Channel Myanmar

Gan Ting Ting

Desperate Sniper ( 2024 ) 5.8
Desperate Sniper ( 2024 ) ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပျက်နေတဲ့ အန္တရာယ်တွေကို ကာကွယ်မယ့် ကြေးစား ဝံပုလွေနက် အဖွဲ့လေးအကြောင်း ရိုက်ကူးထားတဲ့ ကားလေးကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်နော်...သာမန်ပြည်သူတွေနဲ့ တစ်သားတည်း အတူတူ တိုက်ရည်ခိုက်ရည်ပဲ ကွဲပြားသွားသူတွေ စုပြီး ဖွဲ့စည်းထားတဲ့ ဝံပုလွေနက် ကြေးစားအဖွဲ့ဟာ မစ်ရှင်တွေ တာဝန်တွေကို အခကြေးငွေဖြတ်ပြီး လက်ခံနေတာပေါ့...ဇာတ်လမ်းအစမှာဆို မှောင်ခိုလူကုန်ကူးတဲ့ဆီကတောင် ဓားစာခံ ပြန်ပေးဆွဲခံရသူကို ကယ်တင်ခဲ့တာပေါ့... ဒီလိုတော်လွန်းတဲ့အဖွဲ့ကို ကြေးအများကြီးနဲ့ ဟယ်ရီဆိုတဲ့ လူတစ်ယောက်က ဆေးတစ်မျိုးကို ပို့ဆောင်ပေးဖို့ အလုပ်အပ်ခဲ့ပါတယ်...ပို့ရမှာကတော့ ချာချိုင်ဗိုလ်ချုပ်ရဲ့ တပ်စခန်းမြေကိုပေါ့... ဒီလောက်ရိုးရှင်းတဲ့ အလုပ်ကို အခကြေး အများကြီးပေးထားတာတော့ စဉ်းစားစရာပဲပေါ့လေ... ဒါပေမယ့် တစ်ဖက်မှာ ဒီဗိုလ်ချုပ်ကို လုပ်ကြံနေတဲ့ ပြောက်ကျားတပ်လည်း ရှိနေတော့ သူရန်ကြောက်လို့လည်း ဖြစ်နိုင်တာပါပဲ...ဒီတော့ ဝံပုလွေနက်အဖွဲ့ ဒီမစ်ရှင်ကို အောင်မြင်မှာလား... ပြောက်ကျားအဖွဲ့က ဘယ်သူတွေလဲ... သူတို့ပို့တဲ့ ဆေးကရော ဘာဆေးလဲ... ဇာတ်လမ်းလေးက အဖြေပေးသွားပါလိမ့်မယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 26 min Subtitle : ...
movie

Desperate Sniper ( 2024 )

Ice Sniper 2 ( 2023 ) 6.2
Ice Sniper 2 ( 2023 ) ဒီတစ်ခါတင်ဆက်ပေးလိုက်တာတော့ စစ်ကိုအကြောင်းပြပြီး ရတနာသိုက်ကိုသိမ်းဖို့ကြံတဲ့ ကူမင်တန်အရာရှိတစ်ယောက်နဲ့ ပြည်သူတွေအတွက် ရသမျှနည်းလမ်းနဲ့ အစွမ်းကုန်တော်လှန်တဲ့ ကွန်မြူနစ်စနိုက်ပါသမားတစ်ယောက်ရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ဂျပန်တော်လှန်ရေးအပြီး ကွန်မြူနစ်နှဲ့ ကူမင်တန်တွေရဲ့ပြည်တွင်းစစ်ပွဲအတွင်းအချိန်မှ ာ တရုတ်ပြည်အရှေ့မြောက်ပိုင်း တုံးပေဒေသ မုံဟူတောင်ခြေမြို့လေးမှာ တပ်နှစ်တပ်ဟာ ရက်များစွာအပြန်အလှန်ပစ်ခတ်ရင်း အခြေနေတင်းမာနေပါတယ်။မုံဟူတောင်ဂိုဏ်းခေါင်းဆောင် ကျန်းတုံးရှန်းဟာ ဂျပန်တော်လှန်ရေးစစ်ပွဲမှာပါဝင်ခဲ့တဲ့ မျိုးချစ်ပြည်သူတစ်ယောက်ဖြစ်တဲ့အတွက် ပြည်သူ့ဘက်တော်သားဖြစ်တဲ့ ကွန်မြူနစ်တပ်နဲ့ပူးပေါင်းဖို့ နားချဖို့ရာ ယန်ကျန့်ဖုန်းဆိုတဲ့ လက်ဖြောင့်စနိုက်ပါသမားကို တာဝန်ပေးလိုက်ပါတယ်။ဉာဏ်များတဲ့ ကူမင်တန်အရာရှိရဲ့လှည့်ကွက်တွေနဲ့ ကွန်မြူနစ်စနိုက်ပါရဲ့ ဉာဏ်ရည် ဘယ်ဟာကပိုမြင့်လဲဆိုတာယှဉ်ပြိုင်ကြမှာပဲဖြစ်ပါတယ်။ စစ်ပွဲချည်းပဲမဟုတ်ပဲ တောင်တွေကိုကြီးစိုးတဲ့ ဓားပြဂိုဏ်းတွေရော ဒရာမာလေးတွေပါပါတဲ့အတွက် သမာရိုးကျစစ်ကားတွေထပ် ကြည့်ရတာပိုသွက်ပါလိမ့်မယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , War Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Ice Sniper 2 ( 2023 )

Above The Fire ( 2023 ) 6
Above The Fire ( 2023 ) ဒီနေ့မှာတော့ CM က ပရိသတ်ကြီးကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မှုခင်းရုပ်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဒီဇာတ်လမ်းလေးကတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် မော့ကောင်းရဲ့ မူးယစ်ဆေးဝါး ဂိုဏ်းသားတွေကို နှိမ်နင်းတဲ့အကြောင်းအဓိကထားရိုက်ပြပေးထားတာပါ ။ဆေးစွဲနေတဲ့ ဆေးသမား ရှီကျန့်က ဆေးသုံးရင်းအသိစိတ်ပျောက်ကာ သူ့ရဲ့ရည်းစားဟောင်း ရွှီလုလုကို ဓားနဲ့ထိုးသတ်တဲ့ အမှုကနေ စရပါမယ် ။ ဒီလိုနဲ့ ဒီအမှုကို တာဝန်ယူဖြေရှင်းဖို့အတွက် ခေါင်းဆောင်မော့ ဦးဆောင်တဲ့အဖွဲ့ဟာ လှုပ်ရှားမှုတွေ စတင်လုပ်ကိုင်ခဲ့ကြပါတော့တယ် ။ဒီလိုမူးယစ်ဆေး နှိမ်နှင်းရေး အမှုတွေကို လုပ်ကိုင်ခဲ့ကြရင်း လုပ်ဖော်ကိုက်ဖက်တွေ ကျဆုံးလာခဲ့သောအခါ...? ရည်းစားဖြစ်သူ ရှောင်ဝူနဲ့လဲ အဆင်မပြေ ကွာဟချက်တွေ ရင်ဆိုင်ကြုံတွေလာရတဲ့အခါမှာ -ခေါင်းဆောင်မော့တစ်ယောက် ဒါတွေကို ဘယ်လိုရင်ဆိုင်သွားမလဲ ? မူးယစ်ဆေး အမှုတွေကိုရော သူဖြေရှင်းနိုင်ပါ့မလား ? ဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Crime Runtime : ...
movie

Above The Fire ( 2023 )