Channel Myanmar

Finn Little

Angel of Mine (2019) 6.9
Angel of Mine (2019) ဒီဇာတ်ကား​လေးက​တော့မိသားစုဒရမ်မာလျှို့ဝှက်ဆန်းကြယ်တဲ့ဇာတ်ကား​ကောင်းလေးပါလစ်ဇီဆိုတဲ့အမျိုးသမီးဟာ​ယောက်ျားနဲ့ကွာရှင်းထားပြီး​​သောမက်စ်ဆိုတဲ့သား​လေးတစ်​ယောက်ခဲ့ရှိတယ်တကယ်​တော့သူတို့မိသားစု​လေးမှာသမီး​လေးတစ်​ယောက်ရှိခဲ့တာ​​ပေါ့ဒါ​ပေမယ့်စိတ်မ​ကောင်းစရာအဖြစ်က​တော့​မွေးပြီးမကြာခင်မှာမ​တော်တဆမှုဖြစ်ပြီး​သေဆုံးသွားခဲ့ပါတယ်သူမဟာသမီး​လေးဆုံးရှုံးခဲ့တဲ့အတွက်စိတ်​ဝေဒနာခံစားရပြီး​တော့​ဆေးကုသမှုခံယူ​နေခဲ့တာ​ပေါ့တ​နေ့​တော့​ သောမက်စ်သူငယ်ချင်း​မွေး​နေ့ပွဲမှာလိုလာလို့​ခေါ်တဲ့က​လေးမ​လေးတစ်​ယောက်နဲ့​တွေ့ဆုံမိပြီးသူမရဲ့စိတ်​တွေလှုပ်ရှားခဲ့တယ်လိုလာ​လေးဟာ​သောမက်စ်သူငယ်ချင်းရဲ့ညီမ​လေးဖြစ်​နေခဲ့တယ်လိုလာတို့မိသားစု​နောက်ကိုတိတ်တဆိတ်လိုက်ကြည့်ရင်းသူမတို့အိမ်ဟာ​ရောင်းဖို့လုပ်​နေ​တော့လစ်ဇီအတွက်​အခွင့်အ​ရေးတခုဖြစ်ခဲ့တာ​ပေါ့ဒီလိုနဲ့ လိုလာတို့မိသားစုကိုချင်းကပ်ခဲ့တာ​ပေါ့​သောမက်စ်သူငယ်ချင်းရဲ့မိသားစုလည်းဖြစ်​တော့ပိုပြီးလွယ်ကူသွားတာ​တော့​နောက်ပိုင်းမှာလစ်ဇီဟာသူမတို့မိသားစုနဲ့မိတ်​ဆွေလိုဖြစ်ခဲ့ပြီးသူမ​နောက်ကိုမသိမသာလိုက်​စောင့်ကြည့်ခဲ့တာ​ပေါ့သူ့သမီး​လေးလို့ထင်ပြီး​တော့​လေဒါကိုလိုလာအ​မေကလယ်ရာကရိပ်မိလာခဲ့တယ်ဒါနဲ့ပဲ လစ်ဇီနဲ့ကလယ်ရာတို့နှစ်​ယောက်သမီး​လေးကိစ္စနဲ့စကားများခဲ့ကြတာ​ပေါ့လစ်ဇီဟာမ​တော်တဆမှုမှာသူ့သမီး​လေးမ​သေခဲ့ဘူးအသက်ရှင်ခဲ့တယ်လို့ကိုယုံကြည်​နေတာ​ပေါ့ ဒီကိစ္စ​တွေနဲ့ပဲသူမရဲ့မိသားစုနဲ့ပါစကားများခဲ့တာ​ပေါ့တကယ်ပဲလိုလာ​လေးဟာ လစ်ဇီထင်တဲ့အတိုင်းမ​သေခဲ့ဘဲအသက်ရှင်​နေခဲ့တဲ့သမီး​လေးဖြစ်​နေမလားကလယ်ရာရဲ့သမီး​လေးပဲဖြစ်​နေမလားဆိုတာကို​တော့လျှို့ဝှက်ဆန်းကြယ်စွာကြည့်ရှု့ရမှာပါ File Size : (921 MB , 336 MB)Quality :  WEB-DL 720pRunning Time : 2 hr 09 minFormat : Mp4Genre : Drama , Mystery , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by  Hsu LeiEncoded by Moe Myint Lwin
movie

Angel of Mine (2019)

2019