Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Enyinna Nwigwe
3.9
Eagle Wings (2021)
Eagle Wings (2021) ဒီဇာတ်ကားကို ပထမဆုံးတွေ့တုန်းက IMDb 8 ထိရထားတာလို့ ပြောရင် ခင်ဗျားတို့ ယုံမလားတော့မသိဘူး။ဘာအကြောင်းလဲဆိုတော့ နိုင်ဂျီးရီးယားအစိုးရရဲ့ကောင်းကြောင်း အားရပါးရဖားထားတဲ့ ဇာတ်ကားဗျ။ နိုင်ဂျီးရီးယား အစိုးရရဲ့ မိဘပြည်သူတွေအပေါ် မေတ္တာထားပုံတွေ၊ ငြိမ်းချမ်းရေးကို လိုလားပုံတွေ၊ နိုင်ဂျီးရီးယားစစ်သည်တော်တွေရဲ့ ပြည်သူတွေအပေါ် မြတ်နိုးပုံတွေကို အတုံးလိုက်အတစ်လိုက် ချပြထားတာကိုတွေ့ရပါလိမ့်မယ်။ဒါတင်လားဆိုမဟုတ်ပါဘူး။အခြေအမြစ်မရှိတဲ့ ခံယူချက်ပေါ် အစွန်းရောက်ယုံကြည်နေကြတဲ့ သောင်းကျန်းသူတွေ၊ လူရိုင်းလိုလို ဘာလိုလိုနဲ့ ပြည်သူတွေကိုသတ်၊ အိုးအိမ်တွေကို ဖျက်စီး၊ လူတွေကို ပြန်ပေးဆွဲနေတဲ့ သောင်းကျန်းသူတွေရဲ့ လုပ်ရပ်တွေကြောင့် ငြိမ်းချမ်းရေးပျက်စီးရတယ်ဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းမြင်လာအောင် မမြင်မြင်အောင် ပြထားပါသေးတယ်။ မတော်တဆ သူပုန်တပ်ထဲရောက်သွားတဲ့ လူငယ်လေးတွေကို ဖခင်တစ်ယောက်က သားဆိုးလေးကို ခွင့်လွှတ်ပြီး အမြဲတမ်းလက်ကမ်းကြိုနေတဲ့ နိုင်ဂျီးရီးယားအစိုးရရဲ့ မေတ္တာတရားတွေကို အီဆောင့်နေအောင် မြင်ရမှာပါ။ဇာတ်ကားက ကောင်းလားဆိုတော့ မကောင်းဘူး။ ဘုရားစူး မကောင်းတာ။ ဒါပေမဲ့ ဇာတ်ကားအကြောင်းအရာတွေက ရှယ်ရယ်ရတယ်။ ဆဲလို့ကောင်းတယ်။ နိုင်ဂျီးရီးယားအစိုးရကို ...
movie
Eagle Wings (2021)
2021