Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Fred Wood
7.1
Nineteen Eighty-Four (1984)
1984(1984) ======== IMDb Rating .... 7.1/101984ရုပ်ရှင်ဟာ စာအုပ်ကိုအရမ်းသစ္စာရှိတဲ့ ရုပ်ရှင်လို့ဆိုကြတော့ နိုင်တီးအိတ်တီဖိုးရဲ့ မူလစာရေးဆရာဖြစ်တဲ့ ဂျော့အော်ဝဲလ် အကြောင်းပြောတာပဲ ပိုကောင်းပါမှာပါပဲ။ ဂျော့အော်ဝဲလ်ဟာ မြန်မာပြည်မှာ နေသွားဖူးခဲ့တဲ့ ကမ္ဘာကျော်ဂန္တဝင် စာရေးဆရာ၊ မြန်မာပြည်နဲ့ပက်သက်တဲ့ Burmese Daysလို့ခေါ်တဲ့စာအုပ်ကိုလည်း ရေးခဲ့ဖူးတယ်။ ပဝေဏသီကတည်းက သခင်ဘသောင်းဘာသာပြန်ထားတဲ့ ဂျော့အော်ဝဲလ်ရဲ့ ခြေလေးချောင်းတော်လှန်ရေးခေါ် Animals Farmကို စာပေနဲ့မစိမ်းတဲ့သူတွေ ဖတ်ဖူးကြမှာပါပဲ။ ထိုစာအုပ်မှာလည်း အော်ဝဲလ်ဟာ လက်ဝဲစနစ်ထဲက လျှိုဝင်လာတဲ့ အာဏာရှင်ဝါဒကို သရော်စာဆန်ဆန် ပုံဖော်ထားခဲ့တယ်။ ဒီ1984ကတော့ သူ့ရဲ့Classicတန်းဝင်လက်ရာ မာစတာပိစ်တစ်ပုဒ်ကို ပြန်ရိုက်ထားတာပါ။၁၉၈၄ဟာ ကမ္ဘာကြီးကိုပြောင်းလဲစေခဲ့တဲ့ စာအုပ်တစ်အုပ်လို့လည်းဆိုကြတယ်။ ဒီရုပ်ရှင်ဟာလည်း စာအုပ်ကိုသစ္စာရှိစွာနဲ့ ရိုက်ထားတယ်လို့ ဝေဖန်ရေးသမားများက ဆိုပါတယ်။ ဂျော့အော်ဝဲလ်ဟာ ဆိုရှယ်လစ်တစ်ယောက်ပေမဲ့ သူ့စာတွေဟာ သူပြောသလို အနုပညာရော နိုင်ငံရေးရော ပါဝင်နေတဲ့ အကောက်အယူလွဲကြတဲ့အခါ သူ့စာတွေကို ဆိုရှယ်လစ်ကိုဖိနှိပ်ဖို့ အသုံးခံခဲ့ရတဲ့အထိဖြစ်ခဲ့တယ်။ သူ့တစ်ချို့စာတွေဟာ ခေတ်ရှေ့ပြေးလွန်းတာကြောင့် ဖော်ပြဖို့ငြင်းခဲ့တဲ့သူတွေတောင် နောက်ပိုင်းနှစ်အတော်ကြာမှာ ပြန်တောင်းပန်ခဲ့ရတယ်။ သူဟာ နိုင်ငံရေးရည်မှန်းချက်နဲ့ အနုပညာရည်မှန်းချက်ကို ပေါ်လွင်အောင်ရေးချင်ခဲ့တဲ့သူပါ။ ၁၉၃၆ခုနှစ်ကတည်းကစ သူအလေးအနက်ရေးတာမှန်သမျှဟာ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ အကြွင်းမဲ့အာဏာရှင်စနစ်ကို ဆန့်ကျင်တာနဲ့ ဒီမိုကရက်တစ်ဆိုရှယ်လစ်စနစ်ဘက်က ...
movie
Nineteen Eighty-Four (1984)