Channel Myanmar

G. M. Sundar

Rasavathi (2024) 7
Rasavathi (2024) Rasavathi (2024) "အဂ္ဂိရတ်ဆရာ" IMDb - 7.6/10ခန့်ညားထယ်ဝါတဲ့ အသံပါဝါနဲ့ စကားပြောလေယူလေသိမ်းတွေကြောင့် ပရိသတ်သတိထားမိကြတဲ့ တမီလ်မင်းသား အာဂျွန်ဒါ့စ်ရဲ့ အသစ်ထွက်ရှိလာတဲ့ အချစ်နဲ့ ထိတ်လန့်သည်းဖိုကို အချိုးညီညီပေါင်းစပ်ထားတဲ့ရုပ်ရှင်တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ကိုဒိုင်ကာနယ်ဆိုတဲ့ အေးချမ်းတဲ့မြို့လေးမှာ ဒေါက်တာဆာဒါတစ်ယောက် ဇာတ်မြှုပ်နေထိုင်ရင်း သူ့ဆေးပညာကို ဆက်လက်လေ့လာနေခဲ့ပါတယ်။အဲဒီမြို့လေးကိုပဲ ဆူယာဆိုတဲ့ အမျိုးသမီးလေးက ဟိုတယ်မန်နေဂျာအဖြစ်ရောက်ရှိလာခဲ့ပြီး သူတို့နှစ်ဦး အကြောင်းတိုက်ဆိုင်ရင်း ရင်းနှီးသွားကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အတိတ်ကဒဏ်ရာတွေ အဖြစ်အပျက်တွေပြောပြကြရင်း ပိုပိုရင်းနှီးလာခဲ့ကြပါတော့တယ်။နောက်ထပ် တာဝန်နဲ့အတူရောက်လာခဲ့သူကတော့ ရဲအရာရှိပါရာဆူ။ ပါရာဆူနဲ့ ဒေါက်တာဆာဒါကြား အဆင်မပြေမှုတွေရှိလာတဲ့အခါမှာတော့...။ အတိတ်ကဖြစ်ရပ်နဲ့ ပစ္စပ္ပုန်ကာလကြား အလှည့်ကျပြသရင်း စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…1.9GB / 855MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Rasavathi (2024)

2024
Thunivu (2023) 6.8
Thunivu (2023)   Thunivu (2023) Action, Adventure, Thriller IMDb 6.7/10 (23K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ အားလုံးစောင့်မျှော်နေကြတဲ့ တမီလ်မင်းသားကြီး Ajith Kumar (အဂျစ်ကူမား)ရဲ့ ရုံတင်ငွေ ၂၅၀ကုဋေထိ ပြန်လည်အမြတ်ရရှိထားတဲ့ အက်ရှင်ကားကောင်းတခုပဲဖြစ်ပါတယ်ဇာတ်လမ်းအစမှာ ဂိုဏ်းစတားအုပ်စုတစ်စုဟာ ဘဏ်အတွင်းပိုင်းလူတွေ..ရဲတွေနဲ့ ပူးပေါင်းပြီး ဘဏ်တစ်ခုကို ဓါးပြတိုက်ဖို့ အစီအစဉ်ရေးဆွဲကြပါတယ်။သူတို့တွေ ဘဏ်ထဲကိုဝင်စီးပြီး ပိုက်ဆံတွေလုယက်ကြတော့မယ့်အချိန်မှာပဲ သူတို့လုံးဝထင်မှတ်မထားတဲ့ ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။အဲ့ဒါကတော့ သူတို့ကို ပြန်လည်ခုခံမယ့်လူတစ်ယောက်ပေါ်လာတာပါပဲ။ သူဟာ ရဲလည်း မဟုတ် စစ်သားလည်းဟုတ်မနေဘဲ သူတို့ဓါးပြတိုက်မယ့်ဘဏ်ကိုပဲ ဓါးပြတိုက်ဖို့ရောက်လာတဲ့ လူတစ်ယောက်ပါ။ဓါးပြတိုက်မှုတစ်ခုလုံးကို သူ အုပ်စိုးလိုက်တဲ့အချိန်မှာတော့ ရှေ့ဆက်ပြီး ဇာတ်လမ်းဇာတ်ကွက်များနဲ့ လှည့်ကွက်တွေဟာ ဘယ်လိုဖြစ်လာမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်လက်ရှာဖွေကြတော့နော်။ File size…3.11GB / 1.4GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Taylor  ~ Yunni  ~ Cherry
movie

Thunivu (2023)

2023
Valimai (2022) 7.6
Valimai (2022) Valimai (2022)ခုတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့လတ်တလောထွက်ရှိထားတဲ့မှုခင်းအက်ရှင်ကားတစ်ကားဖြစ်တဲ့ Valimai ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ Arjun ဆိုတဲ့ရဲအရာရှိကတော့အရည်ချင်းရှိပြီးအမှုကိုင်တွယ်ပုံတမူထူးခြားတာနဲ့နာမည်ကြီးတဲ့ရဲကောင်းတစ်ယောက်ပေါ့ချန်နိုင်းဆိုတဲ့မြို့မှာ လူသတ်မှုတွေ ဓားပြတိုက်မှုတွေ မူးယစ်ဆေးဝါးမှုတွေဆွဲကြိုးလုယက်မှုတွေမြောက်များစွာဖြစ်ပွားတဲ့အချိန်မှာတော့ Arjunတစ်ယောက်အမှုကိုင်တွယ်ဖို့ ပြောင်းရွေ့တာ၀န်ပေးခံလိုက်ရပါတယ်။တစ်နေ့မှာ ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်တဲ့အမှုကို ကိုင်တွယ်ရင်းသေကြောင်းကြံစည်မှုမဟုတ်ဘဲ လူသတ်မှုဖြစ်နေတာကိုသိလိုက်ရတဲ့အချိန်မှာလိုက်တူးဆွရင်း တူးဆရင်းနဲ့ အဲမြို့မှာ ဖြစ်ပွားနေတဲ့မှုခင်းများစွာကဆိုင်ကယ်ဂိုဏ်းတစ်ဂိုဏ်းတည်းနဲ့ဆက်စပ်မှုရှိလောက်တာကိုသိလိုက်ရပေမဲ့လည်းအမှုဖြေရှင်းဖို့အခက်ခဲများစွာရှိနေတော့ Arjun တစ်ယောက်ဘယ်လိုဖြေရှင်းမလဲအခက်ခဲကိုဘယ်လိုကျော်ဖြတ်မလဲ ဘယ်လိုလှည့်ကွက်တွေရှိနေဦးမလဲဆိုတာကိုသည်းထိပ်ရင်ဖိုကြည့်ရမယ့်အက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။  File size…1.4GB / 2.85GB / 6GB Quality…1080p WEB DL / 720p / 4k HEVC WEB DL Format…mp4 Duration….2h 58mins Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Allena & Go-O & Eliza
movie

Valimai (2022)

2022
4K HEVC Web-DL