Channel Myanmar

Ganapathi S Poduval

Adios Amigo (2024) 6.1
Adios Amigo (2024) Adios Amigo(2024) နှုတ်ဆက်ပါတယ် သူငယ်ချင်းသြဂုတ်လအတွင်း လောလောလတ်လတ်ထွက်ထားတဲ့ ဘောလီးဝုဒ်ဟာသ ဒရမ်မာကားလေးကို တင်ဆက်သွားမှာပဲဖြစ်ပါတယ်။မိခင်ဖြစ်သူ ဆေးရုံတင်ထားရလို့ သောကဗျာများနေရပြီး ဆေးရုံစရိတ်အတွက်ပူပန်နေရတဲ့သူနဲ့ ဥစ္စာကြွယ်ဝလှပြီး ဘဝကိုပေါ့ပေါ့ဖြတ်သန်းနေတဲ့သူ..ဘဝအခြေအနေမတူလှတဲ့လူနှစ်ယောက် ဥဒဟိုသွားလာနေကြတဲ့ ဘတ်စ်ကားမှတ်တိုင်လေးတစ်ခုမှာ ဆုံစည်းခဲ့ကြပြီး ခရီးတစ်ခုတည်းသွားဖြစ်ခဲ့ရာမှာတော့ ဘာတွေဖြစ်လာမှာလဲ...IMDB 6.1/10 ရရှိထားပြီး အခြေအနေမတူတဲ့ လူနှစ်ယောက်ရဲ့ဘဝကို ခံစားကြည့်ရှူရမယ့် ကားလေးဖြစ်လို့ ကြည့်ရှုလိုက်ပါဦးနော်။(ဘာသာပြန်နဲ့ အညွှန်းကိုတော့ CM Bollywood Team က ခံစားရေးသားထားပါတယ်) File size… 2.69GB / 1.25GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Adios Amigo (2024)

Mandakini (2024) 6.6
Mandakini (2024) Mandakini 2024 (ငါနဲ့ညားတဲ့ သူများရည်းစား)IMDb-6.8/10 တစ်ရံရောအခါက လူပျိုကြီးအာရိုမာတစ်ယောက်။ တစ်သက်မှာတစ်ယောက်ကိုချစ် သူ့ကိုပဲလက်ထပ်ချင်ပါတယ်ဆိုတဲ့ ကိုလူအေးကြီးပေါ့။အရွယ်ရောက်ရုံမက ကျော်လာတဲ့အချိန်မှာတော့ စိတ်ကူးထဲကချစ်သူလေး အမ်ဘီနီနဲ့တွေ့ပြီး ဘဝကြီးပြည့်စုံသွားပြီလို့ယူဆလိုက်တဲ့သူ။ ဇာတ်လမ်းကတော့ မင်္ဂလာဦးညမှာစတာပဲ သတို့သမီးနဲ့ သတို့သား အရက်ပုလင်းနဲ့ အချိုရည်ခွက် အလွဲလွဲအချော်ချော်တွေဖြစ်ပြီး မှားသောက်မိကြတဲ့အချိန် ထုံးစံအတိုင်းရည်းစားဟောင်းဇာတ်လမ်းတွေ ပြန်ဆွရစ်ကြတော့ သတို့သားကိုလူအေးကြီးက ဘာဇယားမှမရှိခဲ့ပေမဲ့ သတို့သမီးကတော့အရမ်းချစ်ခဲ့တဲ့ရည်းစား‌ဟောင်းဆီကို ခုချက်ချင်းသွားချင်ပါတယ်ဆိုပြီး ထဂျီပါလေရော ။ရိုးရိုးကုပ်ကုပ်မိသားစုကြား အချောအလှလေးကို ဘယ်လိုများရလာတာလဲဆိုပြီး တီးတိုးပြောနေကြရာက အချောအလှအဖိုးတန်သတို့သမီးလေးရဲ့ မင်္ဂလာဦးညစကားတစ်ခွန်းက တစ်မိသားစုလုံး အံ့ဩတုန်လှုပ်သွားကြတော့တာပဲ။ အရိုးခံနဲ့ အချောအလှဘယ်လိုအလွဲတွေနဲ့ ဆက်စခန်းသွားမလဲရှုစားကြည့်ပါဦးအညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ် File size… 2.06GB / 971MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Mandakini (2024)

2024
Nalla Nilavulla Rathri (2023) 5.2
Nalla Nilavulla Rathri (2023) Nalla Nilavulla Rathri (2023)"မာယာဝဲဂယက်" =====================================နာမည်ကြီး မာလျာလမ် ဝါရင့်သရုပ်ဆောင်ကြီးတွေ ပါဝင်ထားကြတဲ့ သည်းထိတ်ရင်ဖို တောင်ပိုင်းရုပ်ရှင်ကောင်းတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ကောလိပ်ကျောင်းသားဘဝကတည်းက ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းတွေ။ သူတို့တွေဟာ လူလတ်ပိုင်းအရွယ်ရောက်တဲ့အထိ အဆက်အသွယ်ပြတ်မသွားကြဘဲ အော်ဂဲနစ်ခြံတစ်ခုစိုက်ရင်း စီးပွားရေးအတူလုပ်ခဲ့ကြပါတယ်။စီးပွားရေးလုပ်တာဖြစ်တဲ့အတွက် စီးပွားရေးသဘောအရ သူတို့ချင်း ကတောက်ကဆဖြစ်တာမျိုးလေးတွေလည်း ရှိဖူးကြတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့တွေဟာ ကွဲကွာသွားတဲ့ သူတို့ရဲ့သူငယ်ချင်းတစ်ယောက်နဲ့ အမှတ်မထင်ပြန်ဆုံခဲ့ကြပါတယ်။ ပြန်ဆုံကြတဲ့ သူတို့သူငယ်ချင်း ခြောက်ယောက်ဟာ ရှီမိုဂါလို့ခေါ်တဲ့ တောင်ပေါ်ဒေသတစ်ခုကို အပန်းဖြေခရီးသွားကြရင်း အဲဒီခရီးမှာ အဖြစ်ဆိုးတစ်ခုနဲ့ ကြုံတွေ့ခဲ့ကြပါတယ်။အဲဒီအဖြစ်ဆိုးထဲမှာ သူတို့တွေရဲ့ မျက်နှာဖုံးကွာကျပြီး ပုံစံအစစ်အမှန်တွေပေါ်ကာ တစ်ယောက်အကြောင်းတစ်ယောက် သိလာရင်း အဲဒီအဖြစ်ဆိုးထဲကနေလွတ်မြောက်ဖို့ ရုန်းကန်ကြရပုံတွေကို ဒီရုပ်ရှင်ထဲမှာ စိတ်လှုပ်ရှားဖွယ် မြင်တွေ့ကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.17GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Nalla Nilavulla Rathri (2023)

2023
Manjummel Boys (2024) 8.6
Manjummel Boys (2024) Manjummel Boys(2024) ( အသွားမတော်ကြသူများ)ဒီတစ်ခါ ပရိသတ်ကြီးကို တင်ဆက်မဲ့ကားလေးကတော့ IMDb 8.6/10 ရရှိထားတဲ့အပြင် ရုံတင်ငွေကလဲ ကုဋေ၂၀၀ကျော်ပြန်လည်ရရှိထားတဲ့  survival thriller ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးဟာ ၂၀၀၆ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေတည်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။လူစုပြီး ခရီးသွားတဲ့အခါ တစ်ဖက်မှာလည်း ပျော်စရာကောင်းသလောက် တစ်ဖက်မှာလည်း အန္တရာယ်တွေနဲ့ကြုံပြီး မဆုံးနိုင်တဲ့အဖြစ်ဆိုးတွေ ကြုံတတ်ကြတာကို သိကြမှာပါ။ဒီဇာတ်လမ်းလေးမှာကတော့ အပျော်လွန်သွားကြတဲ့ လူတစ်စု ခရီးသွားရင်းတားမြစ်နယ်မြေထဲရောက်ပြီး အဖွဲ့ထဲကတစ်ယောက် အန္တရာယ်ကြုံလိုက်ရတာကို ပြန်ကယ်ဖို့ကြိုးစားတာကို ကြည့်ရှုရမှာပါ။ လူငယ်ပီပီစူးစမ်းချင်ဇောများပြီး အကြောက်အလန့်မရှိကြတဲ့သူတို့ တကယ်အန္တရာယ်ကြုံလာတဲ့အခါ အယူအဆတွေနဲ့ ထိပ်တိုက်တွေ့ပြီး သူငယ်ချင်းကို ပြန်ကယ်ဖို့ဖြစ်လာပါတော့တယ်။ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံး ရဲတွေ မီးသတ်တွေကို ရအောင် အကူအညီတောင်းရင်း သူငယ်ချင်းဖြစ်သူ ကျသွားတဲ့ တွင်းနက်ကြီးထဲကို ဘယ်သူမှမဆင်းရဲတာမို့ အဖွဲ့ထဲကတစ်ယောက်ပဲ ဆင်းကယ်ရမဲ့အခြေအနေဖြစ်လာခဲ့ပါပြီ။ ဆင်းလေလေ မဆုံးနိုင်တဲ့ တွင်းနက်ကြီးထဲ တကယ်ပဲ သူ့သူငယ်ချင်းကို ကယ်နိုင်သွားမလား။ လူတွေ ကြောက်ကြတဲ့အတိုင်း ကျသွားပြီးရင် အစအနပြန်မရတဲ့ ဒီတွင်းထဲကနေ ထွက်လာနိုင်မလားဆိုတာတော့ ပရိသတ်ကြီးပဲ ဆက်လက် ကြည့်ရှုလိုက်ပါတော့နော်။အညွှန်းနဲ့ ဘာသာပြန်ကတော့ CM BOLLYWOOD ...
movie

Manjummel Boys (2024)

2024
Padmini (2023) 6.8
Padmini (2023) Padmini(2023) ‌ဘောလိဝုဒ်ပရိသတ်ကြီးကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ IMDb 6.8/10 ,The TIMES Of india 3/5, Gadgets 360 မှာ 4.3/5 ရထားတဲ့ ဟာသကားသစ်လေးပဲဖြစ်ပါတယ်။ဒီကားမှာကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကတော့ မိသားစုလုပ်ငန်းစီမံတာလည်းတော်၊ အလုပ်အကိုင်ကလည်း ကောလိပ်ကဆရာ ဒါ့အပြင် အချိန်ပိုင်းကဗျာဆရာပါလုပ်သေးတဲ့ ပညာရော ဝမ်းစာပါပြည့်စုံတဲ့အပြင် နှလုံးသားလည်း နူးညံ့လှတဲ့သူပါပဲ။ဒီလိုလူဆီကို အိန္ဒိယရဲ့ရိုးရာအတိုင်း အိမ်ထောင်ရေးဆိုတာကြီးက အိမ်အ‌ရောက်လာရှာပါတော့တယ်။ ဒီမှာကံကောင်းချင်တော့ ကောင်မလေးက အချောလေးပါ။လိမ္မာရေးခြားလည်းရှိတယ် ယဉ်လည်းယဉ်ကျေးတယ်ဆိုတဲ့ အပျံစားရီဗျူးတွေနဲ့အတူ ကျောင်းဆရာတဖြစ်လဲ အချိန်ပိုင်းကဗျာဆရာဇာတ်လိုက်ကျော်ရဲ့နှလုံးသားထဲ အမှတ်တရလို့အဓိပ္ပါယ်ရတဲ့ကောင်မလေး ဝင်လာပါတယ်ပေါ့လေ။ ဘဝကိုရိုးရိုးအေးအေးပဲဖြတ်သန်းလာရတဲ့ဆရာသမား အိမ်ထောင်လည်းကျရော ကြံသကာမြိုထားသလို တပြုံးပြုံးတဖြဲဖြဲပေါ့လေ။ဒီလိုနဲ့ မင်္ဂလာဦးညမှာ မီးကပျက်ရိုကရိုမရ ကောင်မလေးက ‘လ’ကြည့်ရင်း လမ်းလျှောက်ထွက်ချင်တယ်ဆိုလို့ လယ်ကွင်းထဲဆင်းလမ်းလျှောက်ပေးရင်း ဟိုက သူ့ချစ်သူနောက်ခိုးရာလိုက်သွားပါလေရော။ ဇာတ်လိုက်ကျော်ခဗျာ ဟတ်ကော့ကြီးပေါ့ဗျာ။ ဒီလိုနဲ့ဂုဏ်သတင်းကျော်စောတဲ့ အမောင်ဇာတ်လိုက်ကျော်တစ်ယောက် သွားလေရာအလှောင်ခံ အရယ်ခံအဖြစ် တော်ပါပြီ အချစ်ဆိုစိတ်ကနာဆိုတဲ့အတိုင်း ညတိုင်းမင်္ဂလာကုတင်ပေါ်မှာ မင်္ဂလာမရှိစွာလူးလွန့်နေရင်း သူ့ဘဝမှာ ဘာတွေဆက်ဖြစ်လာမလဲ။ ရှက်စရာပုံရိပ်ကနေရော ရုန်းထွက်နိုင်သွားမလားဆိုတာကိုတော့ ပရိသတ်ကြီးပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး။အညွှန်းကိုတော့ Aditi ရေးသားပြီး Aditi, YH, V, Cherry, BpL, ...
movie

Padmini (2023)

2023
Sulaikha Manzil (2023) 7.2
Sulaikha Manzil (2023) Sulaikha Manzil 2023 (IMDb 8.4/10)ဘဝကြီးမှာ တစ်ခါမှမမြင်ဖူးသေးပဲ တစ်ပတ်လောက်ပဲ သိကျွမ်းဖူးတဲ့ လူတစ်ယောက်ကို လက်ထပ်ရမယ်ဆိုရင် သင်ဘယ်လိုလုပ်မှာလဲ ဝမ်းသာမှာလား ပျော်ရွှင်မှာလား ရင်ခုန်စိတ်လှုပ်ရှားမှာလား ကြည်နူးနေမှာလား ဒီမင်္ဂလာပွဲကြီးကိုရော သင်ဘယ်လိုစီစဉ်မလဲ ဘယ်လိုပြင်ဆင်မလဲ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အဆင်သင့်ဖြစ်အောင်ပေါ့ယခုဇာတ်ကားလေးထဲမှာလည်း အချိန်မယူရသေးဘဲ အလောတကြီးစီစဉ်လိုက်တဲ့ မင်္ဂလာပွဲတစ်ခုကို ကာယကံရှင်နှစ်ယောက်က ဘယ်လိုရင်ဆိုင်ကြမလဲ သူတို့မိသားစုတွေရဲ့ကူညီမှုကရော အကူအညီဖြစ်မှာလား ဖိအားတွေပိုတိုးလာမှာလား သူငယ်ချင်းတွေကရော ကူညီကြမှာလား ကူညီသလိုနဲ့ ဆေးတွေပဲဝိုင်းထိုးနေမလား နောက်ဆုံး အဆင်ပြေပြေနဲ့ပဲ အချစ်တွေပေါက်ဖွားလာပြီး မင်္ဂလာပွဲလေး အောင်မြင်သွားမလား စသည်ဖြင့် ခံစားကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပါခုချိန်ထိ စော်မရဘဲမရ မိဘပေးစားမှ လင်ရမိန်းမရမဲ့ လူပျိုကြီး အပျိုကြီးများ သို့မဟုတ် အသက်ငယ်ပေမဲ့ အဖြစ်မရှိလို့ မိဘကစောစောစီးစီးပေးစားတာခံရမဲ့ FA ပေါက်စလေးများ ကြည့်ရင်းနဲ့ ပညာလဲရ ကိုယ့်အဖြစ်နဲ့လဲ ယှဉ်ထိုးခံစားလို့ရတာမို့ လက်မလွှတ်တမ်းကြည့်ကြဖို့ ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ် ( အညွှန်းရေးသားသူကတော့ Sai~Aditi ဖြစ်ပြီး ဘာသာပြန်တွေကတော့ Sai~Aditi~Chiclon3~Yunni~Nyein~BpL တို့ပဲ ဖြစ်ပါတယ်) File size…2.3GB /1.1GB Quality…1080p WEB DL /720p Format…mp4 Duration….2h  Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Sai~Aditi~Chiclon3~Yunni~Nyein~BpL
movie

Sulaikha Manzil (2023)

2023