Channel Myanmar

Francis Ng

Line Walker 2 : Invisible Spy ( 2019 ) 6.3
Line Walker 2 : Invisible Spy ( 2019 ) Yangonမှာလာရိုက်တဲ့အခန်းတွေပါပြီး မြန်မာသရုပ်ဆောင်တွေပါဝင်ခွင့်ရတဲ့ Line Walker 2 ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးဟာ 2019 aug 7ရက်မှာ ထွက်ရှိထားတာဖြစ်ပြီး Box officeမှာ US $85.7millionဝင်ငွေရရှိထားတဲ့ ဟောင်ကောင် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်..မင်းသားကြီး Louis Koo,Nick Cheung,Francis Ngတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းတစ်ခုဟာကလေးငယ်တွေကို ဖမ်းဆီးပြီး စနစ်တကျလေးကျင့်ပေးကာနိုင်ငံတကာရဲဌာနတွေမှာ စပိုင်ရဲအရာရှိတွေအဖြစ် တာဝန်ထမ်းဆောင်စေပါတယ်...လက်ထောက်စခန်းမူးယိနဲ့ အရာရှိချိန်တို့ ဟက်ကာယောင်ခယ်ရီကို ဖမ်းမိချိန်မှာတော့ သူမရဲ့အကြမ်းဖက်အဖွဲ့ကို ဟက်ပြီး ရထားတဲ့ဒေတာအချက်အလက်တွေအရ ရဲဌာနမှာ စပိုင်ရဲအရာရှိတွေအမြောက်အများရှိနေတာကိုသိလိုက်ရတဲ့အခါ.... လုံခြုံရေးအရာရှိချင်က ဒီဟက်ကာယောင်ခယ်ရီရဲ့ အမှုကိုလက်လွဲယူရချိန်မှာ ဘာတွေဆက်ဖြစ်လာလဲ... ဘယ်သူက စပိုင်ရဲအရာရှိဖြစ်နေမလဲ.. အကြမ်းဖက်သမားတွေကိုနှိမ်နင်းနိုင်ပါ့မလား... ဇာတ်ကားတစ်ခုလုံးကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ ကိုယ့်နိုင်ငံမှာလာရိုက်ထားတဲ့အခန်းတွေကလည်းရေလည်မိုက်ပါတယ် Filesize :  1.97 GB / 971 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , Crime , Thriller , Drama Runtime : 1h 38 min Subtitle : Myanmar Subtitle ( Hardsub ...
movie

Line Walker 2 : Invisible Spy ( 2019 )

2019
Line Walker (2016) 6.1
Line Walker (2016) Line Walker (2014) ဆိုတဲ့ဟောင်ကောင် Action ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ Cast တွေကလည်း နာမည်ကြီးတွေ သုံးထားပြီး ဇာတ်လမ်းကလည်း Plot Twist လေးနဲ့ စိတ်ဝင်စားဖို့ကောင်းပါတယ်။Line Walker ဆိုတာကတော့ ကြိုးတန်းပေါ် လမ်းလျှောက်နေသူလို့ပြောလို့ရပါတယ်။ ဒီဇာတ်ကားလေးထဲမှာ လူဆိုးဂိုဏ်းတွေထဲ ဝင်ရောက်ပြီး အသွင်ယူထောက်လှမ်းနေကြတဲ့ အေးဂျင့်တွေရဲ့ အကြောင်းကို သိထားတဲ့ တစ်ယောက်တည်းသောသူ သေဆုံးသွားတဲ့အခါမှာ အသွင်ယူအေးဂျင့်တွေ အကြောင်းပျောက်ပျက်ကုန်ပြီး တာဝန်ထမ်းဆောင်နေဆဲ အေးဂျင့်တွေ ကြိုးတန်းပေါ်လမ်းလျှောက်သူတွေလို ရဲလဲပြန်မဖြစ်နိုင် လူဆိုးဂိုဏ်းထဲမှာပဲအခြေမပျက်ဆက်နေဖို့ ဘေးကြပ်နံကျပ်အခြေအနေထဲကိုရောက်နေပါတယ်။အဲဒါကြောင့် ဗဟိုထောက်လှမ်းရေးဌာနက လျှို့ဝှက်အေးဂျင့်တွေကို ပြန်လည်စုစည်းဖို့ ကြိုးစားတဲ့အချိန်မှာ Black Jack ဆိုတဲ့ နာမည်နဲ့ အေးဂျင့်တစ်ယောက်ပြန်ပေါ်လာပါတယ်။ ဖျက်ထားခံရတဲ့ သူ့ရဲ့ အချက်အလက်တွေက ပြန်ယူဖို့မဖြစ်နိုင်တဲ့အတွက် သူတို့ အေးဂျင့်ဖြစ်ကြောင်း ဘယ်လိုစုံစမ်းမလဲ။ မူးယစ်ဆေး ရောင်းဝယ်ရေး ဂိုဏ်း တစ်ခုက ကြားဝင်နေတာကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြည့်ရမှာပါ။ Filesize : 2.68 GB / 1.12 GB Quality : Bluray 1080p HEVC , 720p HEVC Format : mkv Genres : Action , Crime , ...
movie

Line Walker (2016)

2016
Customs Frontline ( 2024 ) 6.0
Customs Frontline ( 2024 ) တစ်နှစ်နေမှ တစ်ကားသာထွက်တဲ့ Nicolas Tse ရဲ့ 2024 ခုနှစ် အက်ရှင်ဇာတ်ကားသစ်လေးပါ။ သူ့ကိုတော့ ကျွန်တော်တို့ မြန်မာပရိတ်သတ်တွေအနေနဲ့ ဟွားဝူချွဲလို့သိကြပါတယ် ( ငါးကလေး ဇာတ်လမ်းတွဲမှ ) နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဦး ပေါ့ ကိုယ်တွေရဲ့ ဂျစ်ကန်ကန် Tse ဟာ ဒီကားမှာတော့ ဆိပ်ကမ်းအကောက်ခွန်အရာရှိအဖြစ်နဲ့uniform နဲ့အထာကျနေပါတယ်။ဇာတ်လမ်းကတော့ မုန်တိုင်းအပြီးမှာ အလောင်းတွေအပြည့်နဲ့ မှောင်ခိုသင်္ဘောတစ်စီး ဟောင်ကောင်ကမ်းနားရောက်လာပါတယ်။ နိုင်ငံခြားသားအလောင်းတွေအပြည့်နဲ့ ဘယ်ကလာမှန်းမသိတဲ့ ကုန်တင်သင်္ဘောတစ်စင်းမှာ ဘယ်လိုလျှို့ဝှက်တွေနဲ့ပြည့်နေမလဲဆိုတာ ရဲတွေကရှာဖွေကြရပါတော့တယ်ဒီလိုနဲ့ အတွင်းကျကျစစ်ဆေးရင်း ကျယ်ပြန့်တဲ့ လက်နက်မှောင်ခိုမှုကြီးတစ်ခုမှန်း သိလာရတဲ့အခါ ကမ္ဘာအကောက်ခွန်ပူးပေါင်းရေးကော်မတီနဲ့ နိုင်ငံတကာရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး စုံစမ်းကြပြီး နောက်ကွယ်ကကြိုးကိုင်နေတဲ့ အဓိကတရားခံကို ဘယ်လိုဖေါ်ထုတ်မလဲ ဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲ အကြောက်တရားမရှိ မတွန့်မဆုတ်ပဲ အမှန်တရားပေါ်လာတဲ့အထိ ဘယ်လိုကြိုးစားဖေါ်ထုတ်ကြမလဲဆိုတာကို စိတ်ဝင်စားစွာ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် Filesize : 9.51 GB / 2.34 GB / 1.22 GB Quality : WEB-DL 4K HEVC , 1080p , 720p Format : mkv Genres : Action , Drama Runtime ...
movie

Customs Frontline ( 2024 )

4K HEVC
Crisis Negotiators ( 2024 ) 6
Crisis Negotiators ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းကတော့အမှုတစ်ခုဖြစ်တိုင်း ပြစ်မှုကျူးလွန်သူတွေ လက်နက်မချ အညံ့မခံတဲ့အခါမျိုးမှာတစ်ဖက်နဲ့ တစ်ဖက်ပြန်မတိုက်ခင်ရဲနဲ့ အပြစ်သားကြားမှာ ညှိနှိုင်းဆွေးနွေးမှုလုပ်ရတာပေါ့။ဒီလိုမှမရတဲ့အဆုံးမှာ လက်နက်သုံးတိုက်ခိုက်တဲ့အထိဖြစ်လာကြတာရဲဌာနရဲ့လုပ်ငန်းစဉ်ပါပဲ။ဒီဇာတ်လမ်းထဲမှာ ကျောဝန်ဝေ၊ရှဲ့ကျားကျွင့်၊ကျန်းရုံကျာတို့က အကျွမ်းကျင်ဆုံး ညှိနှိုင်းသူတွေဖြစ်ပြီး ရှဲ့ကျားကျွင့်ကလက်နက်မသုံးသွားပဲ တဖက်အပြစ်သားကိုလက်နက်အညံ့ခံလာအောင် လုပ်နိုင်တဲ့အထိ ညှိနှိုင်းနိုင်တဲ့အရည်အချင်းရှိသူ။ကျောဝန်ဝေကနည်းနည်းစိတ်ဆတ်သူဖြစ်ပြီး တည့်တိုးညှိနှိုင်းသည့်အဆုံးမရရင် လက်နက်သုံးတိုက်ခိုက်တဲ့အရည်အချင်းရှိသူ။ ဒီလိုနဲ့တစ်နေ့မှာရှဲ့ကျားကျွင့်အလုပ်ထွက်သွားပြီး လုပ်အားပေးအနေနဲ့လုပ်နေကာသုံးနှစ်ကြာပျောက်သွားခဲ့တယ်။ဒီသုံးနှစ်အတွင်းကျောဝန်ဝေနဲ့ကျန်းရုံကျာတို့ အတူတူအလုပ်ဆက်လုပ်ကြရင်းတစ်ဖက်မှာ ရဲဌာနလူမှုဖူလုံရေးရန်ပုံငွေ အလွဲသုံးစားမှုကိစ္စကို စုံစမ်းနေတယ်။ ဒီလိုနဲ့ကျောဝန်ဝေမွေးနေ့မှာ ကျန်းရုံကျာကသဲလွန်စရသွားပြီး နောက်တစ်နေ့ကျောဝန်ဝေကို ရန်ပုံငွေအလွဲသုံးစားလုပ်သူ မည်သူဖြစ်ကြောင်းပြောဖို့ချိန်းထားပေမဲ့ တဖက်ကတစ်လှမ်းရှေ့ရောက်ပြီး ကျန်းရုံကျာကိုသတ်သွားခဲ့တယ်။ဒီလိုနဲ့ ကျောဝန်ဝေကိုစွပ်စွဲပြီးဖမ်းဆီးစစ်ဆေးမေးမြန်းခဲ့ရာ ဘယ်လိုတွေဖြစ်လာမလဲ။ ဒီလိုအမှန်တရားကိုမြတ်နိုးပြီး အမြဲတမ်း တည့်တိုးပြောတတ်တဲ့ ကျောဝန်ဝေတစ်ယောက် ဘယ်လိုဒီအမှုကိုဖော်ထုတ်မလဲဆိုတာတော့ ဒီဇာတ်လမ်းလေးကို ဆက်လက်စောင့်မျှော်ကြည့်ရူလိုက်ရအောင် Filesize : 1.7 GB / 1 GB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime Runtime : 2h  Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK  
movie

Crisis Negotiators ( 2024 )

The Kung Fu Cult Master (1993) 6.4
The Kung Fu Cult Master (1993) တစ်ခေတ်တစ်ခါက လူကြိုက်များခဲ့တဲ့ ဂျက်လီရဲ့ နဂါးနိုင်ဓါးဇာတ်လမ်းပါ။. နဂါးနိုင်ဓါးရဲ့ကျောရိုးဇာတ်လမ်းကိုယူထားပေမယ့်လည်း ပုံမှန်ကြည့်ခဲ့တဲ့ ဇာတ်လမ်းတွဲနဲ့ယှဉ်ရင်တော်တော်များများ ကွဲထွက်နေတာကိုသတိထားမိမှာပါ..အရသာမတူတဲ့ဇာတ်လမ်းလေးကိုခံစားကြည့်လိုက်ပါ..သိုင်းလောကကြီးရဲ့ပဋိပက္ခတွေစတင်လာပုံကတော့ သိမ်းငှက်သူရဲကောင်းရန်ကော့ရဲ့သံဓားကို ကောကျင့်နဲ့ဟွမ်ရုံကရသွားပြီးတော့ ရွှေနဲ့ရောအရည်ဖျော်ပြီး နဂါးနိုင်ဓားနဲ့ တိမ်လွှာဓားဆိုတဲ့ဓားနှစ်လက်ကိုသွန်းလုပ်ခဲ့တယ်။အဲဒီဓားနှစ်လက်ထဲမှာ ယွဲ့ဖေးရဲ့စစ်ဗျူဟာကျမ်းနဲ့ လစကြာသိုင်းကျမ်းရဲ့လျှို့ဝှက်ချက်ကိုထည့်ဖွက်ထားတယ်လို့ဆိုကြတယ်။ ဒီဓားနှစ်လက်ကိုပိုင်ပြီး လျှို့ဝှက်ချက်တွေကိုရတဲ့အခါ သိုင်းလောကတစ်ခုလုံးကိုလွှမ်းမိုးနိုင်ပြီလို့ယူဆကြတဲ့အတွက်ကြောင့် သိုင်းလောကကြီးမှာ သွေးစွန်းတဲ့တိုက်ပွဲပေါင်းများစွာနဲ့ ဓားလုပွဲကြီးဖြစ်လာပဲဖြစ်ပါတယ်။ Quality : Bluray 1080p , 720p Format : mp4 Genres : Action , Fantasy , History Runtime : 1h 41 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

The Kung Fu Cult Master (1993)

Exiled (2006) 7.2
Exiled (2006) Exiled (2006)~ IMDb - 7.2/10, RT - 80%, Meta - 73% ~Directed by "Johnnie To"ဂျွန်နီတိုရဲ့ ဒါရိုက်တာဘဝအစောပိုင်းမှာ ခုလို Crime Action ရုပ်ရှင်တွေကို စရိုက်ခဲ့တာတော့မဟုတ်ဘူး။ ကနဦးသူ့ရုပ်ရှင်တွေမှာ ဟာသနဲ့အက်ရှင်အရောကားတွေ ချောင်ကားတွေအထိ ရိုက်ခဲ့တယ်။ နောက်ကျ မှုခင်းအက်ရှင်ဘက် ပိုကူးလာတာတွေ့ရတယ်။ ဒါပေမဲ့ နှောင်းပိုင်းမှာတော့ Crime Action ကားတွေပဲ အရိုက်များလာခဲ့သလို အဲဒီကားတွေကလည်း သူ့မာစတာပိစ်ဖြစ်လာခဲ့တယ်။ ကနဦးအားဖြင့်တော့ သူက စတားတွေအသုံးများခဲ့တယ်။ ဒါပေမဲ့ သူ့တကယ့်မာစတာပိစ်ဆိုတာတွေကတော့ စတားတွေ မသုံးထားတာတွေပဲ။ သို့ပေမဲ့ သရုပ်ဆောင်ကောင်းတဲ့ သူသုံးနေကျလူတွေပါပဲ။ The Misson နောက်ပိုင်းကတည်းက ဒီလိုပုံစံမျိုးမှာ ဒီလူတွေကို သူခဏခဏသုံးလာခဲ့တယ်။ သူ့ကားတွေများပေမဲ့ ဒီလူတွေပါရင်ကို သူ့မာစတာပိစ်ကားလို့သတ်မှတ်လိုက်လို့ရတယ်။Exiled (2006) ကလည်း ဂျွန်နီတို့ တစ်ချို့ရုပ်ရှင်တွေလိုမျိုး ရဲတွေဝင်မပါရဲတာကို ...
movie

Exiled (2006)

2006
Death Stranding ( 2023 ) 6
Death Stranding ( 2023 ) ဟောင်ကောင်အက်ရှင်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါပြီ။ ဟောင်ကောင်အက်ရှင်ကားဆိုရင် အလင်းနဲ့အမှောင် မြေအောက်ဂိုဏ်းနဲ့ ဥပဒေဘက်တော်သားတွေ အားပြိုင်တဲ့ဇာတ်ကားဆိုတာ မှန်းမိကြမယ်ထင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရဲအရာရှိကျန်းက သူ့ညီမသေဆုံးသွားတာ မတော်တဆမဟုတ်နိုင်ဘူးလို့ မသင်္ကာဖြစ်ပြီး (၂)နှစ်ကြာအောင်စုံစမ်းလာခဲ့ပါတယ်။ သူ့ညီမလေးသေဆုံးရတဲ့အကြောင်းအရင်းဟာ ပြည်တွင်းကုမ္ပဏီကြီးတစ်ခုနဲ့ ပတ်သက်နေတယ်ဆိုတာသိလိုက်ရပြီး အဲဒီကုမ္ပဏီအကြောင်းစုံစမ်းတဲ့အချိန်မှာ ငွေမဲခဝါချမှု မြေအောက်ဂိုဏ်းတွေနဲ့ပူးပေါင်းမှု စတဲ့အမှုတွေနဲ့ပတ်သက်နေတာကိုသိလိုက်ရပါတယ်။ညီမအတွက်လက်စားချေနိုင်ဖို့ ကြိုးစားနေတဲ့......ရဲအရာရှိကျန်း ချစ်သူသေဆုံးရခြင်းအတွက် ပြန်ပေးဆပ်နိုင်ဖို့ကြိုးစားနေတဲ့...... ရဲအရာရှိဟောင်း ဥပဒေအပြင်ဘက်ကလူတစ်ယောက် အလင်းနဲ့အမှောင်နှစ်မျိုးပေါင်းပြီး ဘယ်လိုကြမ်းကြမလဲဆိုတာ အက်ရှင်အမိုက်စားတွေနဲ့ကြည့်ရမှာဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Thriller Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Death Stranding ( 2023 )

Everything Is Unknown ( 2023 ) 5.9
Everything Is Unknown ( 2023 ) Everything is unknown ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဘဝကြီးကို ပြီးဆုံးပြီလို့ ထင်ထားတဲ့ လက်ဝှေ့သမားဟောင်း ဖန်ယိမင် ဟာ ကြိုးဝိုင်းထဲက မတော်တဆတစ်ခုကြောင့် ချစ်ရတဲ့သူနဲ့ ဘဝတစ်ခုတည်ဆောက်ဖို့ အခွင့်အရေးကို ဆုံးရှုံးခဲ့ရတယ်... ဒီမတော်တဆနောက်ပိုင်းမှာ ဖန်ယိမင်ဟာ သူ့ဘဝကို သူ့နည်းသူ့ဟန်နဲ့ အဆုံးသတ်နေရာကနေ တစ်နေ့မှာ သူ့အဖေ သေဆုံးပြီဆိုတဲ့ သတင်းနဲ့အတူ ဘယ်လောက်မှန်းမသိတဲ့ အမွေလွှဲပေးဖို့ စာရွက်စာတမ်းတွေနဲ့ ရှေ့နေတစ်ယောက် ရောက်လာခဲ့တယ်...ဒီလိုနဲ့ ဈာပနပွဲမှာ တစ်ချိန်က လက်လွှတ်ခဲ့ရတဲ့ ရည်းစားဟောင်း လင်းယွဲ့နဲ့အတူ ၇ နှစ် ၈ နှစ်အရွယ် သမီးလေးကို မြင်တွေ့လိုက်ရပြီးနောက် ဖန်ယိမင် အသေအချာကို ယုံကြည်ခဲ့တယ်... လင်းယွဲ့လက်ကို ကိုင်ထားတဲ့ မုဇီ ဟာ သူ့သမီးလေးလို့ပေါ့...ကံကောင်းစွာနဲ့ ကလေးကလည်း သူ့အပေါ် တွယ်တာတာ မြင်ရတာမို့ ခဏလေးနဲ့ ရင်းနှီးခဲ့တယ်... ဒါပေမယ့် ကလေးက ရောဂါသည်လေးမို့ ခွဲစိတ်ဖို့ သိန်း ၂၀ လိုတယ်ဆိုပြီး လင်းယွဲ့က ပြောပြတာမို့ ဖန်ယိမင်တစ်ယောက် လို နေတဲ့ ပိုက်ဆံကို အမွေထဲက ပေးဖို့ ...
movie

Everything Is Unknown ( 2023 )

Death Notice ( 2023 ) 6.2
Death Notice ( 2023 ) အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟောင်ကောင်မှုခင်း ဇာတ်လမ်းကောင်းလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ -ကိုယ့်ကိုယ်ကိုယ် တရားမျှတသူအဖြစ် ခေါ်ဆိုနေတဲ့ လျှို့ဝှက်ကွင်းဆက်လူသတ်သမား Darker ဆိုသူဟာ ရဲတပ်ဖွဲ့ကို စိန်ခေါ်ခဲ့ပါတယ်။ "သေဆုံးခြင်းအကြောင်းကြားစာ" များကို ဆက်တိုက်ပို့ခဲ့ပြီး အပို့ခံရသူတွေကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။အမှန်တရားကို စုံစမ်းဖို့အတွက် ပေါက်ကွဲမှုမှာ မျက်မြင်သက်သေဖြစ်ခဲ့သူ ဟွမ်ရှောက်ဖျင်၊ ရဲမှူးလော်ဖေး၊ မှုခင်းတပ်ဖွဲ့အဖွဲ့ခေါင်းဆောင် ဟန်ဟောက်တို့ဟာ Darker ရဲ့ အစီအစဉ်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။Darker က ဘယ်သူဖြစ်မလဲ...... အသတ်ခံရတဲ့လူတွေကရော ဘယ်လို ပြစ်မှုတွေကို ဖုံးကွယ်ထားသလဲ...... ဆိုတာကို plot twist အပြည့်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဟောင်ကောင်ရှုပ်ရှင်ကောင်းတွေ ရှားပါးနေတဲ့အချိန်မှာ ဟောင်ကောင်ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့ အပြည့်အဝ အားဖြည့်ထားတဲ့ ဒီရုပ်ရှင်လေးကိုတော့ မကြည့်မဖြစ်ကြည့်ကို ကြည့်သင့်ပါတယ်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : 1h 40 min Subtitle : Myanmar Subtitle ( ...
movie

Death Notice ( 2023 )

Infernal Affairs II (2003) 7.3
Infernal Affairs II (2003) Infernal Affairs ဇာတ်ကားတွေကတော့ Directer Andrew Lau and Alan Mak တို့ ရိုက်ကူးထားတဲ့ Hong Kong crime thriller အမျိုးအစားတွေဖြစ်ပါတယ် ။ ဇာတ်လမ်းအနေနဲ့ကတော့ ရဲအရာရှိနှစ်ဦးနဲ့ လူဆိုးဂိုဏ်းတွေ ရဲ့အကြောင်းကို အခြေခံရိုက်ထားတာပါ ။ တရုတ်မှာဆိုရင်တော့ "The Unceasing Path" လို့ လူသိများပြီး 76th Academy Awards မှာလည်း The Best Foreign Language Film and Best Picture awards in the Golden Horse Awards အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ကားတွေလည်းဖြစ်ပါတယ် ။ဇာတ်လမ်းအကျဉ်းအရာရှိချန် ကတော့ triad ဒုစရိုက် လူသတ်မှု့တွေကို တိတ်တဆိတ် ထောက်လှမ်းနေတဲ့သူဖြစ်ပါတယ် ။ သူဒီလိုတိတ်တဆိတ် စုံစမ်းနေတာကိုသိတဲ့ တစ်ဦးတည်းသောသူကတော့ သူ့ရဲ့ အထက်ရဲအရာရှိမှူးဖြစ်တဲ့ အရာရှိဝေါင်ပါ ။တစ်ဖက်မှာကတော့ ...
movie

Infernal Affairs II (2003)

The House That Never Dies ( 2014 ) 6.3
The House That Never Dies ( 2014 ) CM ချစ်ပရိသတ်တို့အတွက် ဒီတစ်ခေါက် စိတ်လှုပ်ရှားဖွယ်ရာ The House ThatNever Dies ဆိုတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးလိုက်ပါတယ်... ဒီကားလေးကို ဘာသာပြန်ရင်းနဲ့မှာ ဇီဝေကောကောလို့ မှတ်ကျောက်တင်ကျန်ခဲ့တဲ့ ruby lin တစ်ယောက် ဘာလို့Light the Night မှာ Tony Yang နဲ့ loveline အဖြစ်ပြန်သုံးခဲ့တယ်ဆိုတာ...ကဲ ဇာတ်လမ်း အကျဉ်းလေးကို ပြောပြရရင် ပေကျင်းက အိမ်အမှတ် ၈၁ ဆိုတဲ့ နာမည်ကြီး သရဲခြောက်တဲ့ အိမ်ကြီးကို မိသားစုတစ်စုပြောင်းလာတယ်ကနေ စပြောရမယ်... အိမ်အမှတ် ၈၁ မှာ မူလအိမ်ပိုင်ရှင်ရဲ့ ဇနီးဟာ သတို့သမီးဝတ်စုံနဲ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့ပြီးနောက်မှာ တစ်မိသားစုလုံး ထူးခြားဆန်းပြားစွာ ရှေ့ဆင့်နောက်ဆင့် သေကုန်ကြတာကြောင့် ဒီအိမ်ကြီးဟာ သရဲခြောက်တယ်လို့ ပါးစပ်ရာဇဝင်တွင်ခဲ့တာကြောင့် အိမ်ကြီးဟာ ကာလပေါက်ဈေးထက်ကို ထူးခြားစွာ ဈေးသက်သာနေခဲ့ပါတယ်...ဒါကြောင့်လည်း ရွှီလော့ချင်းတို့မိသားစု ပြောင်းလာခဲ့တာလို့ ဆိုနိုင်မယ်... တိုက်တိုက်ဆိုင်ဆိုင်ပါပဲ... ဒီအိမ်ကြီးမှာ ကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့ အိမ်ပိုင်ရှင်ဇနီးနဲ့ ရုပ်ချင်းခွဲမရအောင်တူနေတာကို သိပြီးနောက်... ရွှီလော့ချင်းတစ်ယောက်ဟာပုံရိပ်ယောင်တွေလိုမြင်လိုက်... အသံတွေကြားလိုက်... အနီရောင်ဝတ်စုံတွေနဲ့ လူတွေပေါ်လာလိုက်... ဒါတွေအပြင်... ခင်ပွန်းသည်ကိုပါ ဖောက်ပြန်နေတယ်လို့ အကြိမ်ကြိမ် သံသယဝင်လာပြီး ဒီအိမ်ပြောင်းလာပြီးတည်းက လင်မယားနှစ်ဦး မကြာခဏရန်ဖြစ်ပြီး ကွာရှင်းဖို့အထိတွေပါ ဖြစ်လာခဲ့တာပေါ့...ဒီလို ...
movie

The House That Never Dies ( 2014 )

Drifting (2021) 7.0
Drifting (2021) Drifting (2021)အတိအကျတော့မမှတ်မိတော့ပေမဲ့ မနှစ်တုန်းက တရုတ်တစ်ချို့က Johhnie Toတို့ ဂျွန်ဝူးတို့က ကားဆက်မရိုက်တော့၊ ဝေါင်ကာဝေးတို့ စတီဖင်ချောင်တို့က ပြည်မ ရောက်သွားကြ၊ နိုင်ငံခြားရောက်သွားတဲ့သူတွေလည်းရှ်ိလိုရှိနဲ့ ဟောင်ကောင်ရုပ်ရှင်ရဲ့ အရည်အသွေးကျလာတဲ့အကြောင်း ငိုချင်းချထားတာ ဖတ်လိုက်ရပါသေးတယ်။ ဟောင်ကောင်ရုပ်ရှင်ရဲ့ တစ်ချိန်က Legendတွေဟာ လုံးပါးပါးကုန်ကြပါပြီ။ သို့ပေမဲ့ မနှစ်ကတော့ Limboတို့ DRIFTINGတို့ Hand-rolled cigarettesတို့ Timeတို့လို ဒါရိုက်တာမသစ်တသစ်တွေရဲ့ ဇာတ်ကာကောင်းတွေထွက်ခဲ့တာကြောင့် မျှော်လင့်ချက်တော့ရှိသေးတယ်ဆိုပါတယ်။Driftingဟာ မနှစ်က‌ ဟောင်ကောင်ရဲ့ ရှားရှားပါးပါးထွက်ထားတဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားပါ။ ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတစ်ချို့ရထားပါတယ်။ မင်းသားကတော့ Johhnie Toရုပ်ရှင်တွေထဲ ပါနေကျ Francis Ngပါ။ ဇာတ်ကြောင်းကတော့ ၂၀၁၂မှာ တကယ်ဖြစ်ခဲ့တဲ့ ဟောင်ကောင် အိမ်ခြေရာမဲ့တွေနဲ့ ပတ်သက်နေတဲ့တရားခွင်ကို အခြေခံရိုက်ကူးပါတယ်။ဟောင်ကောင်မှာလည်း ဒီကလို ကျူးကျော်တဲဆန်ဆန်တွေ၊ အိမ်ခြေရာမဲ့တွေရှိပါတယ်။ သူတို့ထဲက အများစုကတော့ ပြန်စရာ အိမ်မရှိတော့တဲ့လူတွေပါ။ သူတို့အားလုံးဟာ ဘာမှလုပ်စရာမရှိတဲ့ဘ၀မှာ ...
movie

Drifting (2021)

Once Upon a Time in Hong Kong ( 2021 ) 6.1
Once Upon a Time in Hong Kong ( 2021 ) ဒီကားလေးက ဟောင်ကောင်မှာတစ်ချိန်က အစိုးရအပြောင်းအလဲ စနစ်တွေကြားမှာပြည်သူတွေလုံးပါးပါးခံစားခဲ့ရတဲ့ကာလက ဘဝတချို့ကိုဇာတ်ကားအဖြစ်ရိုက်ထားတာပါ...ဒီကားလေးက ကိုလိုနီလက်အောက်ခံကာလမှာ ဟောင်ကောင်ဟာစီးပွားရေးလုပ်ငန်းတစ်ဟုန်ထိုး တိုးတက်နေခဲ့ချိန်ပေါ့... ဒါပေမယ့်ဟောင်ကောင်ရဲ့ စီးပွားရေးက လောင်းကစားနဲ့ ဘိန်းလုပ်ငန်းဖြစ်နေတာပဲ....နောက်ပြီးကလပ်လုပ်ငန်းနဲ့ မိန်းမကိစ္စပါ ပါလာတာပေါ့...လက်သည်ပျောက်တဲ့အလောင်းတွေ၊ လက်သည်မရှိတဲ့ အမှုတွေ၊ အမှုတောင်မဖွင့်လိုက်ရတဲ့ အမှုတွေ၊ အဖက်ဖက်က ဒုက္ခတွေနဲ့ ဆီးကြိုနေတဲ့ဘဝကြီးမှာကိုယ့်ဘာသာ အဆုံးစီရင်တာက နောက်ဆုံးထွက်ပေါက်ဖြစ်လာခဲ့တဲ့ ကာလကိုတကယ့်ဖြစ်ရပ်ထက်နည်းနည်းလေးလျှော့ပီးရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်ငွေသာလျှင်အမိငွေသာလျှင်အဖဖြစ်လာပြီး ငွေမျက်နှာနဲ့ လူသားချင်းစာနာမှုတွေပျက်ပြားပြီးလုပ်ချင်ရာလုပ် ဖြစ်ချင်ရာဖြစ်နေခဲ့ပါတယ်... ဒါကို မကြည့်နိုင်သူတစ်ဦးကအမှန်တရားကို ဖော်ထုတ်ဖို့မပြောနဲ့ မေးမြန်းတာမျိုးဖြစ်ဖြစ်စုံစမ်းတာမျိုးဖြစ်ဖြစ် လုပ်မိရင်တောင် တစ်ခါတည်းဆုံးမခံရတဲ့ကာလ၊ဘိန်းလို မှောင်ခိုပစ္စည်း အရောင်းအဝယ်လုပ်ရင်တော့ ငွေမျက်နှာကြောင့် ၉ပုံ ၁ ပုံသာဖမ်းပြီး စခန်းကနေ ဝယ်လက်အထိ ခိုးပို့ပေးတဲ့ ကာလ၊အမှန်တရားအတွက် သက်သေလိုက်ပေးမယ်ဆိုရင်တောင် နောက်နေ့ အလောင်းပေါ်သူကပေါ်မိုးလင်း တံခါးလာခေါက်ပြီး ခြေဖြတ်ခံလက်ဖြတ်ခံရတဲ့ကာလမျိုးကိုဘယ်လိုပုံဖေါ်ထားလဲဆိုတာကိုဆက်လက်ခံစားကြည့်လိုက်ကြရအောင် Quality : HDRip 1080pFormat : mp4During : 1h 45minGenres : Action , Crime ...
movie

Once Upon a Time in Hong Kong ( 2021 )

A Home with a View (2019) 5.9
A Home with a View (2019) [Unicode]ဒီတစ်ခါတော့ ဟာသ ဇာတ်လမ်းလေးတစ်ခု တင်ဆက်ပေးမှာ ဖြစ်ပါတယ် ဟောင်ကောင်မှာ နေထိုင်တဲ့ သာမန်မိသားစုလေး တစ်စုအကြောင်းပါ ။မြို့ပြမှာနေထိုင်တဲ့ သာမန်မိသားစုတွေရဲ့ ဘဝကို ဖော်ပြပေးထားတာပါ သူတို့ မိသားစု ဘာ အခက်အခဲတွေကြုံတွေ့ရလဲ စိတ်ညစ်စရာတွေ ဘယ်လိုဖြေဖျောက်လဲဆိုတာကို ဟာသအနေနဲ့ရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ် ။ဇာတ်လမ်းအကျဉ်းလုံဝေ့မန်ဟာ အလုပ်ကြိုးစားတဲ့ အိမ်ထောင်ဦးစီး တစ်ယောက်ပါ ဒါပေမယ့် ဘယ်လောက်ကြိုးစားပြီး ပိုက်ဆံရှာပါစေ သူပေါင်ထားတဲ့ တိုက်ခန်းလေးကို မရွေးနိုင်သေးပဲ အတိုးပေးနိုင်တဲ့ အခြေနေမှာတင်ပဲ ရှိနေခဲ့ပါတယ် ။သားဖြစ်သူကလည်း အလုပ်အကိုင်မရှိ သမီးဖြစ်သူကလည်း ကျောင်းတက်နေဆဲဖြစ်ပြီး အောက်ပိုင်းသေနေတဲ့ လုံဝေ့မန်ရဲ့အဖေကိုတော့ သူ့ရဲ့ဇနီးဖြစ်သူက ပြုစုနေရပါတယ် ဒါကြောင့် သူတို့မိသားစုဟာ လုံဝေ့မန်တစ်ယောက်တည်းရဲ့ ဝင်ငွေနဲ့ ရပ်တည်နေကြတာပါ ၊တိုက်ခန်းကျဉ်းထဲမှာ မိသားစု ၅ ယောက်နေကြပြီး အပေါ်ထပ်နဲ့ ရန်ဖြစ်လိုက် အောက်ထပ်နဲ့ ရန်ဖြစ်လိုက် မိသားစုချင်းရန်ဖြစ်လိုက်နဲ့ အမြဲဖြစ်နေပေမယ့် အိမ်ပြတင်းပေါက်က လှမ်းကြည့်ရင် မြင်ရတဲ့ပင်လယ်ရှုခင်းကြောင့် အမြဲတမ်း စိတ်အပန်းပြေရပါတယ် ၊ဒါပေမယ့် သူတို့တိုက်ရှေ့မှာ ...
movie

A Home with a View (2019)

2019
Remain Silent ( 2019 ) 5.7
Remain Silent ( 2019 ) Zawgyi*******ဒီဇာတ်ကားဟာ 2019ခုနစ် 8လပိုင်းမှထွက်ရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်..ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်.. ဟောင်ကောင်အဆိုတော်ဝမ့်ဝိန်ဖန်းကသူမရဲ့ အလှပြင်ခန်းထဲမှာတိုက်ခိုက်ခံရပြီးဒဏ်ရာပြင်းထန်စွာရကာ သတိလစ်မေ့မြောသွားခဲ့ပါတယ်..အခင်းဖြစ်ပွားရာနေရာမှာJimmy Thomasဆိုတဲ့လူငယ်လေးကိုလက်နှစ်ဖက်မှာသွေးတွေနဲ့မြင်တွေ့လိုက်ရတဲ့အခါ...တိုက်ခိုက်ပြီးလူသတ်ရန်ကြံစည်တဲ့အမှုနဲ့ တရားစွဲဆိုခံထားရပါတယ်..ဒီလူငယ်လေးဘက်ကနေ ကာကွယ်ပြီး အမှုလိုက်ပေးတဲ့ရှေ့နေတွမ်းမုကအမျိုးမျိုးကြိုးစားပေးတဲ့အခါ.... ဒီလုပ်ကြံတိုက်ခိုက်မှုနောက်ကွယ်မှာဘယ်လိုအကြောင်းတရားတွေရှိနေတာလဲ...ဇာတ်လမ်းတစ်ခုလုံးကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ Unicode*******ဒီဇာတ်ကားဟာ 2019ခုနစ် 8လပိုင်းမှထွက်ရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်..ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်.. ဟောင်ကောင်အဆိုတော်ဝမ့်ဝိန်ဖန်းကသူမရဲ့ အလှပြင်ခန်းထဲမှာတိုက်ခိုက်ခံရပြီးဒဏ်ရာပြင်းထန်စွာရကာ သတိလစ်မေ့မြောသွားခဲ့ပါတယ်..အခင်းဖြစ်ပွားရာနေရာမှာJimmy Thomasဆိုတဲ့လူငယ်လေးကိုလက်နှစ်ဖက်မှာသွေးတွေနဲ့မြင်တွေ့လိုက်ရတဲ့အခါ...တိုက်ခိုက်ပြီးလူသတ်ရန်ကြံစည်တဲ့အမှုနဲ့ တရားစွဲဆိုခံထားရပါတယ်..ဒီလူငယ်လေးဘက်ကနေ ကာကွယ်ပြီး အမှုလိုက်ပေးတဲ့ရှေ့နေတွမ်းမုကအမျိုးမျိုးကြိုးစားပေးတဲ့အခါ.... ဒီလုပ်ကြံတိုက်ခိုက်မှုနောက်ကွယ်မှာဘယ်လိုအကြောင်းတရားတွေရှိနေတာလဲ...ဇာတ်လမ်းတစ်ခုလုံးကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ Translated & Review By Phyo ZawEncoded By LK
movie

Remain Silent ( 2019 )

2019
The Leakers ( 2018 ) 5.5
The Leakers ( 2018 ) Action , Crime , Thriller ကြိုက်သူတွေအတွက်တော့လုံးဝအကြိုက်တွေ့မယ့်ဇာတ်ကားပါပဲဇာတ်လမ်းစတင်ကတည်းက ဗိုင်းရပ်တခုကြောင့်လူတွေအတုံးအရှုံးသေဆုံးတာနဲ့စတင်ပြီး ဇာတ်လမ်းကိုအစပျိုးထားတယ်အဲ့ ဗိုင်းရပ်ကို VR-23 လို့ WHO က နာမည်ပေးလိုက်ပါတယ်ပြန့်ပွားမှုနှုန်းကကြောက်စရာကောင်းသလို သေဆုံးမှုနှုန်းကလည်းမြင့်တက်နေပါတယ်...မ​လေးရှားသတင်း​ထောက်​​သေဆုံးမှုကစလို့ Amanahကုမ္ပဏီရဲ့မန်​​နေဂျင်းနဲ့အခြားသူ​တွေဆက်​တိုက်​ဆိုသလို​သေဆုံးခဲ့တယ်​၊တစ်​ဆက်​တည်းမှာပဲ Amanahရဲ့ဒုတိယဆက်​ခံသူဟာလဲ ​ဟောင်​​ကောင်​မှာ The Leakersဆိုတဲ့အဖွဲ့ရဲ့ပြန်​​ပေးဆွဲတာခံလိုက်​ရတယ်​၊ဒီအမှုကိုကိုင်​တွယ်​ဖို့အတွက်​မ​လေးရှားရဲအရာရှိဟာ​ဟောင်​​ကောင်​ကိုလာဖိုြ့ဖစ်​လာခဲ့တယ်​အဲ့ဒီမှာ​ဟောင်​​ကောင်​ရဲနဲ့ဆုံပြီးဘာ​တွေဆက်​ဖြစ်​လာကြမလဲ​ဟောင်​​ကောင်​သတင်း​ထောက်​မ​လေးဟာသူငယ်​ချင်းဖြစ်​သူမ​လေးရှားသတင်း​ထောက်​​ရဲ့​သေဆုံးမှုကိုပါဝင်​စုံစမ်းရင်း ဘယ်​လို​တွေဆက်​ဖြစ်​လာမလဲတစ်​ဖက်​မ​လေးရှားက​​နေစပြီးနိုင်​ငံအသီးသီးဆီကို VR-23ဗိုင်းရပ်​စ်​ပိုးပြန့်​ပွားလာပြီးကူးစက်​​ရောဂါ​တွေဖြစ်​လာတယ်​၊ဒီဗိုင်းရပ်​စ်​ပိုးကို ကုသနိုင်​တဲ့ MD5ဆိုတဲ့​ဆေးအသစ်​ကိုAmanah ဆိုတဲ့ ​ဆေးထုတ်​လုပ်​​ရေးကုမ္ပဏီတစ်​ခုကပဲရနိုင်​တယ်​၊ဒီဗိုင်းရပ်​စ်​ပိုးပျံနှံ့လာမှုရဲ့အဓိကကြိုင်းကိုင်​သူကဘယ်​သူများဖြစ်​နိုင်​မလဲThe Leakersရဲ့အဖွဲ့ဝင်​​တွေကဘယ်​သူ​တွေလဲစိတ်ဝင်စားစွာနဲ့ ကြည့်ရှုရမယ့်ဇာတ်ကားပဲဖြစ်ပါတယ် ဘာသာပြန် နဲ့ အညွှန်းကတော့ Phyo Zaw ဖြစ်ပါတယ်Encoder : LK
movie

The Leakers ( 2018 )

2018