးဆရာကြီးနဲ့အတူ မြွေမျိုးနွယ်နဲ့ လူသားမျိုးနွယ်တို့တိုက်ပွဲကို ဖြေရှင်းပေးပြီးနောက် ချင်းလင်နဲ့ လော်ပုနဲ့အတူ ခရီးနှင်ခဲ့ပါတယ်။ လမ်းတစ်လျှောက် ကျင့်ကြံပြီး အစွမ်းမြင့်တင်ဖို့ လုပ်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ ယွင်လန်ဂိုဏ်း တပည့်ကြီးရဲ့ ၃ နှစ်တာ ကတိပြုချက်ကို ရရှိခဲ့ပါတယ်။ထာကာအာကန္တာရကို ရောက်တဲ့အချိန်မှာတော့ ချင်းလင် အဖမ်းခံလိုက်ရပါတယ်။ ချင်းလင်ကို ရှာဖို့အတွက် ရှောင်းယန်တို့အဖွဲ့ဟာ အရင်က နာမည်ကြီးခဲ့သူ ရေခဲဘုရင် ဟိုင်ပေါတုံးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ချစ်ယန်မြို့ကို သွားခဲ့ပါတယ်။ရှုပ်ထွေးနေတဲ့ စည်ကားလှတဲ့ မြို့ထဲမှာ နောက်ကွယ်က လက်မည်းကြီးတစ်စုံဟာ တစ်ဖြည်းဖြည်းပေါ်ထွက်လာပြီး သူတို့ကို ဖမ်းဆီးတိုက်ခိုက်ဖို့ စောင့်နေပါတယ်။ ရှောင်းယန်ဟာလည်း ငယ်စဉ်က အမေ့ရဲ့သေဆုံးခြင်းအမှန်တရားကို ရှာတွေ့သွားပါတော့တယ်။ရှောင်းယန်တို့အဖွဲ့ ချင်းလင်ကို ကယ်တင်နိုင်ပါ့မလား ...... နောက်ကွယ်က လက်မည်းကြီးတစ်စုံက ဘယ်သူဖြစ်နေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှု ခံစားလိုက်ရအောင်နော်။ Quality : ...
movie
Fights Break Sphere 3 (2024)
5.8
Misty Assassination ( 2024 )
သိုင်းကားကြိုက်ကြတဲ့ ပရိသတ်ကြီးအတွက် လှပတဲ့သိုင်းကွက်တွေအပြင် ၊ စက်ယန္တရားလှလှပပတွေကိုပါ မြင်ရမဲ့ သိုင်းကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ဇာတ်လမ်းအစမှာ လုပ်ကြံသူတစ်စုဟာ မမလေးချင်းထျန်းလို့ခေါ်တဲ့ သခင်မလေးနောက်ကိုလိုက်သတ်ကြပါတယ် ။ မမလေးချင်းထျန်းကို ကာကွယ်ပေးနေတဲ့ ကိုယ်ရံတော်ဝေ့ဖျင်ကသိုင်းပညာမြင့်မားတဲ့သူပါ။ အဲဒါကြောင့် ကိုယ်ရံတော်ဝေ့နဲ့ လုပ်ကြံသူခေါင်းဆောင်တို့ တစ်လမ်းလုံးသိုင်းပညာပြိုင်ရင်း ပြေးရလွှားရပါတော့တယ် ။ဒါပေမဲ့ မထင်မှတ်ထားစွာနဲ့ လုပ်ကြံသူခေါင်းဆောင်နဲ့ ကိုယ်ရံတော်ဝေ့တို့က အချင်းချင်းသိုင်းကွက်တွေရင်းနှီးနေတဲ့အချိန်မှာတော့..... မမလေးချင်းထျန်းကိုလုပ်ကြံသူအုပ်စုကဘာလို့လိုက်သတ်ကြတာဖြစ်မလဲ ? လုပ်ကြံသူခေါင်းဆောင်နဲ့ရင်းနှီးနေတဲ့ ကိုယ်ရံတော်ဝေ့ကရော ဘယ်လိုသရုပ်မှန်ဖြစ်နေမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Mystery Runtime : 1h 8 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Thwe Phyoe Encoded by LK
movie
Misty Assassination ( 2024 )
5.8
Fights Break Sphere 2 ( 2023 )
အရင်တစ်ခေါက်က မီးစွမ်းအားပါရမီရှင်လေး ရှောင်းအိမ်တော်ရဲ့ သားထွေးလေး ရှောင်းယန်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားလေး အဆက်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...အပိုင်း ၁ ကိုတော့ ဒီမှာကြည့်ပါဒီဇာတ်လမ်းမှာဆို ရှောင်းယန်းလေး အစွမ်းတွေပြန်ရလာပေမယ့် အမေ့ကို လက်စားချေဖို့ လိုအပ်တဲ့ စွမ်းအားတွေကဆက်စုဖို့ သဲကန္တာရထဲ ခရီးဆက်ခဲ့တဲ့ အကြောင်းလေးကို အခြေခံရီုက်ကူးထားတာပေါ့...တစ်ချိန်တည်းမှာပဲ အရင်အပိုင်းက မြေခွေးခေါင်းအဖွဲ့ ခေါင်းဆောင်တစ်ယောက်က ဘယ်လိုပုံစံနဲ့ ပေါ်လာမှာလဲ.. နောက်ပြီးတော့ သဲကန္တာရထဲ ခရီးနှင်ရင်း သူလိုချင်တဲ့ မီးတောက်အစွမ်းကို အဆုံးသတ်မှာ ရမှာတော့ သေချာတာပေါ့...ဒါပေမယ့် ဘယ်လိုနည်းလမ်းနဲ့ရလာတာလဲ... သဲကန္တာရထဲ ဘာနဲ့ ဆုံဦးမှာလဲ... ဒီတစ်ခေါက်ရော ဘယ်အဖွဲ့နဲ့ ဆုံဦးမှာလဲ... ဒီအပိုင်းမှာရောသူ့အမေကို သတ်တဲ့တရားခံကို လက်စားချေနိင်မှာလား... ထူးခြားဆန်းပြား ဇာတ်ကားတွေ ကြိုက်သူတို့ လက်မလွှတ်သင့်တဲ့ကားလေးမို့ ကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်... Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action , Fantasy Runtime : 1h 27 min Subtitle : Myanmar Subtitle ( ...
movie
Fights Break Sphere 2 ( 2023 )
5.7
Thunder Rescue ( 2023 )
ဒီဇာတ်ကားလေးကတော့ မိုးကြိုးစစ်ဆင်ရေးဆိုတဲ့ မူးယစ်တိုက်ဖျက်ရေး စစ်ဆင်ရေးအကြောင်းတစ်ခုကိုရိုက်ထားတာပဲဖြစ်ပါတယ်။ ဒီကားမှာတော့ မင်းသားကသာမူးယစ်ဂိုဏ်းမှာသူလျှိုလုပ်ပြီး မူးယစ်ရာဇာကိုဖမ်းတဲ့အကြောင်းကိုအဓိကထားတာမဟုတ်ပဲ။ မူးယစ်ရာဇာတစ်ယောက်ကိုဖမ်းဆီးလိုက်ပြီး နောက်ပိုင်းမှ မူးယစ်ရာဇာရဲ့ညီတွေက လက်စားချေဖို့ ရဲအရာရှိတစ်ယောက်ရဲ့သမီးလေးကိုဖမ်းပြီးတော့ သူတို့အစ်ကိုကိုလွှတ်ပေးဖို့ အကြပ်ကိုင်လာတယ်။အဆင့်ဆင့် ကလေးမလေးကိုကယ်တင်ဖို့ဘယ်လိုကြိုးစားရင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတဲ့အဖွဲ့ကို ဘယ်လိုအမြစ်ကနေရှင်းပစ်လဲဆိုတာရိုက်ထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action , Crime Runtime : 1h 4 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Thunder Rescue ( 2023 )
5.8
Fights Break Sphere ( 2023 )
အားလုံးကို ဒီတစ်ခေါက် မီးစွမ်းအားပါရမီရှင်လေး ရှောင်းအိမ်တော်ရဲ့ သားထွေးလေး ရှောင်းယန်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်လမ်းမှာဆို ရှောင်းယန်ဆိုတဲ့ မွေးရာပါ မီးစွမ်းအား ပါရမီရှင်လေးဟာ သူ့မိခင်ပေးခဲ့တဲ့ နောက်ဆုံးကျန်ရစ်ပစ္စည်းကြောင့် သူ့စွမ်းအားတွေ ပျောက်ဆုံးသွားခဲ့ပါတယ်... ငယ်စဉ်တည်းက ပါရမီရှင်အနေနဲ့ အထင်ကြီးလေးစားခံလာရာကနေ တစ်နေ့မှာတော့ ရုတ်တရက်ကြီး အစွမ်းတွေပျောက်သွားခဲ့ပြီးနောက် ဘဝတစ်ခုလုံး ဇောက်ထိုးပြောင်းလဲသွားခဲ့တယ်လေ...သူအစွမ်းပျောက်သွားခဲ့တာကလည်း သူ့အမေရဲ့အသက်နဲ့အတူ ပြောင်းလဲသွားခဲ့ရတာမို့ အစွမ်းပြန်ရလာအောင် ပိုပြီး အားကောင်းလာအောင် သူနေ့စဉ်ရက်ဆက်ကြိုးစားနေခဲ့တာပေါ့.. ကြိုးစားသူတိုင်းအတွက် ရလဒ်ကောင်းက စောင့်နေတယ် ဆိုတဲ့အတိုင်းပဲ ရှောင်းယန်တစ်ယောက် အစွမ်းတွေ ပြန်ရလာခဲ့တယ်...ဒါပေမယ့် ဘယ်လိုနည်းလမ်းနဲ့ရလာတာလဲ... ဘာတွေက သူ့ကို တွန်းအားဖြစ်စေခဲ့တာလဲ... အစွမ်းပြန်ရပြီးတော့ရော သူ့အမေကို သတ်တဲ့တရားခံကို လက်စားချေနိင်မှာလား... ထူးခြားဆန်းပြား ဇာတ်ကားတွေ ကြိုက်သူတို့ လက်မလွှတ်သင့်တဲ့ကားလေးမို့ ကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်... Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action , Fantasy Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ...
movie
Fights Break Sphere ( 2023 )
6
Army Soul of Han Dynasty ( 2022 )
ရှေးသမိုင်းတွေစိတ်ဝင်စားတဲ့သူတွေအကြိုက်တွေ့စေမယ့် ဟန်ခေတ်ကနယ်စပ်မြို့လေးမှာအခြေတည်ပြီး ရိုက်ထားတဲ့စစ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ဘီစီ၃၀၀ခုနှစ်လောက်မှာ အရှေ့ဥပရောပမှာနေထိုင်တဲ့ရှုံနူလူမျိုးတွေရှိခဲ့ပါတယ်။ သူတို့ဟာရေကြည်ရာမြက်နုရာလှည့်လည်ကျက်စားတတ်ပြီး တရုတ်ပြည်မြောက်ပိုင်းကိုအကြိမ်ကြိမ်ကျူးကျော်ဖို့ကြိုးစားခဲ့သူတွေလဲဖြစ်တယ်။ဒီဇာတ်ကားလေးမှာတော့ ဟန်တိုင်းပြည်နယ်စပ်မြို့လေးဖြစ်တဲ့ စူးလော့မြို့လေးကိုစစ်သည်အင်အား၃၀၀နဲ့စစ်သူကြီးတစ်ယောက်ဟာ ရှုံနူတွေရဲ့ရန်ကနေပြီး ဘယ်လိုခုခံကာကွယ်မလဲ..... မြို့လေးကိုသေသည်အထိကာကွယ်မယ်ဆိုပြီးသစ္စာဆိုခဲ့တဲ့ဟန်စစ်သားတွေဟာ သူတို့ရဲ့တာဝန်ကိုဘယ်လိုစိတ်ဓာတ်အားမာန်တွေနဲ့ ဘယ်လိုကျေပွန်အောင်ထမ်းဆောင်ခဲ့လဲဆိုတာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ် [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action ,War Runtime : 1h 42 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie
Army Soul of Han Dynasty ( 2022 )