Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Empress Schuck
6.0
Two of Us (2023)
အစ်ဇဘယ်ဟာ တကိုယ်ရည်မိခင်တစ်ယောက်ဖြစ်ပြီးမွေးရပ်မြေမှာ သူ့မိခင် အစ်မဖြစ်သူတို့နဲ့ကျန်ခဲ့တဲ့ သားဖြစ်သူရဲ့အနာဂတ်အတွက်ဟောင်ကောင်မှာအလုပ်လုပ်နေရတာပါ။တစ်နေ့မှာတော့ အေဂျင်စီအပြောင်းအလဲနဲ့ အလုပ်လက်မဲ့ဖြစ်နေရင်း သူငယ်ချင်းဖြစ်သူရဲ့မိတ်ဆက်ပေးမှုနဲ့အေဂျင်စီအသစ်ပိုင်ရှင် ခရစ်စ်နဲ့တွေ့ဆုံခဲ့ရပါတယ်။ခရစ်စ်ဟာ အားကိုးရာမဲ့နေတဲ့သူ့ကို အစစအရာရာဖြည့်ဆည်းပေးရုံတင်မကပဲ သူအဆိုကောင်းကြောင်းကိုသိတဲ့အတွက် ဘားပိုင်ရှင်သူငယ်ချင်းတစ်ယောက်နဲ့မိတ်ဆက်ပေးရင်း သူ့ကိုဘားရဲ့ပင်တိုင်အဆိုတော်တစ်ယောက်ဖြစ်စေခဲ့ပါတယ်။ရုပ်ရည်ပြည့်စုံသလို ကြင်နာတတ်တဲ့ ခရစ်စ်ကိုအားကိုးချင်စရာတံတိုင်းတစ်ခုအဖြစ်မှီတွယ်ရင်း သူတို့နှစ်ယောက်ချစ်ကျွမ်းဝင်သွားခဲ့ကြပါတယ်။တစ်ဖြည်းဖြည်းအနေကြာလာချိန်မှာ သူ့ကိုတရားလွန်ခင်တွယ်လွန်းတဲ့၊ သဝန်ကြောင်လွန်းတဲ့ ခရစ်စ်ရဲ့ဗီဇတွေကို သိရှိလာရရင်း ဖိလစ်ပိုင်က သူ့အစ်မဖြစ်သူ မီရာတစ်ယောက်ဟောင်ကောင်ကိုလိုက်လာချိန်မှာတော့ ခရစ်စ်ရဲ့အမှောင်ဘက်ခြမ်းတစ်ခုလုံးနဲ့ ရင်ဆိုင်တွေ့ရဖို့ အစ်ဇဘယ်အတွက်အကြောင်းဖန်လာပါတော့တယ်။နာမည်ကျော် အဆိုတော်မင်းသမီး Empress Schuck ခေါင်းဆောင်ပါဝင်ထားတဲ့ Two of us ဟာငြိမ့်ငြိမ့်ညောင်းညောင်းခံစားကြည့်ရှုရမယ့် တေးသံစုံဒရာမာကားကောင်းလေးတစ်ကားဖြစ်ပါတယ်။(ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1.2GB)/(550MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:45:00 Genre_Crime, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
Two of Us (2023)
7.0
Goyo: The Boy General(2018)
Goyo: The Boy General(2018) IMDb....7.0 စစ်ကားလည်းကြည့်ချင်တယ်...စစ်ပဲတိုက်နေရင်လည်း မကြိုက်ဘူးဆိုတဲ့ သူတွေအတွက် ဖိလစ်ပိုင် အချစ်စစ်ကားလေး လာပါပြီ...မင်းသားချော Paulo Avelino နဲ့ Carlo Aquino တို့ ပါဝင်သလို မင်းသမီးနေရာမှာလည်း Gwen Zamora နဲ့ Empress Schuck တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်. ..ဒီဇာတ်လမ်းဟာ သုံးနှစ်တာကြာမြင့်ခဲ့တဲ့ အမေရိကန်-ဖိလစ်ပိုင် စစ်ပွဲကြီးကို ကျောရိုးပြုထားပြီး အဲ့ဒီစစ်ပွဲမှာ ပါဝင်ခဲ့တဲ့ အသက်အငယ်ဆုံးဗိုလ်ချုပ် Gregorio Del Pillar အကြောင်းကို ရိုက်ကူးထားတာပါ.. .ဇာတ်လမ်းနာမည်မှာပါတဲ့ Goyo ဆိုတာကတော့ မင်းသားနာမည်ဖြစ်ပြီး The Boy General ဆိုတာကတော့ မင်းသားရဲ့ Nick Name ပါ...ကဲ အညွှန်းလေး ဆက်သွားကြဦးစို့... ဇာတ်လမ်းအညွှန်း Gregorio Del Pillar ဆိုတဲ့ စစ်ဗိုလ်လေးဟာ အဲ့ဒီခေတ် အဲ့ဒီအခါက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်.. .ခုခေတ်အခေါ်ဆို စော်ကြည်ဘဲလေးပေါ့...The Boy General လို့ နာမည်တပ်ခံရတဲ့ ...
movie
2018