Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Gabriel Casseus
7.0
Fallen(1998)
Fallen(1998) IMDb....7.0 ကျွန်တော်တို့ ဘဝမှာ ယုံကြည်တာလက်ခံထားတာတွေအများကြီးရှိပါတယ်။ လက်မခံတာတွေလည်းအများကြီးရှိပါတယ်။ တစ်နေ့မှာ ကိုယ်မဟုတ်ပါဘူးလို့ထင်နေတာတွေအားလုံးက အမှန်တွေဖြစ်လာတယ်ဆိုရင်လက်ခံယုံကြည်ကြမှာလား။ ကိုယ့်ရဲ့အမှန်တရားက မှားနေခဲ့ရင်ရော လက်ခံနိုင်ပါမလား။ ကျွန်တော်တို့ရဲ့ မင်းသားကြီးမင်းသားကြီး Denzel Washington က ဒီကားထဲမှာ အဓိကဇာတ်ဆောင် စုံထောက် John Hobb အဖြစ်သရုပ်ဆောင်ထားတယ်...Hobb က အရမ်းတော်တဲ့စုံထောက်တစ်ယောက်ဖြစ်ပြီးတော့ သူနောက်ဆုံးဖမ်းခဲ့တဲ့သူကို သေဒဏ်မပေးခင်မှာ ထူးခြားတာတွေဖြစ်ပျက်ခဲ့ပါတယ်။ဒါပေမယ့် သတိမထားမိဘဲ နောက်ထပ်ပုံစံတူလူသတ်မှုတွေပေါ်လာချိန်မှာတော့ ပြန်စုံစမ်းရင်း ထူးခြားတာတွေကိုသတိထားမိလာပြီး သူမယုံချင်တဲ့ အရာတွေကိုလည်း ယုံခဲ့ရတယ်...လူသတ်သမားက သေဒဏ်ကျခံပြီးဖြစ်တဲ့ တရားခံရဲ့ ပုံစံအတိုင်းသတ်ပြီးတော့ Hobb အတွက် သတင်းစကားတွေချန်ထားခဲ့ခြင်းပါ။အဲဒါတွေကိုစုံစမ်းရင်း သူတစ်ခုသိလာရတာတော့ သူမမြင်ဖူးတဲ့ရှုထောင့်ကနေကြည့်မှ ဒီလူသတ်မှုတွေကိုနားလည်နိုင်မယ်ဆိုတာပါပဲ။သူ့ရဲ့အမြင်တွေကိုပြောင်းလဲပြီးတော့ ဘာတွေဘယ်လိုဖြစ်မလဲဆိုတာ ကြည့်လိုက်ပါတော့ဗျာ။စုံထောက်အက်ရှင်ကားတွေလည်းကြိုက်တယ်..မင်းသားကြီး Denzel Washington လည်း ပါတယ်ဆိုတော့ကားးးးးးး....IMDB Rating အနေနဲ့ကတော့ 7 အထိရရှိထားပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ D3monပဲဖြစ်ပါတယ်...File Size : (994MB) Quality : Blu-Ray 720p Format…mp4 Duration…02:04:00 Genre : Action , Crime , Drama Subtitle ...
movie
Fallen(1998)
1998
6.0
Bedazzled (2000)
Bedazzled (2000)IMDb - 6.0/10_____Rotten - 50% အဲလိယော့ဟာ သူ့ရဲ့ကြောင်တောင်တောင် အမူအကျင့်ကြောင့် အပေါင်းအသင်းလဲဝင်မဆန့်လုပ်ဖော်ကိုင်ဖက်တွေကပါ ရှောင်ဖယ်ကြတဲ့ လူတစ်ယောက်ပါ။ သူကတော့ အဲ့ဒါတွေကို အမှုမထားပဲ ခပ်တည်တည်နဲ့ဝင်ရောလေ့ရှိပါတယ်။ တစ်နေ့ သူ့ကိုရှောင်ချင်လို့ တမင်မမြင်ချင်ယောင်ဆောင်နေတဲ့ အလုပ်ကလူတွေဝိုင်းကို ဝင်နှောင့်ယှက်ရင်းကနေ သူ ကြိတ်ကြွေနေတဲ့ မိန်းမလှလေးဖြစ်တဲ့ အလီဆင်ကို တွေ့မိချိန်မှာတော့ ပါးစပ်ကနေ 'သူ့ကိုသာ ရမယ်ဆိုရင် ဘာပဲပေးရပေးရ' လို့ လွှတ်ကနဲ ရေရွတ်မိသွားတယ်။ အဲ့ဒီအချိန်မှာ သူ့ရှေ့ကို ဘိလိယက်ဘောလုံးလေးတစ်ခု လွင့်လာပါတယ်။ ဘောလုံးကလေးရဲ့ ပိုင်ရှင်ကလဲ မိန်းမလှတစ်ယောက်ပါပဲ။ အနီရောင်ဝတ်စုံဝတ် ညို့အားပြင်းပြင်း ရဲတင်းသွက်လက်မယ့်ပုံစံနဲ့ မိန်းမလှတစ်ယောက်။ အဲ့ဒီမိန်းမလှက သူ့ကိုယ်သူ မိတ်ဆက်လာတယ်။ သူဟာ နတ်ဆိုးတစ်ကောင်ဖြစ်ပြီး အဲလိယော့ရဲ့ဝိဉာဉ်ကို ရောင်းမယ်ဆိုရင် ဆုတောင်းခုနှစ်ခုဖြည့်ပေးမယ့်အကြောင်း။ အလီဆင့်ကိုရရင် ဘာပဲလုပ်ရလုပ်ရဆိုတဲ့ အဲလိယော့ သူ့ဝိဉာဉ်ကိုရောင်းဖို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ အဲ့ဒီမှာကြုံရတဲ့ အလွဲအချော်တွေနဲ့ ကြောင်တောင်တောင် အဲလိယော့ ဒုက္ခရောက်ရပုံတွေနဲ့ တစ်ကားလုံးခွီနေရပါတယ်။ ပြီးတော့ နတ်ဆိုးအဖြစ် သရုပ်ဆောင်တဲ့ တစ်ချိန်က မမလှလှ အဲလိဇဘတ်ဟာလေးရဲ့ ...
movie
Bedazzled (2000)
2000