Channel Myanmar

Engin Altan Düzyatan

My Father’s Violin (2022) 6.4
My Father’s Violin (2022) My Father's Violin (2022)~ IMDb - 6.4/10, Rotten Tomatoes - 82% ~ဂရမ်မီဆုရှင် တယောဆရာ Joshua Bell က ပြောဖူးပါတယ်...“တယောနဲ့ တေးသွားတစ်ပုဒ်ထိုးတဲ့အခါ... သင်ဟာ ဇာတ်ကြောင်းပြောသူဖြစ်လာပြီး ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေတာပါ” တဲ့။ဒီကားလေးထဲမှာတော့ ဆံပင်အနီနဲ့ ချစ်စရာကလေးမလေးတစ်ယောက်က ဇာတ်ကြောင်းပြောသူဖြစ်ပြီး ဟောဒီ့ဇာတ်လမ်းလေးကတော့ သူနဲ့ သူ့ဦးလေးတို့ကြားက ဇာတ်လမ်းလေးပါ။ကလေးမလေးကတော့ လမ်းတွေပေါ် လှည့်လည်ဖျော်ဖြေလိုက်၊ အလှူငွေလေးကောက်လိုက်၊ ရဲတွေလာဖမ်းရင် ထွက်ပြေးလိုက်နဲ့ လူမှုဘဝကို စောစောထိတွေ့ဖြတ်သန်းနေရသူလေးဖြစ်ပါတယ်။ တစ်ဖက်မှာတော့ သူ့ဦးလေးဟာ အောင်မြင်နေတဲ့ တိုင်းသိပြည်သိ အကျော်ဇေယျ တယောပညာရှင်ကြီးတစ်ဦးဖြစ်ပါတယ်။ တယောချင်းတူကြပေမယ့် ကိုယ်စားပြုမှုမတူကြတဲ့ သူတို့ရဲ့ ကိုယ်ပိုင်တေးသွားတွေ အချိတ်အဆက်မိကြဖို့ ဘာတွေများ ခက်ခဲနေမှာလဲ...ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဇာတ်လမ်းက မှန်းရလွယ်ပါတယ်။ ဒါပေမဲ့လည်း ပြင်ပလောကရဲ့ ထင်တိုင်းကြဲနေတဲ့ ကံကြမ္မာနဲ့ ဖရိုဖရဲဖြစ်နေတဲ့ ဟောဒီကမ္ဘာကြီးကို အခုလို သိမ်မွေ့နူးညံ့တဲ့ ...
movie

My Father’s Violin (2022)

2022